မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်းအရုံး(ဗဟို)မှ ပန်းချီပညာဆိုင်ရာ
အသိပညာပေးဟောပြောပွဲကို သြဂုတ်လ(၃၁)ရက် နေ့လည်(၁)နာရီတွင် အထက(၁)မြိတ် ပညာ့ဗိမာန်ခန်းမ၌
ကျင်းပရာ မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်းအရုံး(ဗဟို) ဥက္ကဌနှင့် အဖွဲ့ဝင်များ၊
မြိတ်မြို့နယ် ပန်းချီ ပန်းပု အစည်းအရုံးဝင်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊
ဝါသနာပါသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်းအရုံး(ဗဟို) ဥက္ကဌ
ဦးမောင်မောင်လှမြင့်က ပန်းချီပညာ စတင်ဖြစ်ပေါ်လာပုံ၊ 3D , 4D , 5D
ပန်းချီများဖြစ်ပေါ်လာပုံ၊ ပန်းချီရေးဆွဲမှုအတတ်ပညာများ၊ အခြေခံ ပန်းချီ
ရေးဆွဲနည်းများကို ရှင်းလင်းဟောပြော၍ ပန်းချီ ရေးဆွဲရာတွင် အခြေခံကျသော
ပန်းချီကောက်ကြောင်း ရေးဆွဲ နည်းကို လက်တွေ့ သင်ကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်းအရုံး(ဗဟို) ပြန်ကြားရေး တာဝန်ခံ ဦးလှထွန်းအောင်က ရေဆေးပန်းချီရေးဆွဲနည်း လက်တွေ့သင်ကြားပေးပြီး မန္တလေးတောင် ရေဆေး ပန်းချီကားကို ရေးဆွဲပြသရာ ဆရာ/မများ ၊ ကျောင်းသူကျောင်းသူများနှင့် ၀ါသနာပါသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ သင်ကြား ခဲ့ကြသည်။ ဆက်လက်၍ မြိတ်မြို့နယ် ပန်းချီ ပန်းပု အစည်းအရုံးဥက္ကဌ ဦးကျော်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment