အသက် (၆)နှစ် အရွယ် မိန်းကလေးငယ်အား အသက် (၄၀)နှစ်အရွယ် အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွား
၂၀၁၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေ (၅း၀၀) အချိန်ခန့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ကင်းဆိုးကျေးရွာ၊ နတ်သလင်းတောင်ခြေ ဦး ----------- ရော်ဘာခြံ ခြံစောင့်တဲ ၌ အသက် (၆)နှစ် အရွယ် မိန်းကလေးငယ်အား အသက် (၄၀)နှစ်အရွယ် အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေ (၄း၀၀) အချိန်ခန့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ကင်းဆိုးကျေးရွာ၊ နတ်သလင်းတောင်ခြေ ခြံပိုင်ရှင် ဦး-----------ရော်ဘာခြံ၌ ခြံစောင့်အဖြစ် လုပ်ကိုင်နေသော ဦးအောင်လွင်ဦး + ဒေါ်တင်ဌေး တို့၏ ခြံစောင့်တဲသို့ ၄င်းတို့နှင့် ခင်မင်ရင်းနှီးဝင်ထွက် သွားလာနေသူ တစ်ဦးဖြစ်သည့် အနီးအနားရော်ဘာခြံမှ ခြံစောင့်အလုပ်သမား ဦးလှစိုး (ခ) ကုလား (၄၀)နှစ် ဆိုသူသည် ပုံမှန်လာနေကျအတိုင်း ရောက်ရှိလာ၍ စကားစမြည် ပြောဆိုကြပြီး ဦးအောင်လွင်ဦး မှာ နွားများထိန်းကျောင်းရန် ထွက်သွားပြီးနောက် ဒေါ်တင်ဌေး သည်လည်း အိမ်တစ်ဖာလုံခန့် အကွာ ငရုတ်စိုက်ခင်းထဲ ငရုတ်ခူးသွားရန်အတွက် ဦးလှစိုး (ခ) ကုလားအား အိမ်၌ထားရစ်ခဲ့ပြီး အလုပ်လုပ်ရန်ထွက်လာခဲ့ကြောင်း၊ တခဏမျှအကြာ ညနေ (၅း၀၀) အချိန်ခန့် ဒေါ်တင်ဌေး ငရုတ်ခူးနေစဉ် တဲအိမ်ဆီမှ သမီးလေး မပပလင်း (၆)နှစ် (ပထမတန်း ကျောင်းသူ အ.ထ.က - ၅ အင်္ဂမော်ကျေးရွာ)၏ အော်သံကို ကြားရသောကြောင့် နေအိမ်သို့ သွားရောက်ခဲ့ရာ နေအိမ် တံခါးမကြီးမှာ ပိတ်ထားသဖြင့် ထုရိုက်တွန်းဖွင့်သော်လည်း မရသောကြောင့် ၀ါးတရံကြားမှ ချောင်းမြောင်းကြည့်ရှုခဲ့သည့် အခါ အိမ်နောက်ဖေး ရေစင်တွင် သမီးဖြစ်သူသည် ၄င်း၏ မိန်းမအင်္ဂါကို ရေဖြင့်ဆေးကြောနေပြီး နံဘေး၌ လှစိုး (ခ) ကုလား ငုတ်တုတ်ထိုင်နေသည်ကို တွေ့မြင်လိုက်ရကြောင်း၊ ဒေါ်တင်ဌေး မှာ တံခါးကို ထုရိုက်နှက်အတင်းအော်ခေါ်ဖွင့်ခိုင်းသည့်ခဏအကြာမှ လှစိုး (ခ) ကုလား လာရောက်ဖွင့်ပေးပြီး နေအိမ်အောက်သို့ ဆင်းသွားကြောင်း၊ ဒေါ်တင်ဌေးမှ သမီးဖြစ်သူအား မေးမြန်းကြည့်သည့်အခါ လှစိုး (ခ) ကုလားသည် အိမ်ပေါ်သို့တက်လာပြီး နေအိမ်တံခါးမကြီးအား ပိတ်ကာ နေအိမ်လှေခါးအတက် ကြမ်းပြင်ပေါ်တွင် သမီးဖြစ်သူ၏ ဘောင်းဘီတိုအား အတင်းဆွဲချွတ်၍ ၄င်း၏ပုဆိုးကို အပေါ်လှန်တင်လျှက် ကိုယ်ပေါ်သို့တက်ခွပြီး သမီးဖြစ်သူ၏ မိန်းမအင်္ဂါအား ပွတ်သပ်ကာ သားမယားအဖြစ်ပြုကျင့်ရန် ဆောင်ရွက်ခဲ့ကြောင်း သမီးဖြစ်သူပြောပြ၍ သိရှိရသဖြင့် ဒေါ်တင်ဌေးမှာ နေအိမ်အောက်၌ရှိနေသော လှစိုး (ခ) ကုလားအား ကိုယ်ချင်းစာနာစိတ်မရှိ ဘာကြောင့် ဒီလိုလုပ်တာလဲစသဖြင့် ပြောကြားရာ လှစိုး (ခ) ကုလား မှာ ၄င်းမှားသွားကြောင်းပြောကြားပြီး ပြန်သွားခဲ့ကြောင်း၊ ထိုနောက် လှစိုး (ခ) ကုလားသည် ၄င်း၏ မော်တော်ဆိုင်ကယ်ဖြင့် ညတွင်းချင်း မြိတ်မြို့သို့ ထွက်ပြေးလာခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ဧပြီလ ၂၄ ရက် တွင် ဒေါ်တင်ဌေးမှ သမီးဖြစ်သူ မပပလင်းအား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့သူ လှစိုး (ခ) ကုလားအား ဥပဒေအရ အရေးယူပေးပါရန် မြိတ်မြို့မရဲစခန်း၌ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြိတ်မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာအမှတ် (ပ) ၁၇၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့်ကာ အမှုမှထွက်ပြေးတိမ်းရှောင်နေသူ လှစိုး (ခ) ကုလား (၄၀)နှစ် (ဘ) ဦးသန်းတင် ၊ ၆/ တသရ (နိုင်) ၀၅၁၃၆၆ ၊ မွတ်ဆလင်/အစ္စလာမ်၊ နတ်သလင်းတောင်ခြေ၊ အင်္ဂမော်ကျေးရွာအုပ်စု၊ မြိတ်မြို့နယ်နေသူအား မြိတ်မြို့နယ်၊ အလယ်ကျွန်းနယ်မြေ၊ ပန်စရာရပ်ကွက်၊ ပြင်းငယ်ကျောင်းလမ်းသွယ်၊ အမှတ် (၆၅၄)ရှိ ၄င်း၏အဒေါ်ဖြစ်သူနေအိမ်တွင် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ၂း၃၀ အချိန်ခန့် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment