တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ စစ်ရေယာဉ် တစ်စီးသည် ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် လန်းပိကျွန်း အနီးရှိ ရေပြင်တွင် ကင်းလှည့် လုံခြုံရေး ဆောင်ရွက်နေစဉ် ၂၀၁၅ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ည (၉)နာရီကျော် အချိန်ခန့်၌ တရားမ၀င် ငါးမိုင်းခွဲလှေ တစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
![]() | |
မြိတ်မြို့ ဆိပ်ငယ်တံတားတွင် ဆိုက်ကပ်ထားသည့် | ငါးမိုင်းခွဲလှေကို တွေ့ရစဉ် |
![]() |
ဖမ်းဆီးရမိသော ယမ်းနှင့် ဆက်စပ် ပစ္စည်းများ |
ငါးမိုင်းခွဲလှေ ဖမ်းဆီးရမိမှုတွင် ယမ်းဖောက်ခွဲရာတွင် အသုံးပြုမည့် ပုလဲဓာတ်မြေသြဇာ (၂၀) ကီလိုဂရမ်ဝင် ၁၀ အိတ်၊ ယမ်းပြင်း ၂၀ တောင့်၊ ရေခဲ (၁၀၀၀) ပေါင်ခန့်၊ ငါးမိုင်းခွဲရာတွင် အသုံးပြုသည့် ၀ါယာကြိုးများနှင့် အတူ ဖမ်းဆီး ရမိခြင်း ဖြစ်ကြောင်း သိရသည်။
ယခု ငါးမိုင်းခွဲလှေ ဖမ်းဆီးရမိမှုမှာ (၂)လအတွင်း (၃) ကြိမ်မြောက် ဖမ်းဆီးမိခြင်း ဖြစ်ပြီး ယခင် ၂၀၁၅ မတ်လ တွင် (၁)စီး၊ ဧပြီလ ပထမပတ်တွင် တစ်စီး ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိ ငါးမိုင်းခွဲလှေနှင့် တရားခံ လှေသားများ ၊ မိုင်းခွဲရာတွင် အသုံးပြုသော ယမ်းနှင့် ဆက်စပ် ပစ္စည်းများအား မြိတ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သို့ လွဲပြောင်းထားပြီး မြိတ်မြို့ မြို့မ ရဲစခန်းတွင် (ပ) ၁၆၆/၂၀၁၅၊ မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ဥပဒေ ပုဒ်မ ၄၄/ ၄၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment