လျှပ်စစ်ဓာတ်အား
အခက်အခဲကြောင့် ငါးကုန်ချောမထုတ်နိုင်ဘဲ ကုန်ကြမ်းအဆင့်
ဖြင့်သာ တင်ပို့နိုင် သဖြင့် ဈေးနှိမ်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီးမှ လုပ်ငန်းရှင်
တစ်ဦးက ပြောသည်။
“ထိုင်းကို ပို့တော့
ကုန်ကြမ်းအဆင့် ပို့ရတော့ ဈေးအနှိမ်ခံရတာပေါ့။ ကိုယ့်ဆီမှာ ထုတ်လုပ်မယ့်စက်ရုံတွေ
ဘာတွေရှိတယ်။ ဒါပေမယ့် အဓိကဘာလဲဆိုတော့ လျှပ်စစ်ဓာတ်အားပေါ့။ ဦးတို့ဆီမှာ တစ်ယူနစ်
၄၅၀ နဲ့ လုပ်နေရတော့ ဘယ်စက်ရုံမှ မလည်နိုင်ဘူး။
ရန်ကုန်မှာလို တစ်ယူနစ် ၂၅၊ ၅၀ ဆိုရင် စက်ရုံတွေက တန်ဖိုးမြင့် ထုတ်ကုန်လည်း
ထုတ်နိုင်မယ်”ဟု မြိတ်မှ ငါးလုပ်ငန်းရှင်တစ်ဦးက
ပြောသည်။
ထိုင်းနိုင်ငံသို့
သွားရောက်ရောင်း ချရာတွင် လေလံဈေးဟု ဆိုသော်လည်း ၎င်းတို့ ညှိနှိုင်းပြီး ဖြတ်ပေး သည့်ဈေးကို
သာရရှိကြောင်းနှင့် ထိုင်းမှလွဲ၍ အခြား သောနိုင်ငံ များကိုလည်း သွားရောက်ရောင်းချ၍
မရကြောင်း ၎င်းက ပြောသည်။
“သူတို့ ဈေးကွက်မှာ
ကိုယ်က သွား ရောင်းတော့ လေလံဆိုပေမယ့် သူတို့ ညှိနှိုင်းပြီး ဖြတ်တဲ့ဈေးပေးတော့ ကိုယ်တောင်းတဲ့
ဈေးမရဘူးပေါ့။ ဒါပေမယ့် တစ်ခြား နိုင်ငံကိုလည်း ရောင်းလို့မရဘူး။ စင်ကာပူတို့ ၊ မလေးရှား တို့လည်း
ရောင်းလို့မရဘူး။ သူတို့မှာ ငါးအစုံဝယ်တဲ့စက်ရုံ မရှိဘူး။ ထိုင်းမှာက ငါးတစ်ကောင် သွားရောင်းရင် ပုတ်တဲ့ ဟာလည်း
ဝယ်တယ်။ အကုန်ဝယ်တယ်” ဟု ၎င်းက ပြောသည်။
၎င်းတို့၏ ဒေသတွင်
ငါးလေလံဈေးများ၊ ငါးဖမ်းလှေ ဆိုက်ကပ်သည့် ဆိပ်ခံ တံတားများတွင် အရောင်း အ၀ယ်များ ရှိသော်လည်း
ဖမ်းဆီးရသမျှ ငါးများအားလုံးကို မ၀ယ်နိုင်၍ ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချရခြင်းဖြစ်ကြောင်း
သိရသည်။
“၀ါးလက်လှေတွေ
ကလည်း ငါး အများကြီးရတာ၊ တစ်နေ့ကို တန်ချိန် ရာဂဏန်း ကနေ ထောင်ဂဏန်းရတော့ ဂျက်တီ (ဆိပ်ခံတံတားရှိ အ၀ယ်ဒိုင်)တွေက မ၀ယ်နိုင်ဘူး။ ငါးလေလံဈေးမှာလည်း ဦးတို့ရောင်း ကြည့်ပြီးပြီ။
သူတို့မ၀ယ် နိုင်ဘူး။ သူ့မှာ ၀ယ်မယ့်သူလည်း မရှိဘူး။ လှေတစ်စင်းမှာ ပါတဲ့ငါး ဆိုလည်း
မ၀ယ်နိုင်ဘူး။ ၀ယ်တဲ့လူရှိရင်တော့ ဒီမှာပဲ ရောင်းမှာပေါ့။ ယိုးဒယားဈေးထက် နည်းနည်း နိမ့်ပေး။
ဒီမှာပဲရောင်းမှာ။ ၀ါးလက်လှေ ၅၀၀၊ ၆၀၀၊ ၇၀၀ လောက် ဖမ်းနေတဲ့ ငါးကို သိုလှောင် လုပ်မယ့်နေရာ
သူတို့မှာမရှိဘူး”ဟု ၎င်းက ပြောသည်။
တနင်္သာရီ တိုင်းဒေသကြီးမှ
ထွက် သော ပင်လယ် ငါးများကို ရန်ကုန်ဈေး ကွက်သို့ ရောင်းကြည့်သောအခါ လူကြိုက် နည်းပါးပြီး အရှုံးပေါ်သဖြင့် ထိုင်းနိုင်ငံကိုသာ
အမှီပြုပြီး ရောင်းနေရကြောင်း သိရသည်။
“ဘိတ်(မြိတ်)
ဘက်က ငါးကျတော့ ဒေသ အမျိုးအစားချင်း မတူလို့လား မသိဘူး။ ရန်ကုန်ဘက်က မကြိုက်ကြဘူး။ တနင်္သာရီတိုင်းက
ငါးကျတော့ ယိုးဒယားပဲ ဈေးကွက်ရှိတယ်။ မွန်၊ ဧရာငါးပဲ ရန်ကုန်မှာ ဈေးကွက်ရှိတယ်။ ဦးတို့ရန်ကုန်မှာ
လာရောင်းကြည့်ပြီးပြီ။ ရှုံးတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ကုန်ကြမ်းဖြင့် ထိုင်းနိုင်ငံတွင်
ကုန်ချောပြုလုပ်ကာ မလေးရှား၊ တရုတ် အစရှိသည့်နိုင်ငံများသို့ Made in
Thailand ဖြင့် ရောင်းချနေကြောင်း သိရသည်။
“ဈေးကွက်
သဘောအရ ယိုးဒယားနဲ့ ကိုက်တဲ့ငါး ယိုးဒယား ရောင်းတာပေါ့။ ယိုးဒယားကမှတစ်ဆင့် မလေးနဲ့ကိုက်တာ
မလေးသွားတယ်။ တရုတ်နဲ့ ကိုက်တာ တရုတ်သွားတယ်။ ရေငန်ပုစွန်ကျတော့ ဘိတ်မှာက ယိုးဒယားဈေးထက်
ပိုရတာပေါ့။ ဈေးကွက်စီးပွားရေးအရတော့ သူကိုက်တဲ့နေရာ သူရောင်းမှာပဲ” ဟု ၎င်းက ပြောသည်။
ထို့ပြင်
ဗဟုသုတ နည်းပါးသော အောက်ခြေရေလုပ်သား အချို့အား မိုင်းခွဲကိရိယာများပေးကာ ပင်လယ်ပြင်အတွင်း
မိုင်းခွဲဖမ်းဆီးမှုများ ပြုလုပ်စေပြီး ရရှိလာသော ငါးများကို ၎င်းင်းတို့က ၀ယ်ယူမှု များလည်းရှိနေကြောင်း
သိရသည်။
“သူတို့နိုင်ငံမှာ
ဒီလိုလုပ်ရင် သေဒဏ်ပဲ။ သူတို့ဆီကျတော့ မလုပ်ဘူး။ ဒီကလူတွေကိုတော့ သင်ပေးတယ်။ ဒီလို
မိုင်းခွဲတာကသန္တာကျောက်တန်းတွေကို ပျက်စီးစေ တယ်။ သန္တာကျောက်တန်း တစ်ခုဖြစ်ဖို့က နှစ်
၃၀ လောက်စောင့်ရတယ်” ဟု ၎င်းက ပြောသည်။
မိုးမိုးသူ
The Farmer
Journal
No comments:
Post a Comment