Pages - Menu

Friday, April 18, 2014

ဖိုးရှမ်းကမ်းခြေ၌ ရေကစားစဉ် (၁၄)နှစ်သား တစ်ဦး ရေနစ်သေဆုံး

မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံကျေးရွာရှိ ဖိုးရှမ်း ဘုရား ကမ်းခြေတွင် ဧပြီလ (၁၇)ရက်နေ့ မြန်မာ့နှစ်ဆန်း တစ်ရက်နေ့၌ (၈)တန်း ဖြေဆိုထားသော ကျောင်းသား ကလေး တစ်ဦး ရေကစား ရင်း ရေနစ်သေ ဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ 


ဖြစ်စဉ်မှာ ပုလောမြို့နယ် ရှပ်ပုံကျေးရွာ ရွာလယ်ရပ်နေ (ဘ) ဦးတင်ဆန်း၏ သား မောင်ထက်မြတ်ဦး ၊ အသက် (၁၄)နှစ်၊ (၈)တန်း ဖြေဆိုထားသော ကျောင်းသားသည်  ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ နံနက် (၁၀)နာရီ ခွဲ အချိန်ခန့်၌  ရှပ်ပုံကျေးရွာရှိ ဖိုးရှမ်း ကမ်းခြေ၌ အပေါင်း အသင်း များနှင့် ရေကစား ရင်း ရေလယ်ရှိ ဖိုးရှမ်း ဘုရားသို့ ဘုရားဖူးရန် ဖောင်စီးပြီး သွားစဉ် ၄င်းမှာ ဖောင်ပေါ်၌ စီးနင်း လိုက်ပါခြင်း မရှိပဲ ဖောင်ကြိုးကို တွဲ၍ လိုက်ပါ ရာ၌ ရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ကာ ၄င်း၏ ရုပ် အလောင်းအား ညနေ (၃)နာရီ ခွဲ အချိန်၌ ပြန်လည် ဆယ်ယူ ရရှိ ခဲ့သည်။

ထိုသို့ ရေနစ် သေဆုံးမှုနှင့် ပတ်သက်၍ ပုလောမြို့နယ် ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း ဖွင့်လှစ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment