မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Saturday, November 30, 2013

မြို့တွင်း သန့်ရှင်း သာယာလှပရေးနှင့် လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်

မြိတ်မြို့တွင်း သန့်ရှင်းသာယာလှပရေးနှင့် လမ်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဂွမ်နှင့် အဖွဲ့ဝင်များက နိုဝင်ဘာလ(၃၀)ရက် နံနက်(၈)နာရီတွင် ကွင်းဆင်းကြီးကြပ်  ဆောင်ရွက် ခဲ့ကြသည်။
 
 


ထိုသို့ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ရာတွင် မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အောက်ရေပုန်းရပ် လမ်းမကြီး (၁၀၆၀ပေ×၁၂ပေ)၊ အထက်ရေပုန်းရပ် စပါးရွှေဝါလမ်း (၁၀၀၀ပေ×၁၈ပေ)၊ နောက်လယ်ရပ် ပိတောက်ရွှေဝါလမ်း (၈၀၀ပေ × ၂၀ပေ)ကို လည်းကောင်း၊ ဆောင်ရွက် ပြီးစီးခဲ့သည့် အထက(၁)ကျောင်းလမ်း(၈၀၀ပေ×၁၈ပေ) ကိုလည်းကောင်း ကွင်းဆင်းကြီးကြပ် ကြည့်ရှုခဲ့ကြ သည်။

ယင်းနောက် မြိတ်မြို့နယ် စည်ပင်သာယာရေး ရန်ပုံငွေနှင့် ပြည်သူ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်မည့် မြိတ်တောင် နယ်မြေ မြို့မ(၂)ရပ် အဓိပတိလမ်း (၂၇၀၀ပေ×၁၂ပေ)နှင့် ကလွင်ကျေးရွာ ဘိုးဘွား ရိပ်သာလမ်း (၁၈၀၀ပေ×၁၂ပေ) တို့တွင် လမ်းခင်းရန်အတွက် ပစ္စည်း စုဆောင်းထားရှိမှုအား ကွင်းဆင်းကြီးကြပ် ကြည့်ရှု ခဲ့ကြပြီး ပြည်သူများမှ ကိုယ့်အားကိုယ်ကိုး ကွန်ဂရစ်ခင်းဆောင် ရွက်နေ သည့် နောက်လယ်(၁၁)လမ်း (၄၂၀ပေ×၂၅ပေ)ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရိှသည်။

IPRD MYEIK

မြိတ်ခရိုင်အတွင်းရှိ ကျေးရွာ ၄၇ ရွာသို့ အပေါ့စား မီးသတ်စက် များအား ပံ့ပိုးမည်

ကျေးလက်ဒေသ မီးဘေး ကြိုတင် ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင် အပေါ့စား မီးသတ်စက် များအား မြိတ်ခရိုင် အတွင်းရှိ ကျေးရွာ(၄၇)ရွာ အတွက် မြိတ်မြို့နယ် အတွက် (၁၁)လုံး၊ ကျွန်းစုမြို့နယ် အတွက်(၁၅)လုံး၊ ပုလောမြို့နယ် အတွက်()လုံး၊ တနင်္သာရီမြို့နယ် အတွက် ()လုံး၊ ပလောက်မြို့နယ်ခွဲ အတွက်()လုံး၊ ခရိုင်အတွင်းရှိ မြို့နယ်မီးသတ် စခန်း()ခုအတွက် စခန်းတစ်ခု လျှင်()လုံးစီ စုစုပေါင်း (၅၅)လုံးကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


(၂၀.၁၁.၂၀၁၃) ရက် နေ့စွဲဖြင့် မြိတ်ပုလဲမြေပေါ်တွင် မြိတ်မြို့၊ မြို့သစ်ရပ်နေ ဦးဝိုင်တင်အပေါ် မဟုတ်မမှန် တိုင်ကြားချက်နှင့် ပတ်သက်၍ဖြေရှင်းချက်

ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ၊ ၀န်ကြီးချုပ်ထံသို့ လိပ်မူပြီး မြိတ်မြို့၊ မြို့သစ်ရပ်နေ ဦးဝိုင်တင် အပေါ် တိုင်ကြားသည့်ကိစ္စမှာမဟုတ်မမှန်လုပ်ကြံတိုင်ကြားခြင်းသာဖြစ်ကြောင်းပြည်သူ (၅၀)ဦးတို့မှ အောက်ပါအတိုင်း ဖြေရှင်းတင်ပြအပ်ပါသည် -

၁။ မြိတ်မြို့၊ အင်းလေးကမ်းရပ်၊ မြိတ်တောင်ချောင်းကမ်းစပ်တွင် ကူးတို့ဆိပ်မရှိပါ။ ၎င်းနေရာကိုခြံခတ် ပိတ်ဆို့ ထားခြင်းလည်း မရှိပါ။ လုပ်သားပြည်သူ၊ ရေလုပ်သားများ၊ လှေငယ်များလွတ်လပ်စွာ ဆိုက်ကပ် ထားသည်ကို ဓါတ်ပုံဖြင့် ပူးတွဲတင်ပြ ဖြေရှင်းအပ် ပါသည်။  လူအများ အတက်အဆင်း ပြုလုပ်သည့်နေရာသာ ရှိပါသည်။

မြိတ်မြို့ အမျိုးသမီး သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင်ြ့မင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၅)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း (၆၄) ဆင်းပွဲ ကျင်းပ

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ ဘ၀လုံခြုံရေး၊ စီးပွားရေးအထောက်အကူပြု အတတ်ပညာ များ တတ်မြောက်စေရေး၊ တတ်မြောက်ထားတဲ့ပညာရပ်များဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး မိသားစု ဘ၀ တိုးတက်မြင့်မားစေရေး၊ တိုင်းတစ်ပါးကိုအထင်မကြီးဘဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ပြီး လမ်းမှား မရောက် စေရန်၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီး သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း၌ အဆင်ြ့မင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၅)နှင့် အခြေခံအိမ်တွင်းမှု သင်တန်း (၆၄)ဆင်းပွဲကို နိုဝင် ဘာလ(၂၉)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။


ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တော/ သတ္တုဝန်ကြီး ဦးတင်စိုးက အမှာစကား ပြောကြားရာတွင် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း တက်ရောက် ခဲ့သော သင်တန်းသူ များအနေဖြင့် မိမိတို့ တတ်မြောက်ထားတဲ့ ပညာရပ်များကို ထပ်မံတိုးပွားအောင် ဆက်လက်လေ့လာ အသုံးချပြီး အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်း ပညာရှင်များဖြစ်သည် အထိ ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက်စေ လိုကြောင်း၊ သင်တန်းမှ သင်ကြားပေးခဲ့တဲ့ လက်မှုနှင့် စက်ချုပ်ပညာရပ်များ အပြင် ဆွေးနွေး သင်ကြားပေးခဲ့သော ပြည်ထောင် စုစိတ်ဓာတ် ဘာသာရပ်၊ ယဉ်ကျေးမှုဘာသာရပ်များကို အလေးထား မှတ်သားလိုက်နာကြပြီး အကျင့်စာရိတ္တ မြင့်မား၍ အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အမျိုးကောင်း သမီး များဖြစ်အောင် ပြုမူနေထိုင် သွားကြရန် ပြောကြားခဲ့သည်။

ထိုနောက် သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ယုယုကြည်က သင်တန်းနှင့်ပတ်သက်သည်များ ရှင်းလင်းတင်ပြပြီး သင်တန်းတွင် ထူးချွန် ဆုရရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တော/သတ္တု ၀န်ကြီး မှ ပေးအပ်ချီးမြှင့်၍ သင်တန်းကျောင်းကျောင်းအုပ်က သင်တန်း ဆင်း လက်မှတ် ပေးအပ်သည်။ ဆက်လက် ၍ သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက သင်တန်းသူများ၏ သင်တန်းဆင်းလက်ရာများ ကြည့်ရှု အားပေးကြသည်။ မြိတ်မြို့ အမျိုးသမီးသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသည် ယခင်အစိုးရ လက်ထက် တွင် သင်တန်း(၈၅)ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူ(၂၁၆၀) ဦး၊ ယခု အစိုးရလက်ထက်တွင် သင်တန်း(၁၆) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူ(၆၁၂)ဦး စုစုပေါင်း(၂၇၇၂)ဦးအား အိမ်တွင်းမှုပညာ၊ လက်မှုပညာနှင့် စက်ချုပ်ပညာရပ်များကို သင်ကြားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

iprd myeik

Wednesday, November 27, 2013

မြိတ်မြို့၌ (၉၃)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြိတ်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် (၉၃)နှစ်မြောက် အမျိုး သားနေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ(၂၇)ရက် နံနက်(၈)နာရီက ကျင်းပရာ ရှေးဦးစွာ အထက (၃)ကျောင်းသား/သူများက ပြည်မြန်မာသီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်သည်။


တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ တွင် နိုင်ငံတော် အခွန်။ သဘာဝ ပတ်ဝန်းကျင်။ လူမျိုခံရခြင်း ဆုံးရူံးခြင်း နာ(၃)နာ ခံစားနေရခြင်း

နိုင်ငံတော်အခွန် ဘဏ္ဍာများ ဆုံးရှုံးရခြင်း  (ပထမနာခြင်း)

 မြိတ်မြို့အင်းလေးမြိုင် စက်မှု့ဇုံ (ငါးလေလံ)တွင် ကင်းမွန် ပြုတ်ခြောက်ပြုလုပ်၍ စီးပွားရေးလာ ရောက်လုပ် ကိုင်လျက်ရှိသော တရုတ်ပြည်မှ ပြည်ကြီး တရုတ်အစစ်များသည် ကင်းမွန် များအား ဆားများဖြင့် ပြုတ်၍ နေလှန်းကာ တရုတ် ပြည်သို့ ကားများဖြင့် တစ်ရက်ခြားတစ်ကြိမ် တင်ပို့နေတာကို အားလုံးမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်ကြီး တရုတ်တွေလုပ်တဲ့ လုပ်ငန်းက သစ်တောနဲ့ရော ငါးဦးစီးနဲ့ရောဆိုင် ပါတယ်။ အင်းလေမြိုင် စက်မှုဇုံဖြစ်တဲ့ ငါးလေလံမှာ ကင်းမွန်ပြုတ်ခြောက် လုပ်တဲ့ရုံ အားလုံး(၁၁)ရုံရှိပါတယ်။ အဲဒီကထွက်တဲ့ ကင်းမွန်ခြောက် တွေကို ယခင်က မှန်လုံကား၊ (၆)ဘီးကားနဲ့ အခုဆိုရင်(၁၂)ဘီးကားတွေနဲ့ကို တင်ပို့နေတာကိုတွေ့ရ ပါတယ်။ ငါးလုပ်ငန်း ဦးစီးမှာ မျှောလုပ်တော့ (၁)စောင်ကို (၁၂)တန်လုပ်တယ်၊ သယ်တော့ တန်(၇၀)လောက် ခိုးသယ်တယ်၊ မျှောမှာက ကား(၁)စီး ထွက်တော့(၅)စီး ၊ ငါးလုပ်ငန်း ဦးစီးကလဲ စစ်ဆေးပြီး တင်တာမရှိဘူး၊ အကောက်ခွန်ကလဲ စစ်ဆေးတာ မရှိဘူး၊ အေ(၃)လုံး ကုမ္ပဏီနဲ့ ဟိန်းမြန်မာ ကုမ္ပဏီ(၂)ခုက လုပ်ဆောင်နေတာ လုပ်ငန်းခွန်လဲ မရှိဘူး၊ အမြတ်ခွန်လဲ မရှိဘူး၊ မြိတ်မှာလဲ အခွန်မဆောင်တာ မရှိဘူး၊ ဓနိမိုးထရံကာနဲ့ လုပ်တယ်ဆိုပေမယ့် ရင်းနှီးမြှပ်နှံမှုက အနည်းဆုံး ကင်းမွန် ပြုတ်ခြောက်ရုံ တစ်ခုက သိန်းပေါင်း(၅၀ဝ၀)လောက်နဲ့ လည်ပတ်နေတာ ဒါကို  အခွန်မရှိဘူး။ နိုင်ငံသား ကုမ္ပဏီတွေ ကိုလည်း ကြည့်ပါအုံး အားလုံးပိတ်ထား ဒုက္ခကို လှလှတွေ့နေ ရတယ်။ ကင်းမွန်ပြုတ်ခြောက် စက်ရုံတွေမှ အလုပ်သမား ဥပဒေလဲ မရှိဘူး၊ အလုပ်သမား ခံစားခွင့်ဆို ဝေလာဝေး။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလဲ ဒါကို စိစစ်ဖို့ လိုပါတယ်..။ တစ်ရက်လောက် ငါးလေလံကို လာရောက် လေ့လာကြည့်စေလို ပါတယ်။ ကင်းမွန်ဝင်တဲ့အချိန်ကို ပြောတာပါ။ 

ဓားဖြင့်တွတ်၍ ဆိုင်ကယ်လုယူ မောင်းပြေးသူအား ဖမ်းဆီးမိ


၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်၊ ညနေ (၃း၃၀)အချိန်ခန့်တွင် ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ၊ အမှတ် ()ရပ်ကွက်နေ စိုးကိုဦး () စိုးကို (၂၃)နှစ် () ဦးမောင်အေးသည် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာနေ သန်းထိုက်အောင် () ခွေးထုပ် (၁၉)နှစ် () ဦးကြူကြည်၏ ၃၅ယ/----------- Wave 100 Alpha အမျိုးအစား အနီရောင် ဆိုင်ကယ်အား မီးလောင်ချောင်း ကျေးရွာမှ ပလကျေးရွာသို့  သွားမည်ဟုဆိုကာ ဆိုင်ကယ် ငှားရမ်းခေါ်ယူ မောင်းနှင်စေခဲ့ပြီး ကြဲကျေးရွာနှင့် စက်တော်ရာကျေးရွာအကြားရှိ မြိတ်-ပုလောကားလမ်း မိုင်တိုင် အမှတ် (၁၁၈/)နှင့် (၁၁၈/)ကြားသို့ အရောက် ဆိုင်ကပ်ရပ်၍ နှစ်ဦးစလုံး လမ်းဘေး တစ်နေရာစီ အပေါ့သွားကြရာ တရားခံ စိုးကိုဦးမှ ဆိုင်ကယ်ရှိရာသို့ အရင် ရောက်ရှိနေပြီး ဆိုင်ကယ်စက်နှိုး မောင်းထွက်မည် ပြုလုပ်နေစဉ် ပိုင်ရှင်ဖြစ်သူမှ တွေ့ရှိပြီး ဆိုင်ကယ်ရှိရာသို့ အော်ဟစ်တားမြစ်ရောက်ရှိလာသည့်အခါ တရားခံ စိုးကိုဦးမှ ၄င်းလက်ထဲတွင် အသင့်ကိုင်ဆောင်ထားသော အရိုးအသွား ()လက်မခန့်ရှိ ဓားဦးချွန်ဖြင့် လှမ်းတွတ် သဖြင့် ပိုင်ရှင်ဖြစ်သူမှ ရှောင်လိုက်စဉ် တရားခံမှ ဆိုင်ကယ် လုယူ ထွက်ပြေးသွားခဲ့သည်။


ကျွဲများအတွက် လွတ်လပ်၍ စားကျက် နေရာမှန် ဖြစ်နေသော ပုလောမြို့မှ လွတ်လပ်ရေး ကျောက်တိုင် (သို့မဟုတ်) ကျွဲချည်တိုင်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြို့မအားကစားကွင်း အတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်တွင် နိုဝင်ဘာလ (၂၆)ရက်နေ့၊ နေ၀င်ဆည်းဆာအချိန်၌ ကျွဲများကို ချည်နှောင်ထားသည်ကို တွေ့ရှိရသဖြင့် အားကစားကွင်း အနီးအနား ပတ်ဝန်းကျင်ရှိသူများအား မေးမြန်းကြည့်သည့်အခါ ".. ကျွဲ၊ နွားများအား အဲလိုမျိုး စားကျက်မြေအဖြစ် လာရောက်လွတ်ထားပြီး လွတ်လပ်ရေးကျောက်တိုင်တွင် ချည်နှောင်နေသည်မှာ အတော်ပင် ကြာမြင့်ပြီဖြစ်ကြောင်း၊ အားကစားကွင်း၏ နံဘေးပတ်လည်အား အုတ်နံရံ တံတိုင်းများဖြင့် ခြံခတ် ကာဆီးထားသောကြောင့် ကျွဲနွားများ လာရောက် လွတ်ထားရန်အတွက် ကျွဲပိုင်ရှင်များ အကြိုက်တွေ့နေကြကြောင်း၊ မိမိတို့အနေဖြင့် အမြင်မတော်၍ ပြောဆိုမိပြန်ရင် ကိုယ့်အပေါ် အမုန်းပွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာသို့ သွားရောက် တင်ပြလိုသော်လည်း တင်ပြသူကို သိရှိပါက ကိုယ့်ဆီသို့ အကြောင်း အမျိုးမျိုးဖြင့် ပြန်၍ ဦးလှည့် လာနိုင်ကြောင်း၊ ၄င်း အားကစားကွင်းအား စည်းကမ်း သတ်မှတ်ကာ စနစ်တကျ ထိန်းသိမ်း ပြုပြင် သင့်ကြောင်း၊ ယခု မြင်တွေ့ရသည့် အတိုင်းပင် အသစ်ပြန်လည် သုတ်လိမ်းထားသော ကျောက်တိုင်၏ ဆေးရောင်များသည် အောက်ခြေနားတွင် ပေကျံ အရောင်ပြောင်းနေ သည်မှာ ကျွဲနွားများ ချည်နှောင် ထားသည်ကို ပိုမို သိသာထင်ရှားနေကြောင်း၊ အမြင်အားဖြင့် အတော်ပင် ဆိုးဝါးလှပြီး မိမိတို့ ပုလောမြို့၏ ဂုဏ်ကျက်သရေကို များစွာပင် ထိခိုက်လှကြောင်း..''  စသဖြင့် ပြောကြားခဲ့ ပါသည်။

Tuesday, November 26, 2013

ဓာတ်ပုံသတင်း



မြိတ်မြို့၌ ပုဂ္ဂလိက အငှားယာဉ်များ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


တနင်္သာရီတိုင်းဒေသကြီး အတွင်း လမ်းပန်း ဆက်သွယ်ရေး လုံခြုံ ချောမွေ့စေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး၊ ခရီးသည် ပို့ဆောင်ရေး၊ ကုန်စည် ပို့ဆောင်ရေး ယာဉ်များ စနစ်တကျ ပြေဆွဲရေး အတွက် ပုဂ္ဂလိက အငှားယာဉ်များ ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၂၅) ရက် နေ့လည်() နာရီတွင် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး၊ ဌာနဆိုင်ရာများ၊ ယာဉ်ပိုင်ရှင်များ၊ မော်တော်ယာဉ်လိုင်းများ၊ ဂိတ်မှူးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။



Monday, November 25, 2013

လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ခွဲဝေရေး လုပ်ငန်း ညှိနှိုင်း

မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များနှင့် မြိတ်မြို့နယ် အတွင်းရှိ မြို့နယ် ၊ ရပ်/ကျေး ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မဲဆန္ဒရှင် ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ခွဲဝေရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လည် (၁)နာရီ အချိန် မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်၏ နေအိမ်တွင် ကျင်းပပြုလုပ်သည်။ 


Friday, November 22, 2013

မြိတ်မြစ်အတွင်း စက်လှေတစ်စီး စက်နှိုးစဉ် အင်ဂျင်ပိုင်းမှ ရှော့ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွား

ကျွန်းစုမြို့နယ် ပထော်ကျေးရွာ ပထော်ကမ်း အရှေ့ဘက် ပေ(၁၅၀)အကွာ မြိတ်မြစ် အတွင်းတွင် နိုဝင် ဘာလ(၂၁)ရက် ညနေ(၄း၄၅)နာရီ အချိန်၌ စက်လှေ တစ်စီး စက်နှိုးစဉ် အင်ဂျင်ပိုင်းမှ ရှော့ဖြစ်ပြီး ပေါက်ကွဲ မှု ဖြစ်ပွားခဲ့ သည်။


ဦးဝိုင်တင်၏ လုပ်ရပ်အပေါ် မကျေနပ်၍ တိုင်ကြားခြင်း



သို့

ဝန်ကြီးချုပ်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့
ထားဝယ်မြို့

ဦးဝိုင်တင်၏ လုပ်ရပ်အပေါ် မကျေနပ်၍ တိုင်ကြားခြင်း


ဝန်ကြီးခင်ဗျား..

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ် () ရပ်ကွက်၊ ရွှေစံပယ်လမ်း နေထိုင်သူ ဦးဝိုင်တင်သည် အင်းလေးကမ်း ကူးတို့ဆိပ်နေရာ၌ ကျူးကျော်အိမ်တစ်လုံး ဆောက်လုပ်နေထိုင်ပြီး လက်ဖက်ရည်ဆိုင်နှင့် ဈေးဆိုင်ဖွင့်၍ စီးပွားရေး ကိုယ်ကျိုးရှာနေသည့်အပြင် ကျွန်တော်တို့ ဆင်းရဲသား လက်လုပ် လက်စား လှေငယ်သမားများ ၀င်/ထွက် ဆိုက်ကပ်နေသည့် ကူးတို့ဆိပ်ကို သူပိုင်မြေအလား ခြံခတ် ပိတ်ဆို့ ပစ်လိုက်ပါသည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ကျွန်တော်တို့လှေငယ်များ ဆိုက်ကပ် ပစ္စည်းတင်ချ၍  မရတော့ပါ။ ပစ္စည်း တင်ချချင်လျှင်လည်း သူကိုယ်ပိုင် ဆောက်လုပ်ထားသော တံတား၌ လှေတစ်စီးကို ငါးရာ၊ တစ်ထောင်ဖြင့် အဓမ္မကောက်ခံ ပါသည်။ ထိုသူ၏လုပ်ရပ်ကို မကျေနပ်ကြသော လမ်းသူလမ်းသား (၂၀)ဦးမှ (၁၄--၂၀၁၃) ရက်နေ့တွင် မြို့နယ်စည်ပင်၊ ဆိပ်ကမ်းအာဏာပိုင်နှင့် အထွေထွေ အုပ်ချုပ်ရေးရုံးများသို့ လက်မှတ်ထိုး တိုင်ကြားစာ ပေးပို့ခဲ့ပါသည်။ များမကြာမှီ ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကွင်းဆင်း စစ်ဆေး၍ ဖြိုဖျက်ခိုင်းခဲ့ ပါသော်လည်း ခေါင်းမာသော ၄င်းဦးဝိုင်တင်မှ ယနေ့အထိ လုံးဝ ဖြိုဖျက်ပေးခြင်း မရှိသေးပါ။ ယခုအခါ ၄င်းကိုယ်ပိုင်မြေကွက်ဖော်ရန် ကြံစည် ထားသောနေရာ၌ အမှိုက်များပုံထားသည်ကို တွေ့ရပါသည်။


Wednesday, November 20, 2013

သူကယ်လိုက်တဲ့ လူပေါင်းက အယောက်၃ဝ

အသားမှာ အဆိပ်ပါတယ်ဆိုတာကို ခွေးကလေးအနံ့ခံသိလိုက်တယ်။
လူတွေကို အဆိပ်မိထားတဲ့ခွေးသားမစားဖို့ ခွေးကလေးကဟောင်ပြီး တားတယ်။
ဒါကို လူတွေက သဘောမပေါက်ခဲ့ဘူး.. ခွေးကလေးလည်း အသားစားချင်တယ်ထင်ပြီး အသားပစ်ကျွေးလိုက်တယ်။
ခွေးကလေးကမစားဘဲ ဟောင်ပဲဟောင်နေခဲ့တယ်.. ဟောင်သံထဲမှာ ဆွဲဆွဲငင်ငင်ငိုသံတွေ ရောစွက်နေတယ်။
နောက်ဆုံး လူတွေအသားစားခါနီးမှာ ခွေးကလေးဟာ မျက်ရည်ကျပြီး ဝမ်းနည်းသံနဲ့ တစ်ချက်အူလိုက်တယ်။
ပြီးတော့ သူ့ကိုချကျွေးတဲ့အသားကို စားပြလိုက်တယ်။ နေရာမှာတင် အဆိပ်သင့်ပြီး သေရှာတယ်။


ဒီအကြောင်းကို သူဌေးတစ်ဦးကကြားတော့ ခွေးကလေးကို အရမ်းကရုဏာသက်မိတယ်။
ခွေးကလေးကို သေချာမြေမြုပ်သင်္ဂြုံလ်ပြီး ရုပ်ထုလုပ် အထိမ်းအမှတ်ပြုခဲ့တယ်။
ခွေးကလေးကိုသင်္ဂြုံလ်တဲ့နေ့မှာ မိုးတွေရွာနေခဲ့တာတောင် လူပေါင်းတစ်ရာကျော်လိုက်ပါပို့ဆောင်ခဲ့တယ်။
သူကယ်လိုက်တဲ့ လူပေါင်းက အယောက်၃ဝပါတဲ့....

နိုင်းနိုင်း စနေ

ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ၌ ဓားပြတိုက်မှုဖြစ်ပွား



ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ ၀ံပြေးရပ် ဥယျာဉ်ပိုင်းနေ ဒေါ်ချစ်ဝင်းမေ နေအိမ် တွင် နိုဝင်ဘာလ(၁၈) ရက် နံနက်(၂)နာရီ အချိန်ခန့်တွင် ဓားပြတိုက်မှု ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ ဒေါ်ချစ်ဝင်းမေ အသက် (၄၂)နှစ် (ဘ) ဦးသိန်းဟန် ဥယျာဉ် လုပ်သူသည် ခင်ပွန်းဖြစ်သူ ဦးထွန်းဦး ခရီးသွားနေစဉ် သမီးဖြစ်သူ မဟန်နီထွန်း နှင့်အတူ နေအိမ်၌ အိပ်နေစဉ် မျက်နှာအ၀တ်ဖြင့် စည်းထားသော လူ(၂)ဦးမှ ယမ်းထောင်း သေနတ်တစ်လက်နှင့် ရဲဒင်း တစ်လက်တို့ ကိုင်ဆောင်ကာ နေမအိမ်သို့ တက်လာပြီး ဒေါ်ချစ်ဝင်းမေ ဦးခေါင်းနောက်စေ့အား ရဲဒင်းနောင့်ဖြင့် တစ်ချက်ထုကာ စောင်ဖြင့် ချုပ်ထားပြီး သမီးဖြစ်သူအား ယမ်းထောင်း သေနတ်ဖြင့် ချိန်ရွယ်ပြီး နေအိမ် အတွင်းရှိ ဗီဒိုအား ဖွင့်ခိုင်းခဲ့သည်။

Tuesday, November 19, 2013

မြိတ်မြို့တွင် ဆိုင်ကယ်ခိုးယူသူများ လုံခြုံရေးကင်မရာ (CCTV) ကြောင့် ဖမ်းဆီးမိ

မြိတ်ကုန်တိုက်မှ ဆိုင်ကယ် ခိုးယူခဲ့သူများအား (၁၇-၁၁-၂၀၁၃)ရက်နေ့ ည (၇း၅၀) အချိန်ခန့်တွင် ရွှေဒူးကျေးရွာ၌ ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိသည်။


(၁၆-၁၁-၂၀၁၃) ရက်နေ့ ညအချိန် မြိတ်ကုန်တိုက်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုဖြင့် ဆိုင်ကယ် ခိုးယူသူများအား ကုန်တိုက်၌ တပ်ဆင်ထားသော လုံခြုံရေးကင်မရာ (CCTV) တွေ့ရှိချက် မှတ်တမ်းအရ တာဝန် ရှိသူများမှ ရှာဖွေ စုံစမ်းလျှက်ရှိရာ (၁၇-၁၁-၂၀၁၃) ရက်နေ့ ည (၇း၅၀)အချိန်ခန့် မြိတ်ခရိုင် အထူး မှုခင်းနှိမ်နှင်းရေး အဖွဲ့မှ ရဲအုပ် ချိုလွင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန် ရှိသူများတို့မှ နယ်မြေသတင်း လိုက်လံ စုံစမ်းနေစဉ် ရွှေဒူးကျေးရွာ၌ လူငယ် (၂)ဦးမှ ဗီယက်နမ် (Wave) အဖြူရောင် အမျိုးအစား ဆိုင်ကယ်တစ်စီးအား လိုက်လံရောင်းချလျှက် ရှိကြောင်း သတင်းအရ သွားရောက်စုံစမ်းခဲ့ရာ သိန်းငွေ (၂၀)နှစ်၊ (ဘ) ဦးစိုးသန်း၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ မြေနီလမ်းနှင့် အောင်သိုက်ထွန်း (ခ) ငယ်ငယ် (၂၁)နှစ်၊ (ဘ) ဦးမြင့်ရွှေ၊ မြိတ်မြို့၊ ရွှေဒူးကျေးရွာ တို့အား စစ်ဆေးတွေ့ရှိရပြီး ဆိုင်ကယ်ခိုးယူရာ၌ ပါဝင်သူ ခိုင်ဇော်အောင် (၂၄)နှစ်၊ (ဘ) ဦးတင်ထွန်း၊ မြိတ်မြို့၊ မြိတ်တောင်ကျေး ရွာ၊ ရွှေပြည်တန်ရပ် နေထိုင်သူတို့အား ဖမ်းဆီး အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိသည်။

Saturday, November 16, 2013

မီးကြွင်းမီးကျန်မှတဆင့် ဘုန်းကြီးကျောင်း မီးလောင်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့ ညနေ (၅)နာရီ ခွဲ အချိန်၌ တနင်္သာရီမြို့နယ်၌ မီးကြွင်း မီးကျန်မှ တဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင် ဆုံးရှုံး ခဲ့သည်။


ဖြစ်စဉ်မှာ တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းအရှေ့ကျေးရွာမှ ဝေနေယျမေတ္တာ ဘုန်းကြီး ကျောင်း ဆရာတော် ဦးသြရာသ သည် မရင်းကြီးကျေးရွာ ကထိန်ပွဲသွားနေစဉ် ရွာသား ဦးအောင်ဇော်ဦးအား ကျောင်းစောင့် ထားခဲ့ရာ ဦးအောင်ဇော်ဦးမှ ရေနွေးအိုးတည်ပြီး ကျောင်းအောက် ဆင်း သွားစဉ် မီးကြွင်း မီးကျန်မှ အလျား ၂၄ ပေ၊အနံ ၁၂ ပေရှိ ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုးကျောင်းဆောင်မှာ မီးလောင်ကျွမ်းသွားခဲ့ ပါသည်၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရွာသူရွာသားများ ငြိမ်းသတ်မှုကြောင့် (၆ ) နာရီ အချိန် မီးငြိမ်း သွားခဲ့ပြီး မီးပေါ့ဆသူ ဦးအောင်ဇော်ဦးအား တနင်္သာရီမြို့မ ရဲစခန်းမှ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။

Friday, November 15, 2013

ဇေယျာသီရိ (၂) ရပ် သံဃိကဒါန အရုဏ်ဆွမ်း လောင်းလှူပွဲ နှစ်ပတ်လည် အထိမ်းအမှတ် ဖိတ်ကြားလွှာ

၁၃ရ၄ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ မှ စတင်လောင်းလှူခဲ့ပြီး လာမည် တန်ဆောင်မုန်း လပြည့်နေ့တွင် တစ်နှစ်ပြည့်မြောက်သည့် မြိတ်မြို့ မြိတ်တောင် နယ်မြေ ဇေယျာသီရိ (၂) ကွက် အောင်သပြေ လမ်းသူ လမ်းသားများ ၊ ရပ်ကွက်သူ ရပ်ကွက်သားများ၏ လပြည့်နေ့တိုင်း အရုဏ်ဆွမ်း လောင်းလှူပွဲ တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် အလှူရှင်များမှ သံဃာတော် အရှင်သူမြတ်များအား ပင့်လျှောက်ပြီး တရားတော်နာ ရေစက်သွန်းချ အမျှအတန်း ပေးဝေကာ မိတ်သင်္ဂဟ အပေါင်းအား ဧည့်ခံ ကျွေးမွေးမည် ဖြစ်သောကြောင့် အောက်ပါ အစီအစဉ် အတိုင်း ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 



နေ့ရက် - တန်ဆောင်မုန်းလပြည့်နေ့ (၁၇-၁၁-၂၀၁၃) (တနင်္ဂနွေနေ့)
အချိန် - နေ့လည် (၂) နာရီမှ (၄) နာရီ အထိ
နေရာ - အောင်ဆန်းလမ်းမကြီးနှင့် အောင်သပြေလမ်းထိပ် ၊ ဇေယျာသီရိ (၂) ရပ်ကွက် ၊ မြိတ်မြို့

နှစ်ကျိပ်ရှစ်ဆူ ဘုရား ရုပ်ပွားတော်များ မြိတ်မြို့တွင်း ဒေသစာရီ ကြွချီ အပူဇော်ခံ

မြန်မာနိုင်ငံတွင် သက်တမ်း အရှည်ကြာဆုံး ဘုရားပွဲတော် အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တနင်္သာရီတိုင်း အတွင်း ထင်ရှားကျော်ကြားပြီး စည်ကားသည့် (၈၆) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကြီးအား မြိတ်မြို့ ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူး၍ မြိတ်မြို့ ဘုရားငါးဆူကွင်း သာသနာ့ နယ်မြေ၌ ယနေ့ နိုဝင်ဘာလ () ရက်နေ့မှ (၁၃) ရက်နေ့ အထိ ကျင်းပခဲ့ပြီးနောက်ဘုရားငါးဆူကွင်း သာသနာ့ နယ်မြေ၌ ယာယီ သီတင်းသုံး ကိန်းဝပ် အပူဇော်ခံတော်မူသည့်  နှစ်ကျိပ် ရှစ်ဆူကုန်သော ဘုရားရှင်များသည် နိုဝင်ဘာလ (၁၄) ရက်နေ့ ည(၈) နာရီ အချိန်တွင့် မြိတ်မြို့နယ် အတွင်း ညလုံးပေါက် ဒေသစာရီ လှည့်လည် အပူဇော်ခံကြွချီတော် မူသည်။ 


Thursday, November 14, 2013

မိုးကြိုးပစ်ခံရ၍ လူတစ်ဦး သေဆုံး


၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေ (၃)နာရီ ခွဲ အချိန်ခန့်တွင် မိုးသည်ထန်စွာ ရွာသွန်းပြီး မိုးကြိုး ပစ်ခတ်မှုကြောင့် မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကလွင်အရှေ့ကုန်းရပ် အေးကျောက်မှော် ဘုန်းကြီးကျောင်း အနီးရှိ ဦးသံချောင်းပိုင် အုတ်ဖုတ်လုပ်ငန်းတွင် အလုပ်လုပ် ကိုင်နေသည့် မောင်အောင်ဝေဖြိုး (ဘ) ဦးအောင်စိုး (မိ) ဒေါ်ညိုဝင်း ၊ အသက် (၁၈)နှစ်သည် နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

 
ထိုသို့ မိုးကြိုးပစ်ခံရ၍ လူသေဆုံးမှုနှင့် ပတ်သက်ပြီး မြိတ်မြို့ မြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ် (၆၀/၂၀၁၃) ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။