ထိုနောက်
မြိတ် ပြည်သူ့ဆေးရုံကြီးမှ ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ မိုးကျော်အောင်က ကိုယ်ဝန်ဆောင်
မိခင်များ၊ မွေးကင်းစ ကလေးများ၏
ကျန်းမာရေး စောင့်ရှောက်မှုနှင့်
မိခင်နို့်တိုက်ကျွေးမှု အရေး
ပါပုံ များကို အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်/ ကလေးပြိုင်ပွဲတွင် စံပြမိခင် ဆုရရှိသူနှင့် စံပြကလေး ဆုရရှိသူအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ ကလေးပြိုင်ပွဲ မွေးစမှ(၆)လ၊ (၆)လမှ (၁)နှစ်၊ (၁)နှစ် (၆)လမှ(၂)နှစ် တို့တွင် ဆုရရှိသူများအား မြိတ်ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဖြူဖြူဝင်းနှင့် တာဝန် ရှိသူများက လည်းကောင်း ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြ သည်။
ထိုနောက်
စေတနာရှင် အလှူရှင်များက (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်/
ကလေး ပြိုင်ပွဲတွင် ဆုရရှိသော ကလေးများနှင့် အမွှာကလေးငယ်များကို လက်ဆောင် ပစ္စည်းများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment