မြိတ်ခရိုင် ကျွန်းစုမြို့နယ် သန္တုတ်ကျေးရွာ
အုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဌေးသည် ၄င်း တာဝန်ယူ ခဲ့သည့် ၂၀၁၁ ဒီဇင်ဘာ ၁၂ ရက်နေ့မှ
စတင်၍ အုပ်ချုပ်ရေးမှူး တာဝန် စတင် ထမ်းဆောင်ခဲ့ရာ ကျေးရွာ အတွင်း အုပ်စုဖွဲ့၍ အုပ်ချုပ်ခြင်း
၊ ကျောသားရင်သား ခွဲခြား အုပ်ချုပ်ခြင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်မှု
မရှိခြင်း၊ ဘာသာရေးတွင် မိမိ ကိုးကွယ်သော ဘုန်းကြီးကျောင်း ကိုသာ ဦးစားပေးပြီး ကျန် ဘုန်းကြီးကျောင်းများကို ဥပေက္ခာ ပြုထားခြင်း၊
ရပ်ရွာ အပေါ် သွေးခွဲ အုပ်ချုပ်ခြင်း၊ မအေးအေးနှင့် မရီရီလွင်တို့ ဖြစ်ပွားသည့် မှုခင်း၊
ကိုခင်မောင်ဝင်းနှင့် မနန်းစိုး တို့ ဖြစ်ပွားသည့် မှုခင်း ၊ မောင်ရန်ရှင်း နှင့် မောင်သန်းစိုး တို့ ဖြစ်ပွားသည့် မှုခင်းများတွင်
မတရား ဆုံးဖြတ် ဒဏ်ငွေ ရိုက်ပြီး ဒဏ်ငွေများကို ကိုယ်ကျိုး အတွက် အသုံးပြုခြင်း၊ ကျေးရွာအတွင်း
အရက်ပုန်း ဆိုင်များ ၊ အရက် ဒိုင်များမှ လည်းကောင်း၊ လှေဝင် / လှေထွက် လက်မှတ် ရေးထိုး
ခြင်းမှ ရရှိသော ငွေများကိုလည်း စာရင်း ရှင်းလင်းမှု မရှိပဲ ကိုယ်ကျိုး အတွက် သုံးစွဲထားခြင်း၊
စသည် တို့ကြောင့် အုပ်ချုပ်ရေးမှူး ဦးလှဌေး အား ကျေးရွာ၏ သာရေး ၊ နာရေး၊ ဘာသာရေး၊
ကျန်းမာရေး ၊ ပညာရေး၊ လူမှုရေး လုပ်ငန်း များတွင်
လုပ်ဆောင်မှု များအပေါ် ကျေးရွာနေ ပြည်သူများသည် ထိခိုက် နစ်နာမှု များပြားပြီး နှစ်သစ်
ကြည်ညို လေးစားခြင်း မရှိတော့သည့် အပြင် နောက်နောင် ၄င်းသာ ဆက်လက် အုပ်ချုပ်နေပါက မလိုလား အပ်သော ပြသနာများ
ပေါ်ပေါက် လာနိုင်ပါသဖြင့် အစားထိုး ရွေးချယ် ပေးပါရန် ၄င်း ကျေးရွာနေ ရွာသူ / ရွာသား
(၂၂) ဦးမှ လက်မှတ်ရေးထိုးပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ် ထံသို့ လိပ်မူကာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ကျွန်းစုမြို့နယ်
အုပ်ချုပ်ရေးမှူး ၊ ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးသို့ မိတ္တူ ပေးပို့ တိုင်ကြား ထားကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment