အဘိဓမ္မာနှင့် ယဉ်ကျေးမှု စာမေးပွဲ ကျင်းပ
(၄၆)ကြိမ်မြောက် မြိတ်မြို့နယ် သံဃာ့ပဝါရဏာ အဖွဲ့မှ ကြီးမူးကျင်းပသော အဘိဓမ္မာနှင့် ပရိယတ္တိ ယဉ်ကျေးမှု မင်္ဂလာ စာမေးပွဲကို ၁၃၇၆ ခုနှစ် တန်ခူး လပြည့်ကျော် (၄)ရက် (၇.၄.၂၀၁၅) အင်္ဂါနေ့တွင် တောင်ပုလဲရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းစာမေးပွဲသို့ ကျေးရွာ(၂၂)ရွာမှ ကျောင်းသား/သူ (၈၀၀)ကျော် ဝင်ရောက် ဖြေဆိုခဲ့ကြပါသည် စာမေးပွဲ ဖြေဆိုရာ၌ သံဃာ့ပဝါရဏာ လက်အောက်ရှိ ကျေးရွာများမှ ဆရာတော် သံဃာတော်များ ဘာသာရေး အသင်း အဖွဲ့များ ရပ်မိရပ်ဖများ ကျောင်းသား မိဘများ စုစုပေါင်း အင်အား နှစ်ထောင်ကျော် တက်ရောက် အားပေး ချီးမြှင့်ခဲ့ ကြသည် ။
myeik ashin

No comments:
Post a Comment