တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် အလုပ်သင်ဆရာ၊ ဆရာမများ
လုပ်ငန်းခွင် စွမ်းရည် မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၂၁)ရက်
နံနက်(၈)နာရီတွင် မြိတ်မြို့ အထက(၁) ပညာ့ ဗိမာန်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ မြိတ်မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အမှာစကား ပြောကြားသည်။ ယင်းနောက် မြိတ်ခရိုင်ပညာရေးမှူး
ဦးကြည်သန်းက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး အလုပ်သင်ဆရာ၊ ဆရာမ သင်တန်းသား၊
သင်တန်းသူ များက မြတ်ဆရာ သီချင်း သီဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းကို မြိတ်ခရိုင် အတွင်းရှိ
ကျောင်းများမှ အလုပ်သင်ဆရာ၊ ဆရာမ(၄၂၈) ဦးတက် ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ အောက်တိုဘာလ
(၂၁)ရက်မှ (၂၃)ရက်နေ့ အထိ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သတင်း ၇ရှိသည်
IPRD MYEIK

No comments:
Post a Comment