မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Tuesday, September 1, 2015

သက်ဆိုင်ရာတာဝန်ရှိသူမျာအား တင်ပြအပ်ပါသည်

သက်ဆိုင်ရာတာဝန်ရှိသူမျာအား တင်ပြအပ်ပါသည်
---------------------------
မြိတ်မြို့ မြို့မအားကစားကွင်း၏ တောင်ဘက်ဒေါင့် ပန်းခြံ ကဇာတ်ရုံဘေး ရှိ အမိုက်ပုံမှာ အမိုက်များအား စည်းကမ်းမဲ့ စွန့်ပစ်ထားသောကြောင့် အမြင်မတော် အနံ့အသက်ပေါင်း စုံလင်စွာဖြင့် ကျောင်းသား ပြည်သူများ သွားလာနေသော လမ်း၏ တွင်ရှိပြီး ၄င်းအနံ့အသက်များအား နေ့စဉ်ရှုရှိုက် နေရပါသဖြင့် အမိုက်ပုံကြီးအား အမြန်ရှင်းလင်းပေးနိုင်ပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ မြိတ်ပုလဲမြေမှတဆင့် အကြံပြု တင်ပြ အပ်ပါသည် . . .


Friday, February 6, 2015

လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းမကျသည့် ကိစ္စနှင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ကြားသိနိုင်ပါစေ



လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းမကျသည့် ကိစ္စနှင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ကြားသိနိုင်ပါစေ 
 ============================================
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းသော်လည်း ဓာတ်အားခ တစ်ယူနစ် ဈေးနှုန်းများ မကျဆင်းသည့် ကိစ္စနှင့် ပတ်သက်၍ လျှပ်စစ် ဓာတ်အား သုံးစွဲသူများက FB လူမှုကွန်ယက် ပေါ်တွင် ရေးသား ဝေဖန် နေသည့် အကြောင်းအရာများအား တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ကြားသိ နိုင်ပါရန် တင်ပြပါသည်။

(၁) ပါးစပ်လေ ထွက်ရာပြောတတ်သော အစိုးရအဖွဲ့သို့ .......
((( ရေးသားသူ - Lin Naing ))) FB မှ ကူးယူသည်။
လက်ရှိ အစိုးရအဖွဲ့ကို သတိပေးချင်တာကတော့ မင်းတို့တွေ ရွေးကောက်ပွဲ နီးကာမှ ဘယ်လိုပဲ မဲဆွယ်ဆွယ် တနင်္သာရီတိုင်းဒေသကြီး မှာတော့ မင်းတို့ မဲရဖို့ တော်တော်လေး ဝေးနေပြီ.... နိုင်ငံသားတိုင်း တန်းတူညီမျှ အခွင့်အရေး ရမယ်တဲ့ .......  သူများတွေ လျှပ်စစ် ၁ ယူနစ်ကို ၃၅ ကျပ်နှင့် သုံးနေတဲ့ အချိန်မှာ တနင်္သာရီ တိုင်းသားတွေ လျှပ်စစ် ၁ ယူနစ်ကို ၄၀၀ ကျော် နဲ့ သုံးလာခဲ့ရတာ လက်ရှိ အစိုးရသက်တမ်းတစ်လျှောက်ပါပဲ၊ ဒါကို လက်ရှိ အစိုးရအဖွဲ့ ဘာမှ မစွမ်းဆောင်နိုင်ဘူး၊ စွမ်းဆောင်ပေးဖို့ နေနေသာသာ လက်ရှိ လောင်စာဆီ ဈေးနှုန်းအရ လျှပ်စစ်မီး ၁ ယူနစ်ကို ၂၅၀ ကျပ်နဲ့ ကောက်ခံရင်တောင်မှ အမြတ်ကျန်တဲ့ အချိန်မှာ ၁ ယူနစ် ၃၇၀ ကျပ်နဲ့  ကောက်ခံတဲ့အပေါ်မှာ ၀င်ရောက် ထိန်းညှိပေးခြင်းမျိုး မရှိဘူး၊ အခွန်အခတွေကို အများနည်းတူ ကောက်ခံဖို့ ကျတော့ စွမ်းဆောင် နိုင်တယ်။ တနင်္သာရီ တိုင်းသားတွေ လမ်းတွေကို ကိုယ်ထူကိုယ်ထ ခင်းရတယ်၊ ရေကို ကိုယ့်အစီအစဉ်နှင့်ကိုယ် သုံးရတယ်၊ အမှိုက်တွေကို  ကိုယ်ထူကိုယ်ထ ကားထောင်ပြီး လစဉ်ကြေးနဲ့  အမှိုက်ပစ်ရတယ်၊ ဖုန်းလိုင်းက အထက်မြို့တွေမှာ သုံးရ အဆင်ပြေသလောက် တနင်္သာရီ တိုင်းသားတွေမှာ လူကြီးမင်းနဲ့ အ၀ိုင်းလည်နေတာနဲ့ပဲ နဘမ်းလုံးနေရတယ် ဘယ်မှာလဲ တန်းတူညီမျှတဲ့ အခွင့်အရေး ဒီလိုအစိုးရမျိုးကို မဲပေးလောက်ရအောင် တနင်္သာရီတိုင်းသားတွေ ဒီလောက်မမိုက်မဲဘူးဆိုတာ သိထားစေချင်ပါတယ်။

(၂) တနင်္သာရီတိုင်းဒေသကြီးလျှပ်စစ်ဝန်ကြီးသို့ 
=============================
မြိတ်ဟစ်တိုင် မှ ကူးယူသည်။

ကျွန်တော်တို့  မြိတ်မြို့ သည် မြန်မာနိုင်ငံ၏ လျှပ်စစ် မီးသုံးစွဲခ အမြင့်မားဆုံး ပေးဆောင်ရသော ထိပ်ဆုံး ၅ မြို့ ထဲမှ ဖြစ်ပါသည်။မြိတ်မြို့ တွင် လျှပ်စစ် မီးလင်းရေး အဖွဲ့ ၉ ဖွဲ့ ရှိပါသည်။ ယခုမြိတ်မြို့ သို့ ရောက်ရှိလာသော ဖိုးသီးချို မှ မီးစက်ကြီးများသည် ဒီဇယ် ကုန်ကျမှုသက်သာခြင်း ကြောင့် တစ်ယူနစ်လျှင် ၃၇၀ ကျပ်သို့ လျော့ချပေး ခဲ့သည်ဟု သတင်းစာများတွင် ဖော်ပြချက်အရ သိရပါသည်။ ယခင်က ဒီဇယ် တစ်ပီပါ လျှင် နှစ်သိန်း ရှစ်သောင်းကျပ်သို့ ဈေးတက်သည့် အချိန်၌ မီးလင်းရေး အဖွဲ့ များသည် ခရိုင်ထွေ အုပ်သို့  ဈေးတက်မှ တွက်ခြေကိုက်မည် ပြောက တစ်ယူနစ်ကို ၄၂၀ ကျပ်အထက် သို့ တိုးမြင့်ကာ ပြည်သူများ အပေါ်ကောက်ခံ ခဲ့သည်။ ယခုအခါ ဒီဇယ် တစ်ပီပါ တစ်သိန်းနှစ်သောင်းကျပ်သို့  ဈေးကျသောအခါ လျှပ်စစ်မီးသုံးစွဲခ ကို မလျော့ပေး ယခင် ဈေးနုန်းအတိုင်းသာ ကောက်ခံနေပါသည်။ ထိုသို့ PTC မီးလင်းရေးအပါအဝင် ပြည်သူများအပေါ် အမြတ်ထုတ်နေမှုအား ဖြေရှင်းပေးပါရန် တိုင်းဒေသလျှပ်စစ်သို့ တင်ပြလိုက်ရပါသည်။

(၃) ၀ဋ်ရှိသရွေ့ ခံလိုက်ပေအုံးပေါ့
ရေးသားသူ ( Ye Htun )
ဒီတစ်လ ဇန်န၀ါရီလအတွက် မြိတ်မြို့ တစ်မြို့လုံးရဲ့ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ် ကျသင့်ငွေက (၃၇၀ိ)နှုန်း။ ကျွန်တော် အမြင်အရတော့ လက်ရှိ စက်သုံးဆီ ဈေးနှုန်းနဲ့  တွက်ချက်ရင် များတယ် ထင်တယ်။ ဓာတ်အား ရောင်းချသူက တစ်ယူနစ် (၅)ထောင်ဈေးလောက် ရောင်းလေ သူတို့ အတွက် ပိုကိုက်လေ ဖြစ်သလို၊ ကျွန်တော်တို့လို သုံးစွဲသူတွေ အတွက်ကလည်း တစ်ယူနစ် (၅ိ/)ကျပ်ဈေးလောက် ရလေ ပိုကောင်းလေပဲ။

ဒါပေမယ့် လျှပ်စစ်ဓာတ်အားလို ရွေးချယ်ခွင့်မရှိပဲ ၀ယ်ယူ သုံးစွဲနေရတဲ့ မြို့နေ သုံးစွဲသူတွေနဲ့ ရောင်းချသူတွေရဲ့ ကြားမှာ ဓာတ်အား ရောင်းချသူတွေ အတွက် ထိုက်သင့်တဲ့ အမြတ်နဲ့ ၀ယ်ယူ သုံးစွဲသူတွေ ဈေးကြီးပေးပြီး နစ်နာမှု မရှိအောင် ၀ယ်ယူခွင့် ရရှိရေး ပေါင်းစပ် ညှိနှိုင်းပေး ရမှာကတော့ လက်ရှိ အုပ်ချုပ်ရေး တာဝန်ယူထားသူတွေရဲ့ တာဝန်ပဲ။

ဒါပေမယ့် ..... လက်ရှိတော့ ၀ဋ်ရှိသရွေ့ ခံလိုက်ပေအုံးပေါ့ ....... ဘာမှ မတတ်နိုင် တာကိုး။။။။

(၄) မြိတ်မြို့ လျှပ်စစ်ဓာတ်အားခ ဘယ်သူအတွက် မချတာလဲ
===========================
(((((မြိတ်သတင်းနှင့်အတင်းများ)))))

မြိတ်မြို့ လျှပ်စစ်ဓာတ်အား အခြေအနေကို လူပြိန်းနည်းနဲ့ တွက်ချက်ထားတာပါ။

တစ်ဂါလံ ထုတ်လုပ်နိုင်မှု ယူနစ် ----- အများဆုံး (၁၄)ယူနစ် ၊
အနည်းဆုံး (၈)ယူနစ် ..... ဒါပေမယ့် မီးလင်းရေးတွေက (၈)ယူနစ်၊ (၉)ယူနစ် လောက်ပဲ ထုတ်လုပ်နိုင်တယ်လို့ ..... အကြောင်းပြပြီး ငြင်းကြလိမ့်မယ်။ အကြောင်းပြချက်က ဓာတ်အားပျောက်ဆုံးတယ်လို့ အကြောင်းပြလိမ့်မယ်။
ဒီဇယ်တစ်ဂါလံ (၄၄၀၀ိ/) ဈေးနှုန်းတုန်းက ဓာတ်အားခ တစ်ယူနစ် (၄၇၀ိ/- သို့ ၄၈၀ိ/ကျပ်)
ဒီဇယ် တစ်ဂါလံ ( ၃၈၀၀ိ/)နှုန်းတုန်းက ဓာတ်အားခ တစ်ယူနစ် (၄၂၀ိ/သို့ ၄၃၀ိ/)ကျပ်တောင်းခံတယ်။
အခု ဓာတ်အားခ တစ်ဂါလ ၂၅၀၀ိ/ ဖြစ်နေပြီ ..... တစ်ဂါလံ (၉)ယူနစ် ထုတ်လုပ် နိုင်မှုနှုန်းနဲ့ ဆိုရင် တစ်ယူနစ် ကုန်ကျစရိတ်က ပျမ်းမျှခြင်း .... ၂၈၀ိ/ ကျပ်ပဲ ရှိတယ်။
ပိုင်ရှင်တွေ အတွက် ၀န်ထမ်းစရိတ်နဲ့ အမြတ်နဲ့ ၀န်ဆောင်မှုတွေ အတွက် တစ်ယူနစ် (၅၀ိ/)ကျပ်နှုန်းနဲ့ပဲ အမြတ်တင်အုံး ...... အမှန်တကယ် အများဆုံး ၃၃၀ိ/.... နှုန်းနဲ့ ဒီလ အတွက် ဓာတ်အားခံ ကောက်ခံသင့်တယ်။ ။။။ ဒီထက်ပိုများရင်တော့ မဟုတ်တော့ဘူး ..... မြိတ်ခရိုင် မီးလင်းရေး ကော်မတီမှာ တာဝန်ရှိလာမယ်။
အခြားနည်းနဲ့ တွက်လို့ ရသေးတယ် ။
ဒီဇယ် တစ်ဂါလံ (၄၄၀၀ိ/နှုန်း)တုန်းက တစ်ယူနစ် (၄၈၀ိ/)ကျပ် ။ မြိတ်သားတွေ ပေးဆောင် ခဲ့ရပြီးပီ.။ အခု ဒီဇယ် တစ်ဂါလံ ပီပါလိုက်ဈေးနှုန်းနဲ့ဆို (၂၂၀၀ိ/)ကျပ်ပဲ ကျန်တော့တယ်။ အဲဒီအချိန်မှာ ဓာတ်အားခ တစ်ယူနစ် အများဆုံး (၃၀၀)ကျပ်ပဲ ကောက်ခံသင့်တော့တယ်။
ဒီထက် ပိုကောက်ခံမယ်ဆိုရင် မီးလင်းရေး ကော်မတီအားလုံးရဲ့ ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး တာဝန်ရှိလာတော့မယ်။ လက်ရှိ ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ပွင့်လင်းမြင်သာအောင် ချပြပြီး ကောက်ခံသင့်တယ်။
တကယ်လို့ (၃၀၀)ထက် တိုးကောက်မယ် ဆိုရင် မေးစရာ မေးခွန်းတွေ ရှိလာတယ်။
- လျှပ်စစ်ဌာနက ညွှန်မှူးတွေ စစ်ဆေးရေး လာရောက်တဲ့အခါ ကုန်ကျတဲ့ စရိတ်တွေ
( တစ်ခါလာ (၁၅)သိန်းလောက် ကုန်ကျတယ်လို့ သိရတယ်။ ငြင်းမယ်ဆိုရင် ဘောက်ချာတွေ
ရှိတယ်။ ထုတ်ပြမယ်။ ) အတွက် မြိတ်သူ မြိတ်သားတွေက ကျခံပေးရမှာလား။
- ခရိုင်အုပ်ချုပ်ရေးမှူးအိမ် တီဗီဝယ် + ကားပြင်ဖို့ အတွက် မြိတ်သူ မြိတ်သားတွေက ကျခံပေးရမှာလား။
- အလုပ်အကိုင် မရှိတဲ့ လျှပ်စစ်ရုံး ၀န်ထမ်းတွေကို ဖားပြီး ကျွေးမွေး မုန့်ဖိုး ပေးဖို့အတွက် မြိတ်သူ မြိတ်သားတွေက ကျခံပေးရမှာလား။
- လျှပ်စစ်ဝန်ကြီး မြိတ်ကို လာတဲ့အခါ ကုန်ကျတဲ့ ကားစရိတ်နဲ့ ကျွေးမွေးစရိတ်တွေ အတွက် မြိတ်သူ မြိတ်သားတွေက ကျခံပေးရမှာလား။

နောက်တစ်ခု ရှိသေးတယ်။
- တစ်မြို့လုံးအတွက် လမ်းမီးအတွက် အစိုးရက ကုန်ကျမခံတဲ့ တိုင်းဟာ တနင်္သာရီတိုင်း တစ်ခုပဲ ရှိသေးတယ်။ မီတာ (၁)လုံး အတွက် (၅၀၀ိ/) နှုန်းနဲ့ လမ်းမီးဖိုးကို မီးသုံးစွဲသူတွေက ကျခံပေးနေ ရမယ်။ စည်ပင် အခွန်ပြေစာမှာတော့ ၊ ရေခွန် ၊ မီးခွန် အကုန် ပါတယ်။ ဒါပေမယ့် စည်ပင်က တာဝန်မယူဘူး။ မြို့သားတွေပဲ အကုန်ကျ ခံနေရတယ်။

- မြန်မာလျှပ်စစ်ဓာတ်အားက ဘာမှ မလုပ်ပဲ တစ်ယူနစ် (၁၀ိ)ကျပ်နှုန်းနဲ့ အချောင် လာကောက်နေတယ်။ ကိုယ့်ဘာသာ ပုဂ္ဂလိက မီးလင်းရေးက ၀ယ်သုံးရသေးတယ်။ ဓာတ်အားခ (၁၀ိ/)နှုန်းလဲ အစိုးရက အချောင်ဝင်ကောက်နေသေးတယ်။ ဖြစ်သင့်လား ။
- ဒီလိုသာ ဆက်သွားနေရင် ၂၀၁၅ အတွက် လက်ရှိ အစိုးရ ပြန်ပေးဆပ်ရမယ်။

Wednesday, September 10, 2014

မြိတ်အထက်တန်းကျောင်း ဖွံ့ဖြိုးရေးအတွက် သောင်းဂဏန်း အထိ အလှူငွေ ထည့်ရဟု တနင်္သာရီ သတင်း ဂျာနယ်ပါ ခေါင်းစဉ်နှင့် ပတ်သက်၍ အထက(၂) ကျောင်းသူ ကျောင်းသား ဟောင်းများ အဖွဲ့မှ တနင်္သာရီ ဂျာနယ်သို့ ပေးစာ

ပထမဦးစွာ အဆိုပါ တနင်္သာရီ  သတင်းဂျာနယ်တွင် ထိုသတင်းကို ရေးသား သူများနှင့် အယ်ဒီတာ များသည်  ကျောင်းနေဖူးပါ ၏လော၊ ကျောင်းနေဖူးပါက ကျောင်းတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မိမိကျောင်း တိုးတက်ရာ တိုးတက်ကြောင်း လုပ်ငန်းများ လုပ်ဆောင်ဖူးပါ ၏လော၊ ဆရာ / ဆရာမ များ၏ ကောင်းမွန်သော သင်ကြား ဆုံးမမှု၊ နာခံမှုများကို လိုက်နာဖူးပါ၏လော၊ ကျောင်းနေစဉ် ကာလ အတွင်း သူငယ်ချင်း မိတ်ဆွေ ကောင်းများနှင့် ဆက်ဆံ ခင်မင်ရပါ၏ လောဟု ဦးစွာ ပထမ မေးမြန်းလို ပါသည်။

Tuesday, July 1, 2014

မယုံမရှိနဲ့ ကိုယ်တွေ့

သစ္စာတရား လိုလားသူမို့ အမှန်တရား တင်ပြပါရစေ ၊ ကျွန်မ မျက်မြင်ကိုယ်တွေ့ပါ။ ၂၆-၆-၂၀၁၄ ရက်နေ့ နံနက် (၁၁)နာရီခွဲကျော်ကျော် အချိန်လောက်က ကျွန်မသည် ကိစ္စတစ်ခုဖြင့် မြိတ်မြို့နယ် တရားရုံးရှေ့သို့ အရောက် တရားရုံး လမ်းဆုံ အဆင်းတွင် ဆူဆူညံညံ အသံကြားလိုက်ရပါသည်။ ဆူညံနေ၍ သွားကြည့်တော့ အမျိုးသမီးတစ်ဦးအား ရဲယူနီဖောင်းဝတ် ရဲမေ တစ်ဦးနှင့် အခြား အမျိုးသမီး တစ်ဦးတို့မှ အမှုကိစ္စအတွက် ရုံးသို့ လိုက်ခဲ့ရန် အေးအေး ဆေးဆေး ပြောဆိုရာ အဆိုပါ အမျိုးသမီးက မလိုက်နိုင်ကြောင်း၊ အော်ဟစ် ပြောဆိုပြီး တရားရုံးဘက်မှ အခွန်ရုံးဘက်သို့ ဆင်းလျှောက်သွားသဖြင့် ရဲမေနှင့် အဖော်ပါ အမျိုးသမီးမှ ထိုအမျိုးသမီးအား လက်ဆွဲ၍ ရုံးသို့ လိုက်ခဲ့ရန် ထပ်မံ ပြောဆိုပါတယ်။ ထိုအမျိုးသမီးမှ အသာတကြည် မလိုက်ဘဲ အတင်း ရုန်းကန် ရန်တွေ့ခြင်း၊ ထမီအား ချွတ်ချ လိုက်မည်ဟု ခြိမ်းခြောက် ပြောဆိုသည်ကို ကြားလိုက်တော့ ကျွန်မ အံ့သြ မိပါတယ်။ ရဲမေနှင့် အဖော် အမျိုးသမီး တို့မှ လက်တစ်ဖက်စီ ဆွဲချုပ်ပြီး ရဲရုံးဘက်သို့ ခေါ်ဆောင် သွားသည်ကို တွေ့လိုက်ရ ပါတယ်။ အခြား မည်သည့် ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက် ရိုက်နှက် ထိုးကြိတ်ခဲ့ခြင်း မရှိခဲ့ပါ။ ကျွန်မ စိတ်ဝင်စား၍ ပတ်ဝန်းကျင်ကို မေးကြည့်တော့ ငွေလိမ်လည်မှု ကျူးလွန်သဖြင့် ရဲတပ်ဖွဲ့မှ တရားစွဲတင်ရန် အလိုရှိသော တရားခံ ဒေါ်ဝင်းဝင်းသန်း ဆိုသူ ဖြစ်ကြောင်း၊ တရားရုံး မှာလည်း အိမ်အပေါင် ခံပြီး ငွေမဆပ်လို့ အမှု ရင်ဆိုင်နေ ရကြောင်း သိရပါတယ်။



Monday, June 30, 2014

မြိတ်မြို့ သစ်ယာဝ ကျေးရွာ စိုက်ပျိုးရေး တာဝန်ခံမှ လယ်သမားများ စိုက်စရိတ် ထုတ်ပေးရာတွင် မမှန်မကန် ဆောင်ရွက်သည့် ကိစ္စ ဖြေရှင်းပေးပါရန် (ပေးစာ )



မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာမှ စိုက်ပျိုးရေး တာဝန်ခံ သည် လယ်ယာစိုက် ပျိုးရေး လုပ်ကိုင်လျက် ရှိသော ရွာငယ်များရှိ လယ်သမားများအား အစိုးရက ထုတ်ချေးပေးသော စိုက်ပျိုးရေး စရိတ်များကို မိမိကိုယ်ကျိုး အတွက်၌ အသုံးပြုရန် အတွက် ထိုချေးငွေများကို နည်းမျိုးစုံ ဖြင့် လိမ်လည် အမြတ်ထုတ်ပြီး လယ်သမားများ အပေါ်ခေါင်းပုတ်ဖြတ်လျက်ရှိပါတယ်။
 
နိုင်ငံတော်က လယ်သမားများ အတွက် လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် အတိုးနှုန်း နဲနဲဖြင့် ထုတ်ချေးခဲ့ရာ ထိုချေးငွေများကို စိုက်ပျိုးရေး တာဝန်ခံ ထောက်ခံချက်ပါရှိသော ဘဏ်စာအုပ်ဖြင့်သာ ထုတ်ယူခွင့်ရှိ ပါသည်။ ထိုဘဏ်စာအုပ်များသည် လယ်ယာမြေများရှိသော လယ်သမားများနှင့်သာ သက်ဆိုင်၍ လယ်ယာမြေများ မရှိသောသူများနှင့်မူ လုံးဝသက်ဆိုင်ခြင်း မရှိပါ။

Monday, April 28, 2014

၉၆၉ ဘုန်းကြီးတစ်ပါးမှ ရိုက်နှက်သည်ကို အရေးမယူပေးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ထံ လာရောက် တိုင်ကြားသည့် အရှင်စန္ဒမာလာ ၏ဖြစ်စဉ်အမှန်

ထားဝယ် မဘသ အဖွဲ့မှ ဖော်ပြစရာ များစွာ ရှိသည့် အနက် အမြန်ဖော်ပြ စရာပေါ်လာသည့် အတွက် အရှင် စန္ဒမာလာ ကိစ္စကို ဦးစွာ တင်ပေးလိုက်ပါသည်။။ သူနှင့် မိသားစုဝင် များ၏ မျက်နှာကို ထောက် ထားသော အားဖြင့် ဂုဏ်ငယ်မည့် အရာများကို ချန်လှပ်၍ တင်ပြထား ပါသည်။



Wednesday, March 5, 2014

ထားဝယ်သား တပ်ချုပ်ကြီးသို့ ပေးစာ

ထားဝယ်သား တပ်ချုပ်ကြီးသို့ ပေးစာ

ဗမောင်း |တနင်္သာရီ အပတ်စဉ် အတွဲ ၁ အမှတ် ၃၉ မှ |

တပ်ချုပ်ကြီးခင်ဗျား အာဆီယံနိုင်ငံတွေကို ချစ်ကြည်ရေးခရီးတွေ၊ စံချိန်မီ တပ်မတော် (Standard Army) ဖြစ်ရေး၊ အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး တွေနဲ့ အလုပ်ရှုပ်နေတုန်း ဆိုင်းမဆင့် ဗုံမပါဘဲ ဗမောင်းရဲ့ပေးစာရောက်လာတဲ့ အတွက် စိတ်အနှောင့် အယှက်ဖြစ်သွားရင်လည်း တောင်းပန်ပါတယ်။


မြစ်အော့သား (ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်သား) တပ်ချုပ်ကြီးကို အပူကပ်စရာတွေလည်း များသားဗျ။ အပူကပ်စရာဆိုလို့ ဗမောင်းအတွက် ကားပါမစ် ဘာညာမထင်လိုက်ပါနဲ့ဗျာ။ ကျုပ်တို့ ရွာနားက ရွာသားတွေ၊ မြို့သားတွေ ပြောနေဆိုနေတာ၊ ဆွေးနွေးနေတာကို ပြန်ပြီး ပဲ့တင်ထပ်ပေးချင် တာပါ။

တလောက သမ္မတကြီးရဲ့ ပြည်ထောင်စုနေ့ ညစာ စားပွဲမှာ တပ်ချုပ်ကြီးနဲ့ ထားဝယ်ပါတီက ကိုယ်စားလှယ် တစ်ဦးတွေ့တော့ လိုအပ်တာ ပြောပါလို့ အမှာတော် ပါးလိုက်တယ်ဆိုပဲ။ အဲဒီ ကိုယ်စားလှယ် က ပြန်ဖောက်သည်ချလို့ သိရတာပါ။ ဒီတော့ အရဲစွန့်ပြီး ပြောရတာပေါ့ဗျာ။ နေပြည်တော်နဲ့ ထားဝယ်က ခပ်လှမ်းလှမ်း ဆိုပေမင့် ဒီစာတော့ ရောက်မယ် ထင်ပါရဲ့ဗျာ။

ပြောစရာ တစ်ပုံတစ်ခေါင်းထဲမှာမှ အပြောများဆုံး ဖြစ်တဲ့ ကိစ္စကြီး လေးခုကို ဒီစာလွှာမှာ အဓိက ရေးပါရစေ ခင်ဗျား။

(၁)

ဦးစွာပြောလိုတဲ့ ကိစ္စကတော့ လျှပ်စစ်မီးပါပဲ တပ်ချုပ်ကြီးရေ။
ကြားလို့မှ ကောင်းသေးရဲ့လား သဘာဝဓာတ်ငွေ့ ဖင်ခုထိုင်နေတဲ့ နေရာမှာ လျှပ်စစ် တစ်ယူနစ်ကို အစိုးရဈေးရဲ့ အဆ ၂၀ အထိ ပေးနေရပါတယ်။ ကြားလို့မကောင်းတာ ကောင်းတာ မသိဘူးခင်ဗျ။ သုံးလို့က တော့ လုံးဝ မကောင်းရိုးအမှန်။ တစ်လတစ်လ ကို ရင်တုန်ပန်းတုန်နဲ့ လုပ်ငန်းရှင်ကြီး ငယ်လတ် များ ခမျှာ ဖြတ်သန်းနေရပါတယ်။

မြန်မာနိုင်ငံ တော်တော်များများနေရာတွေမှာ အစိုးရဈေး တစ်ယူနစ် ၃၅ ကျပ် ဖြစ်နေချိန်မှာ ဗမောင်းတို့ တစ်တိုင်းလုံးမှာတော့ သိတော်မူကြတဲ့ အတိုင်းပါပဲ။ ၁၉၉၈ မှာ ကံပေါက်ကနေ ဓာတ်ငွေ့ ထိုင်းကို စရောင်း တယ်။

၂၅ ရာခိုင်နှုန်း မြန်မာပြည်က ရမယ်။ ထားဝယ်ကို ပေးမယ်ဆိုပြီး တိုင်တွေ ထောင်တယ်။ နောက်ပြီးတော့မှ မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ဘယ်လို ခုန်ပျံကျော်လွှား ရောက်သွားမှန်း ဗမောင်းတို့ မသိခဲ့ရိုးအမှန်ပါ။ ပြောနေကြတာကတော့ အဲဒီတုန်းက အဲဒီတုန်းက စေတနာကောင်းလှ ပါချည်ရဲ့ဆိုတဲ့ စစ်အစိုးရ ၀န်ကြီးတစ်ပါးက ထားဝယ်အစား သူပိုင်တဲ့ ဘိလပ်မြေ စက်ရုံကို ပြောင်းသွယ်ခိုင်း လိုက်တယ်ဆိုပဲ။

ကံပေါက် ထားဝယ် ကားလမ်းဘေးမှာ နှစ်ပါးသွားက နေရတဲ့ ဓာတ်ကြိုးမဲ့ မီးတိုင်ရှည်များ အခုထိ တွေ့မြင်နိုင်ပါသေးတယ်။

အဲတပ်ချုပ်ကြီးက လေကြောင်း ကပဲ လာတတ်တာ ဆိုတော့ မြင်ချင်မှ မြင်မှာပေါ့လေ။ နောက်တစ်ခေါက်လာရင် ဆင်းကြည့်ပါဦးလို့ လောဆော်ပါရစေ တပ်ချုပ်ကြီး  ခင်ဗျား။ ဒီမှာ ဆိုစရာရှိလာတာက တိုင်းပြည် အုပ်ချုပ် စီမံရေး ကိစ္စကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဘာဆိုင်လို့လဲဆိုတဲ့ မေးခွန်းပါပဲ။

လင်းပါရစေခင်ဗျား။

ပြည်ထောင်စု အစိုးရအဖွဲ့ထဲမှာ တပ်မတော်က တင်သွင်းထားတဲ့ ရွေးကောက်ခံ မဟုတ်တဲ့ ဒုတိယ သမ္မတ တစ်ဦးရှိပါတယ်။ အဲဒီ ဒုတိယ သမ္မတဟာ အခုအခါမှာ သမ္မတ ဦးဆောင်တဲ့ ဘဏ္ဍာရေး ကော်မရှင်မှာ ပြည်ထောင်စု ၀န်ကြီးဌာနတွေကို ကြီးကြပ်ရတဲ့ တာဝန်ယူထားပါတယ်။

ဒီတော့ အဲဒီ တပ်ချုပ်ကြီးတို့ရဲ့ ဒုတိယ သမ္မတက တဆင့် ဗမောင်းတို့ ဒေသ လျှပ်စစ်မီးရအောင် အစီအစဉ် ထည့်ဆွဲ ဘတ်ဂျက် တိုးပေးဖို့ တွန်းအားပေးဖို့ တောင်းဆိုပါရစေ။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်ပေါ့ဗျာ။

နိုမို့ဆို ဗမောင်းတို့ ဒေသခံများ ခမျှာ သွေးခွဲအုပ်ချုပ်သလို ခံစားရတယ်။ ဟိုမှာက ၃၅ ကျပ် ဒီမှာက ကျပ် ၄၇၀ ကနေ ၇၀၀ အထိဆိုတော့လေ။ နိုင်ငံတော်သီချင်း အစဖြစ်တဲ့ 'တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ' ဆိုပြီး စဆိုဖို့တောင် နင့်ခနဲဖြစ်ဖြစ်သွားတယ်။ အခုက မတရားဘူးကိုဗျ။

(၂)

နောက်တစ်ခုကတော့ အခုတလော သတင်းကြီးနေတဲ့ လယ်ယာမြေကိစ္စပါ။ တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးမယ်လို့ ပြောတယ်။ ဧကနဲ့ တကွ တိုင်းနဲ့ ပြည်နယ်တွေမှာ ဘယ်လောက်ပေးမယ်ဆိုပြီး ကြေညာတယ်။ နောက် ပြည်ထဲရေးကို လွှဲတယ်။ အဲဒီကနေ တဆင့် မူရင်း ပိုင်ရှင်တွေကို ပြန်ပေးဖို့ပေါ့လေ။

အခုတော့ တပ်သိမ်းမြေပြန်ရဖို့ ဘယ်သူ့ကို ဘယ်လို ဆက်သွယ်ရမယ်ဆိုတာတော့ ထွက်လာပါပြီ။ တလောက ရွာဘက်ရောက်တော့ မြေတွေ ပြန်မပေးမီ ရှိတဲ့ အပင်တွေ ရောင်းစား မယ်ဆိုပြီး ကောလာဟလ ထွက်နေတယ်လို့ ရွာသားတွေက ပြောတယ်။

မြေတွေ တပ်ကယူထားတာ အများကြီးဗျ။ နောက်ပြီးခြံတွေကိုလည်း ပတ်စလတ်ခတ်ပဲ ထားထားတာ။ ခြံထဲလည်း ၀င်ကြည့်ပါဦး တပ်ချုပ်ကြီးရေ။

အသိမ်းခံထားရတဲ့ ခြံပိုင်ရှင်တွေကတော့ ရင်တမမနဲ့ မန်းမှုတ်နေရတာပေါ့ဗျာ။ ဆိုတော့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထဲရေးကလည်း တပ်ချုပ်ကြီး လက်အောက်မှာဆိုတော့ ဒါလေးများ ဇာတိအတွက် လှည့်ကြည့်ပါဦးလို့ တောင်းဆိုပါရစေခင်ဗျား။

ဆိုတော့ နောက်တစ်ခေါက်ထားဝယ်လာဖြစ်ရင် ဘုရားထီးတော်ဆီပဲ မဟုတ်ဘဲ မြေပြင်ကိုလည်း ဆင်းလေ့လာ ပါဦး။ ဆင်းလာရင်လည်း တပ်ဆေးခန်းနဲ့တင် မဟုတ်ဘဲ ရွာထဲ ၀င်ကြည့် ပါဦးလို့ တောင်းဆိုပါရစေ။ တပ်နားက ရွာတွေ မြေတွေဘယ်လောက် အဆုံးအပါးများနေလဲ ဆိုတာ။

(၃)

မပြောမပြီးပြန်တဲ့ နောက်တစ်ခုကတော့ ဗမောင်းတို့ဆီရောက်နေတဲ့ နေပြည်တော်က လွှတ်လိုက်တဲ့ အရာရှိများအကြောင်းပါခင်ဗျား။ လက်ရှိအစိုးရ ဗျူရိုကရေစီအုပ်ချုပ်ရေး ယန္တယားမှာ အမြင့်ဆုံးနဲ့ အဓိက အာဏာအရှိဆုံးဌာနက ကြီးကြီးမာစတာများ အကြောင်း ပါခင်ဗျား။

ဟိုးခေတ် အဆက်ဆက်ကတည်းက ဗမောင်းတို့ တိုင်းဌာနီဟာ ဗမာပြည်မဘက်ကလာတဲ့ သူတွေ အတွက် ငွေတွင်း ဖြစ်နေခဲ့တာပါ။

မင်းနေပြည်တော်နဲ့ အဆက်ပြတ်တယ်ဆိုပြီး လုပ်ချင်သလိုလုပ်ကြတာပေါ့ဗျာ။ ဒါကြောင့်လည်း ဗမောင်းတို့ ထားဝယ်တွေ ပြောကြတာ။ ဂန်ဆိုရင် ထွက်လည်း ကန် ၀င်လည်း ကန်ဆိုပြီး။ မယုံရင် လမ်းပေါ်က လူများကို အင်တာဗျူးနိုင်ပါတယ် တပ်ချုပ်ကြီးခင်ဗျား။ ကောင်းတဲ့ ဂန်တွေလည်း အများကြီးပါ။ ဒါပေသိ အစိုးရဌာနတွေက ဂန်တွေနဲ့ တပ်က ဂန်အများစုကိုဆိုရင် ရွံကြောက်ဖြစ်နေပါပြီ။

အခုလိုမျိုး သတင်းဆက်သွယ်ရေး မြန်ဆန်တဲ့ခေတ်၊ ဒီမိုကရေစီကို သွားနေပါတယ်ဆိုတဲ့ ခေတ်မှာလည်း ဒါမျိုး မကုန်သေးဗျ။ အဲဒီ ဌာနကလူတွေ ပိုတောင်သည်းလာသလိုပဲ။

တိုင်းနဲ့ ပြည်နယ်အစိုးရတွေ ပေါ်လာတော့ သူတို့က အဓိက ကြောရိုးနေရာပေါ့။ အေးဆေးပေါ့ဗျာ။ ဘာလဲ လယ်ထဲမှာ လယ်သမားတွေနဲ့ ပြဿနာဖြစ်တော့ ပြောလိုက်သေးတယ်။ ဘယ်သူပြုတ်ပြုတ် ငါမပြုတ်ဘူးတဲ့။ သူက ရွေးကောက်ပွဲ ၀င်စရာမလို ထာဝရ ထိုင်ခုံနဲ့ ဆိုတဲ့ သဘောပေါ့ဗျာ။

အခုလည်း အသံတွေကြားနေရပြန်ပြီ လာရင်လူချည်းပဲ မလာဘူး။ ကုမ္ပဏီတွေပါခေါ်လာသတဲ့။ ဗမောင်းမှာ ရှိတဲ့ စာရင်းအရ ကုမ္ပဏီနာမည် အနည်းဆုံး သုံးလုံးရှိပါတယ် တပ်ချုပ်ကြီးခင်ဗျား။

ကုမ္ပဏီတွေဘာလို့ ခေါ်လာသလဲ လင်းပါဦးမယ်ခင်ဗျား။ နီးစပ်တဲ့ လုပ်ငန်းရှင်တွေရဲ့ အပြောအရတော့ စီးပွားရေး လုပ်ပိုင်ခွင့်ကို သူခေါ်လာတဲ့ ကုမ္ပဏီတွေကို ချပေး။ သတင်းဦးသတင်းထူးရပြီ၊ စီမံကိန်းဆိုင်ရာ အတွင်းသတင်းတွေ ရပြီဆိုရင် သူ့ကုမ္ပဏီတွေကို အရင်ပြော။ အရပ်စကားနဲ့ ပြောရရင် ဂွင်ဖန်ပေးပေါ့ဗျာ။

ဆိုတော့ အရင် ပဒေသရာဇ်ခေတ်ကလို နယ်မြေကို အပိုင်စားပေးလိုက်သည်လို့ မင်းနေပြည်တော်က အမိန့်နဲ့ လာသလားအောက်မေ့ ရတယ်။ ရောက်လာလိုက်ရင် အားလုံးက ဘယ်လို သွေးစုပ်မယ် ဆိုတာချည်းပဲ။ ဘယ်လို ကောင်းအောင် အလုပ်လုပ်ပေးမယ်ဆိုတာ မျိုးရှိသေးလားလို့ မေးမိတယ်။ ကိုယ့်ကိုယ်ကို မေးတာပါဗျာ။ သူတို့ကို မမေးရဲပါဘူး။

ဒေသခံ လုပ်ငန်းရှင်တွေလည်း ညည်းသံထွက် လာပြီ။ ပြောနေကြ စကားလည်း ရှိလာတယ်။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့သူတွေထက်တောင် တန်ခိုးထွားနေတယ်ဆိုပဲ။

ဆိုလိုရင်းပေါ့ဗျာ။ ကျန်တဲ့ သူတွေကို မျက်နှာနာလို့ စကားလုံး အတိအကျတော့ မပြောတော့ပါဘူး။ နောက်ကြုံရင်တော့ တပ်ချုပ်ကြီးကို တင်ပြပါဦးမယ်ခင်ဗျား။

ဒါကြောင့်မို့ ပြည်သူ့အခွန်နဲ့ တိုင်းပြည်ဘဏ္ဍာနဲ့ (တိုင်းပြည်ဘဏ္ဍာဆိုတာ အစိုးရ ဘဏ္ဍာလို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာ တပ်ချုပ်ကြီးကောင်းကောင်းနားလည်မယ်ထင်ပါတယ်) ပေးထားတဲ့ လစာကိုယူ၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကိုယူ ပြည်သူတွေ၊ တိုင်းရင်းသားဒေသခံတွေကို ပြန်နှိပ်ကွက် ဆိုတဲ့ ခေတ် ကျန်ခဲ့သင့်ပြီထင်ပါတယ် တပ်ချုပ်ကြီးခင်ဗျား။

ဒီတော့ တပ်ချုပ်ကြီးလက်အောက်မှာရှိတဲ့ ၀န်ကြီးဌာနက အရာရှိကြီးများ ထင်တိုင်းကြဲနေတာကိုလည်း တစ်ချက် စုံစမ်းပါဦးခင်ဗျား။ ပြည်သူတွေက ခံရခက်လာရင် တန်ပြန်သက်ရောက်မှုက ပိုဆိုးပါလိမ့်မယ်။

(၄)

စာကလည်း အတော့ကို ရှည်နေပြီဆိုတော့ နံပါတ်လေးခုမြောက်ကို လိုရင်းပဲ ပြောပါရစေ။ ဒါကတော့ တပ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စပါ။
ဗမောင်းတို့ရဲ့ အဓိက စီးပွားရေးထဲမှာ ရေလုပ်ငန်းလည်း ပါတယ်ဆိုတာ တပ်ချုပ်ကြီးအသိပါ။ အခုက ကမ်းနီး ကမ်းဝေး ငါးဖမ်းလှေတွေကိစ္စပါ။

ဥပဒေအရ ကမ်းနီးငါးဖမ်းလှေတွေဟာ ကမ်းခြေကနေ ရေမိုင် ၅ မိုင် အကြားဖမ်းခွင့်ရှိပြီးတော့ ကမ်းဝေးကတော့ အဲဒီရဲ့ အပြင်ဘက် မှာ ဖမ်းခွင့်ပေးထားပါတယ်။

ဒါပေမယ့် ကမ်းဝေးလှေတွေက တစ်နိုင်တစ်ပိုင် လုပ်စားကြတဲ့ ကမ်းနီး အထိလာဖမ်းနေတဲ့ အဖြစ်တွေ တော်တော်များနေပြီ။ ပင်လယ်ကမ်းဝေး သင်္ဘောတွေ ငါးလုဖမ်းတဲ့ အတွက် ငါးအရနည်းလာတဲ့ အပြင်ကို ကမ်းနီးလှေငယ်တွေရဲ့ ပိုက်တွေပါ ချိတ်သွားတော့ အကုန်အဆုံးအပါး များတော့ တာပါပဲ။

အဲဒီကမ်းဝေးလှေတွေက နံပါတ်တွေကို အ၀တ်တွေနဲ့ ဖုံးထား ခပ်ခပ်တည်တည်နဲ့ ၀င်ခိုးဖမ်းတာ။ မြန်မာပြည်မှာ ခပ်တည်တည်ခိုးလို့ရတာတွေထဲက တစ်ခုပေါ့ဗျာ။ ဒါမျိုးကတော့ တစ်ဆိတ်လွန်ပါတယ်။

ရခိုင်ပြည်နယ် ဂွမှာတော့ အဲဒီ ကိစ္စ ကမ်းနီး အလုပ်သမားတွေ ဆန္ဒပြနေပါပြီ။ ဗမောင်းတို့ဆီတော့ မပြသေးဘူးဗျ။ ပြလည်း မထူးဘူး ထင်လို့လားတော့မသိ။

ငါးလုပ်ငန်းကလည်း သူတို့မှာ လှေမရှိ၊ သင်္ဘောကောင်းကောင်းမရှိတော့ မနိုင်ဘူးတဲ့ဗျ။ ရေတပ်က တာဝန်ယူထားတယ်ဆိုပဲ။ သူတို့လည်း ဆီမလောက်တော့ ပိုက်စိတ်တိုက် လိုက်မဖမ်းနိုင်ဘူးနဲ့ တူပါတယ်ဗျာ။

ဆိုတော့ ရေတပ်ကို ကြပ်ကြပ်မတ်မတ်လေး တာဝန်ယူပေးဖို့ တပ်ချုပ်ကြီးပဲ တာဝန်ယူပေးပါဦးဗျာ။

(၅)

တပ်ချုပ်ကြီးခင်ဗျား . . .
ဗမောင်းခေါင်းစားတာကို အခုထိ သည်းခံဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ဗမောင်းတို့လည်း ကိုယ့်နားကလူတွေက အားကိုးမရတော့ ရရာ အစဆွဲ ပြောရတာပေါ့ဗျာ။ အတိုင်အတော ထူတယ်တော့ မသတ်မှတ်ပါနဲ့။ ပြည်သူ့ဝန်ထမ်းဖို့အတွက် အလုပ်နေတာမဟုတ်လား။ ကာချုပ်ကြီးပဲ တလောက ပြောခဲ့တယ်လေ။ ပြည်သူသာ အမိ ပြည်သူသာ အဖတဲ့။
ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ တော်မူပါစေ တပ်ချုပ်ကြီးခင်ဗျား။

Wednesday, January 29, 2014

အမှန်တရားကို ဖုံးကွယ်၍ မရသောအရာ

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ စက်ဝင်းရပ်ကွက်၊ ဒိုင်လမ်းနှင့် သဇင်လမ်းထိပ် နံဘေးရှိ ဈေးဆိုင်တဲ တွင် (၂၃.၁.၂၀၁၄)ရက်၊ ကြာသပတေးနေ့ ၊ ညနေ (၃း၁၅)နာရီ ကျော်ခန့် ဖြစ်ပွား ခဲ့သည့် လူသတ်မှုနှင့်ပ တ်သက်ပြီး ရှင်းလင်း ချက်နှင့် ထိရောက်စွာ အရေးယူနိုင်ရေး တင်ပြချက်ကို နိုင်ငံတော် အကြီးအကဲနှင့် တာဝန်ရှိ ဥပဒေပိုင်း ဆိုင်ရာ ပုဂ္ဂိုလ်များ သိရှိနိုင် ပါရန် ကျန်တော် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

သတင်းစာတွေနဲ့  အင်တာနက်တွေမှာ တင်ပြချက်မှာ စိတ်ဝေဒနာရှင်၊ အရက်ကြောင်ပြီး စိတ်ဖောက်ပြန်ခြင်း၊ စိတ်မနှံ့သူဟု  ရေးသားတင်ပြချက်များ  ပြန်လည် ပြုပြင် သင့်သည်ဟု ကျန်တော် ရိုသေစွာ သနားခံတင်ပြအပ် ပါသည်။ ကျွန်တော် ဤကဲ့သို့ ရှင်းလင်း တင်ပြရာချက်မှာ တရားခံမောင်ကျော်နိုင် အပေါ် နစ်နာစေချင်မျိုး မဟုတ်ပါဟု ၀န်ခံ ပါသည်။

ဓာတ်ပုံ ..... ဓားခုတ်သူ တရားခံ ကျော်နိုင်

Sunday, December 29, 2013

NLD ဆိုင်းဘုတ်ဖြုတ်ရန်ကြံစည်ခြင်း


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် လွှတ်တော် ကိုယ်စား လှယ်  ဒေါ်တင်တင်ရီနှင့်  မြိတ်ခရိုင် (NLD) ဥက္ကဌ ဦးသန်းနွယ် ဦးဆောင်၍ အတွင်းရေးမှူး ဦးစိုးလွင်၊ ခရိုင်ပြန်ကြားရေး သိန်းဇော်မင်း နှင့် အခြားရပ်/ကျေးမှ ပါတီဝင်များအပါဝင် လူဦးရေ(၃၀) ခန့်သည်၊ မြိတ်မြို့နယ် ရေပုန်းရေပုန်းနယ်မြေ၊ (NLD)ရပ်/ကျေး ရုံးသို့ ညနေ (၃) နာရီ (၁၅) မိနစ် အချိန်တွင် ဆိုင်ရာ ရပ်/ကျေး ဥက္ကဌနှင့် အဖွဲ့ဝင်များကို အသိပေးခြင်း မရှိပဲ အတင်းအဓမ္မ ၀င်ရောက်လာပြီး ရပ်/ကျေး (NLD) ဆိုင်းဘုတ်ကို ဖြုတ်ယူရန် ကြိုးစားကြပုံကို မှတ်တမ်း ဓါတ်ပုံနှင့် တကွ ပြည်သူအများနှင့် အထက်(NLD)လူကြီးများ သိရှိစေရန် တင်ပြအပ် ပါသည်။

Saturday, December 28, 2013

ကျွန်းစုမြို့မြို့နယ် မောင်းလှော်ရွာ မြေမှု ဖြစ်ရပ်မှန် (ပေးစာ)




မောင်းလှော်ကျေးရွာနေ ဦးထွန်းလှရင် နှင့် ဦးထွန်းဝေတို့မှာ အသက်အားဖြင့်(၅၀) ၀န်းကျင်ခန့်ရှိပြီ ဖြစ်ကြပြီး အခုတလော သတင်းများအရ ဦးကြည်အင် (မတော်လောဘကြီးသူ)သည် ရွာပိုင်မြေများကို မိမိပိုင်ဆိုင်သည်ဟု ဆိုကာ NLD ပါတီမှ အမှုပွဲစား ဦးကိုလေးနှင့် ပေါင်းပြီး ရွာပိုင်နတ်ကွန်း ကိုတောင် အလွတ်မပေးပဲ လိုက်လံ ဖျက်ဆီးဖို့ ကြိုးစားနေ ပါတယ်။ ဦးထွန်းလှရင် နှင့် ဦးထွန်းဝေတို့ နေအိမ်များမှာ မိဘ၊ယောက္ခမ များ၏ နေအိမ်များ ဖြစ်ကြပြီး သူတို့သည် လည်း မောင်းလှော် ကျေးရွာသားများ စစ်စစ် ဖြစ်ကြပါသည်။ 



Thursday, December 19, 2013

ရေလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ၀န်ကြီးချုပ်သို့ ပေးစာ တစ်စောင်


တနင်္သာရီတိုင်း‌ဒေသကြီး ဝန်‌ကြီးချုပ်‌ခင်‌ဗျာ

ကျွန်‌‌တော်‌ဟာ ‌ကော့‌သောင်းမြို့မှ ‌ဟိုမ‌ရောက်‌ဒီမ‌ရောက်‌ ‌ရေလုပ်‌ငန်း ရှင်‌‌လေး တစ်‌ဦးပါ မိသားစု စားဝတ်‌‌နေ‌ရေး အဆင်‌‌ပြေ‌စေ‌ရေး အတွက်‌ နိုင်‌ငံ‌တော်‌က ချမှတ်‌ထားတဲ့ မူဝါဒနဲ့ အညီ အခွန်‌အခများ ‌ပေး‌ဆောင်‌ပြီး ကမ်းနီးငါးဖမ်း‌လှေ လုပ်‌ငန်းကို လုပ်‌ကိုင်‌‌နေပါသည်‌။

 ‌ကော့‌သောင်းမှ ယိုးဒယားသို့ ငါးပုစွန်‌မျိုးစုံ‌ ရောင်းချ အပြန်‌တွင်‌ ဘိလပ်‌‌မြေအိတ်‌ ၅၀၀ တစ်‌‌ထောင်‌ စသည်‌ဖြင့်‌ ‌ကော့‌သောင်း ဂျူတီ‌ဆောင်‌ပြီး မြိတ်‌မြို့သို့ တင်‌သွင်း‌နေပါသည်‌ ။ ကျ‌နော်‌‌ပြောချင်‌တာက ကျ‌နော်‌တို့ လို စီးပွါး‌ရေး သမား‌ တွေထဲမှာ ကုမ္မဏီများ‌ထောင်‌ ‌လှေ‌ပေါင်း ရာနဲ့ချီပြီး ငါးဖမ်းလုပ်‌ငန်းကို လုပ်‌ကိုင်‌‌နေကြ‌သော ကုမ္ပဏီကြီး များမှ လိုင်းဖြူ‌ခေါ် ငါးသယ်‌‌ ရေယာဉ်‌ကြီးများ လိုင်းနီ‌ခေါ် ငါးဖမ်း ဒရွတ်‌ဆွဲ‌တွေ ဝါရမ်း‌ခေါ် ဝိုင်းချုပ်‌‌မီးထွန်း‌လေ‌တွေ ဟာ ဘာ့‌ကြောင့်‌များ အခုလို ရက်‌မျိုး‌တွေမှာ ယိုးဒယားနိုင်‌ငံ ရ‌နောင်းခရိုင်‌ ရ‌နောင်းမြို့ နယ်‌ အတွင်း အဆမတန်‌ များပြား‌နေရတာလည်း တရားဝင်‌‌ရော ဟုတ်‌ရဲ့လား ။ နိုင်‌ငံ‌တော်‌ပိုင်‌ ‌ရေပိုင်‌နက်‌အတွင်းက ဖမ်းဆီး ရမိတဲ့ ငါးမျိုးစုံ ပုစွန်‌နဲ့ ‌ရေထွက်‌ ပစ္စည်း‌တွေ တ‌နေ့‌နေ့ လာ‌ရောက်‌‌ ရောင်းချ‌နေတာ မနည်းဘူးဗျာ တစ်‌ချို့‌လှေ‌တွေက နာမည်‌‌တွေဖတ်‌လို့ ရသလို့ တစ်‌ချို့‌လှေတွေ ကျ‌တော့လည်း ‌လှေနာမည်‌‌တွေကို ဆားအိတ်‌နဲ့ပိတ်‌ ပိတ်‌ထားပြီး ‌နေ့ညမနား အားချင်း ငါးများ တင်‌ချပြီး ‌ရေခဲနဲ့ ဆီသာတင်‌ပြီး ချက်‌ခြင်းပြန်‌ထွက်‌သွားကြ‌လေရဲ့ ။