တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီ မြို့နယ် ပြည်သူ့ဆေးရုံတွင် ၂၀၁၅ ခုနှစ်၊ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက်
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီ မြို့နယ်မီးသတ်
ဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးမျိုးမျိုးနိုင် ဦးစီး၍ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်
(၆၅)ဦးမှ (၂-၅-၂၀၁၅)ရက်နေ့ (၀၉း၀၀) အချိန်တွင် ဆေးရုံဝင်း အတွင်း ခြုံနွယ် ပေါင်းပင်များ
ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်းစေရေး အတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်းများ
စုပေါင်း ပြုလုပ်ကြကြောင်း သိရှိရပါသည်။
ယင်းနောက် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များမှ
တနင်္သာရီမြို့ ပြည်သူ့ဆေးရုံတွင် အရေးပေါ် သွေးလိုအပ်လာပါက လှူဒါန်းနိုင်ရန် အတွက် သွေးအုပ်စုခွဲ
စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
No comments:
Post a Comment