မြိတ်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင်
အနှစ်(၂၀)နီးပါး တာဝန်ထမ်းဆောင်ခဲ့သော
ဆရာဦးမြင့်ဦးသည် ကျောင်းသားများအပေါ် ဂရုဏာ ၊မေတ္တာထားပြီး၊
ပြုစုပျိုးထောင်းကာ
ပညာရည်နို့တိုက်ကျွေးပေးနေပြီး၊ အ.ထ.က(၂)ကျောင်းတွင်ပညာသင်ကြားပေးနေသော
ကျောင်းဆရာတစ်ဦးဖြစ်သည့် ဆရာဦးမြင့်ဦးသည် (22-2-2013) သောကြနေ့တွင် စာသင်ခန်းအတွင်း၌
ကျောင်းသားများအား စာများပို့ချပေးနေရင်း ဆီးချိုနှင့်သွေးတိုးတက်ပြီး
စာသင်ခန်းတွင် ရုတ်တရက် သတိမေ့မျှောသွားကာ ဆရာ/ဆရာမများက မြင့်မိုရ်ဆေးရုံသို့ပိုဆောင်ပြီး
ဆေးကုသပေးခဲ့ပါသည်။
သို့ပေမဲ့ ကျန်းမာရေးမှာ ပြန်လှည်ကောင်းမွန်လာခြင်းမရှိသည့်အတွက်
ရန်ကုန်ဆေးရုံသို့သွားရောက်ကုသမှုခံယူရန်လိုအပ်ပါသဖြင့်
ဆရာဦးမြင့်ဦးအားရန်ကုန်ဆေးရုံသို့ပို့ဆောင်ကုသရန်
ကျောင်းအုပ်ဆရာမကြီးနှင့် မြိတ်ကျောင်းသူ/ကျောင်းသားဟောင်းများမှ
စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်ဆရာဦးမြင့်ဦးမှာ လူပျိုကြီးတစ်ဦးဖြစ်သည့်အပြင်
မြိတ်မြို့ဇာတိမဟုတ်သည့်အတွက်
မြိတ်မြို့တွင်လည်းကောင်းနှင့်ပတ်သက်သည့်ဆွေမျိုးမိသားစုမရှိပါ၊ လက်ရှိတွင် ဆရာဦးမြင့်ဦးမှာ
သတိလစ်မေ့မျောနေပါသဖြင့် လည်းကောင်း၏ရာဇ၀င်ကို
ဦးမြင့်ဦးထံမှလည်းမေးမြန်းမရသိအတွက် လည်းကောင်းကျန်းမာရေးကိုကုသရန်
လိုအပ်သည့်ဆေးဝါးကုမှုစရိတ်ကိုကျောင်းသားဟောင်းများနှင့်
စေတနာရှင်မိဘပြည်သူများထံမှ
အကူအညီလိုအပ်လျှက်ရှိပါသည်။
ဆရာဦးမြင့်ဦးမှာ
မြိတ်မြို့၊အမှတ်(၂)အထက်တန်းကျောင်းတွင် နှစ်ပေါင်း(၂၀)ခန့်၊
ပညာရည်နို့တိုက်ကျွေးခဲ့သော ဆရာကောင်းတစ်ဦးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျောင်းသူ/ကျောင်းသားဟောင်းများနှင့်
စေတနာရှင်မိဘပြည်သူများမှ လိုအပ်သည့်ဆေးဝါးကုသစရိတ် ပါဝင်ကူညီပေးနိုင်ပါရန်
အသိပေးနိုးဆော်အပ်ပါသည်။
------------- ဆက်သွယ်လှူဒါန်းလိုပါက ----------
ကျောင်းအုပ်ဆရာမကြီး
ဒေါ်သိန်းသိန်းဌေး Ph: 059 41788
ဆရာဦးသွင်စိန် Ph:
09 41005342
ဦးစိန်မင်း
အုပ်ချုပ်ရေးမှူး (မြိတ်တောင်)
Ph: 09 49881524
ဦးမင်းလွင်ဦး
ပါရမီ(၁)လမ်း
Ph: 0949871616
သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ကိုအော်ကြီး+မယုယုခင် နှင့် မ၀င်းယု မှ ငွေ( ၅သိန်း )ကျပ် ပါဝင်ကူညီသည်။
ကိုဆန်းဝင်း (မြို့သစ်မီးစက်) မှ ငွေ (တစ်သောင်း)ကျပ် ပါဝင်ကူညီသည်။
ကိုအောင် (တာလာပတ်)ချုပ်လုပ်ငန်းမြို့သစ်မှ ငွေ(ငါးထောင်)ကျပ်ပါဝင်ကူညီသည်
ကျောင်းသား/သူဟောင်းများတစ်စုမှ ငွေ (ခုနှစ်သာင်းခွဲ) ကျပ်ပါဝင်ကူညီသည်။
http://behs2myeik.blogspot.com/2013/02/blog-post_24.html
http://behs2myeik.blogspot.com/2013/02/blog-post_24.html
No comments:
Post a Comment