မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Saturday, August 31, 2013

ရှေးဦးပြုစုခြင်း ဆင့်ပွားသင်တန်း ဆင်းပွဲ အခမ်းအနား

မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းလျက် ရှေးဦးပြုစုခြင်း လုပ်ငန်းများ တတ်မြောက်၍ လူထု အတွင်းရှေးဦးပြုစုခြင်း အကျိုးပြုလုပ်ငန်းများ ကူညီဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ ရှေးဦး ပြုစုခြင်း (ဆင့်ပွား)သင်တန်း (၁/၂၀၁၃)ကို သြဂုတ်၂၉ ရက် နံနက်(၁၀)နာရီတွင် အထက- တနင်္သာရီ ပညာ ရတနာ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ သင်တန်းသူ/သားများက ကြက်ခြေနီသီချင်းဖြင့် အခမ်းအနားကို သီဆို ဖွင့်လှစ်ကြသည်။

 

မြိတ်မြို့နယ် ပန်းချီ ၊ ပန်းပု အစည်းအရုံး ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ ကျင်းပ

မြန်မာနိုင်ငံ ပန်းချီ ၊ ပန်းပု အစည်းအရုံးမှ မြိတ်ခရိုင် မြိတ်မြို့နယ် ပန်းချီ ၊ ပန်းပု အစည်းအရုံး ဖွဲ့စည်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ(၃၀)ရက် နေ့လည်(၁)နာရီက မြိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာခန်းမတွင် ကျင်းပသည်။

 

နိုင်ငံခြားသားများ ခရီးသွားလာရေး စိစစ် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နိုင်ငံခြားသားများ ခရီးသွားလာရေး စိစစ်ဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ(၃၀)ရက် နံနက်(၉)နာရီတွင် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာ ခန်းမ၌ ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက တနင်္သာရီ တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားများ ၀င်ထွက် သွားလာခွင့်နှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှ အကြံပြုချက်များကို ရှင်းလင်း ပြောကြားသည်။

 

တနင်္သာရီမြို့၌ ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ

တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သယ်ဆောင်နေကြောင်း သတင်း အရ သကျက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ (၆)မိုင်ကျေးရွာလမ်းဆုံ၌ သကျက် ဂဏန်းကွင်းရွာဘက်မှ မောင်းနှင်လာသော ဗီယက်နမ်နိုင်ငံထုတ် WAVE 100 ဆိုင်ကယ်အမှတ် ၃၃ယ/၄၇၈၁၁ အား ရှာဖွေစစ်ဆေးခဲ့သည်။


 

ရေကန်တောင်ကျေးရွာတွင် ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းဖွင့်လှစ်



ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာတွင် ယဉ်ကျေး လိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကို သာသနာ့ ဝေပုလ္လ ကျောင်းတိုက်၌ သြဂုတ်လ(၂၈)ရက်နေ့ နံနက်(၇း၃၀)တွင် ဖွင့်လှစ်သင်ကြားလျက် ရှိသည်။

Friday, August 30, 2013

နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျွန်းစုမြို့နယ် မင်းခေါင်းဆေး ကျေးရွာ၌ ကျင်းပပြုလုပ်

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ၊တောပြားကြီးအုပ်စု၊ မင်းခေါင်းဆေးကျွန်း၊ ကျေးရွာတွင် (၅၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ (၂၆.၈.၂၀၁၃)ရက်က ပထမအကြိမ် စာပေဟောပြောပွဲအား  (ဇေယျသုခ ကျောင်းတိုက်) ဓမ္မာရုံကြီး ၌ နေ့လည်ပိုင်း/ ညပိုင်း နှစ်ကြိမ်   ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာဘဏ်မှ ထောက်ပံ့သည့် အစီအစဉ်အား လေ့လာ စောင့်ကြည့် အစီရင်ခံရေး သင်တန်းသို့ မြိတ် (၈၈) မျိုးဆက်အဖွဲ့ဝင် (၃) ဦးနှင့် ကျွန်းစု NLD အဖွဲ့ဝင် (၃) ဦးတက်ရောက်မည်

၂၀၁၃ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့ ရန်ကုန်မြို့တွင်ပြုလုပ်မည့် ကမ္ဘာဘဏ်မှ ထောက်ပံ့သည့် အစီအစဉ်အား လေ့လာ စောင့်ကြည့် အစီရင်ခံရေး နည်းပညာ သင်တန်း တက်ရောက်သို့ မြိတ်ခရိုင် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးပိုအင်၊ ဦးအောင်နိင်ဦး၊ ဦးတင်ကိုကိုဦး တို့ ဦးဆောင်သည့် အဖွဲ့တက်ရောက် သွားမည် ဖြစ်ပြီး၊ ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုအောင်မြတ်ထွန်း၊ မမိုးမိုးနွယ် ၊ မလှိုင်းသစ်ဝေတို့ တက်ရောက်မည် ဖြစ်ကြောင်း မြိတ်ခရိုင် မြိတ်ခရိုင် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ၄င်းတို့ facebook page တွင် ထုတ်ပြန်ထားသည်။

Wednesday, August 28, 2013

ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တရားမ၀င် ထွက်ခွာမည့် စက်လှေတစ်စီးအား စစ်ရေယာဉ် (၄၀၃)မှ ဖမ်းဆီးမိ

အကြမ်းဖက် ဖောက်ခွဲရေး သမားများ မြိတ်မြို့သို့ ၀င်ရောက်ကာ အဖျက်အမှောက် လုပ်ငန်းများ၊ ဖောက်ခွဲမှုများ ပြုလုပ်မည်ဟု သတင်း ရရှိသဖြင့် တပ်မတော်(ရေ) မှ ၄င်းတို့ ၀င်ရောက်လာနိုင်သော ရေလမ်းကြောင်း များအား ပိတ်ဆို့ကာ လုံခြုံရေးယူခြင်း၊ ကင်းလှည့်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။ မြိတ်မြို့ရှိ စစ်ရေယာဉ် (၄၀၃)မှလည်း မြိတ်မြို့၊ အ၀င် ရေလမ်းကြောင်းများအား ကင်းလှည့် စောင့်ကြပ်ခြင်းများ ပြုလုပ် ဆောင်ရွက်လျက် ရှိသည်။

Tuesday, August 27, 2013

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ (၂၇)ရက် နံနက်(၅း၄၅)နာရီတွင် မြိတ်မြို့ လေးကျွန်း ဆီမီးစေတီတော် သာသနာ့ဗိမာန်တော်၌ ကျင်းပရာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဝင် တောကျောင်းပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်အရှင်သူမြတ်များ ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

မြိတ်မြို့၌ ကျေးလက်ဒေသ ငါး/ပုစွန်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ရေငန်ငါး/ ပုစွန် မွေးမြူရေး သင်တန်း အမှတ်စဉ် (၁/၂၀၀၃) ဖွင့်လှစ်

ကျေးလက်ဒေသ ငါး/ပုစွန်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် မြိတ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ရေငန်ငါး/ ပုစွန် မွေးမြူရေး သင်တန်း အမှတ်စဉ် (၁/၂၀၀၃)ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ(၂၆) ရက် နံနက်(၈)နာရီတွင် မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးထွန်းဝင်းမြင့်တို့က အမှာစကားပြောကြား ကြသည်။ ယင်းနောက် မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးမြင့်ရွှေ က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် မြိတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သြဂုတ်လ(၂၆)ရက် နံနက်(၁၀း၁၅)နာရီတွင် နည်းပညာ တက္ကသိုလ် (မြိတ်)သို့ရောက်ရှိ ရာ ကျောင်းအုပ်ကြီး ဒေါက်တာ တင်ဆန်းက တက္ကသိုလ်တွင် ပညာ သင်ကြားပေးနေမှုနှင့် ဒေသအတွင်း အထောက်အကူပြု HRD သင်တန်းများ ဖွင့်လှစ် သင်ကြားနေမှုတို့အား ရှင်းလင်းတင်ပြသည်။

မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာ သင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၅)နှင့် အခြေခံ အိမ်တွင်းမှုသင်တန်း(၆၄)ဖွင့်ပွဲ ကျင်းပ

နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၄)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၆၃)ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ(၂၆))ရက် နံနက်(၉)နာရီတွင် အဆိုပါ သင်တန်း ကျောင်းခန်းမဆောင်၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ခေတ်ရေစီးကြောင်းနောက်က ကင်မရာဖုန်းနှင့် မြန်မာလူငယ်များ

ခေတ်က တစ်နေ့ထက် တစ်နေ့ပြောင်းလဲနေ ပါသည်။ ထိုနည်းတူစွာပဲ လူငယ်များသည်လည်း ခေတ်ရေစီး အကြောင်းအတိုင်း လိုက်ပြီး ၀တ်စားဆင်ယင်..နေထိုင်..ပြောဆိုမှုတွေ အကုန် တစစီ ခေတ်နဲ့လိုက်ပြီး ပြောင်းလဲ လာခဲ့ကြပြီ ဖြစ်ပါသည်။ လွန်းခဲ့သည့် ဆယ်စုနှစ် တစ်ခုလောက်က ကျွန်တော်တို့နိုင်ငံတွင် လက်ကိုင်ဖုန်းကို လူတန်းစေ့ မကိုင်နိုင်ကြပါဘူး .. တစ်ချို့ကိုင်နိုင်သူများတွင်လည်း ကင်မရာပါသည့် အမျိုးအစား နည်းလှသည်ဟု ပြောရပါမည်။

Monday, August 26, 2013

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် မြိတ်ခရိုင် အတွင်းရှိ ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနား မြိတ်မြို့၌ ပြုလုပ်

တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် မြိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ၊ မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်များရှိ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ၊ စည်ပင်သာယာရေး ကော်မတီများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို သြဂုတ်လ (၂၆) ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် မြိတ်မြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

နိုင်ငံတော် ဘာသာနေ့ အကြို မြိတ်မြို့တွင် သာသနာ့အလံများ လွှမ်းခြုံ

မနက်ဖြန် သြဂုတ်လ (၂၆) ရက်နေ့တွင် ပြုလုပ်မည့် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အကြိုနေ့ အဖြစ် မြိတ်မြို့ တစ်ဝက်ခန့် သာသနာ့အလံတော်များ ဖုံးလွှမ်းအောင် ဗုဒ္ဓဘာသာဝင် အိမ်တိုင်းနီးပါး လွှင်ထူလျက် ရှိသည်။  အထူးသဖြင့် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ ဖြစ်သည့် မြိတ်တောင် ရပ်ကွက် အောင်ဆန်းလမ်းမကြီး တစ်လျှောက်၊ နှင့် စက်ဝင်း ရပ်ကွက်၊ မြို့သစ် (၁)မှ (၇) ရပ်ကွက်၊ ဇေယျာသီရိ (၁)(၂)(၃)(၄) ရပ်ကွက်၊ တံတားဦး၊ ရေနံမြေ ရပ်ကွက်များတွင် လမ်းအလိုက်လည်းကောင်း၊ နေအိမ်တိုင်းတွင် လည်းကောင်း သာသနာ့ အလံတော်များ လွှင့်ထူလျက်ရှိပြီး အလယ်ကျွန်းနယ်မြေ ပါရမီ (၁) (၂) နှင့် ပေ(၆၀) လမ်းတစ်လျှောက်၊ ဘုရားကိုင်လမ်း၊ မင်္ဂလာလမ်း တစ်လျှောက်ရှိ နေအိမ်များတွင် သာသနာ့ အလံတော်များ လွှင့်ထူထားသည်ကို တွေ့ရှိရသည်။

လွန်းကျင်း လုပ်ငန်းခွင်အတွင်း လူတစ်ဦး ဓာတ်လိုက်သေဆုံး


၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ နေ့လည် (၁၂) နာရီကျော် အချိန်ခန့်တွင် ကျွန်းစုမြို့နယ် အပိုင် မြိတ်မြို့ တစ်ဘက်ကမ်း ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် ရေလုံလွန်းကျင်း၌ လုပ်ကိုင်နေသူ ဦးအေးချို (၄၀)နှစ် (ဘ) ဦးအေးကို သည် လုပ်ငန်းခွင် အတွင်း အလုပ်လုပ်ကိုင်နေစဉ် ကုမ္ပဏီ မီးစက်မှ လွန်းကျင်းသို့ သွယ်တန်းထားသော လျှပ်စစ် ၀ါယာကြိုးနှင့် ထိမိကာ ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

မြိတ်မြို့တွင် ရေလမ်း ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Like Jacket ၀တ်ဆင်မှု သရုပ်ပြ ဆောင်ရွက်


မြိတ်ခရိုင် မီးသတ် ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်း ရေကြောင်း ခရီးသွားပြည်သူများ၊ ရေလုပ်ငန်း ဆောင်ရွက် နေသူများအား ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် Like Jacket ၀တ်ဆင်မှု စည်းရုံးခြင်းနှင့် သရုပ်ပြသခြင်းကို သြဂုတ်လ(၂၅)ရက် နံနက်(၉)နာရီတွင် မြိတ်မြို့ ဆိပ်ငယ်ရပ် ဘောတံတား တွင် ဆောင်ရွက်ခဲ့ကြသည်။

မြိတ်မြို့၌ ပုဂ္ဂ္ဂ္ဂ္ဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ(မူကြမ်း) အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး ပုဂ္ဂ္ဂ္ဂ္ဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ(မူကြမ်း) အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ(၂၅)ရက် နံနက်(၉)နာရီတွင် မြိတ်မြို့ ကျွန်းရတနာအစည်းအဝေး ခန်းမတွင် ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ ဌာဆိုင်ရာများ၊ ရေယာဉ် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

မြိတ်ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ တွေ့ဆုံပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲ အခမ်းအနား ပြုလုပ် ၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ချီးမြှင့် အမှာစကား ပြောကြား

မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာ အဖွဲ့ဝင်များ တွေ့ဆုံပွဲနှင့် တူညီဝတ်စုံ ပေးအပ်ပွဲ အခမ်းအနားအား ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့ နေ့လည် (၂) နာရီအချိန် မြိတ်မြို့ ချောင်းကူးငယ် ရပ်ကွက်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ လျှပ်စစ်နှင့် စက်မှု ၀န်ကြီး ဦးဝင်းဆွေ၊ လူမှုရေးဝန်ကြီး ဒေါက်တာ ၀င်းအောင်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု ပါတီ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူငယ်ရေးရာ အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၂၅၀) ဦးကျော် တက်ရောက်ခဲ့သည်။

မြိတ်မြို့၌ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဖွဲ့စည်းရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် အတွင်းရှိ မြို့နယ်များ၌ သာသနာတော် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ (၂၅)ရက် နေ့လည်(၁)နာရီတွင် မြိတ်မြို့ လေးကျွန်း ဆီမီးစေတီတော် သာသနာ့ ဗိမာန်တော်တွင် ကျင်းပရာ နိုင်ငံတော်တော် သံဃမဟာနာယက အဖွဲ့ဝင် တောကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် အမှူးပြူသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

Saturday, August 24, 2013

ရောင်စုံပန်းတို့ ပွင့်လန်းရာမြေ - တနင်္သာရီ



ပန်းတို့ ပွင့်လန်းရာမြေ၊ သံပရာပင်ပေါတဲ့မြေ၊ ရွှေပေါရာမြေ၊ ကျက်သရေရှိသောမြို့၊ ဥယျာဉ်များနှင့် မြို့လို့ ဘာသာ စကားတွေကို အခြေခံပြီး တနင်္သာရီရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုး ဖွင့်ဆိုကြတယ်၊ တနင်္သာရီ ချောင်းကြီးနဲ့ ချောင်းငယ်ဆုံရာ အရပ်၊ တောင်တွေ ၀န်းရံနေ ပြီး မြေပြန့် အနည်းငယ်သာရှိတဲ့ အရပ်မှာ မြို့တည်ထားတယ်၊ မြို့တည်ရာမှာ ရေကို မထိန်းချုပ်နိုင်လို့ မအောင်သာလို့အမည်ရတဲ့ အမျိုးသမီးကို စတေးခဲ့တယ်လို့ဆိုတယ်၊ ကျေးဇူးရှင်ဖြစ်လို့ နတ်အဖြစ် ကိုးကွယ်ခဲ့တယ်၊ မြို့ဟောင်းရဲ့ အလယ် တည့်တည့်လောက်မှာ ကျောက်တိုင် စိုက် ပြီး အထိန်း အမှတ်လုပ် ထားတယ်၊ သစ်သီးစုံတဲ့ အချိန်မှာ ပူဇော်ပွဲ( နတ်ပွဲ ) လုပ်တယ်၊

``



မြိတ်မြို့၌ ပဲ့နင်းမှူး ၊ ရေယာဉ်အုပ်၊ စက်ခန်းအုပ် ကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်


မြိတ်မြို့၌ ပဲ့နင်းမှူး ၊ ရေယာဉ်အုပ်၊ စက်ခန်းအုပ် ကျွမ်းကျင်မှု သင်တန်းကို သြဂုတ်လ(၂၂)ရက် နံနက် (၉)နာရီတွင် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့သည်။ သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် မှာ ရေယာဉ်များတွင် အလုပ်လုပ်လျက် ရှိသော ပဲ့နင်းမှူး ၊ ရေယာဉ်အုပ်၊ စက်ခန်းအုပ်များကို ပဲ့နင်းမှူး ၊ ရေယာဉ်အုပ် ၊ စက်ခန်းအုပ် လက်မှတ်များ ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

 

မြိတ်မြို့၌ Generalised Scheme of Preferences and Rules of Origin Seminar သင်တန်းဖွင့်လှစ်


မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် International Management Group နိုင်ငံတကာ စီမံခန့််ခွဲရေး ဆိုင်ရာ အဖွဲ့တို့ ပူးပေါင်း ဖွင့်လှစ်သော ဥရောပသမဂ္ဂ အထူးကုန်သွယ်မှု လွတ်ကင်းခွင့်နှင့် ၄င်း၏ မူလနိုင်ငံဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ အတွက် Generalised Scheme of Preferences and Rules of Origin Seminar သင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ(၂၃)ရက် နံနက်(၉)နာရီတွင် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း ၌ ကျင်းပသည်။


မြိတ်မြို့၌ ကုန်သွယ်မှုမြင့်တင်ရေး နှင့် လျာထားချက် ပြည်မီကျော်လွန်ရေး တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ


ကုန်သွယ်မှု မြင့်တင်ရေးနှင့် လျာထားချက် ပြည့်မီကျော်လွန်ရေး တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ (၂၃)ရက် နံနက်(၁၀း၃၀)နာရီတွင် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး အစည်း အဝေး ခန်းမတွင် ကျင်းပရာ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ စားသုံးဆီ အသင်းဝင်များ၊ စက်သုံး ဆီအသင်းဝင်များ၊ ရေလုပ်ငန်းရှင်များ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ပို့ကုန်သွင်းကုန် ဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်းရှင်များ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
 


စိုက်ပျိုးပြီးသော သစ်ပင်များအား ပေါင်းရှင်းခြင်း၊ မြေသြဇာ ထည့်ခြင်းနှင့် မြေတောင်မြောက်ပြုစုခြင်း ဆောင်ရွက်

တက္ကသိုလ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပရေး အတွက် စိုက်ပျိုးပြီးသော သစ်ပင်များအား ပေါင်းရှင်းခြင်း၊ မြေသြဇာ ထည့်ခြင်း၊ မြေတောင်မြောက် ပြုစုခြင်းကို သြဂုတ်လ(၂၃)ရက် နံနက်(၈)နာရီတွင် ကွန်ပျူတာ တက္ကသိုလ်(မြိတ်)တွင် ကျင်းပရာ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များမှ စစ်သည် ရဲမေများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။


မြိတ်မြို့၌ အရှေ့ တောင် အာရှ အားကစားပြိုင်ပွဲအကြို ဟောပြောပွဲ ကျင်းပ

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်း အကြို ဟောပြောပွဲကို သြဂုတ်လ(၂၃) ရက် နေ့လည်(၁)နာရီ၌ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းတွင် ကျင်းပရာ မြိတ်ခရိုင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင် ဦးစီး အရာရှိ ဒေါ်လှလှဌေးက ကျောင်းသား/ သူများအား ပညာသင်ချိန် တွင် ရည်မှန်းချက် မြှင့်မားသော ကျောင်းသား/ သူများ ဖြစ်စေရေး၊ လူငယ်နှင့် အားကစား၊ အားကစားဖြင့် နိုင်ငံ့ ဂုဏ် ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်တင်နိုင်ရေး အကြောင်း၊ သိကောင်းစရာများကို ရှင်းလင်း ပြောကြားသည်။



Friday, August 23, 2013

အဆောင်ကောင်း ကုမ္ပဏီတွင် အလုပ်သမားများကို မတရား အလုပ် ထုတ်ပစ်နေကြောင်း အလုပ်သမား တစ်ဦးက ပြောဆို

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ စက်မှုဇုန် အတွင်း ရှိ  ရေလုပ်ငန်း လုပ်ကိုင်လျက်ရှိသော အဆောင်ကောင်း ကုမ္ပဏီတွင် အလုပ်သမားများကို အကြောင်း အမျိုးမျိုးပြ စွပ်စွဲပြီး အလုပ်ထုတ်ပစ်နေကြောင်း အလုပ်ထုတ်ခံရသော အလုပ်သမားတစ်ဦးက ပြောသည်။



ကျောက်နံရံပေါ်က ပန်းချီကားချပ်


မြိတ် ပင်လယ်ပြင်သည် ဘင်္ဂလား ပင်လယ်အော်နှင့် ဆက်စပ်လျက် အိန္ဒိယ သမုဒ္ဒရာ၏ အစွန်းပိုင်း တစ်ခုဖြစ်သည်။ ကျွန်းကြီး ကျွန်းငယ်များ ပြန့်ကြဲလျက် ငှက်သိုက်ကျွန်း များလည်း ရှားရှားပါးပါး တည်ရှိနေသည်။ ရှေးက ဤပင်လယ်ပြင် တစ်ဝိုက်တွင် လူမျိုးစုံတို့ စားကျက် ခဲ့ကြသည်။ ဤဒေသကို ယခင်က မြန်မာနှင့် ယိုးဒယားတို့  ဘတစ်ပြန် ကျားတစ်ပြန် သိမ်းပိုက် အုပ်ချုပ်ခဲ့ကြသည်။ ပသျှူး၊ ဆလုံ၊ ဟိန္ဒူနှင့် မဟာမေဒင် ဘာသာဝင်များလည်း ကြီးစိုးခဲ့ ကြသည်။ အရှေ့တိုင်းနှင့် အနောက်တိုင်းတို့မှ ကုန်သည် တို့လည်း ကူးလူးဆက်ခံခဲ့ကြသည်။ ၁၂-ရာစု မတိုင်မီကပင် ထိုဒေသ တစ်ဝိုက်၌ မြန်မာနိုင်ငံ ပုဂံ နေပြည်တော်သား များလည်း ခြေချခဲ့ဖူး ကြသည်။

ကမ်းကြီးကျေးရွာမှ ကျွန်းစုမြို့ပေါ်သို့ သီးခြားလမ်းတစ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် မရှိ



ပထမအကြိမ် ပြည်သူ့ လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့ (၂၀.၈.၂၀၁၃) အစည်းအဝေးတွင် ဒေါ်တင်တင်ရီ (ကျွန်းစုမဲဆန္ဒနယ်)က ၁၉၉၃ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး ရေတပ်ဌာနချုပ်မှ အဆိုပါ ကမ်းကြီး ကျေးရွာရှိ မြေအချို့ကို သိမ်းဆည်း ၍ တပ်စခန်းဆောက်လုပ်ရာတွင် ကျွန်းစု- ကမ်းကြီး... လမ်းသည်လည်း တပ်ပိုင် ဧရိယာထဲသို့ ပါဝင်သွားခဲ့ပြီး ကျေးရွာများတွင် အရေးပေါ် ကိစ္စကြုံသည့် အချိန်နှင့် VIP လမ်းကြောင်းများ တိုက်ဆိုင်နေသည့် အခါတွင် ၎င်းလမ်းကို ပိတ်ဆို့ထားခြင်း ကျေးရွာသားများ သွားလာရေး အခက်အခဲများ တွေ့ခဲ့ကြပါ၍ ရေတပ်စခန်း ကို ဖြတ်သန်းသွားလာမည့် အစား သီးခြား လမ်းတစ်လမ်းကို ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုပါ ကြောင်းမေးမြန်းခဲ့သည်။ 


Thursday, August 22, 2013

ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာတွင် အသက် (၁)နှစ် (၄)လအရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး


တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာ အုပ်စု၊ ပဲ့တိုင်ကျေးရွာ (အထက်ကြပ်) တွင် သြဂုတ်လ (၂၀)ရက် နံနက် (၁၀း၃၀) အချိန်ခန့်တွင် ၄င်းကျေးရွာနေ ဒေါ်စန်းမော် သည် နေအိမ်တွင် ထမင်းအိုး တည်နေရာမှ ထမင်းရည်ငှဲ့ပြီး အချိန် သားဖြစ်သူ အသက်(၁)နှစ်(၄)လ အရွယ်ရှိ မောင်အောင်မိုးနိုင် ပျောက်နေ၍  ရှာဖွေခဲ့ရာ မတွေ့ရဘဲ၊ ခင်ပွန်းဖြစ်သူ ဦးနောင်ပု အပြင်မှ ပြန်ရောက်ရှိလာမှ  အိမ်နီးချင်းများနှင့် ၀ိုင်းဝန်းရှာဖွေခဲ့ရာ နေအိမ်အရှေ့ (၃၅)ပေခန့် အကွာ ရေအနက် (၆)ပေခန့် ရှိ ရေမြောင်း ထဲမှ ကလေးငယ် အလောင်းအား (၁၀း၄၅)အချိန် ခန့်တွင် ပြန်လည်ရှာဖွေ တွေ့ရှိ ခဲ့သည်။

မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်

မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖောက်ခွဲရေးသမားများ သတင်းကြောင့် မြို့အ၀င်အထွက် လမ်းကြောင်းများ အပါအ၀င် ပင်လယ်ပိုင်းရှိ ကျွန်းများနှင့် ကျေးရွာများအထိ စနစ်တကျ စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယခုလလယ်ပိုင်းမှ စတင်ပြီး မြိတ်မြို့သို့ ဖောက်ခွဲရေးသမားသုံးဦး ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ၀င်ရောက်လာနိုင်ကြောင်း သတင်းများ ရရှိခဲ့ရာ လုံခြုံရေး တိုးမြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖောက်ခွဲရေး သမားသုံးဦး ရောက်ရှိနေသည့် သတင်းမှာ ဓာတ်ပုံများနှင့်အတူ အာဏာပိုင်များထံသို့ ရောက်ရှိနေပြီး ရပ်ကွက်အလိုက်၊ ကျေးရွာများအလိုက် လုံခြုံရေး တိုးမြှင့်ခဲ့သလို လူဝင်လူထွက်များ သိရှိနိုင်ရန် ဧည့်စာရင်းများ စစ်ခြင်း၊ မြို့အ၀င်ထွက်များတွင် စောင့်ကြည့်ခြင်းများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

တန်ဖိုးနည်း GSM တယ်လီဖုန်းများအား မြို့နယ်အလိုက် ရောင်းချရာ၌ လူဦးရေကို အခြေခံပြီး ခွဲတမ်းချ ရောင်းချပေးရန် မြိတ်လူထု ဆန္ဒရှိ




၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တန်ဖိုးနည်း မိုဘိုင်း ဖုန်းများ ဆက်လက် ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ရာ တနင်္သာရီတိုင်း ဒေသကြီး၌ CDMA 800 ဖုန်းလိုင်း (၂၀၀၀)နှင့် GSM ဖုန်းလိုင်း (၆၀၀၀) စုစုပေါင်း ဖုန်းလိုင်း (၈၀၀၀) ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လ အတွင်း တနင်္သာရီတိုင်းအတွင်း GSM တယ်လီဖုန်းလိုင်း (၃၀၀၀) ရောင်းချပေးရာတွင် တစ်မြို့နယ်လျှင် အလုံး (၃၀၀) နှုန်းဖြင့် (၁၀)မြို့နယ် အတွက် (၃၀၀၀) ခွဲဝေ ရောင်းချပေးခဲ့သည်။ ထိုသို့ ခွဲဝေ ရောင်းချရာတွင်လည်း တစ်မြို့နယ်ချင်းအလိုက် ပြည်သူ ၁၅၀)လုံး၊ တပ်+ ဌာနဆိုင်ရာ (၁၅၀) လုံး အသီးသီး ခွဲဝေ ရောင်းချခဲ့သည့် အတွက် ပြည်သူများ လက်ဝယ် ရောက်ရှိခဲ့သည့် ဖုန်းမှာ တစ်မြို့နယ်လျှင် (၁၅၀) ခန့်သာ ရှိခဲ့သည်။ 

Wednesday, August 21, 2013

မြိတ်မြို့တွင် နိုင်ငံတော် ဘာသာနေ့ အခမ်းအနား ပြုလုပ်ရန်အတွက် နိုးဆော် ဖိတ်ကြားလျက် လျက်ရှိ




၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့ကို နိုင်ငံတော် ဘာသာနေ့ အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ် အဖြစ် အခမ်းအနားများ ပြုလုပ်ကြရန် နိုးဆော် ဖိတ်ကြွှားလွှာ များကို သြဂုတ်လ ဒုတိယပတ်မှ စတင်၍ ရပ်ကွက်နှင့် ကျေးရွာ အသီးသီးရှိ နေအိမ်များအား လိုက်လံဝေငှခြင်းများ၊ လဘက်ရည်ဆိုင်များ ၊ လူစည်ကားသည့် နေရာများ အနှံ့အပြားတွင် လိုက်လံ နိုးဆော်ဝေငှလျက် ရှိသည်။

ကျွဲအတူကျောင်းရာမှ အမြဲတမ်း ဆဲဆို ခံရသူမှ ဆဲဆိုသူအား ဓားဖြင့် ခုတ်သတ်

၂၀၁၃ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ ည (၁၀) နာရီ အချိန်ခန့်တွင် မြိတ်မြို့ ပင်းအိုကျေးရွာ အုပ်စု လက်ခုပ်တောင်ကျေးရွာနေ ဦးအုန်းမြင့် အသက် (၅၂)နှစ်၊ (ဘ) ဦးကြည်ရွှေ သည် လယ်တဲထဲတွင် လည်ပင်းနှင့် လက်တို့၌ ဓါးဒဏ်ရာများ ရရှိပြီး မေ့လဲနေသဖြင့် ပင်းအိုကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ မြိတ်မြို့ ကျွဲကင်း ရဲစခန်းသို့ တိုင်ကြားလာသဖြင့် ကျွဲကူးရဲကင်းမှ တဆင့် မြိတ်မြို့ မြို့မရဲတပ်ဖွဲ့ စခန်းတွင် (ပ) ၄၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ပြီး မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးနှင့် မြိတ်မြို့မ စခန်းမှူး ဒုရဲမှူး နေလင်းနှင့် တပ်ဖွဲ့ဝင်များ လက်ခုပ်တောင် ကျေးရွာရှိ လယ်တဲသို့ သွားရောက် စစ်ဆေးခဲ့ရာ ဦးအုန်းမြင့်သည် ဒဏ်ရာများနှင့် မေ့လဲနေသဖြင့် မြိတ်မြို့ ဆေးရုံကြီးသို့ တင်ပို့စဉ် လမ်းခရီး၌ သေဆုံးသွားခဲ့သည်။ 

အလောင်းရှာမတွေ့သည့် လူသတ်မှု မြိတ်လူထု အထူးစိတ်ဝင်စား



အလောင်းရှာမတွေ့သည့် လူသတ်မှု မြိတ်လူထု အထူးစိတ်ဝင်စား
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ် အတွဲ (၁)၊ အမှတ် (၁၂၉) ဂျာနယ်မှ ကူးယူဖော်ပြသည်။)
လွန်ခဲ့သော ၁၆ နှစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ရော်ဘာခြံပိုင်ရှင် တစ်ဦး၏ ရော်ဘာခြံတွင် ရော်ဘာခြံ အလုပ်သမား တစ်ဦး ပျောက်ဆုံးသွားခဲ့သည်။ ထိုအလုပ်သမား ပျောက်ဆုံးသွားခြင်းအတွက် မိခင်ဖြစ်သူက ၂၀၁၃ခုနှစ် မေ ၂၆ ရက်တွင် မြိတ်မြို့နယ် သမုတ်ရဲစခန်းတွင် အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း သိရသည်။ 

Tuesday, August 20, 2013

တနင်္သာရီက မ်းရိုးတန်းသည် အရှေ့တောင် အာရှတွင် အသန့်ရှင်းဆုံးဖြစ်ကြောင်း ပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်များပြော

အရှေ့ တောင် အာရှတွင် တနင်္သာရီကမ်း ရိုးတန်းဒေသကြီးသည် အသန့် ရှင်းဆုံး ကမ်းရိုးတန်း ဒေသကြီး တစ်ခုဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ကိုင် နေသူများက ပြောဆိုသည်။ ယင်းသို့ပြောဆိုခြင်းမှာ အ ဆိုပါ ကမ်းရိုးတန်းတွင် တည်ရှိ သော ရေပြင်အနေအထား၊ ဒီရေ တော အနေအထား၊ ဇီဝမျိုးစုံမျိုး ကွဲများအပေါ် မူတည်၍ ပြောကြား ခဲ့ကြခြင်းဖြစ်သည်။

အကြမ်းဖက် ဖောက်ခွဲရေး သမားများ ဖမ်းဆီးမိရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်

မြိတ်မြို့တွင် အကြမ်းဖက်ရန် အတွက် ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ ၀င်ရောက်လာနိုင်သည့် RSO အဖွဲ့မှ အကြမ်းဖက် သောင်းကျန်းသူ (၃) ဦးဓာတ်ပုံ ဖြစ်ပါသည်။ ထိုဖောက်ခွဲရေး သမားများအား တပ်မတော် နှင့် ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့ ပူးပေါင်းပြီး ဖမ်းဆီးရမိရေးနှင့် မြို့လုံခြုံရေး (၂၄) နာရီ ဆောင်ရွက်လျက် ရှိပါတယ် ။ 

ထားဝယ်ဒေသ၌ တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ မဂ္ဂါဝပ် ၅၀၀ စီမံကိန်းကို အဆင့်သုံးဆင့်ခွဲ၍ ၂၀၁၆ ဇန်န၀ါရီတွင် အပြီးတည်ဆောက် သွားမည်

တနင်္သာရီတိုင်းဒေသကြီးတွင် အမျိုးသား မဟာဓာတ်အားလိုင်း မရောက်ရှိသည့် အတွက် ပြည်သူများ အနေဖြင့် ပုဂ္ဂလိက လျှပ်စစ်ပေးဝေရေး လုပ်ငန်းများတွင် တစ်ယူနစ်လျှင်ကျပ် ၅၀၀ ခန့်ဖြင့် ဈေးနှုန်းကြီးမြင့်စွာ ၀ယ်ယူအသုံးပြု နေရကြောင်း၊ ထို့ကြောင့် ကံပေါက်ဒေသတွင် တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၅၀၀ မဂ္ဂါဝပ် စီမံကိန်းကိုမည်သို့ စီစဉ်ဆောင်ရွက် နေသည်ကို သိရှိလိုကြောင်း ပထမအကြိမ် တနင်္သာရီတိုင်းဒေသကြီး သတ္တမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ရေဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးထွန်းမြင့်က မေးမြန်းခဲ့ရာ တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဝင်းဆွေက ပြန်လည်ဖြေကြားခဲ့ရာတွင် ”၂၀၁၃ နှစ်ကုန်ပိုင်းလောက် ပြီးမယ့် EIA/SIA လေ့လာမှုတွေပြီးရင် စီမံကိန်းကို အဆင့် သုံးဆင့်နဲ့ အကောင် အထည်ဖော်သွားမယ်လို့ အစီရင်ခံစာအရ သိရ ပါတယ်။

မြိတ်မြို့တွင် စိတ်ကြွဆေးပြား ဖမ်းဆီးမိ

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၅ နာရီ ခွဲ အချိန်ခန့်တွင် မူးယစ် အထူးအဖွဲ့နှင့် မြိတ်မှုခင်း တပ်ဖွဲ့မှ မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့် အတူ မြိတ်မြို့ မြိတ်တောင်ကျေးရွာ အုပ်စု ကုန်းဖောက်ရပ် ကုန်းဖောက် (၅)လမ်းနေ သန်းစိုး (၃၉)နှစ်၊ (ဘ) ဦးအောင်သင်း ၊ ၆/မအရ(နိုင်) 098602 ၊ တက္ကစီမောင်း ၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ wy စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၃၆)ပြား၊ ဘိန်းစာမှု့ (၉၀) ဂရမ် (၁)ထုပ်၊ စုစုပေါင်းတန်ဖိုး (၂)သိန်း (၇) သောင်းနှင့် ငွေသား (၃၈၀၀၀) ကျပ်အား သိမ်းဆည်းရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိသည့် တရားခံ သန်းစိုးအား မြိတ်မြို့ မြို့မ ရဲစခန်းမှ မူးယစ်(ပ)၄၁/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့် တရားစွဲထားကြောင်း သတင်းရရှိသည်။
 

မြိတ်မြို့၌ ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေး




ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ(၁၉)ရက် မွန်းလွဲ (၃)နာရီတွင် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦး၊ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်း ရှင်များနှင့် တည်းခိုခန်းလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

မြိတ်မြို့၌ ဈေးသူဈေးသားများအား အသေးစားချေးငွေထုတ်ချေးပေး




မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ အောင်မင်္ဂလာဈေး မှ ဈေးသူဈေးသားများအား အသေးစား ချေးငွေ ထုတ်ချေးခြင်းကို သြဂုတ်လ(၁၉)ရက် ညနေ(၃) နာရီတွင် အောင်မင်္ဂလာဈေးဓမ္မာရုံ၌ ကျင်းပသည်။

မြိတ်မြို့၌ Mobile Team ရန်ကုန်ဆိပ်ကမ်းနယ်မြေတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေး ရှင်းလင်း



Mobile Team ရန်ကုန်ဆိပ်ကမ်းနယ်မြေတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ် သက်၍ အသိပေးရှင်းလင်းပွဲကို သြဂုတ်လ(၁၉) ရက် နေ့လည် (၁)နာရီတွင် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းးရှင်များ၊ ကမ်းရိုးတန်းသွားသင်္ဘောလုပ်ငန်းရှင်များ၊ ရေယာဉ်အသင်းအဖွဲ့ဝင်များ စုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ကြသည်။

မြိတ်မြို့၌ အိမ်တိုင်ယာရောက် စောင့်ရှောက်ပေးနေသော အဘိုးအဘွားများအတွက် ဆန်နှင့် အားဆေးများ ထောက်ပံ့ ပေးအပ်

မြိတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် ဝေါလ်ဗွီးရှင် အသင်းတို့မှပူးပေါင်း၍ အိမ်တိုင် ယာရောက် စောင့်ရှောက် ပေးနေသော ဘိုးဘွားများ အတွက် ဆန်နှင့် အားဆေးများ ထောက်ပံ့ ပေးအပ်ခြင်းကို သြဂုတ်လ (၁၉)ရက် မွန်းလွဲ (၁း၃၀)နာရီက မြိတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းရုံး ခန်းမ၌ ကျင်းပသည် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်သန်း သန်းဆွေ မှ အမှာ စကားပြောကြားသည်။

Sunday, August 18, 2013

မြိတ်လေဆိပ်ရှိ ပစ္စည်း ရှာဖွေရေး X-Ray စက် ပြန်ကောင်းပြီ

မြိတ်လေဆိပ်ရှိ ပစ္စည်း ရှာဖွေရေး X-Ray စက် ပြန်ကောင်းပြီ  

မြိတ် သြဂုတ် ၁၇

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ မြိတ်လေဆိပ်တွင် လုံခြုံရေးအရ ရှာဖွေစစ်ဆေးခြင်း ပြုလုပ်ရန် တပ်ဆင် အသုံးပြုလျက် ရှိသော ပစ္စည်းရှာဖွေရေး X-Ray စက်သည် သြဂုတ် ၆ ရက်က မြိတ်-ဘုတ်ပြင်း မြန်မာ့လေကြောင်း ခရီးသည် ခေါ်ဆိုချိန်တွင် စက်ချွတ်ယွင်း၍ မြိတ်လေဆိပ် လုံခြုံရေး ပူးပေါင်းအဖွဲ့မှ ခရီးသည်များ ပါရှိသော ပစ္စည်းများကို ဖွင့်ဖောက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။

မြိတ်မြို့ DFB အရန်မီးသတ်တပ်ဖွဲ့သို့ မီးသတ်ရေသယ်ယာဉ် လှူဒါန်းပွဲ ကျင်းပ



မြိတ်မြို့ ထားဝယ်စု မီးသတ်ရပ် DFB အရန်မီးသတ်တပ်ဖွဲ့သို့ ကန်ဖျားရပ်ကွက် ဗိုလ်ဗထူးလမ်းနေ ဦးစိန်ဟုန်+ဒေါ်အေးကြူ မိသားစုမှ မီးသတ် ရေသယ်ယာဉ် တစ်စီးလှူဒါန်းပွဲကို သြဂုတ်လ(၁၈)ရက် နံနက်(၈) နာရီတွင် အဆိုပါ မီးသတ် တပ်ဖွဲ့ရုံးတွင် ကျင်းသည်။

မြိတ်မြို့ အရှေ့ကျောင်းတိုက် ဆရာတော် ဘ၀နတ်ထံ ပျံလွန်တော်မူ



၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့  နံနက် ၁၀နာရီ ၄၀မီနစ် အချိန်တွှင် မြိတ်မြို့  ကန်ခေါင်း ရပ်ကွှက် ရှိ အရှေ့ကျောင်းတိုက် ဆရာ တော် အရှင် ၀ိလာသ အသက်တော် ၇၈နှစ်။ ၀ါတော် ၅၈၀ါ သည် ဆွှမ်းကျွှေး တရားနာအိမ်၌ တရားရေအေး တိုက်ကျွှေးစဉ် ရုတ်တရက် သတိလစ် မေ့မျောသွားပြီး ရွှေသရဖူ ဆေးရုံသို့ တင်ပို့ကုသစဉ် ဘ၀နတ်ထံ ပျံလွန်တော် မူသွား ပါကြောင်း တပည့်ဒ ကာ။ ဒကာမများ သိစေရန် တင်ပြ အပ် ပါသည်။

Saturday, August 17, 2013

မြိတ်ဂေါက်ကွင်း အတွင်း သမီးရည်းစား ချိန်းတွေ့စဉ် ဓားထောက် လုယက်သူ ဖမ်းမိပြီ


၂၀၁၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ ညနေ (၆) နာရီ အချိန်ခန့်တွင် မြိတ်မြို့ တောရကျောင်းရပ် ဂေါက်ကွင်း အတွင်း သမီးရည်းစား ချိန်းတွေ့နေသည့် မောင်………………. နှင့် .မ……………………… တို့အား အမည်မသိ လူ (၂) ဦးမှ ဓားရှည် (၁)ချောင်း ၊ မောင်းချဓား (၁)ချောင်း တို့ဖြင့် ဓားထောက်ပြီး တန်ဖိုး (၇)သိန်းရှိ ဖုန်းနံပတ် ………………………  I Phone 5 အမျိုးအစား (၁)လုံး၊ Huawei G 610 အမျိုးအစား ဖုန်းနံပတ် ……………………. တန်ဖိုး (၁)သိန်း (၆)သောင်း ရှိ ဖုန်း(၁)လုံး၊ တန်ဖိုး (၂) သိန်းရှိ Huawei P1 အမျိုးအစား ဆင်းကတ်မပါ တစ်လုံး ၊ စုစုပေါင်း သုံးလုံးနှင့် ငွေသား ၄၀၅၀၀ိ/ တို့အား လူယုသွားခဲ့သည်။ 

ကျွန်းစုမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ(၁၆)ရက် နံနက်(၉)နာရီတွင် ကျွန်းရတနာ အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ၊ ရပ်မိရပ်ဖ များ တက်ရောက်ခဲ့ကြသည်။

မြိတ်မြို့နယ် သမ၀ါယမ အသင်းစု လီမိတက် နှစ်ပတ်လည် အစည်းအဝေးကျင်းပ

မြိတ်မြို့နယ်၊ သမ၀ါယမ အသင်းစု လီမိတက်၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အသင်းနှစ်ပတ်လည် အစည်းအဝေး ကို သြဂုတ် ၁၆ ရက် နံနက် ၁၀ နာရီက မြိတ်မြို့နယ်သမ၀ါယမဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ အသင်းစု ဥက္ကဌ ဦးလှကြည် (ဂျီအီးစီ ပညာရေး သမ၀ါယမအသင်း)က အသင်းစု၏ ဆောင်ရွက် ချက်များအား ရှင်းလင်း တင်ပြသည်။

ပုလောမြို့၌ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး တွေ့ဆုံဆွေးနွေး

မြိတ်ခရိုင် ပုလောမြို့နယ် မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေး အဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ မူးယစ် ဆေးဝါးကာကွယ် တားဆီးရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး ပွဲကို သြဂုတ်လ(၁၆)ရက် နေ့လည်(၁) နာရီတွင် မြို့နယ် ကမ်းရိုးတန်း ရတနာခန်း၌ ကျင်းပရာ ပုလောမြို့နယ် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

မြိတ်မြို့တွင် နိုင်ငံခြားသားများအား နေအိမ်များတွင် တရားမ၀င် ညအိပ် တည်းခိုစေမှုများ မရှိရေး ထိန်းသိမ်းရန် လိုအပ်

ယခုရက်ပိုင်း အတွင်း မြိတ်မြို့တွင် နိုင်ငံခြားသားများ ၀င်ထွက်မှု များနေပြီး အချို့မှာ ရပ်ကွက်များတွင် တရားမ၀င် ညအိပ်တည်းခိုသည် အထိ အတင့်ရဲလာသဖြင့် မြို့လုံခြုံရေး ထိခိုက်လာနိုင်ဖွယ်ရာ အလား အလာများ ရှိနေပါသည်။

မြိတ်ဂေါက်ကွင်း စုံတွဲများ မှောင်ရိပ်ခို ချိန်းတွေပါက အန္တရာယ်များသည့် အတွက် ၀ိုင်းဝန်း ထိမ်းသိန်း ကြပ်မတ်ရန်လို

မြိတ်မြို့ ဂေါက်ကွင်း အတွင်း ညအချိန် မှောင်မိုက်မှုနှင့် ဆိတ်ငြိမ်မှုအား အခွင့်ကောင်း ယူကာ စုံတွဲများ မှောင်ရိပ်ခို ချိန်းတွေ့ရာ နေရာ တစ်နေရာ ဖြစ်နေပြီး အဆိုပါ စုံတွဲများ အပေါ် ခြိမ်းခြောက် လုယက်မှုများ ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စောင့်ကြပ် အရေးယူ ဆောင်ရွက်နေကြောင်း သိရှိရသည်။

Friday, August 16, 2013

မြိတ်မြို့နယ်လုံး ဆိုင်ရာ သံဃာဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း

မြိတ်မြို့နယ် အတွင်း ၀ိနည်းဖြင့် ညီညွတ်စွာ လိုက်နာကျင့်သုံးခြင်း မရှိဘဲ လူစည်းကားသော ဈေး၊ စာသင်ကျောင်း၊ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင် စသည်တို့တွင် ၀တ္ထုငွေကြေး များကိုများကို မမှန်ကန်သော နည်းလမ်းများဖြင့် အလှူခံခြင်း၊ လောင်းကစားမှု၊ အရက်သေစာ သောက်စားမှုများ အစ ရှိသည်တို့ကို ဆောင်ရွက်လျက် သာမဏေ သရုပ္ပ မဖြစ်သောာ အတုအယောင် သံဃာများအား သန့်ရှင်း အောင် ဆောင်ရွက်ရန်အတွက် သံဃာဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ နေ့လည် ပိုင်းတွင် မြိတ်မြို့ စပါးရွှေဝါ လမ်းရှိ မော်တောင် ပရိယတ္တိ စာသင်တိုက်တွင် ခဲ့သည်။

ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲ ဓားဖြင့် ခြိမ်းခြောက်လုယက်ခံရ

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သြဂုတ်လ ၁၁ ရက် ည ၈ နာရီ ခန့်အချိန်တွင် လူသူကင်းမဲ့ သည့်နေရာဖြစ်သည့် မြိတ်ဂေါက်ကွင်း အတွင်း၌ သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေစဉ် အင်္ကျီ အနက်ရောင်ဝတ် အမည်မသိ လူနှစ်ဦးက ဓားဖြင့် လာရောက် ခြိမ်းခြောက်ပြီး ငွေနှင့် လက်ကိုင်ဖုန်းများကို လုယက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့ နယ်မြေ ရဲကင်းလှည့် တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

မြန်မာ့ ပုလဲ ရတနာ တို့၏ မွေးရပ်မြေ ပုလဲကျွန်း


တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း ခရိုင် ကော့သောင်းမြို့မှ ရေကြောင်းဖြင့် ကီလိုမီတာ ၆ဝခန့် မြောက်ဘက်သို့ သွားသော် ဘုတ်ပြင်းမြို့နယ် အတွင်းရှိ စိမ်းစိုလှပ သာယာ၍ ကြည်လင် ရှင်းသန့်သည့် ပင်လယ်ဝန်းရံ ထားသော မြန်မာ့ပုလဲ သယံဇာတ မွေးမြူထွက်ရှိရာ (Domel Island) ခေါ် ပုလဲကျွန်းသို့ ရောက်ရှိမည် ဖြစ်သည်။

ဘုန်းကြီးမှ ကိုရင်အား ၀ါယာကြိုးဖြင့် ရိုက်နှက်

မြိတ်မြို့ မြိတ်တောင် နယ်မြေ မြို့သစ် (၃) ရပ်ကွက် မြရည်နန္ဒာလမ်း အမှတ် (၄၈) နေ ဦးသန်းနိုင် + ဒေါ်မိုးစန္ဒာ တို့၏ သားဖြစ်သူ မောင်ချစ်ကိုကို ၊ အသက် (၁၁)နှစ်၊ (ဒုတိယတန်း(က)၊ ဘုရားကိုင် မူလတန်း) ကျောင်းသား ဖြစ်သူသည် ကိုရင်ဝတ်ဖြင့် မျက်နှာတွင် ဖူးယောင် ဒဏ်ရာများ ရရှိကာ မြိတ်မြို့ စန္ဒ၀တ် ကျေးရွာ ဘိုတောင်ထိပ်ရှိ ဥာဏလာဘ ကျောင်းမှ ဘုန်းတော်ကြီး ဦးဥာဏနှင့် အတူ မြိတ်မြို့ ကလွင် ရေပုန်းရပ် ဆေးရုံကြီး နောက်ဘက်ရှိ အောင်ချမ်းသာ ဘုန်းကြီးကျောင်း၌ သြဂုတ်လ (၁၂) ရက်နေ့ ညနေပိုင်း အချိန်တွင် စုံစမ်းတွေ့ရှိခဲ့ရာ ၄င်းဒဏ်ရာများမှာ ဘုန်းကြီး ဦးဥာဏမှ ၀ါယာကြိုးများဖြင့် ရိုက်နှက်၍ မျက်နှာနှင့် ဦးခေါင်းတွင် ဖူးယောင် ဒဏ်ရာများ၊ ခန္ဓာကိုယ် အနှံ့အပြား တွင် ပေါက်ပြဲဒဏ်ရာများနှင့် အမာရွတ်များ တွေ့ရှိရသဖြင့် အရေးယူ ပေးပါရန် မြိတ်မြို့မ ရဲစခန်းသို့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆေးစာဖြင့် မြိတ်ဆေးရုံကြိးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။ 

မြိတ်မြို့ သားဖွား သင်တန်းကျောင်း၌ အခြေခံတိုင်းရင်းဆေးပညာ (ရက်တို) သင်တန်းဆင်ပွဲ ကျင်းပ



မြိတ်ခရိုင် တိုင်းရင်း ဆေးပညာ ဦးစီးဌာနနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင်ရှောက်ရေး ကြီးကြပ်မှု အဖွဲ့ နှင့် အမျိုးသမီးရေးရာ အဖွဲ့ တို့ပူးပေါင်း ဖွင့်လှစ်သော အခြေခံ တိုင်းရင်းဆေးပညာ (ရက်တို) သင်တန်း ဆင်းပွဲကို သြဂုတ်လ(၁၅)ရက် ညနေ (၄)နာရီတွင် သားဖွား သင်တန်းကျောင်း ခန်းမ၌ ကျင်းပရာ မြိတ်ခရိုင် အမျိုးသမီး ရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူဝင်း အမှာစကားပြောကြားသည်။

မြိတ်မြို့၌ ကျောင်းနေအရွယ် ကလေးငယ်များအား ဒေသထွက် နွားနို့နှင့် ကြက်ဥ တိုက်ကျွေး



ကျောင်းနေ အရွယ် ကလေးများ နို့တိုက်ကျွေးမှု အစီအစဉ် (School Milk Programme) အာဟာရ ကျွေးမွေးခြင်းကို သြဂုတ်လ (၁၅)ရက် နေ့လည်(၂)နာရီတွင် အခြေခံပညာ အလယ်တန်း ကျောင်းခွဲ (ကန်ဖျား)၌ ကျင်းပရာ မြိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါက်တာ ဖေအောင်က ကျောင်းနေ အရွယ်ကလေးများ နို့တိုက်ကျွေးမှု အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။

မြိတ်မြို့၌ ပုလဲသွယ် စံပြကွက် သရုပ်ပြ စိုက်ပျိုးပွဲ

ပုလဲသွယ် မျိုးစပါး သရုပ်ပြ စိုက်ပျိုးပွဲကို သြဂုတ်လ(၁၅)ရက် နံနက်(၈)နာရီတွင် မြိတ်မြို့နယ် စန္ဒ၀တ် ကျေးရွာ အုပ်စု၊ ကျောက်ဖြူတောင် ကျေးရွာ၊ ကွင်းအမှတ် - ၂၅၁၊ ဦးပိုင်အမှတ် - ၈၃/၃၊ စိုက်ပျိုးရေး ဦးစီးဌာနပိုင် စံပြကွက် (၁၀)ဧကတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ လယ်သမားများအား စည်းရုံးပညာပေး ပြောကြား ရာတွင် ဌာနဆိုင်ရာများ နည်းတူ ကျေးရွာ အုပ်ချုပ်ရေးမှူး များသာ အဓိကျ၍ ၀ိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် ကြရန်နှင့် မြေသြဇာ သုံးစွဲမှုကို အချိန်ကိုက် အချိုးညီ သုံးစွာရန်၊ လုပ်သားများ ရှားပါးမှုကြောင့် ခေတ်မီကောက် စိုက်စက်များအား အစားထိုး အသုံးပြုကြရန် တိုက်တွန်း ပြောကြား ခဲ့သည်။

မြိတ်မြို့နယ် ငွေစုငွေချေး သမ၀ါယမအသင်း လီမိတက်၏ ၂၀၁၃ခုနှစ် ပညာရည်ချွန်ဆုနှင့် ပညာသင် စရိတ် ထောက်ပံ့ကြေး ပေးအပ်ပွဲ ကျင်းပ



မြိတ်မြို့နယ် ငွေစုငွေချေး သမ၀ါယမ အသင်း လီမိတက်၏ ၂၀၁၃ခုနှစ် ပညာရည် ချွန်ဆုနှင့် ပညာသင် စရိတ် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ်လ(၁၅)ရက် နံနက်(၁၀)နာရီတွင် အထက(၃)မြိတ်၌ ကျင်းပရာ မြိတ်ခရိုင် ပညာရေးမှူး ဦးကြည်သန်းက အမှာစကား ပြောကြားသည်။

Thursday, August 15, 2013

ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြည်သူ့ ဗဟိုပြု ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် မြိတ်မြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ကျွန်းရတနာ အစည်းအဝေး ခန်းမ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြည်သူ့ ဗဟိုပြု ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်ခိုင်ဖြိုး ပါတီ ၊ NLD ပါတီ၊ တစည ပါတီ တို့မှ ကိုယ်စားလှယ်များ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ တို့မှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ 

Tuesday, August 13, 2013

တနင်္သာရီမြို့၌ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများမှ စုပေါင်းပြီး စာရေး ကိရိယာများ ထောက်ပံ့

ချို့တဲ့ ကျောင်းသူ/ သားများ စာရေး ကိရိယာများ အဆင်ပြေစေရန် ရည်ရွယ်လျက် တနင်္သာရီမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီးသည့် မောင်ကျော်ဝေယံ နှင့် သူငယ်ချင်း (၁၃)ဦး တို့သည် မိမိတို့၏ စေတနာ အလျှောက် စုဆောင်း ထည့်ဝင်ငွေ( ၈၅၅၀၀-ကျပ်)ဖြင့် စာရေး ကိရိယာများ ၀ယ်ယူ၍ သြဂုတ်၁၀ ရက် မွန်းလွဲ(၁၃း၃၀)နာရီ အချိန် တနင်္သာရီမြို့ ချောင်းငယ်ရပ် ကွက် တပ်ဦးရွာ အခြေခံပညာ မူလန်းကျောင်းရှိ ၂၀၁၃-၁၄ ပညာ သင်နှစ်တွင် ပညာ သင်ကြား နေသော 

ကျွန်းစုမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးနှင့် ဝန်ထမ်း အိမ်ရာများ ဆောက်လုပ် ပေးရန်

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တနင်္သာရီ တိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံးခန်း တစ်ခန်း၊ ၎င်းရုံး၏ အိမ်ရာတစ်လုံး၊ ဝန်ထမ်းနှစ်ခန်း တွဲ အိမ်ရာ ၃ ခု၊ မြို့နယ်ရုံး အင်ဂျင်နီယာဝန်ထမ်း နှစ်ခန်းတွဲ  အိမ်ရာ ၃ လုံးနှင့် ကန့်ဘလူ ကျေးရွာရေအား လျှပ်စစ်အလုပ်ရုံ ခန်းတွင် ရုံးခန်းတစ်ခန်းကို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်း၍ ဒေါ်တင်တင်ရီ (ကျွန်းစုမဲဆန္ဒနယ်)က မေးမြန်း ရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦး က 

"ဘုတ်ပြင်းမြို့" က "ကင်ပေတိုင်"လား"ဆေးရုံ" လား? ????



6.8.2013. ညက ဘုတ်ပြင်းနဲ့ 4 မိုင်အကွာ ကားလမ်းနဲ့ 2 မိုင်ဝေးတဲ့ ဥယျာဉ်တခုရဲ့ ခြံစောင့် "မမီးဟန်" ဆိုတဲ့ ပုလောသူမ တဦး မီးမဖွါးနိုင်၍ သွားရောက် ကူညီခဲ့ပါတယ်။ အေးချမ်းမြိုင် ၂. နဲ့သီရိမြိုင်ကြား "ကောင်းမှကောင်း စခန်း" ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ဆီအုန်းတောကို နာရီဝက်ခန့် လမ်းလျှောက်ပြီး ကျွဲဆွဲလမ်း၊ ရွှံ့တော ၊ ခြုံတော ၊ ရေချောင်း များကို ဖြတ်သန်းပြီး ခလုတ်ကို သင်ပျူး ဆူးကို မွေ့ယာ ၊ ကဏန်းချီးပုံး ခေါင်းဓာတ်မီး ကို အားပြု၍ စောင်စုတ် ပုခက်နဲ့ လူ ၄ ယောက်က အလှည့်ကျ ထမ်းခဲ့ရပါတယ်။ စောင်စုတ် ပုခက်ပြတ်ခါနီး တဲတဲကြောင့် မွေးလူနာက အပေါ်ဝါးလုံးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး မှောင်မှောင် မည်းမည်း ည ကို အံတု၍ အားတင်း၍ ဖြတ်သန်းခဲ့ ရပါတယ်။

Monday, August 12, 2013

မြိတ်မြို့ ကမ်းနာလမ်းတွင် အားကစား လေ့ကျင့်ရေးပစ္စည်း အသစ်တစ်ခု တပ်ဆင်ထား

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ အားလပ် ချိန်များ၌ ကျန်းမာရေး အတွက် လမ်း လျှောက်ခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ အားကစားပါသူများ အကြောလျော့လေ့ကျင့်ခြင်းများ ပြုလုပ်နိုင်ရန် အတွက် ခြေနင်း လမ်းလျှောက်ခုံများ၊ ဆုံလည်ခုံများ၊ ခြေနင်း ခါးလှည့်ခုံများ၊ လက် ကျန်းမာရေးပြုလုပ်ရန် လက်လှဲ့ ကိရိယာများ၊ လက်ရမ်းများ စသော အကြောလျှောကိရိယာများကို မြိတ်လေဆိပ် အနီး လမ်းမကြီး နံဘေးပန်ခြံ တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့တို့မှ တပ်ဆင်ဆောင်ရွက်ထား ရှိသည်။

အဆိုပါ အားကစား ပစ္စည်းများ တပ်ဆင်ထား ခဲ့သောကြောင့် နေ့စဉ် လမ်းလျှောက်သူများ၊ အပြေး လေ့ကျင့်သူများ အားကစား ပါသူများက ကလေး လူကြီးများပါ ၀င်ရောက် ကစားကြသဖြင့် နေ့စဉ် အားကစား လေ့ကျင့်သူများ များပြားလျက် ရှိသော မြိတ်မြို့ ကမ်းနားလမ်း တွင်လည်း အားကစားလေ့ကျင့်ရေး ပစ္စည်းများ အသစ် တစ်ခုကို မြန်အောင်ရပ် ကမ်းနားလမ်းတွင် တိုးချဲ့ဆောင်ရွက် ခဲ့ကြသဖြင့် လမ်းလျှောက်သူများ အပြေး လေ့ကျင့်သူများ၊ အားကစားပါ သူများ အကြောလျော့လေ့ကျင့်ခြင်းများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ 


လှနိုင်အုံးမလား ပုလဲဧကရီ



လှလိုက်တဲ့ တနင်္သာရီ တဲ့။ ပုလဲဧကရီ လို့လည်း တင်စား ခေါ်ကြတယ်။ အကော်ဒီယံ အုန်းကျော် ရေးတဲ့ သီချင်း ထဲက စာသားလေးပါ၊ (သီချင်းရေး ဆရာတောင် အခု ဆုံးပြီလို့သိရတယ်) အမှန်ဘဲပေါ့ဗျာ၊ ကျွန်းပေါင်း (၈၀၀)ကျော် ၊ ပင်လယ် ကမ်းခြေက မိုင်(၅၅၀) ကျော်ရှည်တယ်၊ တနင်္သာရီ ရိုးမက အပြိုင် တည်နေ တယ်။ ပေ(၆၀၀၀)ကျော် မြင့်မိုရ်လ က်ခတ်တောင် အပါအ၀င် တောင်တန်းတွေက မိုးသစ်တောကြီး တွေကို ထမ်းပိုး ထားတယ်။ မလေး ကျွန်းဆွယ် တစ်လျောက် အရှေ့ဘက် ထိုင်းပင်လယ်၊ အနောက်ဘက် ဘင်္ဂလား ပင်လယ်ရယ် ၊ အီကွေတာနဲ့ နီးတယ်၊ ဒါကြောင့် ပူအိုက် စွတ်စိုတဲ့ ရာသီဥတု ရှိတယ်၊ ပင်လယ်နဲ့နီးလို့ အပူအအေး မျှပြန်တယ်၊ အမြဲစိမ်း တောကြီးတွေကြောင့် အေးမြနေခဲ့ ပါတယ်၊ တနင်္သာရီမြစ်၊ ထားဝယ်မြစ်၊ ချောင်းငယ်မြစ် (တနင်္သာရီမြစ်ငယ်)၊ လေညာမြစ်၊ ပါချန်မြစ်တွေ အပြင် ချောင်းကြီး ချောင်းငယ်များစွာကို မွေးဖွားပေးထားတယ်။

Sunday, August 11, 2013

THAILAND HFT-2012 51832 စာတစ်ဆောင်ပါသော ခိုတစ်ကောင် ကျွန်းစုမြို့ ၌ ဖမ်းဆီး ရရှိ

ကျွန်းစုမြို့နယ် ၊ ကမ်းကြီးကျေးရွာ အုပ်စု၊ ကဘင်းချောင်းကျေးရွာ၊ အခြေခံ ပညာ မူလတန်း လွန်ကျောင်း တွင် (၂၂-၇-၂၀၁၃) ရက်နေ့ (၁၅၃၀)နာရီ အချိန် ၌ မောင်ရဲနိုင်ထွေး (၁၄)နှစ (ဘ) ဦးစောဒရိုင်ဘာ (၅)တန်း ကျောင်းသား နှင့် မောင်ချစ်ကောင်း (၁၂)နှစ် (ဘ)ဦးစိုးစိုးဌေး (၅)တန်း ကျောင်းသားတို့ မှ ကျောင်းဝင်း အတွင်း ရှိ ကျောင်းဆောင်ပေါ်တွင် နားနေသော ခိုတစ်ကောင် အား လေးခွဖြင့်ပစ်ခဲ့ရာ ခို၏ ဝဲဘက်တောင်အား ထိမှန်၍ ပြုတ်ကျခဲ့သဖြင့် ကောက်ယူ ခဲ့ကာ ၄င်း၏နေအိမ်၌ မွေးမြူခဲ့သည်။

အဆိုပါခို၏ ယာဘက်ခြေထောက်တွင် စွပ်လျှက် အစိမ်းရောင်ပလပ် စတစ်ကွင်းပေါ်၌ THAILAND HFT-2012 51832 စာအား ရေးသားထားရှိပြီး ဝဲဘက်ခြေထောက်တွင် စွပ်လျှက် နီညိုရောင် ပလပ်စတစ် တစ်ကွင်းပေါ် ရွှေရောင် ရောင်ပြန်အပတ်အား ပတ်ထားပါသည်။

ကဘင်းချောင်း ရွာနေသူ ဦးတင်လှ (၆၁)နှစ် (ဘ) ဦးကျောက် (၆/ကစန(နိုင်) ၀၃၅၇၀၄) ကျောင်းအုပ် ဆရာကြီး (ငြိမ်း) မှ (၁၀-၈-၂၀၁၃)ရက်နေ့ ညနေ(၅)နာရီတွင် ကျွန်းစုမြို့မရဲစခန်းသို့ လာရောက် အပ်နှံပေးသဖြင့် ကျွန်းစုမြို့မ ရဲစခန်းတွင် သိမ်းဆည်းထားရှိပါကြောင်း သတင်းရရှိပါသည်။

IPRD MYEIK


မြိတ်မြို့နယ် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အဖွဲ့မှ ရပ်ကွက်/ကျေးရွာ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အဖွဲ့ ရပ်ရွာလူထုနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

မြိတ်မြို့နယ် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အဖွဲ့မှ ရပ်ကွက် /ကျေးရွာ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အဖွဲ့... ရပ်ရွာ လူထုနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့၊ ည (၇း၃၀) အချိန်ခန့်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွယ်၊ ဆိပ်ငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။ 

ပင်လယ်ရေကြောင်းမှ တရားမ၀င် ကုန်သွယ်မှုများအား စတင်ဖမ်းဆီး မည်ဖြစ်ပြီး မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်များကို ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်...းကုန် ဥပဒေဖြင့် စတင် အရေးယူမည်

ပင်လယ်ရေကြောင်းမှ တရားမ၀င် မှောင်ခိုကုန်စည် တင်သွင်းနေသူများအား သြဂုတ် ၁၂ ရက်မှ စတင် ဖမ်းဆီးမည်ဖြစ်ကာ စက်တင်ဘာ ၁ ရက်မှ စတင်ကာ ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေး အရေးယူနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်များအား စတင် အရေးယူမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ သြဂုတ် ၉ ရက်တွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

Thursday, August 8, 2013

ကော့သောင်းမြို့နယ် မိုးစပါး စိုက်ပျိုး စရိတ်ငွေ ထုတ်ချေး

ကော့သောင်း မြို့နယ်သို့ ၂၀၁၃ခုနှစ် မိုးစပါး စိုက်ပျိုး စရိတ် ထုတ်ချေးခြင်း အခမ်းအနားကို သြဂုတ်လ(၆) ရက်နေ့က ရွှေပြည်စိုး ကျေးရွှာ အုပ်ချုပ်ရေးမှူး ရုံးတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(မြိတ်) ခရိုင်မန်နေဂျာ ဦးရွှေဟိုက ချေးငွေမူစနစ်နှင့် စည်းကမ်းချက်များ ရှင်းလင်း ပြောကြားပြီး ရွှေပြည်စိုး ကျေးရွာနှင့် ဆယ်မိုင် ကျေးရွာတို့မှ မိုးစပါးစိုက် တောင်သူ(၂၁)ဦး ၏ စိုက်ဧက (၉၉)ဧက အတွက် (၁)ဧက ကျပ်(၁)သိန်း နှုန်းဖြင့် ချေးငွေကျပ် (၉၉)သိန်း ထုတ်ချေး ခဲ့သည်။ 

ကော့သောင်း မြို့နယ်သို့ ၂၀၁၃ခုနှစ် အတွက် ချေးငွေကျပ် သိန်းပေါင်း (၅၃၄)သိန်း ထုတ်ချေးရန် လျာထားကြောင်း ခရိုင်မန်နေဂျာ ဦးရွှေဟို၏ ပြောပြချက်အရ သိရှိ ရသည်။


ထားဝယ် ဂေါက်ကွင်း အတွင်း ညဘက် ချိန်းတွေ့သော အတွဲများအား ရုံးခေါ် ပေးစားမယ် ဆိုပြီး ခြိမ်းခြောက် ငွေတောင်းခံနေသော လူ (၂)ဦး ဖမ်းမိကြောင်း သိရ


ထားဝယ် ရဲစခန်းမှ ရဲလှည့်ကင်း ဆောင်ရွက်ရာ ၄-၈-၂၀၁၃ ညပိုင်း ဂေါက်ကွင်း အတွင်း အတွဲများ ထံမှ ရုံးခေါ် ပေးစားမယ် ဆိုပြီး ငွေတောင်းသူ (၂)ဦးအား လှည့်ကင်းရဲများက ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။
ဖမ်းဆီးရမိသူ (၂)ဦးမှာ စိုင်းကိုလတ် (ခ) စိုင်း နှင့် ဖိုးကျော် (ခ) ကျော်စွာဦး တို့ဖြစ်ကြောင်းသိရှိရပြီး လွန်ခဲ့သော (၂)လခန့်က အတွဲတစ်တွဲထံမှ ပါလာသည့်ငွေများနှင့် မိန်းကလေး လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးကို ဖြုတ်ယူသွားသူများဖြစ်ကြောင်း သိရှိရသည်။

စိုင်းကိုလတ် (ခ) စိုင်း ဆိုသူမှာ ၂၀၁၀ ခုနှစ် ကလည်း ရွှေဝယ်သီရိ အားကစား ရင်ပြင်အနီး (အများအခေါ်) ချစ်သူ လမ်းကြား ဆိုသည့် လမ်းထဲတွင် ချိန်းတွေ့နေသော အတွဲ တစ်တွဲထံ ငွေတောင်း နေစဉ် လှည့်ကင်း ရဲများနဲ့ တွေ့ပြီး အဖမ်းခံရ သဖြင့် ထောင် ၆ လ ကျခံပြီး လွတ်လာသူ တစ်ဦး ဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ 

ဖမ်းဆီးရမိတဲ့ တရားခံ (၂)ဦးကို ၇-၈-၂၀၁၃ ရက်နေ့မှာ ထားဝယ် ရဲစခန်း (ပ)၂၄၃/၂၀၁၃ ၊ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရှိရပါတယ်။ လုံခြုံရေး တွက် ညဘက် ပိတ်ဆို့ ယာဉ်တား စစ်ဆေးခြင်း ၊ လှည့်ကင်း ဆောင်ရွက်ခြင်း တို့ကြောင့် ရာဇ၀တ်မှုတွေ မဖြစ်မီက ကြိုတင် ကာကွယ်ပြီး ဖြစ်တာကြောင့် နားလည်မှုရှိရှိနဲ့ ရပ်တန့် အစစ်ဆေးခံသင့်ပေမယ့် ညဘက် အပျော် ကျူးသူ လူငယ်တွေ အတွက်တော့ စိတ်ညစ်စရာ ကောင်းမှာ ဖြစ်တဲ့အကြောင်း အစစ်ဆေးခံ ခဲ့ဘူးတဲ့ လူငယ်တစ်ဦးက ပြောပြခဲ့ ပါတယ်။


Tuesday, August 6, 2013

မြိတ်မြို့တွင် ပြုလုပ်မည့် (၂၅)နှစ်ပြည့် ရှစ်လေးလုံး ငွေရတု နှစ်ပတ်လည်နေ့ ဗွီနိုင်း ဆိုင်းဘုတ်များ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ တားမြစ်ချက်အရ ပြန်လည် ဖြုတ်သိမ်း



(၈-၈-၂၀၁၃) ရက်နေ့တွင် ကျရောက်မည့် ရှစ်လေးလုံး ငွေရတု နှစ်ပတ်လည်နေ့ အခမ်းအနားအား မြိတ်မြို့အတွင် ကျင်းပပြုလုပ်ရန် မြိတ်မြို့အတွင်း မြို့ပေါ်ရပ်ကွက်များ၌ စိုက်ထူထားသည့် ဗွီနိုင်း ဆိုင်းဘုတ် များအား ၂၀၁၃ ရက်နေ့ သြဂုတ်လ (၅) ရက်နေ့ ညပိုင်းတွင် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များက မေတ္တာရပ်ခံပြီး ဖြုတ်သိမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Monday, August 5, 2013

မြိတ်မြို့၌ ကုန်သွယ်မှု မြင့်တင်ရေးနှင့် တရားမ၀င် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေး အစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ကုန်သွယ်မှု မြင့်တင်ရေးနှင့် တရားမ၀င် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေး အစည်းအဝေးကို သြဂုတ်လ (၄)ရက် နံနက် (၉)နာရီတွင် မြိတ်ခရိုင် ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ စီမံ/စီးပွား ၀န်ကြီး ဦးသိန်းလွင်က အမှာစကား ပြောကြားသည်။

ရနောင်း ခရိုင်နှင့် မြိတ်ခရိုင် စီးပွားရေးလုပ်ငန်း ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖလှယ်ပွဲ ကျင်းပ

ထိုင်းနိုင်ငံ ရနောင်းခရိုင်မှ Governor Act...ing Sub Lt. Cherdsak Iampathes ဦးဆောင်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် မြိတ်ခရိုင် စီးပွားရေး လုပ်ငန်းရှင်များ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း ဖလှယ်ပွဲကို သြဂုတ်လ (၃)ရက် နေ့လည် (၁)နာရီတွင် မြိတ်မြို့ KRCP ဟိုတယ် အစည်း အဝေးခန်းမ၌ ကျင်းပရာ ရနောင်း ခရိုင်စီးပွားရေး လုပ်ငန်းရှင် (၂၃)ဦးနှင့် မြိတ်ခရိုင် စီးပွားရေး လုပ်ငန်းရှင် (၄၇)ဦး တက်ရောက်ခဲ့ ကြသည်။

Sunday, August 4, 2013

တနင်္သာရီတိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်လွင် တနင်္သာရီမြို့သို့ သွားရောက်၍ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီ မြစ်ရေသည် စိုးရိမ် ရေမှတ်ထက် ကျော်လွန်ပြီး တနင်္သာရီ မြို့နယ်နှင့် အနီး ပတ်ဝန်ကျင် ကျေးရွာများ ရေကြီး နစ်မြှုပ်မှု ဖြစ်ပေါ်လျက် ရှိရာ အိမ်ထောင်စုပေါင်း (၃၂၄) စုအား ရေဘေး လွတ်ကင်းရာ နယ်မြေ များသို့ ပြောင်းရွေ့ ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ 

Saturday, August 3, 2013

တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားပြီဖြစ်ပြီး တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ ရေလွှမ်းလျက်ရှိ


တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အတွင်း ဖြတ် သန်းစီးဆင်း လျက်ရှိသော တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေမှတ် ထက် ကျော်လွန် သွားပြီဖြစ်ပြီး တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေး ရွာများသို့ ရေလွှမ်း လျက်ရှိကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

Friday, August 2, 2013

စိတ်ကြွဆေးပြား ဖမ်းမိ

၂၀၁၃ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့ ည (၈)နာရီ ကျော်ခန့် အချိန်တွင် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်း ဒုရဲအုပ် အောင်မြင့်စိုး ခေါင်းဆောင်သော တပ်ဖွဲ့ဝင်များ၊ အမှတ်(၁) နယ်မြေရဲကင်းမှ တပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သော အဖွဲ့သည် မြို့သစ် (၂) ရပ်ကွက် စကားဝါလမ်းဘေး သစ်သားခုံတန်းတွင် ထိုင်နေသော အမှတ်(---) နောက်လယ်ရပ် စကားဝါလမ်းနေ မောင်ပြည်စိုး ၊ အသက် (၂၃) နှစ်၊ (ဘ) ဦးမြင့်စိုး၏ သား ဖြစ်သူအား သတင်းအရ စစ်ဆေးရှာဖွေစဉ် မောင်ပြည်စိုးထံမှ WY စာတန်းပါ ပန်းရောင် ဆေးပြား (၁၀)လုံးပါ (၃)တောင့်၊ WY စာတန်းပါ အညိုရောင်ဆေးပြား (၁၀)လုံးပါ (၄)တောင့် တန်ဖိုး (၄)သိန်း ခန့်နှင့် ငွေသား စက္ကူ ရောရာ ၂၆၅၀၀ိ/ကျပ်၊ …………………. နံပတ် ဖုန်းတစ်လုံး၊ Sonic အမျိုးအစား ဆိုင်ကယ် တစ်စီး တို့အား ဖမ်းဆီးမိ ခဲ့သည်။ 

တနင်္သာရီမြစ်ရေ ဆက်လက် မြင့်တက်မှုကြောင့် တနင်္သာရီမြို့ပေါ်၌ ရေကြီးလျက်ရှိ



တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီ မြို့နယ်သည် မိုးများအဆက် မပြတ် ရွာသွန်းရွာသွန်းမှု ကြောင့် သြဂုတ်လ (၁)ရက် ညနေ(၆)နာရီတွင် တနင်္သာရီ မြစ်ရေသည် သာမန်မြစ်ရေ အထက်(၂၃.၅) ပေ အထိ ဆက်လက် မြင့်တက်လျက် ရှိသည်။ ချောင်းကြီးရပ် ရွှေလိပ်ပြာလမ်းတွင် (၆)ပေကျော်နှင့် ချောင်းငယ် ရပ်ကွက် တွင် (၆.၂)ပေခန့် မြင့်တက်နေပြီး လူနေအိမ် (၂၀၂)လုံး ရေနစ်မြုပ်လျက် ရှိရာ ပြည်သူများမှ ကယ်ဆယ်ရေး စခန်း များသို့ ပြောင်းရွှေ့ နေထိုင်လျက် ရှိသည်။

တနင်္သာရီ မြို့နယ် အတွင်းရှိ ရေ ဘေး သင့် ပြည်သူ များအား ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော် သားများမှ ကယ်ဆယ်ရေး စခန်းများသို့ ပို့ဆောင် ပေးလျက်ရှိ



တနင်္သာရီတိုင်း အတွင်း ဇူလိုင် ၂၆ ရက်မှစ၍ မိုးသည်း ထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ ပြည်သူများ ရေဘေး အန္တရာယ်နှင့် ကြုံတွေ့လျက်ရှိရာ ဇူလိုင် ၂၈ရက်မှ သြဂုတ် ၁ရက် နေ့အထိ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော် သားများက ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး စခန်းများသို့ ကူညီ ပို့ဆောင် လျက်ရှိပါသည်။

Thursday, August 1, 2013

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူနေအိမ်တစ်လုံးပြိုကျ

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ဘုရားကိုင်ရပ်၊ ဘုရားကိုင် လမ်းမကြီး ၊ အမှတ် (၂၄)နေ (ဦးဖေအောင်) + ဒေါ်လှတင်တို့၏ (၂၅ x ၃၀)ပေရှိ ဓနိမိုး ပျဉ်ကာ ပျဉ်ခင်းနေအိမ်သည် ဇူလှိုင်လ (၃၁)ရက် ည(၈း၄၅)နာရီ အချိန်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းထားမှုကြောင့် ပြိုကျပျက်စီးခဲ့သည်။

အရှေ့မော်တုန်းကျေးရွာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့

တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာအုပ်စု အရှေ့မော်တုန်းရွာ၌ ဇူလိုင်(၃၁)ရက်နေ့ နံနက် (၁၁)နာရီခန့်တွင် မစိုးဌေး(ခ)မပျော့ (အဘ)ဦးစောတင် ၏နေအိမ်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်း၍ တနင်္သာရီ မြစ်ရေမြင့်တက် စိုးရိမ်ရေမှတ် ရောက်ရှိရာ (၁)ပေလို

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်သည် နှစ်စဉ် နှစ်တိုင်း လိုလိုပင် မြစ်ရေလွှမ်းမိုးမှုများ ကြုံတွေ့လျက်ရှိရာ ၂၀၁၃ ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့ နံနက်ပိုင်းမှစ၍ မိုးများအဆက် မပြတ်ရွာသွန်းခြင်း၊ ကြောင့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ နေ့လည် (၁၂) နာရီအချိန် တိုင်းထွာချက် များအရ မြစ်ရေအမှတ်မှာ သာမာန် ရေမျက်နှာပြင်အထက် ၂၃ ပေ မြင့်တက်နေပြီး စိုးရိမ် ရေမှတ်သို့ ရောက်ရှိရန် (၁)ပေ သာ လိုကြောင်း သိရှိသည်။