တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှ ဦးဝင်းနိုင်၏လက်ကိုင်ဖုန်း
သို့ ရန်ကုန်မှ
ဖုန်းအမှတ် ၀၉၄၃၁၄၄၉၈၇ ဖြင့်ဆက်သွယ်ပြီး တယ်လီဖုန်းဆင်းကတ်မှ
ကံစမ်း မဲပေါက်ကြောင်း ပြောဆို ကာငွေကျပ် ၁၃၃၀၀၀၀အား ရန်ကုန်တိုင်း
ဒေသကြီး၊ သုဝဏ္ဏကမ္ဘောဇဘဏ်ခွဲသို့ အောင်ကျော်စိုး၊၁၄/ဘကလ(နိုင်)
၃၁၇၇၆၉ အမည်ဖြင့်လွှဲခိုင်းခဲ့ပြီးလိမ်လည်ရယူခဲ့သဖြင့် ထားဝယ်ရဲစခန်း (ပ)၂၂၉/၂၀၁၃၊ ပုဒ်မ ၄၂၀ ဖြင့်အမှုဖွင့်ထားရှိခဲ့ပါသည်။

အမှုမှတရားခံများအားစုံစမ်းဖမ်းဆီးရမိရေးအတွက်ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ
တပ်ဖွဲ့ဝင်များသည် စုံစမ်းဆောင်ရွက်ခဲ့ရာ အချင်း ဖြစ်စဉ်ကအသုံးပြုခဲ့
သည့် ၀၉၄၃၁၄၄၉၈၇ ဖုန်းအားကိုင်ဆောင်သူ ခိုင်ထူး၊ (ဘ)ဦးအုန်းကျော်၊
(၃)ရပ်ကွက်၊သာကေတမြို့နယ်နေသူအား၂၀.၇.၂၀၁၃ရက်နေ့တွင်
နေအိမ်၌သက်သေခံလက်ကိုင်ဖုန်းနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ပြစ်မှု ကျူးလွန်
စဉ်၎င်းနှင့်အတူ ဘဲဂေါင်း(ခ) တင်ဇော်ထွေး(ခ)ကိုလင်း၊ (ဘ)ဦးထွန်းသိန်း၊
ရှုခင်းသာအိမ်ရာ သာကေတမြို့နယ်နေသူ ပါဝင်ကြောင်း သိရှိရသဖြင့်
၂၁.၇.၂၀၁၃ရက်နေ့တွင်သာကေတမြို့နယ်၊(၆)အနောက်ရပ်ကွက်၊
ဝေဇန္တာလမ်းနှင့် (၇)ဈေးလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် ဘဲဂေါင်း
အားဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတရားခံ (၂)ဦးအားထားဝယ်ရဲစခန်းမှတပ်ဖွဲ့ဝင်များထံသို့၂၅.၇.၂၀၁၃ ရက်နေ့ တွင်လွဲပြောင်း ပေးအပ်ခဲ့ပါသည်။
http://www.facebook.com/yangonpolice
No comments:
Post a Comment