ကျွန်းစုမြို့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ပါတီဝင်များ စွမ်းရည်မြင့် သင်တန်း အမှတ်စဉ် (၁/၂၀၁၃)
သင်တန်း ဖွင့်ပွဲအား(၄-၉-၂၀၁၃)ရက်နေ့ နံနက် (၀၉၀၀)နာရီ အချိန့်ခန့်တွင် ကျွန်းစုမြို့ပါတီရုံးတွင်
ကျင်း ပြုလုပ်ရာ အခမ်းအနားတွင် ကျွန်းစုမြို့နယ်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် ကျွန်းစုမြို့နယ် NLD ဥက္ကဋ္ဌ ဦးကိုကိုလေးတို့မှ
သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းတွင်
Constitution ၊ Diplomacy ၊ Leadership၊ Democracy ၊ Transition to Democracy၊
Human Right ဘာသာရပ်များအား ပို့ချသွားမည် ဖြစ်ကာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့မှ (၁၀) ရက်နေ့
အထိ ဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် သင်တန်းသား
(၇၀)ဦးကျော် တက်ရောက်ကြောင်း သိရှိရသည်။
အလားတူ
သင်တန်းအား ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ တွင်လည်း သင်တန်းဖွင့်လှစ်လျှက်ရှိကြောင်း
သတင်းရရှိ ပါသည်။
No comments:
Post a Comment