ကျွန်းစုမြို့နယ်၌ အမျိုးသမီးများအ တွက် အခြေခံစက်ချုပ်ပ ညာသင်ကြားပေးလျက်ရှိ
ကျွန်းစု ဇူလိုင် ၂၃ ရက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် လူဦးရေစုစုပေါင်းရာခိုင်နှုန်း၏ ထက်ဝက်ကျော်ခန့် မှာ အမျိုးသမီးများနှင့် ကလေးသူငယ်များဖြ စ်ကြရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘ၀မြှင့်တင် ရေးမှာ ကဏ္ဍတစ်ခုအဖြစ် အထူးဂရုပြုဆောင် ရွက်လျက်ရှိကြရာ ကျွန်းစုမြို့နယ်တွင် အမျိုးသမီးများ ဘ၀မြှင့်တင်စေ ရေးအတွက် ရည်ရွယ်ကာ ကျွန်းစုမြို့နယ်အမျိုးသမီးများ နှင့် ကလေးသူငယ်ဘ၀မြှင့် တင်ရေးအသင်းက အခြေခံ စက်ချုပ်ပညာသင်တ န်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာန ၀န်ထမ်းများ ဧည့်ရိပ်သာအဆောင်တွင် ဇွန်လ(၂၀) ရက်နေ့ မှစတင်ဖွင့်လှစ် ကာ သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်အမျိုးသ မီးများနှင့် ကလေးသူငယ် ဘ၀မြှင့်တင်ရေး အသင်း အဖွဲ့ဝင်များ က ဇူလိုင်လ(၂၃)ရက် နံနက်(၁၀း၃၀)အချိန်က သင်တန်းသားများ၏ သင်ယူနေမှုများ၊ စားဝတ်နေရေး အခြေအနေများ၊ လက် တွေ့ချုပ်လုပ်နေ မှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ သင်တန်းတွင် ကျွန်းစုမြို့နယ် အတွင်း ရှိ မြို့ပေါ် ရပ်ကွက် များနှင့် ကျေးရွာများရှိ အမျိုးသမီးများတ က်ရောက်ကြရာ သင်တန်းသား(၃၅)ဦးရှိပြီး သင်တန်းနည်းပြကို မြို့ပေါ်ရှိစက်ချုပ်ပညာကျွမ်းကျ င်သူ(၂)ဦးတိြု့ ဖင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရ သည်။
ကျွန်းစု ဇူလိုင် ၂၃ ရက်
ပြည်ထောင်စုသမ္မတ
အဆိုပါသင်တန်းကိ
No comments:
Post a Comment