မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Thursday, April 30, 2015

ကျွန်းစုမြို့ပေါ်၌ သောက်သုံးရေ အခမဲ့ ဖြန့်ဝေ

ကျွန်းစုမြို့ပေါ်၌ သောက်သုံးရေ အခမဲ့ ဖြန့်ဝေ

နွေရာသီကာလ အတွင်း  ကျွန်းစုမြို့ပေါ် ရပ်ကွက်များတွင်  သောက်သုံးရေများ အခက်အခဲ ဖြစ်ပေါ်လျက် ရှိပြီး သောက်သုံးရေ ရရှိရန် အတွက် ဈေးနှုန်း ကြီးမြင့်စွာ ၀ယ်ယူသုံးစွဲနေရကြောင်း သိရသည်။

Add caption


တညင်းသီး နှင့် သူ၏ အဆိပ် (အဆိပ်တွေနဲ့ အသီး)

တညင်းသီး နှင့် သူ၏ အဆိပ် (အဆိပ်တွေနဲ့ အသီး)
----------------------------------------------
အားလုံးသိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင် ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။ တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကို အကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ. အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီး အဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက် ပျက်စီးပြီး အသက်ဆုံးရှုံးတဲ. အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီး ဒေသတွေမှာ တညင်းသီး အဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်. အသက် ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ. အခါ ဆေးရုံ တက်ရောက်ပြီး စနစ်တကျ ကုသမှု မခံယူရင်သေဆုံးဖို.လမ်း ပိုများတယ်လို. ဆိုပါတယ်။

ဒိုမယ်ကျွန်းတွင် ဟိုတယ်၊ ဆေးရုံ၊ လေယာဉ်ကွင်း၊ ကျောင်း၊ ဂေါက်ကွင်းနှင့် အဆောက်အအုံများစွာ ပါဝင်မည့်အကြီးစား စီမံကိန်း ဆောင်ရွက်မည်

ဒိုမယ်ကျွန်းတွင် ဟိုတယ်၊ ဆေးရုံ၊ လေယာဉ်ကွင်း၊ ကျောင်း၊ ဂေါက်ကွင်းနှင့် အဆောက်အအုံများစွာ ပါဝင်မည့်အကြီးစား စီမံကိန်း ဆောင်ရွက်မည်

(((( Wednesday, 29 April 2015 ပြည်ထောင်စု နေ့စဉ် သတင်းစာမှ ))))

မြိတ်ကျွန်းစု အတွင်း တည်ရှိ သော ဒိုမယ်ကျွန်း တွင် ဟိုတယ်၊ ဆေးရုံ၊ လေယာဉ်ကွင်း၊ ကျောင်း၊ ဂေါက်ကွင်းနှင့် အဆောက် အအုံ များစွာ ပါဝင်မည့် အကြီးစား စီမံကိန်း ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ထံသို့ တင်ပြထား ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။




Wednesday, April 29, 2015

မြိတ်မြို့၌ ကဆုန်ညောင်ရေသွန်း ဘုရားပွဲတော် စတင် ကျင်းပ

မြိတ်မြို့၌ ကဆုန်ညောင်ရေသွန်း ဘုရားပွဲတော် စတင် ကျင်းပ
---------------------------------
မြိတ်မြို့၌ နှစ်စဉ် ကျင်းပမြဲဖြစ်သော ကဆုန်ညောင်ရေသွန်း ဘုရားပွဲတော်ကို (၇၁)ကြိမ်မြောက် အဖြစ်  ဗုဒ္ဓဘာသာ လူငယ်များ အသင်း (YBA )က ကြီးမှူးပြီး ယနေ့ ဧပြီလ (၂၉) ရက်နေ့မှ မေလ (၃) ရက်နေ့ အထိ (၅) ရက် တိုင်တိုင် မြိတ်မြို့ ဘုရားငါးဆူကွင်း သာသနာ့နယ်မြေရှိ  ယာယီ စံကျောင်းတော်တွင်  စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

Tuesday, April 28, 2015

ရေကြောင်း လူငယ်သင်တန်း (ကျွန်းစု) စခန်း ဖွင့်လှစ်

ရေကြောင်း လူငယ်သင်တန်း (ကျွန်းစု)စခန်း ဖွင့်လှစ်

တနင်္သာရီရေတပ် စခန်းဌာနချုပ်မှ ကြီးမှူး ဖွင့်လှစ်သော အခြေခံ ရေကြောင်း လူငယ် သင်တန်း (၁/၂၀၀၅)နှင့် တန်းမြင့် ရေကြောင်း လူငယ် သင်တန်း (၁/၂၀၀၅ ) (ကျွန်းစုစခန်း) ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဧပြီလ (၂၇) ရက်နေ့ နေ့လည် (၁)နာရီ အချိန်၌ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးအောင်က သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီးနောက်  ယခင်နှစ် အခြေခံ သင်တန်း တက်ရောက်ပြီး၍ တန်းမြင့်သင်တန်းသို့ ဆက်လက် တက်ရောက်ခွင့် ရရှိသူ သင်တန်းသား တစ်ဦးမှ ယခင်နှစ် သင်တန်း အတွေ့အကြုံများနှင့် လေ့လာရေး ခရီးစဉ်များအား ရှင်းလင်း တင်ပြသည်။

ရေကြောင်းလူငယ် သင်တန်း (ကျွန်းစုစခန်း)၌ အခြေခံ သင်တန်းသား / သူ (၃၄) ဦး၊ တန်းမြင့် သင်တန်းတွင် သင်တန်းသား(၁၆) ဦး တက်ရောက် သင်ကြားလျက် ရှိပြီး  အခြေခံ စစ်ရေးပြ ၊ ရေကူး၊ ရေတပ်သား ဘာသာရပ်၊ ရေကြောင်းလမ်းညွှန်၊ အချက်ပြ ဆက်သွယ်ရေး၊ အခြေခံ လှေလှော် ရွက်တိုက် စသည့် ဘာသာရပ်များအား ရက်သတ္တ (၄)ပတ် ဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။



ရေကြောင်းလူငယ် သင်တန်း (မြိတ်စခန်း ) သင်တန်းသား/သူများအား တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး တွေ့ဆုံမှာကြား

ရေကြောင်းလူငယ် သင်တန်း (မြိတ်စခန်း ) သင်တန်းသား/သူများအား တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး တွေ့ဆုံမှာကြား

(ပင်လယ်နှင့် လူငယ်တွေ့ဆုံစေခြင်း )

မြိတ်မြို့တွင် ဖွင့်လှစ်ထားသည့် ရေကြောင်းလူငယ် သင်တန်း အခြေခံသင်တန်း (၁/၂၀၁၅)နှင့် တန်းမြင့်သင်တန်း (၁/၂၀၁၅)သို့ တက်ရောက်နေသည့် သင်တန်းသား သင်တန်းသူများအား တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မိုးအောင်မှ ၂၀၁၅ ခုနှစ် ၊ ဧပြီလ ၂၇ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်တွင် ၄င်းသင်တန်း ဖွင့်လှစ်ရာ မြိတ်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ (အုန်းတော) ကျောင်း ခန်းမ၌ တွေ့ဆုံပြီး အမှာစကား ပြောကြားသည်။


ပုလော ဒေသထွက် ရှပ်သီ ခြောက် များကို ဒေသ လက်ဆောင်အဖြစ် ဝယ်ယူသူ များပြားလာ

 ပုလော ဒေသထွက် ရှပ်သီ ခြောက် များကို ဒေသ လက်ဆောင်အဖြစ် ဝယ်ယူသူ များပြားလာ

မြိတ် ဧပြီ  ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်တွင် ဒေသထုတ်ရေထွက်ကုန် ပစ္စည်းများ ဖြစ်သော ငါးပိ၊ ငါးခြောက် များအနက် ပုလော ရှပ်သီခြောက်များကို ခရီးသွားပြည်သူ အများစုက လက်ဆောင်ပစ္စည်းအဖြစ်  ဝယ်ယူကြသောကြောင့် ရောင်းအားကောင်းလာပြီး အရောင်း အဝယ် ဖြစ်နေကြောင်း ဒေသခံ ရှပ်သီခြောက် ပြုလုပ် ရောင်းချသူများထံမှ သိရ သည်။ အဆိုပါ ရှပ်သီခြောက်များသည် ပုလောမြို့နယ် အတွင်းရှိ ရှပ်ပုံကျေးရွာ၊ ကြဲကျေးရွာနှင့် အနီးအနား ပတ်ဝန်းကျင် ကျေးရွာတို့မှ အဓိကထွက်ရှိပြီး စားသုံးသူများ နှစ်ခြိုက်လျက်ရှိကာ ဝယ်ယူသူ များပြားလာသဖြင့် ယခင်နှစ်က ရှပ်သီခြောက် တစ်စည်းလျှင် ငွေကျပ် ၁ဝဝဝ သာ ပေါက်ဈေး ရှိကာ ယခုအခါ ရှပ်သီခြောက် တစ်စည်းလျှင် ငွေကျပ် ၁၅ဝဝ အထိ ဈေးကောင်းရလာကြောင်း ပုလောမြို့နယ် ကြဲကျေးရွာမှ ရှပ်သီခြောက် ပြုလုပ်ရောင်းချသူ တစ်ဦးက ပြောသည်။

Monday, April 27, 2015

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင် ဟိုတယ် တည်ဆောက်ရန် ကုမ္ပဏီ ၁၃ ခု အဆိုပြုလွှာတင်

 တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင် ဟိုတယ်တည်ဆောက်ရန်ကုမ္ပဏီ ၁၃ ခု အဆိုပြုလွှာတင်
---------------------------------
((( ယဉ်ယဉ်လှ Monday, 27 April 2015 ပြည်ထောင်စုနေ့စဉ် သတင်းစာမှ )))

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြိတ်ကျွန်းစုတွင် အပန်း ဖြေ ဟိုတယ်တည်ဆောက်ရန် ကုမ္ပဏီ ၁၃ ခုက အဆိုပြုလွှာတင် ထားပြီးဖြစ်ကြောင်း ကော့သောင်း အခြေစိုက်ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှသိရသည်။

မြိတ်ကျွန်းစုအတွင်းရှိ ကမ်းခြေတစ်ခု

အဆိုပြုလွှာ တင်ထားသည့် ကျွန်းများမှာ ခရင်းခွကျွန်းတွင် ဟိုတယ်သုံးလုံး၊ စမတ်ကျွန်းခေါ် ပါပန့်ကျွန်းတွင် ဟိုတယ်တစ်လုံး၊ ငခင်ညိုကြီးကျွန်းတွင် ဟိုတယ် တစ်လုံး၊ ကျွန်းဖီလာ၊ ငါးမန်းကျွန်း တွင် ဟိုတယ်တစ်လုံး၊ ငထွေရူး ကျွန်းတွင် ဟိုတယ်တစ်လုံး၊ ငလုံး လက်ဖယ်ကျွန်းတွင် ဟိုတယ် တစ်လုံး၊ ဗိုလ်နက်ကျော်ကျွန်းတွင် ဟိုတယ်တစ်လုံး၊ လှိုဏ်ဂူကျွန်း၊ စေတန်ကျွန်း၊ သံကျွန်း ကျွန်းနှင့် ဒိုမယ်ကျွန်းတို့တွင် ဟိုတယ် တည်ဆောက်ရန် တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။

''အခုလက်ရှိမှာတော့ MIC က ခွင့်ပြုပြီးတဲ့ ဟိုတယ် သုံးခု ရှိပါတယ်။ ကျွန်တော်တို့ တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ BOT စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေပါပြီ''ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ခွင့်ပြုပြီးသော ကျွန်း များမှာ ငလုံးလက်ဖယ်ကျွန်း၊ 115 Island နှင့် ခရင်းခွကျွန်းတို့ဖြစ် သည်။ ယခုနှစ်တွင် မြိတ်ကျွန်းစု တွင် ဟိုတယ်တည်ဆောက်ရန် လျှောက်ထားသူများပြားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန် ရှိသူကပြောသည်။ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ဖို့အတွက် တိုင်းဒေသ ကြီး အစိုးရအဖွဲ့အနေဖြင့် ခွင့်ပြု သွားမည်ဖြစ်ပြီး ဒေသခံ များ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုး တိုးတက်စေရန် အတွက်ဆောင် ရွက်နေကြောင်း သိရသည်။

ကျွန်းများတွင် ဟိုတယ် တည် ဆောက်ရန် တင်ပြထားသူ အများစုမှာ မြန်မာနိုင်ငံသား များဖြစ်ပြီး မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား (J.V) ပူးပေါင်းဆောင်ရွက် သွားမည့် ဟိုတယ် များလည်း ပါဝင်သည်။

''အခုလို ကျွန်းတွေပေါ်မှာ ဟိုတယ် တည်ဆောက်လာတာက တော့ ကောင်းပါတယ်။ ဟိုတယ် တည်ဆောက် လို့တော့ ကျွန်းတွေ မပျက်စီးပါဘူး။ အထူးသဖြင့် ဟိုတယ်ဆောက်လုပ်တဲ့ လုပ်ငန်းရှင်တွေက ဒီကျွန်းရဲ့ အလှအပတွေ ကြောင့်သာ ဟိုတယ်တည်ဆောက် တာဖြစ်တာပါ။ ဒါကြောင့် ဒီအလှ အပတွေကို ဖျက်ဆီးမှာ မဟုတ်ပါ ဘူး။ ဒါ့ပြင် ကျွန်းတွေမှာ လူရှိ ခြင်းကြောင့် ကျွန်းပတ်လည်မှာ ငါး မိုင်းခွဲခြင်းတွေလဲရှိမှာမဟုတ် ပါဘူး''ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက သူ၏အမြင် ကိုပြောသည်။

လက်ရှိတွင်ကော့သောင်းခရိုင် အတွင်း၌Andaman Club Hotel ၊ Victoria Entertainment၊ Myanmar Adaman Resort ၊ Kawthaung Hotel ၊ Honey Bear Hotel နှင့် Penguin Hotel တို့က လုပ်ငန်းလည်ပတ် လျက်ရှိသည်။

ရေကြောင်းလူငယ် သင်တန်းနှင့် လေကြောင်း လူငယ်သင်တန်းများ မြိတ်မြို့၌ ဖွင့်လှစ်

ရေကြောင်းလူငယ် သင်တန်းနှင့် လေကြောင်း လူငယ်သင်တန်းများ မြိတ်မြို့၌ ဖွင့်လှစ်
------------------------------------------------------------------------
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ် မောင်မယ်များကို  နိုင်ငံတော်အတွက် ရေကြောင်းပညာနှင့် လေကြောင်းပညာ
ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ် လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရေး အတွက် ရည်ရွယ်ပြီး အခြေခံ ရေကြောင်းလူငယ် သင်တန်း၊ တန်းမြင့်ရေကြောင်း လူငယ်သင်တန်းနှင့် လေကြောင်း လူငယ် သင်တန်းများ ဖွင့်ပွဲ အခမ်းအနားကို  မြိတ်မြို့ရှိ တိုင်းရန်အောင် ခန်းမ၌ ၂၀၁၅ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက် (၈)နာရီက ကျင်းပပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး တက်ရောက် အမှာစကား ပြောကြားသည်။

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး သင်တန်းဖွင့် အမှာစကား ပြောကြားစဉ်

Sunday, April 26, 2015

ပထမဦးဆုံး သန္တာကျောက်တန်း အစားထိုး ပြန်လည် ထိန်းသိမ်းခြင်း မြိတ်ကျွန်းစု အတွင်း ညောင်ဦးဖီး ကျွန်း၌ စတင်



ပထမဦးဆုံး သန္တာကျောက်တန်း အစားထိုး ပြန်လည် ထိန်းသိမ်းခြင်း မြိတ်ကျွန်းစု အတွင်း ညောင်ဦးဖီး ကျွန်း၌ စတင်

ယဉ်ယဉ်လှ ( Saturday, 25 April 2015 ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာမှ)



အသက် (၆)နှစ် အရွယ် မိန်းကလေးငယ်အား အသက် (၄၀)နှစ်အရွယ် အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွား

အသက် (၆)နှစ် အရွယ်  မိန်းကလေးငယ်အား အသက် (၄၀)နှစ်အရွယ်  အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွား

၂၀၁၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေ (၅း၀၀) အချိန်ခန့် တနင်္သာရီတိုင်းဒေသကြီး­၊ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု­၊ ကင်းဆိုးကျေးရွာ၊ နတ်သလင်းတောင်ခြေ ဦး ----------- ရော်ဘာခြံ ခြံစောင့်တဲ ၌ အသက် (၆)နှစ် အရွယ်  မိန်းကလေးငယ်အား အသက် (၄၀)နှစ်အရွယ် အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Saturday, April 25, 2015

မိုးသက်လေပြင်းတိုက်၌ နေအိမ်များ ပျက်စီး

မိုးသက်လေပြင်းတိုက်၌ နေအိမ်များ ပျက်စီး

ဧပြီလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်မှ ညနေ (၄)နာရီ ခန့် ထိ မိုးသက်လေပြင်းများ တိုက်ခတ်သောကြောင့် မြိတ်မြို့နယ် တညက်ကျေးရွာအုပ်စု သမင်တောင်ရွာ၌ နေအိမ် (၁၉)လုံး ခန့်မှာ ပြိုကျ ပျက်စီးခဲ့ပြီး လူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

လှိုင်းကြီး၍ စက်လှေနစ်မြှုပ်

လှိုင်းကြီး၍ စက်လှေနစ်မြှုပ်

မြိတ်မှ ရေကန်တောင် ကျေးရွာသို့ ပြေးဆွဲသည့် ခရီးသည်တင် စက်လှေတစ်စီးသည် လှိုင်းကြီးသဖြင့် တောပြားကြီး ကျေးရွာအနီး ရေပြင်၌ ၂၀၁၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ နံနက် (၁)နာရီခန့် အချိန်တွင် နစ်မြှုပ်သွားကြောင်း သိရသည်။

၎င်းစက်လှေမှာ ရေကန်တောင် ကျေးရွာနေ ဦးချစ်ပုန်း(ခ) လှဌေး ပိုင်ဆိုင်သော ယုဇနဌေး အမည်ရှိ လှေဖြစ်ပြီး အလျား (၆၀)ပေ၊ အနံ ၁၂ ပေခန့် ရှိပြီး မစ်ဆူဘီရှိ (၇၆) လေးလုံးထိုး စက်တပ်ဆင်ထားကာ မြိတ်မြို့မှ ရေကန်တောင်ကျေး၇ွာသို့ ခရီးသည် (၃၀)ခန့်နှင့် ဆန်အိတ်များ တင်ဆောင်လာစဉ် လှိုင်းကြီး နစ်မြှုပ်သွားကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်း ကျေးရွာတွင် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ



တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်း ကျေးရွာတွင် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူ ရဲကင်း စခန်းမှူး ရဲအုပ်စောလှသည် သက်သေများ နှင့်အတူ တကူကျေးရွာ အုပ်စု၊ အင်းရှည်ကုန်း ကျေးရွာနေ ဦးနေလင်း၏ နေအိမ်သို့ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ နေအိမ်သို့ မူးယစ်ဆေးဝါး ရှာဖွေ ခွင့် ၀ရမ်းအမှတ်(၁/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေခဲ့ရာ နေအိမ်တွင် ဦးနေလင်းအား မတွေ့ရှိရဘဲ ၄င်း၏ ဇနီး ဖြစ်သူ မမိဌေး(ခ)မဌေးဌေးမူ (ဘ) ဦးမောင်ဖေအား တွေ့ရှိပြီး နေအိမ် အတွင်း ရှာဖွေရာ နေအိမ် အတွင်းခန်း သနပ်ခါး ကျောက်ပျဉ်ဘေးတွင် ချထားသော ပန်းရောင် ပလပ်စတစ် လက်ဆွဲအိတ် အတွင်းမှ အပြာရောင် ပလပ်စတစ်အိတ်ငယ် (၂)အိတ်ဖြင့် ထည့်လျှက် စိတ်ကြွ ရူးသွပ်ဆေးပြားဟု ယူဆရသော WY စာတမ်းပါ ပန်းရောင်ဆေးပါ (၂၀၀)ပြားပါ (၁)အိတ်နှင့် (၁၇၀)ပြားပါ (၁)အိတ်၊ စုစုပေါင်း ပန်းရောင် ဆေးပြား (၃၇၀)ပြား၊ အလေးချိန်(၃၇) ဂရမ်တို့အား တွေ့ရှိခဲ့ပြီး သက်သေများ ရှေ့တွင် ရှာဖွေ ပုံစံဖြင့် သိမ်းဆည်းခဲ့သည်။ 



အလုပ်သမားနေ့အား ကြိုဆို ဂုဏ်ပြုသော အားဖြင့် မြိတ်မြို့၌ သံကူ ကွန်ကရက် တံတား (၂)စင်း ဖွင့်လှစ်



အလုပ်သမားနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြိတ်မြို့၌ သံကူ ကွန်ကရက် တံတား (၂)စင်း ဖွင့်လှစ် 

မေလ (၁) ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြိတ်မြို့ နောက်လယ်- အိုးလုပ်ပြင် ဘုရားကိုင်ချောင်းကူး သံကူကွန်ကရစ် တံတားနှင့် မြိတ်တောင် ချောင်းကူး သံကူ ကွန်ကရက် တံတား (၂)စင်း ဖွင့်ပွဲ အခမ်းအနားအား ၂၀၁၅ ခုနှစ် ဧပြီလ (၂၅)ရက်နေ့ နံနက်ပိုင်း၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ မြိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ဦးမိုးမြင့်၊  မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ တက်ရောက် ခဲ့သည်။ 

Wednesday, April 22, 2015

အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျ၍ လူသေဆုံး

အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျ၍ လူသေဆုံး

၂၀၁၅ ခုနှစ် မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် မြိတ်မြို့မှ တနင်္သာရီမြို့သို့ ပြေးဆွဲသော ဒို့တောရွာ  အမြန်ရေယာဉ်၌ ခရီးသည် အဖြစ် လိုက်ပါလာသူ တစ်ဦး သည် အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျ၍ သေဆုံးသွားကြောင်း သိရသည်။

Tuesday, April 21, 2015

မြိတ် - ကျွန်းစု အမြန်ရေယာဉ် ပြေးဆွဲချိန် ထပ်မံ တိုးမြှင့် ၊ ရေယာဉ် စီးနင်းခ ယခင် နှုန်းထား အတိုင်းသာ ကောက်ခံမည်

မြိတ် - ကျွန်းစု အမြန်ရေယာဉ် ပြေးဆွဲချိန် ထပ်မံ တိုးမြှင့် ၊ ရေယာဉ် စီးနင်းခ ယခင် နှုန်းထား အတိုင်းသာ ကောက်ခံမည်
 ---------------------------------

မြိတ်မြို့မှ ရေမိုင် ၁၄ မိုင်ခန့် ကွာဝေးသည့် ကျွန်းစုမြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များ သည် တစ်နေ့ နှစ်ကြိမ် ၊ နံနက် (၈) နာရီ တစ်ကြိမ်၊ ညနေ (၂)နာရီ တစ်ကြိမ် ပုံမှန် ပြေးဆွဲ ပုံမှန် နေရာမှ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ မှ စပြီး နေလည် (၁၂)နာရီတွင် တစ်ကြိမ် ထပ်တိုး ပြေးဆွဲမည် ဖြစ်ရာ စုစုပေါင်း တစ်နေ့ (၃)ကြိမ် ပြေးဆွဲသွားမည် သိရှိရသည်။

တရားမ၀င် ငါးမိုင်းခွဲလှေ တစ်စီးအား ရေတပ်မှ ဖမ်းဆီးရမိ

တရားမ၀င် ငါးမိုင်းခွဲလှေ တစ်စီးအား ရေတပ်မှ ဖမ်းဆီးရမိ

တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ စစ်ရေယာဉ် တစ်စီးသည်  ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် လန်းပိကျွန်း အနီးရှိ ရေပြင်တွင် ကင်းလှည့် လုံခြုံရေး ဆောင်ရွက်နေစဉ် ၂၀၁၅ ခုနှစ် ဧပြီလ ၁၉ ရက်နေ့  ည (၉)နာရီကျော် အချိန်ခန့်၌ တရားမ၀င် ငါးမိုင်းခွဲလှေ တစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြိတ်မြို့ ဆိပ်ငယ်တံတားတွင် ဆိုက်ကပ်ထားသည့် ငါးမိုင်းခွဲလှေကို တွေ့ရစဉ်


၎င်းစက်လှေ အမည်မရှိဘဲ အလျား ၅၉ ပေ ၊ အနံ ၉ ပေခန့်ရှိကာ သစ်သား ကိုယ်ထည် လှေနှင့် တရုတ်နီ အင်ဂျင်တပ် ဘေးချိတ် စက်သုံးလုံးတပ်ဆင်ထားပြီး လှေသား (၄)ဦးနှင့် အတူ ဖမ်းဆီး မိခဲ့သည်။

ဖမ်းဆီးရမိသော ယမ်းနှင့် ဆက်စပ် ပစ္စည်းများ

ငါးမိုင်းခွဲလှေ ဖမ်းဆီးရမိမှုတွင် ယမ်းဖောက်ခွဲရာတွင် အသုံးပြုမည့် ပုလဲဓာတ်မြေသြဇာ (၂၀) ကီလိုဂရမ်ဝင် ၁၀ အိတ်၊ ယမ်းပြင်း  ၂၀ တောင့်၊ ရေခဲ (၁၀၀၀) ပေါင်ခန့်၊ ငါးမိုင်းခွဲရာတွင် အသုံးပြုသည့် ၀ါယာကြိုးများနှင့် အတူ ဖမ်းဆီး ရမိခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ငါးမိုင်းခွဲလှေ ဖမ်းဆီးရမိမှုမှာ (၂)လအတွင်း (၃) ကြိမ်မြောက် ဖမ်းဆီးမိခြင်း ဖြစ်ပြီး ယခင် ၂၀၁၅ မတ်လ တွင် (၁)စီး၊ ဧပြီလ ပထမပတ်တွင် တစ်စီး ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိ ငါးမိုင်းခွဲလှေနှင့် တရားခံ လှေသားများ ၊ မိုင်းခွဲရာတွင် အသုံးပြုသော ယမ်းနှင့် ဆက်စပ် ပစ္စည်းများအား မြိတ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သို့ လွဲပြောင်းထားပြီး မြိတ်မြို့ မြို့မ ရဲစခန်းတွင် (ပ) ၁၆၆/၂၀၁၅၊ မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ဥပဒေ ပုဒ်မ ၄၄/ ၄၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

Monday, April 13, 2015

သင်္ကြန် အကြိုကာလ မူးယစ်ဆေးဝါးနှင့် မှုခင်းကျဆင်းရေး တနင်္သာရီမြို့တွင် ပညာပေး စစ်ဆေး

တနင်္သာရီ ဧပြီ (၁၂)ရက် နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့မရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ တနင်္သာရီမြို့နယ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ညှိနှိုင်းမှု ကော်မတီဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တနင်္သာရီမြို့၊ ချောင်းငယ်ရပ်၊ အမြန်ရေယာဉ်ဆိပ်တွင် သင်္ကြန် အကြိုကာလ အတွင်း ပြည်သူနှင့် လူငယ်များ အကြား ကျရောက် လာနိုင်သည့် မူးယစ်ဆေးဝါး အန္တရာယ်နှင့် မှုခင်း ကျဆင်းရေးကို ကြိုတင်မျှော်တွေးလျက် အမြန်ရေယာဉ်(၁)စီး၊ ကုန်တင်စက်လှေ (၅)စီးတို့အား မူးယစ်ဆေးဝါးများ သယ်ဆောင်ခြင်း ရှိ/မရှိနှင့် အမြန်ရေယာဉ်တွင် လိုက်ပါသည့် ခရီးသည်များ အသက်ကယ် 
 

 
 

၂၀၁၅ ခုနှစ် မဟာသင်္ကြန် ကာလအတွင်း တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ပြည်သူများ သိရှိ လိုက်နာနိုင်ရန် သတိပေး နိုးဆော်ချက်

၂၀၁၅ ခုနှစ် မဟာသင်္ကြန် ကာလအတွင်း တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ပြည်သူများ သိရှိ လိုက်နာနိုင်ရန် သတိပေး နိုးဆော်ချက်
------------------------------------------

(၁) အရက်သေစာ သောက်စားခြင်းကြောင့် အမျိုးမျိုးသော ပြသနာများ ဖြစ်ပွားလာနိုင်သဖြင့် သင်္ကြန်ရေကစား သူများနှင့် ရေပက်ခံသူများ အရက်သေစာ အလွန်အကျွံ သောက်စားခြင်း မပြုလုပ် ကြပါရန်။

(၂) မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်ခြင်း မပြုလုပ်ကြပါရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ကြပါရန်။

(၃)။ ယာဉ်နံပတ်ပြား မပါဘဲ မောင်းနှင်ခြင်း၊ ယာဉ်၏ ဘေးတံခါးများ ၊ နောက်ဖုံးများ ဖြုတ်၍ မောင်းနှင်ခြင်း။ အိတ်ဇောပိုက် ဖြုတ်၍ မောင်းနှင်ခြင်းနှင့် ယာဉ်တွင် ညစ်ညမ်းသော ပုံများ၊ ပိုစတာများ ကပ်ပြီး မောင်းနှင် သွားလာခြင်းများ မပြုလုပ်ကြပါရန်။

(၄) မော်တော်ဆိုင်ကယ်များအား နှစ်ဦးထက်ပိုပြီး စီးနင်းခြင်း၊ ဆိုင်ကယ်စီး ဦးထုပ် မပါဘဲ စီးနင်းခြင်း၊ သံစုံဟွန်းများ တပ်ဆင်ခြင်း၊ အသံကျယ်လောင်စေရန် ပြုလုပ်ခြင်းနှင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်းများ မပြုလုပ်ကြပါရန်။

(၅) ၀တ်စားဆင်ယင်မှု မဆင်ခြင်၍ လူမှုရေး ပြသနာများ ဖြစ်ပေါ် စေနိုင်သဖြင့် အများအမြင် မသင့်တော်သော ၀တ်စားဆင်ယင်မှုများ မပြုလုပ်စေရေး အုပ်ထိန်းသူ၊ တာဝန်ရှိသူများ အနေဖြင့် ၀ိုင်းဝန်းထိန်းသိမ်း ပေးကြပါရန်။

(၆) တုတ်၊ ဓါး လက်နက်များကြောင့် ရန်လိုစိတ်များ ဖြစ်ပေါ်ပြီး မှုခင်းများ ဖြစ်ပွားတတ်သဖြင့် တုတ်၊ ဓါးနှင့် အခြား အန္တရာယ်ဖြစ်စေတတ်သေ လက်နက်များ ကိုင်ဆောင်သွားလာခြင်း မပြုလုပ်ကြပါရန်။

(၇) မူးယစ်ဆေးဝါး ၊ ထိန်းချုပ်ဆေးဝါးများနှင့် ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ကာမ ဆန္ဒ နိုးဆွသော ဆေးဝါးများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ကြပြီး မိမိ ပတ်ဝန်းကျင်တွင် သုံးစွဲ ရောင်းဝယ်မှုများ တွေ့ရှိပါက အနီးဆုံး လုံခြုံရေး အဖွဲ့အစည်းများထံ သတင်း ပေးပို့ တိုင်ကြား ကြပါရန်။

(၈) အရက်မှ စ၍ မူးယစ်ဆေးဝါး လမ်းကြောင်း အထိ ဆန်းဆန်းပြားပြား သုံးစွဲ ပျော်ပါးလာမည် ဆိုပါ အပျော်လွန်၍ ဘေးအန္တရာယ်များ ကြုံတွေ့ လာနိုင်သည့် အတွက် ဘေးရန် ခပ်သိမ်း ကင်းဝေး စွာဖြင့် နှစ်သစ်ကူး ကာလကို လူသစ် စိတ်သစ်ဖြင့် ပျော်ရွှင်စွာ ဖြတ်သန်း နိုင်ကြစေရန် ပြည်သူအားလုံးမှ ၀ိုင်းဝန်း ထိန်းသိမ်း၍ ပူးပေါင်း ဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

(((( လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ)))))

၂၀၁၅ ခုနှစ် မဟာသင်္ကြန် အကြိုနေ့ (မြိတ်မြို့ ) ပုံရိပ်များ

၂၀၁၅ ခုနှစ် မဟာသင်္ကြန် အကြိုနေ့ (မြိတ်မြို့ ) ပုံရိပ်များ



Sunday, April 12, 2015

သင်္ကြန်ပွဲတော်နှင့် သတိပြု ဆင်ခြင် ဖွယ်ရာများ

 သင်္ကြန်ပွဲတော်နှင့် သတိပြု ဆင်ခြင် ဖွယ်ရာများ …

   မြန်မာနိုင်ငံ၏ ဆယ့်နှစ်လရာသီ ပွဲတော်များထဲတွင် ပျော်စရာ အကောင်းဆုံးဖြစ်သော သင်္ကြန်ပွဲတော်အခါ သမယသို့ မကြာမီရက်ပိုင်းတွင် ကျရောက်တော့ မည်ဖြစ်သည်။ ထိုသင်္ကြန် ပွဲတော်သည် စိတ်ကြည်နူး ပျော်ရွှင်ဖွယ်ကောင်းသော် ငြားလည်း အသွားမတော် တစ်လမ်း၊ အစားမတော် တစ်လုတ် ဆိုသည့် စကားပမာ ဆင်ခြင်တွေးဆ ဂရုပြုသင့်သည်များကို သတိမမူပါက စိတ်ကြေကွဲ ဝမ်းနည်း ဖွယ်ရာများလည်း ကြုံရတတ်ပေသည်။ သတိဟူသည် တစ်စုံတစ်ခုသော အာရုံကို အစဉ်မပြတ် သိခြင်း၊ အောက်မေ့ခြင်း၊ အမှတ်ရခြင်းဖြစ်သည်။

ဘယ်ရေတပ်မဆို ရေငုပ်သင်္ဘောကို ပိုင်ဆိုင်ဖို့ ဆန္ဒရှိပါတယ်

ဘယ်ရေတပ်မဆို ရေငုပ်သင်္ဘောကို ပိုင်ဆိုင်ဖို့ ဆန္ဒရှိပါတယ်

(((( တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ် မိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း)))))
ငယ်ထွေး (ကလေးမြို့) တွေ့ဆုံမေးမြန်းသည်။

တပ်မတော်(ရေ) က စစ်နည်းဗျူဟာ အဆင့် စစ်ရေယာဉ်များ ပူးပေါင်း လေ့ကျင့်ခန်း (Combined Fleet Exercise – Sea Shield 2015) ကို ဘင်္ဂလား ပင်လယ်အော် ကမ်းရိုးတန်းတွင် ပြုလုပ်ခဲ့ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ပတ်သက်သည့် အချက်အလက် များကို တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ် မိုးအောင်နှင့် တွေ့ဆုံ မေးမြန်းခဲ့သည် များကို ပြည်သူအများ သိရှိနိုင်ရန် ရေးသားဖော်ပြလိုက်ပါသည်။


ပုလောမြို့နယ် ကျောက္ကာရွာ၌ စိတ်ကြွဆေး ဖမ်းဆီးရမိ


(၁၁. ၄.၂၀၁၅) ရက်နေ့ မွန်းလွဲ (၁၂း၀၀) နာရီခန့်က တနသာင်္ရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ၌ မှုးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါများ အန္တရာယ် တားဆီး ကာကွယ် နှိမ်နင်းရေး အဖွဲ့ နှင့် ပုလောမြို့နယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲအုပ် စိုးထွန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များပါ ပူးပေါင်း 

Friday, April 10, 2015

မူးယစ်ဆေး အာနိသင် ရှိသော ဆေးဝါး နှင့် ကာမ စိတ်ကြွဆေးများ ရောင်းချမှု မရှိစေရေး တနင်္သာရီမြို့နယ်၌ ပူးပေါင်း စစ်ဆေး

သင်္ကြန် အကြို အတွင်း ပြည်သူများ မူးယစ်ဆေးဝါး၊ ကာမစိတ်ကြွ ဆေးပြား၊ အသားအရေ ကို ပျက်စီး စေနိုင်သည့် ဓါတုဆေး ပါဝင်သော အလှကုန် ပစ္စည်းများ၊ မှတ်ပုံတင် မထားသော ဆေးဝါးများနှင့် အခြား ဘေးဖြစ်စေတတ်သော ဆေးဝါးများ ရောင်းချ/ သုံးစွဲမှု မရှိစေရေးတွက် လိုက်လံ စစ်မှုဆေးကို တနင်္သာရီမြို့၌  ၂၀၁၅ခုနှစ်၊ ဧပြီလ(၁၀) ရက်နေ့ နံနက် (၁၀)နာရီ အချိန်မှ နေ့လည် (၁)နာရီ အချိန်ထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မြိတ်မြို့ အနီးရှိ ရေရှားပါးသည့် ရွာများသို့ သောက်သုံးရေများ အခမဲ့ ဖြန့်ဝေ

မြိတ်မြို့ အနီးရှိ ရေရှားပါးသည့် ရွာများသို့ သောက်သုံးရေများ အခမဲ့ ဖြန့်ဝေ

မြိတ်မြို့နယ် အတွင်းရှိ ရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများ အခမဲ့ ဖြန့်ဝေ ပေးခြင်းကို  မြိတ်မြို့ အတွင်းရှိ ကိုယ်အားကိုယ်ကိုး မီးသတ်ရေယာဉ်များ အစီအစဉ်ဖြင့်
သွားရောက် ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး ပညာပေး ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်

သင်္ကြန်ကာလ အတွင်း မှုခင်းများ မဖြစ်ပွားစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး ပညာပေး ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်
---------------------------------------

၁၃၆၇  ခုနှစ် မဟာသင်္ကြန် ကာလအတွင်း မှုခင်းကျဆင်းရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မူးယစ်ဆေးဝါနှင့် တားမြစ်ဆေးဝါးများ သုံးစွဲမှု ပပျောက်ရေးအတွက် အသိပညာပေး မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ အသိပညာပေး ဟောပြောပွဲကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ နေ့လည် (၁)နာရီ အချိန်မှ (၃) နာရီ အချိန်ထိ မြိတ်မြို့ မြိတ်တောင် ကျေးရွာအုပ်စု အောင်မင်္ဂလာ ရပ်ကွက် အောင်မင်္ဂလာ လမ်းမကြီးရှိ အောင်မင်္ဂလာ လူငယ်များ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ရာ မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဆိုင်ကယ် တက္ကစီသမားများ၊ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်း အင်အား (၆၀) နီးပါးခန့် တက်ရောက်ခဲ့သည်။

Thursday, April 9, 2015

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် မူကြမ်းအား ကြိုဆို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲ မြိတ်မြို့၌ ပြုလုပ်

ငြိမ်းချမ်းရေး၏ ပထမ ခြေလှမ်းဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် မူကြမ်း (NCA ) အား ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီး ရှေ့မှောက်၌  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ( UPWC ) နှင့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ ( NCCT ) တို့မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၆) ဖွဲ့တို့ သဘောတူ လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်း အပေါ် အပြည့်အ၀ ကြိုဆို ထောက်ခံကြောင်း  ဆန္ဒဖော်ထုတ်ပွဲအား မြိတ်မြို့၌ ၂၀၁၅ ခုနှစ် ဧပြီလ (၉) နေ့ နံနက် (၆)နာရီ ခွဲအချိန် ပြုလုပ်ခဲ့သည်။



Wednesday, April 8, 2015

လှိုင်းကြီး၍ နစ်မြှုပ်သော ကင်းမွန်မီးထွန်းလှေမှ ရေလုပ်သား (၇) ဦးအား ရေတပ် စစ်ရေယာဉ်မှ ကယ်ဆယ်ရေး ဆောင်ရွက်

လှိုင်းကြီး၍ နစ်မြှုပ်သော ကင်းမွန်မီးထွန်းလှေမှ ရေလုပ်သား (၇) ဦးအား ရေတပ် စစ်ရေယာဉ်မှ ကယ်ဆယ်ရေး ဆောင်ရွက်

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းရှိ မော်တုံးကြီးကျွန်းနှင့် သမီးလှ ကျွန်း အကြားရှိ ရေပြင်၌ ဧပြီလ (၇)ရက်နေ့ ညနေ (၃)နာရီခွဲကျော် အချိန်၌ လှိုင်းကြီး၍ နစ်မြှုပ်သွားသော ကင်းမွန်မီးထွန်းလှေ ( ကင်းမွန်ဖမ်းလှေ)မှ ရေလုပ်သား (၇) ဦးစလုံးအား ပင်လယ်ပြင် ကင်းလှည့် လုံခြုံရေး တာဝန် ထမ်းဆောင်နေသော စစ်ရေယာဉ် ရန်နိုင် (၅၁၀)မှ တာဝန်ခံ အရာရှိ ဗိုလ်ကြီး သက်ထွဋ်အောင် ဦးစီးသော တပ်ဖွဲ့ဝင်များက အသက်ရှင်လျက် ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။ 





စက်လှေ နစ်မြှုပ်နေတာကို ဒေသခံ လှေတစ်စင်းက လာသတင်းပို့လို့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ဖို့ အတွက် ကျွန်တော်တို့ လှေနစ်မြှုပ်တဲ့ နေရာကို ချက်ခြင်း သွားခဲ့ပါတယ်။ ညနေ (၅)နာရီ ထိုးချိန်လောက်မှာ ကျွန်တော်တို့ ရောက်ရှိတဲ့အချိန် နစ်မြှုပ်တဲ့ စက်လှေတွေတော့ မတွေ့ရတော့ဘူး ။ လှေသားတွေပဲ ပလပ်စတစ်ပုံး တစ်ပုံးကို ၂ ယောက် လောက် ဖက်ပြီး ကူးနေတာ တွေ့ရပါတယ်။ လှေသားအားလုံး (၇)ယောက်ကို အသက် ဆုံးရှုံးမှု မရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ ညပိုင်း အချိန် မြှုပ်ရင်တော့ အသက်ရှင်လျက်  ကယ်ဆယ်နိုင်ဖို့ လွယ်ကူမှာ မဟုတ်တော့ဘူး `` ဟု တာဝန်ခံအရာရှိ ဗိုလ်ကြီး သက်ထွဋ်အောင်က ရှင်းပြသည်။


နစ်မြှုပ်သွားသော ကင်းမွန်မီးထွန်းလှေမှာ မြိတ်မြို့ ရေပုန်းနယ်မြေ ငြိမ်းချမ်းရေး ရပ်ကွက် (၇)လမ်းနေ ဦးတင်အောင် ပိုင်ဆိုင်သော လှေဖြစ်ပြီး အလျား (၅၄)ပေ၊ အနံ (၉)ပေ၊ ရေစူး (၄)ပေ (သစ်သားကိုယ်ထည်) ဖြစ်ပြီး ဧပြီလ (၇)ရက်နေ့ နံနက် (၁၁)နာရီခွဲ အချိန်ခန့်က မြိတ်မြို့ အေးစန္ဒာ တံတားမှ တစ်ဆင့် ပင်လယ်ပြင်သို့ ကင်းမွန်ဖမ်းရန် ထွက်ခွာစဉ် လှိုင်းကြီးသဖြင့် စက်လှေ ပျဉ်ပြား (ကန်ပျဉ်) ပွင့်ပြီး နစ်မြှုပ်ခဲ့ကြောင်းနှင့် လှေပေါ်ပါ ပစ္စည်း တန်ဖိုး သိန်း (၁၀၀)ခန့် ဆုံးရှုံးခဲ့ပြီး လှေပေါ်လိုက်ပါလာသော လှေသားအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ လှေမြှုပ်တဲ့အချိန် ပလပ်စတပ်ပုံး ရေပုံးတွေ တစ်လုံး ၂ ယောက်နှုန်း နဲ့ ဖက်ပြီး ပင်လယ်ပြင်ထဲမှာ တစ်နာရီ နီးပါးလောက် ကူးခတ်နေရ ပါတယ်။ ငါတော့ အသက်မရှင်နိုင်တော့ဘူး ဆိုပြီး တော်တော်ကို ကြောက်ခဲ့ပါတယ်။ လာရောက် ကယ်တင်တဲ့ ရေတပ် ဗိုလ်ကြီးနဲ့ ရဲဘော်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့ပေးတဲ့ အသက်ပဲ ရှိတော့တယ်ဟု .... ကျောင်းပိတ်ရက် အတွင်း ဖခင် ပိုင်ဆိုင်သော လှေ၌ လိုက်ပါခဲ့သူ အသက် (၁၇) နှစ် အရွယ်ရှိ နိုင်နိုင်ထွန်းက ပြောသည်။

ပင်လယ်ပြင်မှ အသက်ရှင်လျက် ကယ်တင်ရရှိခဲ့သော ရေလုပ်သား (၇) ဦး စလုံးအား စစ်ရေယာဉ် (၅၁၀)ဖြင့် တင်ဆောင်လာပြီးနောက် မြိတ်မြို့ ဆိပ်ငယ် ဘောတံတားတွင် ဧည့်ခန်းမ၌ မိဘဆွေမျိုး များထံ ပြန်လည် လွဲပြောင်း ပေးခဲ့ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင်၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် မြိတ်မြို့နယ် ရဲတပ်ဖွဲ့ ဒုတိယမြို့နယ်မှူး၊ ရေပုန်းနယ်မြေ အုပ်ချုပ်ရေးမှူး တို့မှ တက်ရောက်ပြီး အားပေး စကား ပြောကြားခဲ့သည်။

အဆိုပါ ရေလုပ်သား (၇) ဦးတို့အား စစ်ရေယာဉ် ရန်နိုင် (၅၁၀)မှ တာဝန်ခံ အရာရှိက လုံချည်တစ်လုံး၊ အင်္ကျီတစ်ထည်၊ စွပ်ကျယ် တစ်ထည်နှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(ပြည်ထောင်စုနေ့စဉ်သတင်းစာ)


အဘိဓမ္မာနှင့် ယဉ်ကျေးမှု စာမေးပွဲ ကျင်းပ

အဘိဓမ္မာနှင့် ယဉ်ကျေးမှု စာမေးပွဲ ကျင်းပ

(၄၆)ကြိမ်မြောက် မြိတ်မြို့နယ် သံဃာ့ပဝါရဏာ အဖွဲ့မှ ကြီးမူးကျင်းပသော အဘိဓမ္မာနှင့် ပရိယတ္တိ ယဉ်ကျေးမှု မင်္ဂလာ စာမေးပွဲကို ၁၃၇၆ ခုနှစ် တန်ခူး လပြည့်ကျော် (၄)ရက် (၇.၄.၂၀၁၅) အင်္ဂါနေ့တွင် တောင်ပုလဲရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 



Tuesday, April 7, 2015

တရားမ၀င် ငါးဗုံးခွဲလှေ တစ်စီးအား တပ်မတော်(ရေ) ကင်းလှည့်ရေယာဉ်မှ ဖမ်းဆီး

တရားမ၀င် ငါးဗုံးခွဲလှေ တစ်စီးအား တပ်မတော်(ရေ) ကင်းလှည့်ရေယာဉ်မှ ဖမ်းဆီး

တနင်္သာရီရေတပ်စခန်း ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ ကမ်းတက် ရေယာဉ် (၄၂၅)သည် ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် လန်းပိကျွန်း အနီးရှိ ရေပြင်တွင် ကင်းလှည့် လုံခြုံရေး ဆောင်ရွက်နေစဉ် ၂၀၁၅ ခုနှစ် ဧပြီလ ၅ ရက်နေ့ ည (၈)နာရီ ကျော် အချိန်ခန့်၌ မသင်္ကာဖွယ်ရာ စက်လှေ တစ်စီးအား တွေ့ရှိသဖြင့် အနီးသို့ ချဉ်းကပ်ပြီး မီးအချက်ပြ ခေါ်ယူရာတွင် လာရောက်ခြင်း မရှိပဲ မောင်းနှင် ထွက်ပြေးသဖြင့် ထပ်ချပ် လိုက်လံဖမ်းဆီးခဲ့ရာ ၄င်းငါးဗုံးခွဲ စက်လှေအား ဂျာတိုက်ကျွန်း အနောက်တောင် ၃ မိုင်ခန့်အကွာ ၌ အမည်မရှိ တရားမ၀င် ငါးမိုင်းခွဲလှေ (အလျား ၅၀ ပေ ၄ လက်မ ၊ အနံ ၇ ပေ ၆ လက်မ ၊ ရေစူး ၃ ပေခန့်) သစ်သား ကိုယ်ထည်လှေနှင့် စက်မကြီး HENO EH - 700 ၆ လုံးထိုး ၊ မြင်းကောင်ရေ ၁၈၀ ) တစ်စီးအား မြန်မာလှေသား အမျိုးသား (၈) ဦးနှင့် အတူ ဖမ်းဆီး ရမိခဲ့သည်။

Monday, April 6, 2015

သင်္ကြန်ကာလ အတွင်း မှုခင်းများ မဖြစ်ပွားရေး ယာဉ်အန္တရာယ် ကင်းရှင်းရေး ပညာပေး ဟောပြောပွဲ ပြုလုပ်



တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ကန်ဖျားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၇၆) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံး(မြိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး နေဝင်း၊ မြိတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး နေလင်း၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးတပ်ဖွဲ့စိတ်(မြိတ်)မှ ရဲအုပ် အောင်ကျော်မြင့် တို့ပါဝင်သော အဖွဲ့သည် ၁၃၇၆ ခုနှစ်၊ မဟာသင်္ကြန် အကြိုကာလ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မှုခင်းကျဆင်းရေး ပညာပေး ဟောပြောပွဲကို ၃.၄.၂၀၁၅ ရက်နေ့ ည (၇)နာရီခွဲမှ (၉)နာရီ အချိန် အထိ ဆောင်ရွက်ခဲ့ရာ ကန်ဖျားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ၊ စုစုပေါင်း(၄၅)ဦးခန့်တက်ရောက်ခဲ့သည်။

သင်္ကြန်ကာလအကြို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး နှင့် မှတ်ပုံမတင် ထားသော တားမြစ် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ပူးပေါင်း စစ်ဆေးဆောင်ရွက်

သင်္ကြန်ကာလအကြို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး နှင့် မှတ်ပုံမတင် ထားသော တားမြစ် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ပူးပေါင်း စစ်ဆေးဆောင်ရွက်
--------------------------------------
(၂-၄-၂၀၁၅) ရက်နေ့ နံနက်(ဝ၉၀ဝ)အချိန်မှ (၁၁၃၀)အချိန် အထိ အမှတ်(၇၆)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံး (မြိတ်)မှ ရဲအုပ် သူရထွန်း ဦးစီး(၁+၅)ဦး၊ မြိတ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် လှမျိုးဝေ ဦးစီး(၁+၄)ဦး၊ မြိတ်ခရိုင် ဆိုင်ကယ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ အတွင်းရေးမှူး ဦးသောင်းနိုင်ပါ (၃)ဦးတို့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မြိတ်မြို့၊ မြို့သစ်ရပ်ကွက်၊ မြို့သစ်ဈေးအနီး၊ ဦးမြတ်လေး လမ်းမကြီးတွင် မော်တော်ယာဉ် (၁၅)စီး၊ ဆိုင်ကယ်(၄၈)စီး တို့အား ယာဉ်လိုင်စင်/ယာဉ်မောင်းလိုင်စင် စစ်ဆေးဆောင်ရွက်ခဲ့ရာ ယာဉ်မောင်းလိုင်စင် မပါ မော်တော်ယာဉ်(၃)စီးနှင့် မော်တော်ဆိုင်ကယ်(၁၉)စီး၊ ပေါင်း(၂၂)စီးအား စစ်ဆေးတွေ့ရှိခဲ့ပြီး ဒေါ်မြင့်အောင်၊ (၄၄)နှစ်၊ (ဘ)ဦးအောင်ချစ်၊ မှတ်ပုံတင်(မမှတ်မိ)၊ ရောင်း/ဝယ်၊ သီတာ(၂)လမ်း၊ ထားဝယ်ကမ်းရပ်ကွက်၊ မြိတ်မြို့နေသူထံမှ နံပါတ်မပါ miofino အမျိုးအစား၊ ဘောင်/စက် အမှတ်(စိစစ်ဆဲ)၊ ဖြူ/ပြာရောင် ဆိုင်ကယ်(၁)စီးအား လိုင်စင်မဲ့စစ်ဆေးတွေ့ရှိခဲ့ ပါသည်။
 

Saturday, April 4, 2015

၂၀၁၅ခုနှစ် မြိတ်သင်္ကြန် အက အလှ ဖျော်ဖြေရေးနှင့် ဆုပေး မဏ္ဍာပ်များ နည်းပါး ၊ ဗဟိုမဏ္ဍာပ်ကို ယခင်နှစ်က အတိုင်း တိုင်းစည်ပင်ရုံးအရှေ့တွင် ပြုလုပ်မည်

၂၀၁၅ခုနှစ် မြိတ်သင်္ကြန် အက အလှ ဖျော်ဖြေရေးနှင့် ဆုပေး မဏ္ဍာပ်များ နည်းပါး ၊ ဗဟိုမဏ္ဍာပ်ကို ယခင်နှစ်က အတိုင်း တိုင်းစည်ပင်ရုံးအရှေ့တွင် ပြုလုပ်မည် 

၂၀၁၀ ခုနှစ် မတိုင်ခင်က တိုင်းအဆင့် ဌာနဆိုင်ရာများ ရုံးစိုက်ကာ သင်္ကြန် ပွဲတော်အား နှစ်စဉ် ဆုပေး မဏ္ဍာပ်များ များပြားစွာ ဆောက်လုပ်ပြီး စည်ကား ပျော်ရွှင်စွာ ကျင်းပခဲ့သည့် မြိတ်မြို့ သင်္ကြန်ပွဲတော် သည် ယခု အခါ ခရိုင်အဆင့် ရုံးစိုက်ရာမြို့ ဖြစ်သွားပြီးနောက် လေးနှစ် အတွင်း ဆုပေး မဏ္ဍာပ်များ နည်းပါး သွားပြီး ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် ရေကစား မဏ္ဍာပ် (ရှမ်းချောင်းရပ်ကွက်) နှင့် မြိတ်ခရိုင် မဟာသင်္ကြန် ဗဟို မဏ္ဍာပ် (ကန်ဖျားလမ်းမကြီး၊ တိုင်းစည်ပင်ရုံးရှေ့) ၊ မြိတိအများပိုင် ကုမ္ပဏီ မဏ္ဍာပ် (ကမ်းနားလမ်းသဲကွင်း) ၃ ခုသာ ဆောက်လုပ်ပြီး ဖျော်ဖြေမည် ဖြစ်သည်။

၂၀၁၀ခုနှစ် မတိုင်ခင်က မြိတ်မြို့ သင်္ကြန်သည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် မဏ္ဍာပ် ၊ မြိတ်ခရိုင် ဗဟိုမဏ္ဍာပ် ၊ ဆောက်လုပ်ရေး မဏ္ဍာပ် ၊ ပြည်ထဲရေး မဏ္ဍာပ် ၊ ပြည့်ဖြိုးထွန်း မဏ္ဍာပ်၊ မြိတ်တောင် ရပ်ကွက် မဏ္ဍာပ်၊ ဆိပ်ကမ်း မဏ္ဍာပ်၊ ဦးစောဂျက် မဏ္ဍာပ် စသည်တို့မှာ တစ်နေကုန် ဖျော်ဖြေရေး အစီအစဉ်များ ဖြင့် ၊ ရေကစားခြင်း များဖြင့် ကြိတ်ကြိတ်တိုး စည်းကား ခဲ့သည်။ ထို့အပြင် ကန်ဖျားရပ်ကွက် မြေနီလမ်း တစ်လျှောက် ၊ လေယာဉ်ကွင်းလမ်းနှင့် ကန်ဖျားလမ်းမကြီး၊ နောက်လယ် ပိတောက် ရွှေဝါလမ်း၊ မြိတ်တောင်ရပ်ကွက် အောင်ဆန်း လမ်းမကြီးနှင့် အလယ်ကျွန်း နယ်မြေ ဘုရားကိုင်လမ်းမကြီး ၊ ကမ်းနားလမ်း စသည်တို့တွင် ရေပက်ခံသူများ ၊ ရေကစားသူ အနားယူ သူများဖြင့်၊ မော်တော်ဆိုင်ကယ်များ ၊ လမ်းလျှောက် ရေကစား သူများဖြင့် တိုးမပေါက်အောင် စည်ကားခဲ့သည်။


ပြည်သူ့အသံ

မြိတ်မြို့ ကမ်းနားလမ်း သာယာလှပမှု ထိခိုက်စေသော စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း
တားဆီးပေးစေလို

စာတည်းခင်ဗျား

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ကမ်းနားလမ်း တစ်လျှောက် လူစည်ကားရာ နေရာ များတွင် စည်းကမ်းမဲ့ အမှိုက်မပစ်ရ၊ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် စသည့် ဆိုင်းဘုတ်များ စိုက်ထူ၍ ဆိပ်ကမ်း သာယာ လှပရေး အတွက် အသံပေး ကြေညာထားသော်လည်း အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်နေကြသည်။


 


အဆိုပါ အမှိုက်များကြောင့် ရေထု ညစ်ညမ်းသည့် အပြင် ပင်လယ်ရေ ကျချိန်များတွင် မြို့၏ ဂုဏ် ကျက်သရေ ညှိုးနွမ်းမှု ဖြစ်ပေါ်ခြင်း၊ ပြည်တွင်း ပြည်ပ ကုန်တင် သင်္ဘောကြီးများ ၀င်ထွက် သွားလာရန် အခက်အခဲများ ရှိလာခြင်း၊ ခရီးသည်တင် စက်လှေငယ်များ ပန်ကာဖြင့် အမှိုက်များ ရစ်ပတ်ကာ တိမ်းမှောက် မှုများ ဖြစ်ပွားခြင်း ၊ ပင်လယ်နေ သတ္တ၀ါများ မျိုးသုဉ်း ပျောက်ကွယ်မှုများ ဖြစ်ပေါ် လာနိုင်ခြင်း တို့ကြောင်း သက်ဆိုင်ရာမှ ဆိပ်ကမ်း သာယာ လှပရေး အတွက် ဆောင်ရွက်ပေးပါရန် စာတည်းထံမှ တစ်ဆင့် တင်ပြအပ်ပါသည်။

အမြင်မတော်သူ တစ်ဦး
၃-၄-၂၀၁၅ ရက်နေ့ထုတ် မြ၀တီ သတင်းစာမှ