Pages - Menu

▼

Friday, March 14, 2014

မြန်မာတွေမသိသေးတဲ့ မြန်မာ့ရတနာသိုက်

ဒီတပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ် (အင်္ဂလိပ်ပိုင်း)မှာ မြန်မာတွေ ကိုယ်တိုင် မသိသေးတဲ့ မြန်မာ့ရတနာသိုက် တစ်ခုအကြောင်းကို Amaury Lorin ဆိုသူ က တင်ပြထားပါတယ်။ အဲဒါကတော့ အင်္ဂလိပ်လို MacLeod Island လိုခေါ်ပြီး မြန်မာလို ခက်ရင်းခွကျွန်းလို့အမည်ရတဲ့ မြိတ်ကျွန်းစုအတွင်းက ကျွန်းရိုင်းလေး အကြောင်း ဖြစ်ပါတယ်။ စာရေးသူ ကတော့ အဲဒီကိုသူရောက်သွားချိန်မှာ သူကိုယ့်သူ “ရော်ဘင်ဆင် ကရူးဆိုးလို” တောင် ခံစားမိတယ်လို့ ဆိုထား ပါတယ်။


အဲဒီနေရာဟာ အန္ဒိယ၊ အင်ဒိုတို့နဲ့ ရေပိုင်နက် နယ်စပ်မို့ အရင်က မြန်မာစစ်တပ်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်တာကြောင့် မြန်မာတွေ တောင်မရောက်ဖူးကြသေး ပါဘူး။ အဲဒီကျွန်းပေါ်မှာ လူလုပ်အဆောက်အဦ ဆိုလို့ မြန်မာအက်ဒ်မန်ရီဆော့ဒ် ဆိုတဲ့ ဟိုတယ်တစ်ခုပဲရှိ ပါတယ်။


မြန်မာတွေကသာ အရောက်အပေါက် မရှိသေးတာ ကမ္ဘာ့နာမည်ကြီး ရေငုပ်ဒိုင်ဗင်သမားဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဒိုက်ဗင်သမား လက်မှတ်ရတာ ၄၅ နှစ်တောင်ရှိ ပြီဖြစ်တဲ့ အီတလီနိုင်ငံသား ရီနာတိုတစ်ကိုဇီ ကတော့ ခက်ရင်းခွကျွန်းမှာ ရေတောင်လာငုပ်ပြီးသွားပါပြီ။

သူကတော့ တို့မြန်မာရဲ့ “ခက်ရင်းခွကျွန်း”ဟာ “မော်လ်ဒိုက်”ထက်လုံးဝ မညံ့ပါဘူးတဲ့။ ပင်လယ်နေသတ္တဝါတွေကို ရေငုပ်ပြီး အရိုင်းသဘာဝအတိုင်း ကြည့်လို့ ရပါတယ်တဲ့။

နာမည်ကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ တို့နိုင်ငံပိုင်တဲ့ ဒီကျွန်းကို “ဒုတိယ ဖူးခက်” လို့ သမုတ်သူတွေလည်းရှိနေပါပြီ။

အရိုင်းဆန်တဲ့ သဘာဝအလှတွေ၊ ရေသတ္တဝါ အလှပဂေးတွေကို သာမက ပင်လယ်ဂျစ်ပစီလို့ အနောက်သားတွေခေါ်တဲ့ ဆလုံလူမျိုးတွေရဲ့ ဘ၀တွေကိုပါ တအံ့တသြ လေ့လာခွင့်ရမှာမို့ အနာဂတ်မှာ ဒီကျွန်းဟာ မြန်မာ့ခရီးသွား ရတနာသိုက်ဖြစ်လာမယ်လို့ စာရေးသူ Amaury Lorin ကခန့်မှန်းထားပါတယ်။

ဒါပေမဲ့ အဲဒီကျွန်းလေးမှာရှိတဲ့ သိပ်လှတဲ့သန္တာကျောက်တန်း ဟာ အန္တရာယ်တစ်ခုနဲ့တော့ ရင်ဆိုင်နေရ ပါတယ်။ ငါးမိုင်းခွဲတဲ့ စက်လှေတွေရဲ့ အန္တရာယ်ပါ။

ကဲ.....ဓာတ်ပုံတွေနဲ့တကွလေ့လာကြည့်လိုက်ပါဦး မိတ်ဆွေတို့.......

(မှတ်ချက်- စာရေးသူ Amaury Lorin သည် ပြင်သစ်လူမျိုးဖြစ်ပြီး ရန်ကုန်မှာ အခြေစိုက်နေထိုင်လျှက်ရှိတဲ့ သမိုင်းသုတေသီ၊ ဂျာနယ်လစ်၊ အတိုင်ပင်ခံတစ်ယောက်ဖြစ်ပါတယ်။ သူဟာ the founder of Myanmar Challenge ဆိုတဲ့စာအုပ်ကိုလည်း ရေးသားခဲ့သူဖြစ်ပါတယ်)

#ခက်ရင်းခွကျွန်း #MacLeod Island

http://www.mmtimes.com/index.php/lifestyle/travel/9785-passage-to-eden.html?start=1

1 comment:

  1. အိုး သွားချင်လိုက်တာ

    ReplyDelete