မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Tuesday, May 26, 2009

လူသားစား မိကျောင်း ဖမ်းဆီရမိ

လူသားစား မိကျောင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် မိုင်းသွေးရွာတွင် ဖမ်းဆီရမိ

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကော်ဇယာ ကျေးရွာ အုပ်စု အနှိုင်းကျေးရွာ အနီး အနှိုင်းချောင်း အရှေ့ဘက် ကမ်းရှိ ကျွန်းပုတ်ချောင်းတွင် ၀င်းနိုင်ဦး (အသက် -၃၁)နှစ်နှင့် အဖော် တစ်ဦးသည် (၁၇-၅-၂၀၀၉) ရက်နေ့ နံနက် (၇)နာရီတွင် နေ့လည် သစ်ခုတ်နေရာမှ ချောင်းကို ဖြတ်ကူးစဉ် မိကျောင်းတစ်ကောင်သည် ရေထဲမှ ပေါ်ထွက်လာပြီး ၀င်းနိုင်ဦးအား ကိုက်ဆွဲသွားသည်ကို အဖော်ဖြစ်သူမှ မြင်တွေ့ရသဖြင့် ရွာသို့ ပြန်လည် အကြောင်းကြားခဲ့ရာ့ မိုင်းသွေး ကျေးရွာ နှင့် ရှမ်းဘုံကျေးရွာမှ လူအင်အား (၈၀) ဦးခန့်ဖြင့် မိကျောင်း ကိုက်ဆွဲ သွားသော လူကို ကယ်တင်နိုင်ရေး အတွက် မိကျောင်းအား စက်လှေများ ၊ လက်နက် ကိရိယာများဖြင့် လိုက်လံ ဖမ်းဆီးကြသည်။

ထိုသို့ လိုက်လံ ဖမ်းဆီးရာတွင်တွင် မိကျောင်းကိုက်ခံရပြီး (၁)ရက်ကြာပီးနောက် (၁၉-၅-၂၀၀၉) ရက်နေ့ နေ့လည် (၁)နာရီခန့်အချိန်တွင် မိကျောင်းအား ရွာသားများမှ အသေဖမ်းဆီးရမိပြီးနောက် ဖမ်းဆီးရမိသော မိကျောင်းအား စက်လှေဖြင့် တင်လာပြီးနောက် မိုင်းသွေးရွာ ကွက်သစ်တံတားဦးတွင် (၂၀-၅-၂၀၀၉)ရက်နေ့ နံနက်(၁၁)နာရီခန့် အချိန် တာဝန်ရှိသူများ ရှေ့မှောက်တွင် မိကျောင်းဝမ်းဗိုက်ထဲတွင် ရှိသော ၀င်းနိုင်ဦး၏ အလောင်းအား ခွဲထုတ်ယူသည်။

ဝင်းနိုင်ဦးအား စားမျိုခဲ့သော မိကျောင်းမှာ အလျားပေ အရှည် (၁၆)ပေ (၆)လက်မ၊ လုံးပတ် (၆)ပေ ရှိကြောင်း သိရှိရသည်။