Pages - Menu

▼

Sunday, September 30, 2012

မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီ နာရေးအထောက်အကူအသင်း၊ သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်၊ နေ့လည် (၁၂၀၀) နာရီအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ မြိတ်တောင်ရပ်ကွက်၊ နာရေးအထောက်အကူအသင်း၊ ၂၀၁၁-၁၂ ခုနှစ်၊ သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကို မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ပါတယ်… ၄င်း အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နာရေး အထောက် အကူပြု အသင်းဝင်များနှင့် မိဘပြည်သူများ စုစုပေါင်း အင်အား (၅၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်…

ကျင်းပပြုလုပ်ခဲ့သော အခမ်းအနားအစီအစဉ်များမှာ-

၁။ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကတော့၍ အစည်းအဝေးဖွင့်လှစ်ခြင်း၊

၂။ နာယကမှ အဖွင့်အမှာစကားပြောကြားခြင်း၊

၃။ ဥက္ကဌမှ အမှာစကားပြောကြားခြင်း၊

၎။ ဒု-ဥက္ကဌမှ အမှာစကားပြောကြားခြင်း၊

၅။ တွဲဘက်အတွင်းရေးမှူးမှ အမှာစကားပြောကြားခြင်း၊

၆။ ၂၀၁၁-၂၀၁၂ ခုနှစ် စာရင်းရှင်းတမ်းအား အတွင်းရေးမှူးမှ ဖတ်ပြခြင်း၊

၇။ အကွက်အလိုက် အသင်း ကော်မတီများနှင့် အသင်းသူ/သားများမှ အထွေထွေပိုင်းကိစ္စ ဆွေးနွေးခြင်း၊

၈။ ဆွေးနွေးတင်ပြချက်များအား ဥက္ကဌမှ ရှင်းလင်းအတည်ပြုခြင်း၊

၉။ ဗုဒ္ဓသာသနံ စီရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ သာဓုသုံးကြိမ်ခေါ်ဆိုပြီး အခမ်းအနား ပြီးမြောက်ခြင်း စသည်တို့ကို  ပြုလုပ်ခဲ့ကြပါတယ်…

အခမ်းအနားသို့ တက်ရောက်လာသော သူများအား  အကျွေးအမွေးများနှင့်ဧည့်ခံပြီး လက်ဆောင် ပစ္စည်းများလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်...

1 comment:

  1. ခုမှသူတော်ကောင်းတွေဖြစ်နေကြပါလား

    ReplyDelete