Pages - Menu

▼

Monday, August 26, 2013

လွန်းကျင်း လုပ်ငန်းခွင်အတွင်း လူတစ်ဦး ဓာတ်လိုက်သေဆုံး


၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ နေ့လည် (၁၂) နာရီကျော် အချိန်ခန့်တွင် ကျွန်းစုမြို့နယ် အပိုင် မြိတ်မြို့ တစ်ဘက်ကမ်း ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် ရေလုံလွန်းကျင်း၌ လုပ်ကိုင်နေသူ ဦးအေးချို (၄၀)နှစ် (ဘ) ဦးအေးကို သည် လုပ်ငန်းခွင် အတွင်း အလုပ်လုပ်ကိုင်နေစဉ် ကုမ္ပဏီ မီးစက်မှ လွန်းကျင်းသို့ သွယ်တန်းထားသော လျှပ်စစ် ၀ါယာကြိုးနှင့် ထိမိကာ ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ထိုသေဆုံးမှုနှင့် ပတ်သက်၍ ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၃ ဖြင့် အမှုဖွင့်လှစ် ထားရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment