မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Sunday, March 18, 2012

NLD အဖွဲ့ဝင်များအား အရေးယူပေးပါရန် ကျော်ကျော်ဖြိုး ကုမ္ပဏီက ကော်မရှင်ထံ တိုင်ကြား





မတ်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ NLD ပါတီမှ ဘဏ္ဍာရေးအဖွဲ့ဝင် ဦးကြံအောင်၊ အောင်နိုင်ရေး ကော်မတီဝင် ဦးသောင်းတင်(ခ) ဦးဂျိုကာ၊ ဦးလှဝင်း၊ ဒေါ်အေးသူမွန်နှင့် ဒေါ်ဥမ္မာချို တို့သည် ကျွန်းစုမြို့နယ် ပန်လုံးအော် ကျေးရွာရှိ ကျော်ကျော်ဖြိုး ကုမ္ပဏီ အအေးခန်း စက်ရုံဝင်း အတွင်း သို့ တာဝန်ရှိသူများထံမှ ခွင့်ပြုချက် တောင်းခံခြင်း မရှိပဲ ကျူးကျော်ဝင်ရောက်ပြီး ကုမ္ပဏီ ရုံးခန်းနှင့် ၀န်ထမ်း အိမ်ယာများတွင် တစ်အိမ်တက်ဆင်း ပါတီတံဆိပ် ကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ ပြုလုပ် ခဲ့သဖြင့် ကုမ္ပဏီ လုံခြုံရေးများက ခွင့်ပြုချက်မရှိပဲ လာရောက်ဆောင်ရွက်သဖြင့် ချက်ချင်း နှင်ထုတ် ခဲ့ကြောင်း ဦးကြံအောင်ပါ (၄)ဦးသည် ကျွန်းပေါ်မှ ပြန်လည် ထွက်ခွာခဲ့ရကြောင်း သိရှိရသည်။

ထိုသို့ NLD အဖွဲ့ဝင် ဦးကြံအောင်ပါ (၄)ဦး တို့အား ကျော်ကျော်ဖြိုး ကုမ္ပဏီက ပိုင်ရှင်ခွင့်ပြုချက် မရှိပဲ ကုမ္ပဏီ လုပ်ငန်းခွင်အတွင်း ကျူးကျော်ဝင်ရောက်ပြီး အတင်းအဓမ္မ စတေကာများ ကပ်ခြင်း၊ ကုမ္ပဏီ တာဝန်ရှိသူများ အပေါ် မထီမဲ့မြင် ပြုလုပ်ခြင်းများ ဆောင်ရွက်ခြင်းအတွက် ဥပဒေအရ အရေးယူ ပေးပါရန် မြို့နယ် ကော်မရှင်နှင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။

NLD အဖွဲ့ဝင် ကြံအောင်၏ ဓာတ်ပုံ

ုံ



ဝါးအော်ကျေးရွာ NLD လူငယ်များက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချစ်သန်း၏ ပိုစတာ အား ဖျက်ဆီးပြန်

မြိတ်ခရိုင် ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာအုပ်စု ၀ါးအော်ကျေးရွာတွင် စိုက်ထူထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချစ်သန်း၏ မဲဆွယ်ကြေညာ ပိုစတာဆိုင်းဘုတ်အား ၁၂-၃-၂၀၁၂ တနင်္လာနေ့ ည (၁၀)နာရီခွဲ အချိန်တွင် မူးယစ်ရမ်းကားပြီး ဖျက်ဆီး ခံခဲ့ရသည်။ ထိုသို့ ဖျက်ဆီးသူများမှာ ၀ါးအော်ကျေးရွာ NLD အဖွဲ့ဝင် မင်းယု၊ (ဘ) ဦးထွန်းလွယ်၊ အသက် (၂၈)နှစ်၊ ၊ NLD အဖွဲ့ဝင် အိုပိုင် (ဘ) ဦးလှိုင်ရွှေ၊ အသက် (၂၈)နှစ် နှင့် နောက်ပါ (၃) ဦး တို့ ပါဝင်ကြောင်း သိရှိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မင်းယုနှင့် အိုပိုင်တို့ နှစ်ဦးသည် (၁၄-၃-၂၀၁၂) ရက်နေ့တွင် စခန်းသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအောင် ရှေ့မှောက်တွင် ၄င်းတို့မှာ ဘိန်းစာမှုန့်နှင့် အရက် သောက်စား မူးယစ်ကာ ဖျက်ဆီး မိကြောင်း ၀န်ခံကတိပြုပြီး နောက်နောင် ထိုသို့ မလုပ်ဆောင်တော့ပါကြောင်း ၀န်ခံလက်မှတ် ရေးထိုး တောင်းပန်ခဲ့ကြောင်း သိရှိရသည်။ ကျွန်းစုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့်လည်း အဆိုပါ NLD လူငယ်နှစ်ဦးအား ဥပဒေအရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျွန်းစုမြို့နယ် NLD အဖွဲ့ဝင် အများစုမှာ ကျေးရွာအတွင်း ဘိန်းစာမှုန့် စားသုံးရောင်းဝယ်ခြင်း၊ တရား မ၀င် မီးသွေးခိုးဖုတ်ခြင်း၊ အရက်ခိုးချက်ခြင်း၊ စသည့် လုပ်ငန်းများ လုပ်ဆောင်နေသူ အများစု ပါဝင်ကြောင်းနှင့် ၄င်းတို့မှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပါက ဒီမိုကရေစီ ရရှိပြီ ဖြစ်သဖြင့် မိမိတို့ နှစ်သက်သလို ဆောင်ရွက်နိုင်ကြောင်း ဘာစည်းမျဉ်းစည်းကမ်းမှ လိုက်နာရန် မလိုကြောင်း စသည့် စည်းရုံးမှုများအပေါ် သဘောကျ နှစ်ခြိုက်ပြီး NLD ပါတီဝင် ပါဝင်ကြကြောင်း ပြည်သူများက ဝေဖန်လျက်ရှိသည်။

Sunday, March 11, 2012

ကျွန်းစု NLD ကိုယ်စားလှယ်လောင်း၏ စည်းရုံးရေးခရီးစဉ် မှတ်တမ်း ဓာတ်ပုံများ

တွဲလက်တွေ မဖြုတ်တမ်း


ပါတီဝင်တွေက ဒူးထောက်ပြီး ဆွေးနွေးတင်ပြစဉ်


လက်အုပ်ချီ ရှိခိုးမှုကို ခံယူနေစဉ်


သီလရှင်လည်း ပါတီဝင်ပဲလား


ပါတီဝင်တစ်ဦး တစ်ယောက် တစ်ထောင်ပြန်ပေးရမယ်


ဒေါ်တင်တင်ရီ၏ သက်တော်စောင့် ၂ ဦး


ပင်ပန်းသွားပြီ ၊ နောက်တစ်ခါ မလိုက်တော့ဘူး

အနာဂတ် မျိုးဆက်သစ်ခေါင်းဆောင်


အနာဂတ်အတွက် မျိုးဆက်သစ်များ မွေးဖွားပေးမည့်သူ





Saturday, March 10, 2012

ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ ပထမအကြီမ် စည်းရုံးရေးဆင်း


အမတ်လောင်း ဒေါ်တင်တင်ရီနှင့် အဖွဲ့ဝင် အမျိုးသား(၇)ဦး၊ အမျိုးသမီး (၅)ဦး တို့သည် မြိတ်မြို့ မှ (3.3.2012) ရက်နေ့ နံနက်(၉) နာရီအချိန်တွင် မြို့သစ်ရပ် ကမ်းလွန်ဆိပ်မှ စတင်ထွက်ခွာခဲ့ရာ နေ့လည်(၁၂)နာရီ အချိန်တွင် ကျွန်းစုမြို့နယ်မင်းဂုတ် ကျေးရွာသို့ ရောက်ရှိခဲ့ပါသည်။


ပြီးနောက် မင်းဂုတ်ကျေးရွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဖွင့်ပွဲကို ထိုနေ့(၁၂နာရီ၁၅မိနစ်)အချိန်တွင် ကျင်းပခဲ့ရာ ဇေးကမိကျေးရွာ၊ မောင်းလှော်ကျေးရွာ၊ ၀ါရစ်မြန်မာကျေးရွာ၊ ရတောင်ကျေးရွာမှ အဖွဲ့ဝင်(၃၀၀)ကျော် တက်ရောက်အားပေးခဲ့ ပါသည်။


ထိုနေ့ နေ့လည်(၂)နာရီ အချိန်တွင် မင်းဂုတ်ကျေးရွာမှ ပဲ့တိုင်ကျေးရွာသို့ ဆက်လက် ထွက်ခွာခဲ့ရာ ညနေ(၄)နာရီ အချိန်တွင် ရောက်ရှိပြီး သင်ပုန်းကျွန်း ကျေးရွာနှင့် ယမုံကျေးရွာတို့မှ အဖွဲ့ဝင် (၄၀၀)ကျော် လာရောက်ကြိုဆိုခဲ့ ကြပါသည်။ ထိုနောက် မဲဆွယ် စည်းရုံး ဟောပြောခဲ့ပြီး ည(၇) အချိန်တွင် ပြီးဆုံးပြီး အိပ်စက် အနား ယူခဲ့ကြပါသည်။


(4.3.2012)ရက်နေ့ နံနက်(၅)နာရီ အချိန်တွင် ရေကန်အော်ကျေးရွာ သို့ ဆက်လက် မဲဆွယ် စည်းရုံးရေးဆင်း ခဲ့ပါသည်။ ထိုကျေးရွာသို့ နံနက်(၁၀)နာရီတွင် ရောက်ရှိပြီး အင်အား (၅၀၀)ကျော် လာရောက်ကြိုဆိုခဲ့ပါ သည်။ ထိုနောက် မဲဆွယ်စည်းရုံး ဟောပြောခဲ့ပြီး နေ့လည်(၁၂)နာရီ အချိန်တွင် ရေကန်အော်ကျေးရွာမှ ကံမော် ကျေးရွာသို့ ထွက်ခွာပြီး နေ့လည်(၂)နာရီအချိန်တွင် ရောက်ရှိခဲ့ပါသည်။ ထိုကျေးရွာတွင် ပြည်သူလူထုအင်အား (၁၀၀၀)ကျော် လာရောက်ကြိုဆို အားပေးခဲ့ကြပါသည်။ ထိုပြည်သူများကို စည်းရုံးေ ဟာပြောခဲ့ပြီး ည(၈)နာရီ အချိန်တွင် မဲတောကျေးရွာသို့ ထွက်ခွာခဲ့ရာည(၁၀) နာရီအချိန်တွင် ရောက်ရှိခဲ့ပါသည်။ ထိုည အချိန်တွင်လဲ အင်အား (၁၀၀)ကျော် အားတက်စရာ လာရောက်ကြိုဆို နေခဲ့ပါသည်။ ထိုနောက် အိပ်စက် အနားယူခဲ့ကြ ပါသည်။


နောက်တစ်နေ့(5.3.2012) နံနက်(၈)နာရီ အချိန်တွင် မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါသည်။ ထိုနော် နံနက် (၁၀)နာရီတွင် ဟောပြောပွဲပြီးဆုံးကာ မဲတောကျေးရွာမှ ချောင်းကြီးဝ ကျေးရွာသို့ ဆိုင်ကယ်များဖြင့် နာရီဝက်စာ ခရီးနှင်ခဲ့ကြ ပါသည်။ ချောင်းကြီးဝတွင် လူအင်အား(၂၀၀)ခန့်ကြိုဆိုခဲ့ပြီး နောက်စည်းရုံးရေး ဟောပြောခဲ့ပါသည်။ ထိုမှတဆင့် အုပ်ဖိုမော်ကျေးရွာသို့ နေ့လည်(၁၂)နာရီခွဲတွင် ထွက်ခွာခဲ့ပါသည်။ နေ့လည်(၁) နာရီခွဲတွင် ရောက်ရှိခဲ့ပါသည်။ ထိုရွာတွင်ကား လူအင်အား (၆၀)ခန့်ကိုသာ စည်းရုံး ဟောပြောခဲ့ပါသည်။


ထိုနောက် နေ့လည်(၂)နာရီအချိန်တွင မော်ခေါင်းတုံး ကျေးရွာသို့ ဆက်လက် ထွက်ခွာခံရာ ညနေ(၅)နာရီ တွင်ရောက်ရှိပြီး အင်အား(၄၀၀)နီးပါ လာရောက်ကြိုဆို ဂုဏ်ပြုခဲ့ပါသည်။ ၄င်းတို့အား မဲဆွယ်စည်းရုံးခဲ့ပြီး ည(၈)နာရီတွင် မြေနီတောင် ကျေးရွာသို့ ထွက်ခွာခဲ့ရာည(၁၀)နာရီခွဲအချိန်တွင် ရောက်ရှိ ဟောပြောခဲ့ပြီးည (၁၁)နာရီခွဲတွင် မြေနီတောင်မှ ငမန်းချောင်း ကျေးရွာသို့ ညအိပ်ရန် ထွက်ခွာခဲ့ရာ ည(၁၂)နာရီတွင် ရောက်ရှိ အနားယူခဲ့ကြပါသည်။


(6.3.2012) နံနက်(၇)နာရီတွင် ငမန်းချောင်းကျေးရွာမှ ပြည်သူများကို စည်းရုံးခဲ့ပါသည်။ နံနက်(၈)နာရီခွဲ အ ချိန်တွင် စခန်းသစ်စံပြကျေးရွာသို့ ပြန်လည်ထွက်ခွာလာခဲ့ရာ (၁၁နာရီ၁၅မိနစ်) အချိန်တွင် ရောက်ရှိပြီး အင်းအား(၈၀၀) ကျော်ခန့်ရှိသော ပြည်သူလူထုများက တခဲနက်လာရောက်ကြိုဆိုခဲ့ပြီး စခန်းသစ်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်ပွဲအား စည်းကားသိုက်မြိုက်စွာ ကျင်းပပေးနိုင်ခဲ့ပါသည်။ ထိုနောက် ကျွန်စုမြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ၊ တိုင်း အောင်နိုင်ရေး အဖွဲ့ဝင် ဦးသက်ရှိန်နှင့် ဦးခိုင်မင်းတို့မှ အဖွဲ့ချုပ်အဖွဲ့ဝင်နှင့် ပြည်သူလူထုကို မဲဆွယ်စည်း ရုံးခဲ့ပါသည်။


ထိုနောက် နေ့လည်(၂)နာရီ အချိန်တွင် မြိတ်မြို့သို့ ပြန်လည် ထွက်ခွာပြီး တောပြားကြီး ကျေးရွာတွင် ခဏနား ပြီး ညနေ(၄)နာရီ အချိန်တွင် ဆက်လက် ထွက်ခွာခဲ့ရာ ည(၇)နာရီအချိန်မှာ မြိတ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ပြန်လည်ရောက်ရှိပြီး ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

http://www.facebook.com/profile.php?id=100002467917792

Friday, March 9, 2012

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဦးချစ်သန်း၏ ပိုစတာ ဆိုင်းဘုတ် ဖျက်ဆီးခံရ



ကျွန်းစုမြို့နယ် တောပြားကျေးရွာအုပ်စု ပန်းဇင်ကျေးရွာ အနောက်ပိုင်းတွင် စိုက်ထူထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးချစ်သန်း၏ ပိုစတာ ဆိုင်းဘုတ်အား မတ်လ (၇)ရက်နေ့ ညပိုင်းတွင် ဓားဖြင့်လှီး၍ ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးချစ်သန်း၏ ပိုစတာအား ဖျက်ဆီးသူများမှာ ပန်းဇင်ကျေးရွာ NLD အဖွဲ့ဝင်များက ဖျက်ဆီးခြင်း ဖြစ်နိုင်ကြောင်း၊ အခင်းဖြစ်သည့်နေ့ပိုင်းတွင် NLD လူငယ် (၅) ဦးခန့်က ကျေးရွာရှိ နေအိမ်များတွင် NLD မဲဆွယ် စတေကာများ နေအိမ်တွင် လိုက်ကပ်ကြကြောင်း၊ သို့သော်လည်း နေအိမ်အများစုက လက်မခံသဖြင့် မကျေမနပ်ဖြစ်ကာ ညပိုင်းတွင် ဦးချစ်သန်း၏ ပိုစတာအား ဖျက်ဆီးခြင်း ဖြစ်နိုင်ကြောင်း ကျေးရွာ ရပ်မိရပ်ဖ များက ဝေဖန်ပြောကြားလျက်ရှိပါသည်။

ပန်းဇင်ကျေးရွာသည် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၏ နေထိုင်ရာ ကျေးရွာ ဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာတစ်ခုတွင် စိုက်ထူထားသော ဦးချစ်သန်း ပိုစတာနှင့်
၎င်းအား ထောက်ခံသူများ




Wednesday, March 7, 2012

ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ ကော်မရှင် ဥပဒေ ချိုးဖောက်ပြီး စည်းရုံးရေးဆင်း



ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်းဒေါ်တင်တင်ရီသည် (၃-၃-၂၀၁၂) ရက်နေ့ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် မင်းဂုတ်ကျေးရွာရှိ ဦးမောင်မျိုးနေအိမ်၌ ရုံးဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခြင်း ပါတီဝင်များအား ဟောပြောခြင်းကိုလည်းကောင်း၊ ညနေ (၄း၃၀) နာရီအချိန်တွင် ပဲ့တိုင်ကျေးရွာရှိ ကျေးရွာ NLD ရုံးတွင် ပါတီဝင်အင်အား (၅၀)ဦးခန့်အား ဟောပြောစည်းရုံးခြင်း၊ (၄-၃-၂၀၁၂) ရက်နေ့ (၉း၀၀) နာရီတွင် ရေကန်အော်ကျေးရွာရှိ ကျေးရွာ NLD ပါတီရုံးတွင် အင်အား တစ်ရာကျော်ခန့်အား ဟောပြောစည်းရုံးခြင်း၊ နေ့လည် (၃) နာရီအချိန်တွင် ကံမော်ကျေးရွာရှိ ဦးတင်ကြည်+ ဒေါ်ညွန့်ကြည် နေအိမ်တွင် အင်အား (၁၀၀) ခန့်အား ဟောပြောခြင်း၊ (၅-၃-၂၀၁၂) ရက်နေ့ (၀၉၀၀) နာရီအချိန်တွင် မဲတောကျေးရွာရှိ ဦးမြင့်ရှိန် နေအိမ်တွင် အင်အား (၅၀) ဦးခန့်အား ဟောပြောခြင်း၊ နေ့လည် (၂) နာရီ အချိန်တွင် အုတ်ဖိုမော် ကျေးရွာရှိ ဦးမြင့်ရှိန် နေအိမ်တွင် အင်အား (၅၀) ဦးခန့်အား ဟောပြောခြင်း ပြုလုပ် ခဲ့သည်။

ဒေါ်တင်တင်ရီသည် ထို့သို့ မဲဆွယ် စည်းရုံးရေး ဟောပြောပွဲများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်အမှတ် (၂/၂၀၁၀) နှင့် (၉၁/၂၀၁၂) ပါ ညွှန်ကြားချက်များအား လိုက်နာခြင်းမရှိပဲ ပြုလုပ်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ဝင်းက (၅-၃-၂၀၁၂) ရက်နေ့ ကျွန်းစုမြို့နယ်ခန်းမတွင် ပြုလုပ်သော ကော်မရှင်နှင့် မဲရုံမှူးများ သင်တန်းတွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်အမှတ် (၂/၂၀၁၀) နှင့် (၉၁/၂၀၁၀) တို့တွင် ပါတီ အဆင့်ဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မိမိတို့ ပါတီရုံးတွင် အစည်းအဝေး ဟောပြောမည် ဆိုပါက ခွင့်ပြုချက် တောင်းခံစရာ မလိုပဲ သက်ဆိုင်ရာ ကော်မရှင်သို့ အသိပေးရမည် ဖြစ်ကြောင်း၊ မိမိတို့ ရုံးအဆောက်အဦးမဟုတ်ပဲ အခြား နေရာများတွင် စုဝေးဟောပြောမည် ဆိုပါက သက်ဆိုင်ရာ ကော်မရှင်သို့ (၇)ရက် ကြိုတင်ခွင့်တောင်းပြီး ကော်မရှင် ခွင့်ပြုချက်ရမှ စုဝေးဟောပြော ရမည် ဖြစ်ကြောင်း ကြေညာထားသည်။


ဒေါ်တင်တင်ရီ မင်းဂုတ်ကျေးရွာ NLD ဖွင့်ပွဲတွင် စကားပြောနေစဉ်



( ထိုနေ့ ဆိုင်းဘုတ်ဖွင့်ပွဲတွင် ဒေါ်တင်တင်ရီ ပြောသည့် စကားမှာ ကျွန်မနာမည် ဒေါ်တင်တင်ရီ ဖြစ်ပါတယ်။ ကျွန်မကတော့ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် အရွေးချယ်ခံဖို့ ဗဟိုက တာဝန်ပေးခြင်းခံရသူ ဖြစ်ပါတယ်။ ကျွန်မကို မဲပေးကြပါ။ ဒေါ်အောင်ဆန်း စုကြည်လည်း ကျွန်းစုမြို့ကို ၂၃ ၂၄ ရက်နေ့လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် ကြိုဆိုပေးကြပါ။


ဖွင့်ပွဲအခမ်းအနား တက်ရောက်သူများ


Tuesday, March 6, 2012

မြိတ် NLD အဖွဲ့က ကလေးကစားစရာ လျှောက်လွှာပုံစံများ ရိုက်နှိပ်ဝေငှ


၂၈.၂.၂၀၁၂ ရက်နေ့က မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်ခွင့်လျှောက်လွှာပုံစံကို အများအပြားရိုက်နှိပ် ထုတ်ဝေလိုက်ပြီး ပါတီဝင်ချင်သူ ဒေသခံများအား လိုက်လံဝေငှခဲ့ကြောင်း သတင်းရရှိသည်။ ၄င်းသတင်းနှင့် ပတ်သက်ပြီး NLD ပါတီအား အစဉ်တစ်စိုက် ထောက်ခံ အားပေးခဲ့သူ တစ်ဦးအား မေးမြန်းကြည့်ရာ ၄င်းက ခုလိုပြောပါသည်။

"မနေ့က အဲဒီ လျှောက်လွှာတွေကို သူတို့ NLD အဖွဲ့က လျှောက်ဝေနေကြတယ် လို့သိရတယ် .. လျှောက်လွှာ ပုံစံက လက်တစ်ဝါး သာသာလေးပါ။ ခက်တာက လျှောက်လွှာမှာ အဖွဲ့အစည်း၊ ဘာပါတီ ဆိုတာ ရေးမထားတာပဲဗျ .. အဲဒီလို သေသေချာချာလည်း ရေးမထား၊ ပြီးတော့ တာဝန်ခံဘယ်သူ ဘယ်ဝါလို့လည်း လက်မှတ်ထိုးမထားတဲ့ လျှောက်လွှာကို ဘယ်သူက သွားပြီး ကိုယ့်ဓါတ်ပုံကပ်ရဲ့ပါ့မလဲ .. ခင်ဗျား စဉ်းစားကြည့်လေ .. အချိန်ကလည်း ကြားဖြတ်ရွေးကောက်ပွဲ အတွက် တစ်လလောက်ပဲ ကျန်တဲ့ အချိန် ကျုပ်တို့က ကိုယ့်ဓါတ်ပုံတွေကပ် ကိုယ့်နာမည်တွေ ရေးပေးလိုက် ပြီးမှ အဲဒီ စာရင်းတွေ အကုန်လုံး ကြံ့ဖွံ့ပါတီထဲ ရောက်သွားရင် အားလုံး ကိုယ်ကျိုးနည်းသွား နိုင်တယ်ဗျ .. ကုန်ကုန်ပြောမယ်ဗျာ .. စီးကရက် ကံစမ်းမဲ ကူပွန်တောင် သူ့ကုမ္ပဏီ တံဆိပ် နဲ့ သူ့နံပါတ်နဲ့ သူလာတာဗျ .. ခုဟာက တစ်ကမ္ဘာလုံးက လေးစားရတဲ့ ပါတီကြီး တစ်ခုအနေနဲ့ ခုလို လုပ်တာကတော့ ရယ်စရာကြီးပေါ့ဗျာ .." ဟု ပြောဆိုသွားသလို .. NLD အဖွဲ့ဝင် ဟောင်းကြီး တစ်ဦး ကလည်း ..

"အဲဒါကတော့ ဘယ်သူတွေ ရိုက်ထုတ် လိုက်တယ်ဆိုတာ ကျွန်တော်တို့ မသိရသေးဘူး ..တစ်ကယ်တမ်းတော့ အဖွဲ့ဝင်ပုံစံကို (ဗဟို)က ပို့ချလိုက်ပြီးသားပါ။ ပို့ချလိုက်တဲ့ ပုံစံကအောက်မှာ လက်ခံဖြတ်ပိုင်းလေး တွေပါတယ်။ ပြီးတော့ သူ့ကုတ်နံပါတ်နဲ့ သူလာတာဗျ .. မိတ္တူကူးယူခွင့်၊ အသစ် ရိုက်နှိပ်ခွင့် လုံဝမရှိဘူးဗျ .. လျှောက်လွှာပုံစံ ကုန်သွားရင်လည်း တာဝန်ခံက ယာယီ မိန်းစာအုပ်မှာ စာရင်းသွင်းမှတ်တမ်းတင်ထားရုံပဲ ရှိတာ .. ခုလိုမျိုးလုပ်တာကတော့ ဗဟိုအဖွဲ့ချုပ်ရဲ့စည်းမျဉ်းစည်ကမ်း ကို တမင်ချိုးဖောက် လိုက်တာပဲဗျ .. အဲဒါကို ကျွန်တော်တို့ စုံစမ်းပြီး ဗဟိုကို အကြောင်းကြားရတော့မှာပေါ့ဗျာ .. " ဟု ၄င်းက ပြောသွားပါသည်။ ယင်းသို့ အထောက် အထားမဲ့ အပေါစား ဆန်သော လျှောက်လွှာပုံစံများနဲ့ ပတ်သက်၍ မြို့ခံလူထုများ ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အထင်မြင်သေး ပြောဆိုဝေဖန်မှု တွေနဲ့ အတူ သံသယ မျက်လုံးများစွာနဲ့ သတိထားစောင့်ကြည့်နေကြကြောင်းပါဗျား ..