Pages - Menu

▼

Saturday, April 13, 2013

မြိတ်ခရိုင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ဗဟိုမဏ္ဍာပ် ဖွင့်ပွဲ စည်းကား သိုက်မြိုက်စွာ ကျင်းပ

၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်တွင် မြိတ်ခရိုင် မဟာသင်္ကြန် ဗဟိုမဏ္ဍာပ် ဖွင့်ပွဲ အခမ်းအနားကို (၁၃-၄-၂၀၁၃) ရက်နေ့ (သင်္ကြန်အကြို့နေ့ ) ညနေ (၅) နာရီ အချိန်တွင် မြိတ်မြို့ လေယာဉ်ကွင်း အနီးရှိ ဗဟို မဏ္ဍာပ်တွင် ကျင်းပပြုလုပ်ရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ဌာနဆိုင်ရာများ ၊ လူမှုရေး အသင်းအဖွဲ့များ ၊ ယိမ်းကအဖွဲ့များ၊ ပြည်သူလူထုများ တက်ရောက် ဆင်နွဲခဲ့ကြသည်။ 
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက မြိတ်ခရိုင်အတွင်း ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် တစ်ပြိုင်တည်းတွင် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင်က ဗဟိုမဏ္ဍာပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့သည်။ 

ထိုနောက် ယိမ်းအဖွဲ့ဝင်များနှင့် ပြည်သူ လူထုများက မန်းတောင်ရိပ်ခို သီချင်းဖြင့် တပျော်တပါး ကပြဆင်နွဲပြီး မြူမှောင်ဝေကင်း သီချင်းဖြင့် သီဆို ကပြ ဖျော်ဖြေ နေစဉ်အတွင်း ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် အမွှေး နံသာရေများဖြင့် ပြည်သူလူထုများနှင့်အတူ အပြန်အလှန် ရေပက်ဖြန်းခဲ့ကြသည်။ 

ထိုနောက် ဗဟို မဏ္ဍာပ် ဖွင့်ပွဲ အခမ်းအနား ရုပ်သိမ်းကာ အက အလှ များ ၊ တေးသံသာများဖြင့် ဖျော်ဖြေရေး အစီအစဉ် များ စတင်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

 ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက သင်္ကြန်ပွဲတော် ဖွင့်လှစ်ကြောင်း 
ကြေညာစဉ်

 ဗဟို မဏ္ဍာပ် ဖွင့်ပွဲ တက်ရောက်လာသော ပရိသတ်များ 

မန်းတောင်ရိပ်ခို

  မန်တောင်ရိပ်ခို

 ရေကစားစဉ်

 ယိမ်းအဖွဲ့ ဖျော်ဖြေစဉ်


1 comment:

  1. သကြန်ပွဲတော်ကြီးကိုအေးချမ်းပျော်ရွင်သာယာစွာဖြင့်ဆင်နွဲကြရန်လိုအပ်ပါသည်

    ReplyDelete