မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Thursday, September 6, 2012

မြိတ်မြို့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကာကွယ်ရေးစီမံချက်

50MW

လျှပ်စစ်ဓါတ်အားပေးစက်ရုံ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု
ကာကွယ်ရေးစီမံချက် 

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း လျှပ်စစ်စွမ်းအား အပြည့်အ၀သုံးစွဲနိုင်စေရန်နှင့် ဒေသတွင်း စက်မှုလုပ်ငန်းများ တိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်သော ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းအား အကောင်အထည်ဖေါ် ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု မရှိစေရန်နှင့် သက်ရောက်မှုရှိပါက အနည်းဆုံးဖြစ်စေရန် အောက်ပါအတိုင်း အဆင့်(6)ဆင့်ဖြင့် စီမံဆောင်ရွက် ထားရှိပါသည်။

    (က)    ခေတ်မီကျောက်မီးသွေးပြားဖမ်းစက် တပ်ဆင်အသုံးပြုခြင်း၊    ကျောက်မီးသွေးလောင်စာအား မီးလောင်ကျွမ်းစေရာတွင် (90%)ခန့် လောင်ကျွမ်းပြီး (10%)ခန့်မှာ မီးမလောင်ဘဲကျန်ရှိ မည်ဖြစ်ပါသည်။ ၄င်း(10%)အနက်မှ Ash (2.5%) ခန့်မှာ ဘွိုင်လာ အောက်ခြေမှ ချော်အဖြစ် ထွက်ရှိလာပြီး ၄င်းကို စနစ်တကျစုဆောင်းသယ်ယူ၍ ဒေသတွင်း လမ်းခင်းခြင်း၊ ကွန်ကရစ်တုံး ပြုလုပ်ခြင်း တို့တွင် အသုံးပြုသွားပါမည်။ ကျန်ရှိသော မီးမလောင်သည့် Ash (7.5%)မှာ ကျောက်မီးသွေးပြာ (Fly Ash) အဖြစ် ဘွိုင်လာမီးထိုးခန်းမှ ထွက်ရှိလာမည်ဖြစ်ရာ ၄င်း ကျောက်မီးသွေးပြာများအား Electro Static Precipitator မှ ဆွဲယူထားမည်ဖြစ်ပါသည်။ မီးခိုးနှင့်အတူ ပါရှိလာမည့် ဖုန်၊ သဲနှင့် ပြာများ၏ (99.4%) ကို E.S.P က ဆွဲယူနိုင်မည် ဖြစ်သဖြင့် လေထုအတွင်းသို့ (0.6%) မျှသာ ရောက်ရှိမည်ဖြစ်ပါသည်။ ထွက်ရှိလာမည့် Smoke and Dust ပမာဏမှာ 50mg/ Nm3 နှင့် SO2 ပမာဏမှာ 400mg/Nm3 သာဖြစ်သဖြင့် နိုင်ငံတကာစံနှုန်းဖြစ်သည့် Smoke and Dust ပမာဏ 200mg/ Nm3နှင့် SO2 ပမဏ 2100mg/Nm3 အတွင်းရှိရမည် ဖြစ်ပါသည်။
          (ခ)     ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) အထွက်နည်းစေရန် စီမံထားခြင်း။  ပုံမှန်အားဖြင့်  ကျောက်မီးသွေးတွင် ကန့်(Sulphar) 0.9% ခန့်ပါရှိသော်လည်း မိမိတို့ စက်ရုံတွင် အသုံးပြုမည့် ကျောက်မီးသွေး နမူနာအား ဓါတ်ခွဲစမ်းသပ်ရာ ကန့် (Sulphar) 0.6% ပါရှိသဖြင့် အသုံးပြုရန် အထူးသင့်လျော်ပါသည်။ ကျောက်မီးသွေးအား ထုံးကျောက် (CaCo3)နှင့် အချိုးကျရောစပ်၍ ဘွိုင်လာမီးလောင်ခန်းအတွင်း မီးရှို့စေပြီး Calcium Sulphate (CaSO4)အဖြစ် ဘွိုင်လာ အောက်ခြေမှ ထွက်ရှိစေပါမည်။ ၄င်း Calcium Sulphate (CaSO4)များအား ချော်များနှင့် အတူ စနစ်တကျ စုဆောင်းသယ်ယူ၍ ဒေသအတွက် အကျိုးရှိမည့် နေရာများတွင် အသုံးပြုသွားပါမည်။
          (ဂ)     စံချိန်မီ မီးခိုးခေါင်းတိုင် တပ်ဆင်ထားခြင်း။     ဘွိုင်လာမှ ထွက်ရှိလာမည့် Flue Gas များကို E.S.P သို့ ဖြတ်သန်းစေပြီးနောက် မီးခိုးခေါင်းတိုင်မှ တဆင့် စွန့်ထုတ်ပါမည်။ ထိုသို့ စွန့်ထုတ်ရန်အတွက် အရွယ်ပမာဏ အရလည်းကောင်း၊ အမြင့်ပေအရလည်းကောင်း လုံလောက်သည့် စံချိန်မီ မီးခိုးခေါင်းတိုင်ကို အသုံးပြုသွားမည် ဖြစ်ပါသည်။
          (ဃ)    စိုက်ခင်းများ ထူထောင်ပေးခြင်း။       စက်ရုံမှ ထွက်လာမည့် မီးခိုးများကြောင့် လေထု ညစ်ညမ်းမှု (Air Polution) မဖြစ်စေရန်အတွက် စက်ရုံပတ်ဝန်းကျင် တွင်လည်းကောင်း၊ မြိတ်မြို့နှင့် စက်ရုံအကြား၌ လည်းကောင်း၊ မြိတ်ခရိုင်အတွင်း အခြားသင့်လျော်သည့် နေရာများ၌ လည်းကောင်း ဆီအုန်း၊ ရာဘာနှင့် အခြားစိုက်ခင်းများ စိုက်ပျိုးထူထောင် ပေးသွားမည် ဖြစ်ပါသည်။


 (င) သဘာဝပတ်ဝန်းကျင်နျင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး စူးစမ်းလေ့လာမှုများ ပြုလုပ်ရန် စီမံဆောင်ရွက်ခြင်း (Environmental Impact Assessment- EIA & Social Impact Assessment- SIA) ။     မြိတ်မြို့တွင် တည်ဆောက်မည့် စက်တပ်ဆင် အင်အား(50)မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ရှိခြင်းကြောင့် ဒေသအတွင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှု မရှိစေရေး လေ့လာ စူးစမ်းမှုများ ပြုလုပ်ပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်သွားပါမည်။
                   (၁)    သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ/ မရှိ စူးစမ်းလေ့လာခြင်း (Environmental Impact Assessment- EIA) ကို အောက်ပါအတိုင်း ဆောင်ရွက်ရန် စီမံထားပြီးဖြစ်ပါသည်-
                            (ကက)  ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သုတေသန တက္ကသိုလ်ဖြစ်သာ ရန်ကုန် တက္ကသိုလ်နှင့် မိမိတို့ ကုမ္ပဏီအကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ရန်ကုန်တက္ကသိုလ်မှ ပညာရှင်များ၊ ပါရဂူဘွဲ့ ကျမ်းပြုသူများနှင့် ပူးပေါင်းကာ ဒေသရင်း ငှက်မျိုးစိတ်များ၊ နို့တိုက်သတ္တ၀ါ မျိုးစိတ်များနှင့် တွားသွား သတ္တ၀ါမျိုးစိတ်များကို သုတေသနပြုပြီး ၄င်းတို့အပေါ် အကျိုးသက်ရောက်မှု ရှိ/မရှိ လေ့လာပါမည်။ ဆိုးကျိုး သက်ရောက်မှု ရှိနိုင်ပါက ကြိုတင်ကာကွယ် ရှောင်လွဲနိုင်မည့် နည်းလမ်းများ ရှာဖွေကာ ပညာရှင်များ၏ အကြံပြုချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် သွားပါမည်။
                  (ခခ)   ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ၊ မြိတ်တက္ကသိုလ် သတ္တဗေဒဌာနနှင့် မော်လမြိုင် တက္ကသိုလ် အဏ္ဏ၀ါ သိပ္ပံဌာနမှ ပညာရှင်ပါရဂူဘွဲ့ ကျမ်းပြုသူများ ပူးပေါင်းအဖွဲ့ဖြင့် မြိတ်မြို့ဒေသရှိ ကပ္ပလီပင်လယ် ကမ်းရိုးတန်းမှ ဒေသမျိုးရင်း ရေသတ္တ၀ါများအား သုတေသနပြုပြီး ၄င်းတို့အပေါ် ဆိုးကျိုးသက်ရောက်မှု ရှိ/မရှိ လေ့လာပါမည်။ ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါက ကြိုတင်ကာကွယ် နိုင်မည့် နည်းလမ်းများ ရှာဖွေကာ ပညာရှင်များ၏ အကြံပြုချက်နျင့် အညီ လိုအပ်သလို ဆောင်ရွက်သွားပါမည်။
                            (ဂဂ)     ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနမှ သဘာဝ ပတ်ဝန်းကျင် လေ့လာရေး ပညာရှင်များ၊ မဟာ သုဆေသန် ကျမ်းပြုသူများနှင့် ပူးပေါင်းကာ မြိတ်မြို့ ဒေသတွင် ရေထု ညစ်ညမ်းမှု (Water Polution) လေထု ညစ်ညမ်းမှု (Air Polution) အပါအ၀င် သဘာဝပတ်ဝန်းကျင် လေ့လာမှုများကို စနစ်တကျ စီမံဆောင်ရွက်ပြီး စက်ရုံတည်ရှိခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိ/ မရှိ စူးစမ်းလေ့လာကာ ဆိုးကျိုး သက်ရောက်မှု မရှိစေရေးနှင့် မလွှဲမရှောင်နိုင်၍ ရှိလာပါကလည်း အနည်းဆုံးဖြစ်စေရန် စီမံဆောင်ရွက် သွားပါမည်။
                             (၂)    လူမှုပတ်ဝန်းကျင်အား ထိခိုက်မှု ရှိ/ မရှိ စူးစမ်းလေ့လာခြင်း Social Impact Assessment- SIA) ကို အောက်ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
                                     (ကက)  စက်ရုံတည်ဆောင်လည်ပတ်မှုကြောင့် ရရှိနိုင်မည့် လူမှုအကျိုး စီးပွားများကို လေ့လာသွားပါမည်။ ထိုသို့ စူးစမ်းလေ့လာရာ၍ (၁) ဒေသတွင်း လျှပ်စစ် စွမ်းအင်း ရရှိစေခြင်း၊ (၂) ဒေသခံများ အလုပ်အကိုင် ရရှိစေခြင်း၊ (၃) နိုင်ငံတော် အတွက် အခွန်အခ ရရှိစေခြင်း၊ (၄) ဒေသတွင်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေး အကျိုးအမြတ် ရရှိစေခြင်း တို့ကို လေ့လာစူးစမ်း မှတ်တမ်းပြုသွားပါမည်။
                                         (ခခ)     စက်ရုံလည်ပတ်မောင်းနှင်မှုကြောင့် ဖြစ်ပွားလာသော လူမှုပတ်ဝန်းကျင် အတွက် ဆိုးကျိုးများကိုလည်း လေ့လာသွားပါမည်။ ထိုသို့ လေ့လာရာ၍  (၁) လေထုညစ်ညမ်းမှု (Air Pollution) ကြောင့် ကျန်းမာရေး ထိခိုက်နိုင်မှုများ၊ (၂) ရေထုညစ်ညမ်းမှု (Water Pollution) ကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ (၃) စက်ရုံမှ ထွက်ရှိပေါ်လာမည့် စက်လည်ပတ်သံကြောင့် ပတ်ဝန်းကျင်ရှိ လူနှင့် တိရိစ္ဆာန်များအပေါ် အကျိုး သက်ရောက်နိုင်မှု ရှိ/ မရှိ စသည်တို့ကို လေ့လာပြီး လိုအပ်သည့် ကာကွယ်မှုများအား စနစ်တကျ စီမံ ဆောင်ရွက် သွားပါမည်။
                             (စ)     သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း။     မိမိတို့စက်ရုံ အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် အတွက် ခေတ်မီ ကျောက်မီးသွေးပြာ ဖမ်းစက် တပ်ဆင် အသုံးပြုခြင်း၊ ဆာလဖိုင်ဒိုင်အောက်ဆိုဒ် (SO2)အထွက် နည်းစေရန် စီမံထားခြင်း၊ စံချိန်မီ မီးခိုးခေါင်းတိုင် တပ်ဆင်ထားရှိခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ပေးခြင်း၊ သိပ္ပံပညာရှင်များ ပါဝင်သော အဖွဲ့များဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု ရှိ/ မရှိ သုတေသနပြု လေ့လာ ဆန်းစစ်ခြင်းများ ပြုလုပ်ရန် စီမံ ထားရှိပါသည်။ ထို့အပြင် မြိတ်မြို့ရှိ မြန်မာ့ စီးပွားရေးဘဏ်တွင် လူမှု ဖူလုံရေးနှင့် ကျန်းမာရေး စောက်ရှောက်မှု ရန်ပုံငွေ အတွက် ငွေစာရင်း ဖွင့်လှစ်ထားရှိပြီး နှစ်စဉ် အမြတ်ငွေ၏ (3%)ကို အပ်နှံထားရှိပါမည်။ ပတ်ဝန်းကျင် ထိခိုက် နစ်နာမှုများ ရှိပါက သင့်တင့်မျှတသော ပမာဏ အထိ လျော်ကြေး ပေးအပ်သွားမည် ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထားရှိမှုများအား တာဝန်ရှိသူများ၏ လာရောက်စစ်ဆေး လမ်းညွှန်မှု များကို ခံယူသွားမည် ဖြစ်ပါသည်။

                  

Tuesday, September 4, 2012

မြိတ်မြို့ သားဖွားမီးယပ် ဆေးရုံသို့ ဆေးရုံသုံး ပစ္စည်းများ လှူဒါန်း




မြိတ်မြို့ ကန်ခေါင်းရပ်ရှိ သားဖွား မီးယပ် ဆေးရုံသို့ မန္တလေးမြို့နေ ဦးကျော်စိုး + ဒေါ်ယမင်းအေးမောင် မိသားစု Taurus Co.Ltd မှ တန်ဖိုး (၁၂)သိန်း (၅)သောင်း(၅)ထောင်ရှိ Blood Bank  Refrigerator နှင့် တန်ဖိုး (၈)သောင်း(၄)ထောင် ရှိ Oxygen Concentrator တို့ကို ပေးအပ်လှူဒါန်းရာ အလှူရှင်များ ကိုယ်စား မိဘများ ဖြစ်သည့်  မြိတ်မြို့ ကန်ဖျားရပ် မြေနီလမ်းနေ ဦးထွန်းရှိန် + ဒေါ်ဂင်ကြည် တို့မှ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါ်မြမြထွေး သို့သို့ (၃၀-၈-၂၀၁၂) ရက်နေ့ မွန်းလွဲ (၂)နာရီ ခွဲ အချိန် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

 

Monday, May 21, 2012

အခြေခံပညာကျောင်းအုပ်ကြီးများကို ကယ်တင်ပါ.......

လာမယ့် ၂၅ ရက်နေ့ဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်း အခြေခံပညာ ကျောင်းတွေမှာ ကျောင်းအပ်နှံရပါတော့မယ် အစိုးရဘက်ကလည်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရာ၌ မည်သည့်အလှူငွေ မှ ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားချက်များ ထုတ်ပြန် တားမြစ်သံတွေကြားနေရ ပါပြီ  ကျောင်းအပ်နှံရာမှာ  မူလတန်းအဆင့် ကျောင်းသားများအတွက် အခမဲ့ဖြစ်တယ် ၊အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများကျောင်း အပ်နှံမှုအတွက်မူ သက်ဆိုင်ရာ အတန်းအလိုက် မိဘဆရာအသင်းကြေးတို့သာ ကောက်ခံသွားမည်ဖြစ်ပြီး မည့်သည့်အလှူငွေမှ ကောက်ခံခွင့် မရှိကြောင်း အမိန့်တွေထုတ်နေပါပြီ ၊သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ပြည်နယ်အဆင့် မြို့နယ်အဆင့် ပညာရေးမှူးတွေကလည်း သက်ဆိုင်ရာ အခြေခံပညာ ကျောင်းအုပ်ကြီးတွေကို ငွေလုံးဝ မကောက်ဘို့ ကောက်ရင် အရေးယူခံရမယ် ဆိုတာသိရှိကြောင်း ၀န်ခံကတိတွေ ထိုးနေရတဲ့နေရာတွေလည်း ထိုးနေရပါပြီ ။

အစိုးရ ပညာရေးဌာန တာဝန်ရှိသူတွေက မူလတန်းအခမဲ့ အလယ်တန်း အထက်တန်း မိဘဆရာအသင်းကြေး သာကောက်ရမယ်လို့ ဆိုပါတယ် မိဘဆရာအသင်းကြေးဆိုတာကလည်း ၅တန်း ၅၀၀ ၊ ၆တန်း ၆၀၀ ၊ ၇တန်း ၇၀၀ ၊ ၈တန်း ၈၀၀ ၊ ၉တန်း ၉၀၀ ၊ ၁၀တန်း ၁၀၀၀ ကျပ်မျှသာဖြစ်ပါသည် ။ဒါကလွဲရင်ဘာမှမကောက်ရဘူးလို့ အစိုးရရဲ့ အမိန့်ကဆိုနေပါတယ် ၊ဒါကိုမီဒီယာတွေမှာ လည်းဖေါ်ပြနေတော့ ကျောင်းသားမိဘတွေကလည်း ဒီအတိုင်းသိနေကြပါပြီ ၊ ဒါမကောင်းဘူးလား လို့မေးရင် သိပ်ကောင်းတာပေါ့ဗျာ လို့ ပြောရမည်သာဖြစ်ပါသည် ။ သို့သော် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူများရော မိဘပြည်သူများရော စဉ်းစားရပါတော့မည် ။

သူငယ်တန်းမှ ၈တန်းအထိ တစ်တန်းလျှင် ကျောင်းသားဦးရေ ၁၀၀ နှုန်းဖြင့် ၉၀၀ ဦး  ၉တန်း ၁၀ တန်း တစ်တန်းလျှင် ၂၀၀ ဦးနှုန်းဖြင့် ၄၀၀ဦး စုစုပေါင်း ကျောင်းသားဦးရေ ၁၃၀၀ ရှိသော အထက်တန်းကျောင်းတစ်ကျောင်း ဆိုပါစို့ ထိုကျောင်းအတွက် ပညာရေးဌာနကသတ်မှတ် ထားသော ကျောင်းသားဆရာအချိုး ၊ ဘာသာရပ်သင်ဆရာနှင့်ကျောင်းသားအချိုး များနှင့်တွက်ချက်ပါက အနည်းဆုံးဆရာ ၁၀၀ ဦးရှိရပါမည် ။ စာသင်ခန်းတစ်ခန်း ပျမ်းမျှ ၃၃ ဦးနှုန်း ဖြင့်ထားပါက တစ်ကျောင်းလုံးစာသင်ခန်း ၄၀ ရှိပါမည် ။ထိုကျောင်းသား ၁၃၀၀ ဆရာ ၁၀၀ စာသင်ခန်း ၄၀ ရှိသော ကျောင်းတစ်ကျောင်း၏ တစ်နှစ်ကုန်ကျစရိတ်ကို တွက်ချက်ကြည့်ရအောင်ပါ ။

ကျောင်းဖွင့်ပြီဆိုတာနဲ့ ကျောင်းအပ်ခံနိုင်ဘို့ ကျောင်းဝင်ခွင့်လျှောက်လွှာများ ၊ မိဘဆရာအသင်းကြေး များလက်ခံရရှိကြောင်းငွေပြေစာများပုံနှိပ်ခြင်း  ( ကျောင်းသားမိဘပေးရန် ၊ ကျောင်းလက်ခံ ၊ စာရင်းအစစ်ခံရန်အတွက် ) ၊ ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှုဆိုင်းဘုတ်များ  ပြုလုပ်ခြင်း (အချို့တိုင်းများတွင် တိုင်းပညာရေးမှူးရုံးကဗီနိုင်းများ ပုံနှိပ်၍ရောင်းပါသည် ၊ မ၀ယ်လို့လဲမရပါ ) ကျောင်းအပ်နှံရေးနေ့အတွက် ငွေကောက်မကောက် လာစစ်ကြကုန်သော အမျိုးမျိုးသော စစ်ဆေးရေးအဖွဲ့များ ဧည့်ခံခြင်း ၊ ပုံနှိပ်စာအုပ်များကို သတ်မှတ်နေရာများမှ ကျောင်းအရောက် အကြိမ်ကြိမ် ကားဖြင့်သယ်ယူခြင်း (တစ်ကြိမ်တည်းနှင့်အကုန်အပြည့်အစုံမရပါ ကျောင်းဖွင့်ပြီး ၂ လလောက်အထိ အကြိမ်ကြိမ်ထုတ်ယူရပါသည် ) အစရှိသော ကိစ္စအ၀၀ များအတွက် မြန်မာငွေ ၂သိန်း မရှိလျှင်မရပါ ။

ဆရာဆရာ ၁၀၀ အတွက် Teaching Notes ရေးရန်အတွက် လယ်ဂျာစာအုပ် ၁၀၀ ( ထိုစာအုပ်မရှိ၍မရပါ ကျောင်းစစ်လာလျှင် စစ်ပါသည် ) ၊ စာသင်ခန်း ၄၀အတွက် ကျောင်းခေါ်ကြိမ် မှတ်တမ်းစာအုပ် ၄၀ ၊ အမှတ်စာရင်းစာအုပ် ၄၀ ၊ ဆရာစာ သင်ကြားမှုမှတ်ပုံတင် စာအုပ် ၄၀ ၊ ကျောင်းတစ်ကျောင်းလုံး၏ စာရင်းချုပ်များပြုလုပ်ရန် ၊ အထက်ဌာနများ၏ စစ်ဆေးချက်များပြုလုပ်ရန် ကျောင်းအုပ်ကြီးရုံးအတွက် လယ်ဂျာစာအုပ် ၄၀ ၊ စုစုပေါင်းလယ်ဂျာစာအုပ်  ၂၆၀ ၊ (ထိုစာအုပ်များအညံ့စားဝယ်၍မရပါ ကျောင်းစစ်များလာတိုင်းစစ်ပါသည် စုတ်ပြတ်နေလျှင် လွှင့်ပစ်ပါသည် ) ၊ အလတ်တန်းစား ၀ယ်ရင် တစ်အုပ် ၅၀၀ ၊ ထို့ကြောင့် ၅၀၀ x ၂၆၀ = ၁၃၀၀၀၀ ဖြစ်ပါသည် ။ ကျောင်းသားတစ်ဦးစီအတွက် ပညာရည်တိုးတက်မှုမှတ်တမ်း ( Report Card ) အတွက် ၂၀၀၀၀ ကျပ် စုစုပေါင်းမြန်မာငွေ ၂ သိန်းမရှိလျှင်မရပါ ။

စာသင်ခန်း ၄၀အတွက် သင်ပုံးများကို ပြည်တွင်းဖြစ်စိန်တံဆိပ် အညံ့စားသင်ပုန်းဆေးသုတ်ခြင်း ၊ ဘောဖျက် ( Duster ) ၊တစ်နှစ်စာ  မြေဖြူ (ရေးဖြစ်ရုံ အမျိုးအစား ) ၀ယ်ယူရန်အတွက်လည်း မြန်မာငွေ ၂ သိန်းမရှိလျှင်မရပါ ။ မြေဖြူပုံးသေးသေးလေး ၁၀၀ ပါသော ပုံးကြီးတစ်ပုံးကို မြန်မာငွေ ၇ သောင်းပေးနေရပါသည် ။ 

နောက်တစ်ခုက စာသင်ခုံဖြစ်ပါသည် ၊ မူလကစာသင်ခုံများ အပြည့်အစုံရှိနေသည့်တိုင်အောင် တစ်နှစ်လျှင် စာသင်ခန်း တစ်ခန်းအတွက် အနည်းဆုံး စာသင်ခုံတစ်လုံးနှုံးအစားထိုး ဖြည့်တင်းပေးရပါသည် ၊ မည်သို့ပင် ဖင်ငြိမ်အောင်ထိုင်ထိုင် ၊ မည်သို့ပင် မကျိုးခင်ကသံရိုက်ရိုက် ၊ ဒီထိုင်ခုံကပျက်တာကို ဟိုဘက်အကျိုးကကောင်းတာနဲ့ဘယ်လိုပေါင်းပေါင်း တစ်နှစ်ကို တန်းခွဲတစ်ခုအတွက် စာသင်ခုံတစ်လုံးနှုံး ပျမ်းမျှအစားထိုးရပါသည် ၊ ဒီခေတ်မှာ အညံ့စားသစ်နဲ့လုပ်ထားတဲ့ နှစ်ယောက်ထိုင် စာသင်ခုံတစ်လုံးကို မြန်မာငွေ ၂သောင်းခွဲမပေးလျှင်မရပါ  ဒီတော့ ၂၅၀၀၀ x ၄၀ = ၁၀၀၀၀၀၀ ( ၁၀ သိန်း) ဖြစ်ပါသည် ။ ဒါမြို့မှာ မီးမလောင်မှ ၊ ရေမကြီးမှ ပါ ၊ မီးလောင်လို့ ရေကြီးလို့များ ကယ်ဆယ်ရေးစခန်းကျောင်းမှာလာဖွင့်လိုက်လို့ကတော့ ရှိတဲ့ခုံအကုန် အေးချမ်းမေ ဖြစ်ကုန်ပါသည် ။မြို့မှာအခမ်းအနားရှိတိုင်းကျောင်းကခုံတွေလာယူပါသည် ၊ တင်လိုက်ချလိုက်နဲ့ ပြန်လာတော့ခုံပို လာသည်ဟူ၍ မရှိပါ ၊ နဲ့လာတာကျိုးလာတာ ၊ ပါမလာတာသာရှိပါသည် ။မည်သို့ပင်ဖြစ်စေကျောင်းအုပ်ကြီးသည် သာမန်အခြေအနေတွင် တစ်နှစ် ( ၁၀ ) သိန်းဘိုးလောက်တော့ အနည်းဆုံးကုန်မှ နောက်နှစ်ကျောင်းဖွင့်လျှင် ကျောင်းသားများ ထိုင်စရာရှိပါသည် ။ဒီကြားထဲ ငွေမကောက်၇န်အမိန့်ထုတ်ထားသူများက ကျောင်းကိုလာစစ်ရင် ကျောင်းအုပ်ကြီး ခင်ဗျားကျောင်းက ကျောင်းသားနဲ့ စာသင်ခုံ အချိုးမကျဘူး နည်းနေတယ် လုပ်ဦးလေ ကျောင်းသား တွေကြပ်နေမှာပေါ့ဗျ ၊ ဒီစာသင်ခုံနဲ့ ကျောင်းသားအချိုးမ ကိုက်ရင် ကျောင်းအုပ်ဆရာကြီးရဲ့ စွမ်းဆောင်ရည်အကွက်မှာ အမှတ်လျော့မယ် ဒါဆိုရင်ခင်ဗျား ပရိုမိုးရှင် မ၇တော့ဘူးဗျ ဟု ညွှန်ကြား သွားတော်မူသည်များလည်း ရှိပါသည် ။

နောက်တစ်ခုက ရေမိလ္လာ ကိစ္စ ဖြစ်ပါသည် ၊ အခြေခံပညာဦးစီးဌာန၏ ကျောင်းအိမ်သာနှင့် ပတ်သက်သော သောညွှန်ကြားချက်မှာ ကျောင်းသား ၅၀ ဦးလျှင် အိမ်သာ တစ်လုံးနှုန်းအနည်းဆုံး ရှိရမည်ဟုဆိုပါသည် ။ ဒီတော့ကျောင်းသားဦးရေနဲ့ တွက်လိုက်ရင် ယောကျားလေးအိမ်သာ ၁၄လုံး မိန်းခလေးအိမ်သာ ၁၄ လုံး ဆရာဆရာမအိမ်သာ ၂လုံး  စုစုပေါင်း အိမ်သာ ၃၀ ရှိပါမည် ။ ကျောင်း၏သဘောမှာ တစ်ချိန်တည်းတက် ၊ တစ်ချိန်ထဲဆင်း စနစ်ဖြစ်သောကြောင့် ပါလျှင်လည်းတစ်ချိန်တည်းဖြစ်ပါသည် ။ထို့အတွက်ကြောင့် အိမ်သာအလုံး ၃၀ သည် ကျောင်းဆင်းချိန်များတွင် ပြည့်ကျပ်နေပါသည် ၊ လူ ဦးရေ ၁၄၀၀ ခန့် နေ့စဉ်သုံးသော အိမ်သာတို့ကို ၂ လလျှင် ၃ ကြိမ်ခန့် စုပ်ထုတ်ရပါသည် ၊ တစ်ကြိမ်စုပ်ထုတ်လျှင် ယောကျားလေးအိမ်သာဘက် ၂သောင်းခွဲ ၊ မိန်းခလေးအိမ်သာဘက် ၂သောင်းခွဲ စုစုပေါင်းတစ်ကြိမ်လျှင် မြန်မာငွေ ၅၀၀၀၀ ကျပ်ကုန်ကျပါသည် ။စာသင်လ ၈ လအတွင် ၁၆ ကြိမ်  တစ်ကြိမ်လျှင် ၅၀၀၀၀ ဆိုတော့ ၈သိန်း ကျပါသည် ။ဒါတောင်ကျောင်းမို့လို့ စည်ပင်က အကူအညီပေးတဲ့ ဈေးပါ ၊ ထိုအိမ်သာ အလုံး ၃၀ အတွက် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးအနည်း ဆုံးငှားထားရပါသည် ၊ မငှားလို့မရပါ ၊ ကျောင်းသားများအသင်းလိုက်တာဝန်ကျလုပ်တာလည်း လုပ်တာသာဖြစ်ပါသည် တကယ်တမ်း ပိတ်ပြီဆို့ပြီဆိုရင် ကျောင်းသားတွေမလုပ်တတ်တော့ပါ ၊ ကျောင်းအိမ်သာများနေ့တိုင်းပိတ်ဆို့ပါသည် ။ စက္ကူများဖြင့် ပိတ်ဆို့ပါသည် ၊ ရေကျအောင်မလောင်းပါ ၊ နောက်လူတစ်ယောက်ကလည်း ၀င်လာပြီးဒီအတိုင်း က်သွားလိုက်ပါတယ် ၊ ၃ယောက်လောက်လည်း သွားပြီးရောမ၇တော့ပါဘူး ပိတ်ဆို့ကုန်ပါတယ် ၊ မိန်းခလေးအိမ်သာ ဘက်မှာလည်း အပျိုဖေါ်ဝင်စ ကျောင်းသူများရဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို အိမ်သာထဲထည့်ပါသည် ၊ ဘယ်လောက်ပြောပြော ၊ ဘယ်လောက် ဘေးမှာထည့်စရာထားထားမရ ပါ အိမ်သာထဲကိုထည့်ဖြစ်အောင် ထည့်ပါသည် ၊ခက်လှပါသည် ၊ ကျောင်းဖွဲ့စည်းပုံတွင် ထိုသန့်ရှင်းရေးဝန်ထမ်းမပါရှိပါ ၊ သပ်သပ်ငှားရပါသည်  တစ်လကို မြန်မာငွေ ၅၀၀၀၀ ပေးပြီးတောင်းတောင်းပန်ပန် ငှား၇ပါသည် ။ တစ်လ ၅၀၀၀၀ ဆိုတော့ ကျောင်းဖွင့်လ ၈ လအတွက် ၄ သိန်း ၊ ကျောင်းပိတ်ရက်နှင့်စာမေးပွဲရာသီ ၄ လအတွက်တစ်လလျှင် ၂သောင်းခွဲနှုံးဖြင့် ၁ သိန်း စုစုပေါင်း ၅ သိန်းကုန်ပါသည် ။ ဒီကြားထဲ မီးပျက်လို့ရေမတင်နိုင်ရင်ဖြစ်ဖြစ် ၊ မြို့ရေပေးရေးက ရေမလာရင်ဖြစ်ဖြစ် ထို လူ ၁၄၀၀ ပါတော်မူရေးအတွက် ကျောင်းအုပ်ကြီးတို့သည် ၊ စည်ပင် ၊ မီးသတ်တို့မှ တာဝန်ရှိသူတို့ထံမျက်နှာငယ်ငယ်ဖြင့်သွားကာ  ရေကားအကူအညီ တောင်းခံရပါသည် ၊ ဒီမှာဆရာကြီးရ ဆရာကြီးကိုတော့ကူညီချင်ပါတယ် ဒါပေမယ့် မီးသတ်ကားဆရာကြီးဆီ သွားတုန်းမြို့မီးလောင်ရင် ကျွန်တော် ပြုတ်ပြီဗျ ၊နောက် တစ်ခုက မီးသတ်ဆိုတာလည်း မီးမလောင်ရင်ဆီတင်တောင်းလို့ မရဘူးဗျ စက်နှိုးဆီလောက်ပဲရှိတာ ...ဟုဆိုကာ စကားကိုဖြတ်ထားသဖြင့် ဟုတ်ကဲ့ပါ ဦးစီးမှူးကြီးရယ် ဆီဘိုး တစ်ခေါက်ကိုတစ်သောင်းပေးပါ့မယ်ခင်ဗျာ ရေရရင်ပဲတော်လှပါပြီ ကျောင်းအုပ်ကြီးကတောင်းပန်ရ သည့်အပြင် ထိုမီးသတ်ကား ကျောင်းကိုလာနေတုန်း မြို့မီးမလောင်အောင်လည်း ဂါထာပေါင်းစုံရွတ်ကာ ဆုတောင်း ပေးရသေးလေသည် ၊ မီးသတ်ကတမင်ညစ်သည်မဟုတ် ၊ သူ့တွင်လည်းထိုအခက်အခဲ အမှန်ပင်ရှိပါသည် ။ မခက်လှပါလား....။ဒီကြားထဲ ငွေမကောက်ရန် ညွှန်ကြားထားသူများက ကျောင်းကိုလာစစ်ရင် အိမ်သာကိုအရင်စစ်ပါသည် ၊ ခင်ဗျားကျောင်းအိမ်သာတွေက သန့်ရှင်းရေးတော့မဆိုးပါပါဘူး ...ဒါပေမယ့် ဒက်တော ပိုးသတ်ဆေးနဲ့မရဘူး ဒါဖြန်းဘို့လိုတယ် များများဖြန်းရမယ် ၊ ၀မ်းရောဂါဆိုတာ ဒီလိုအများသုံး အိမ်သာတွေကဖြစ်တာဗျ ... ဟိုနောက်က မိလ္လာကန်ပတ်လည်မှာလည်း ထုံးမဖြူးထားပါလား ... ဆရာကြိးပေါ့တယ်နော် ... သေချာလုပ်ဘို့လိုမယ် ၊ ဟင်.... ဒီမှာ အိမ်သာကထွက်လာရင် လက်ဆေးဘို့ ဆပ်ပြာလည်း မရှိပါလား.... ဟာ... ခက်တော့တာပဲ ခင်ဗျား ကျောင်းကျန်းမာရေး ကို့စ်တွေ ဘာတွေ မတက်ဘူးဘူးထင်တယ် ...ဒီကို့စ်တွေမှာဒါတွေပါတယ်ဗျ ဟု လေဖြင့် လမ်းညွှန်သွားသူများလည်းရှိရာ ကျောင်းအုပ်ကြီးများက ခင်ဗျားလည်း ကျောင်းအုပ်ကြီး မလုပ်ဖူးဘူးထင် တယ်ဟု ပြန်မေးချင်သော်လည်း မမေးလိုက်ရပဲ ငြိမ်၍ နေလိုက်၇သော အဖြစ်များလည်း အမှန်ပင်ရှိပါသည် ။

နောက်တစ်ခုက စာမေးပွဲစစ်ဆေးခြင်းဖြစ်ပါသည် ၊ ငွေမကုန်ပဲစာမေးပွဲစစ်နည်းဟူ၍ ကမ္ဘာမှာမရှိပါ စာမေးပွဲတို့သည် မေးခွန်း ၊ အဖြေလွှာ  အစရှိသည်တို့အတွက် အတိုင်းတာတစ်ခုအထိ ကုန်ကျမည်သာဖြစ်ပါသည် အလကားစစ်သော စာမေးပွဲသည် အလကားစာမေးပွဲသာဖြစ်ပါမည် ။ဤနေရာတွင် ယခုခေတ်ကျောင်းများ၏ စာမေးပွဲစစ်နည်းများကို အကျဉ်းတင်ပြလိုပါသည် တစ်လတစ်ခါစစ်သော Chapter End Test ဟုခေါ်သော အခန်းဆုံးစစ်ဆေးခြင်းစာမေးပွဲများ ၊ ပထမနှစ်ဝက်ဆုံး စာမေးပွဲ ၊ ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲ ဟူ၍ အကြိမ်များစွာစစ်ရပါသည် ။အတန်းငယ်များသည် မေးခွန်းကို ကျောက်သင်ပုန်းတွင်ရေး၍  ဖြေခိုင်းလျှင်ရနိုင်သော်လည်း အတန်းကြီးလျှင်မရပါ ၊ နောက်ပြီး Chapter End Test ကစာအုပ်ထားရပါသည် ၊ တစ်ဘာသာလျှင်တစ်အုပ်ထားရပါသည် ၊ ထိုစာအုပ်များကိုလည်း ကျောင်းစစ်ဆေးရေးများက စစ်ပါသည် ပုံစံတူထားရပါသည်  ၊ ပုံစံတူစေရန် ကျောင်းက၀ယ်ပြီးရောင်းလျှင်လည်း အတိုင်ခံရပါသည် ၊ ကျောင်းကပုံစံသတ်မှတ်၍ ဒီပုံစာအုပ်တွေ ကိုယ့်ဖာသာဝယ်ခဲ့ကြဟေ့ ဆိုပြီးမှာလိုက်လျှင်လည်း ပုံစံမျိုးစုံဝယ်လာပါသည်...... ကျောင်းအုပ်ကြီးဘ၀ခက်လှပါသည် ။ ကျောင်းသား ၁၃၀၀ ခန့်ရှိသောကျောင်းတစ်ကျောင်း၏ စာမေးပွဲတစ်ကြိမ်ဖြစ်၇န် အနည်းဆုံး ၂သိန်းခန့်ကုန်ပါသည် ၊လစဉ်စစ်၇သောစာမေးပွဲများ နှင့် စာမေးပွဲကြီး ၂ ကြိမ်အတွက် တစ်နှစ် ၅သိန်းခန့် အနည်းဆုံးကုန်ပါသည် ။ နောက်တစ်ခုက ကျောင်းသားစုံညီပွဲတစ်ခါလုပ်ရင် ဆုပေးတာနဲ့ဘာနဲ့ဆို မြန်မာငွေ ၁၀ သိန်းလောက် မကုန်ရင် စုံညီပွဲမဖြစ်ပါ မစုံမညီပွဲတော့ဖြစ်ချင်ဖြစ်ပါမည် ။ အတန်း ၁၁ တန်းအတွက် တစ်တန်းကို ပ ဒု တ ၊ နဲ့ ၃၃ ယောက် ၊ နောက်အထိမ်းအမှတ်ပွဲတွေမှာ စာစီစာကုံးတို့ ကဗျာတို့ ဆိုကရေးတီးတို့ ၊ အားကစားတို့ စတဲ့ပွဲတွေမှာ ထူးချွန်တဲ့ကလေးတွေ စုပေါင်းလိုက်ရင် ၅၀ လောက်ဆုပေး၇ပါတယ် ၊ နောက်ဆရာဆရာမများ ကို ခွင့်မယူဆုတို့ ၊ ဘာသာရပ်သင်ထူးချွန်ဆုတို့ ၊ အစရှိသဖြင့် ၁၀ ဦးလောက်ပေး စုစုပေါင်း လူ ၆၀လောက်ကိုဆုပေး ၊ နောက်အခမ်းအနားလုပ် ဖိတ်ကြားသူတွေကိုဧည့်ခံ ၊ ကျောင်းကပွဲအတွက်ကုန်ကျစရိတ်တွေ ၊အသံပိုင်းဆိုင်ရာစက်ငှားတာတွေ ပေါင်းရင် ၁၀သိန်းဆိုတာ ခပ်မွဲမွဲကျောင်းမှာကုန်တာပါ ။

နောက် အထိမ်းအမှတ်နေ့တွေမှာ စာစီစာကုံးတွေ ၊ ကဗျာတွေပြိုင်တာ ၊ နောက်အားကစားတွေပြိုင်တာ ၊ နောက်ဆိုကရေးတီးပြိုင်တာတွေဟာ ကိုယ့်ကျောင်းသားက ထူးချွန်ရင်ထူးချွန်သလောက် ပိုက်ဆံကုန်ပါတယ် ၊ ဆိုလိုတာက တိုင်းအဆင့်ထိပါရင် တိုင်းကို ကျောင်းသားတွေရယ် ၊အုပ်ထိန်းသူမိဘတွေရယ် ၊ ကြီးကြပ်သူဆရာတွေရယ် တပြုံတမကြီးကို ကျောင်းကနေစရိတ်ခံပြီး လွှတ်၇တာပါ သိန်းချီကုန်ပါတယ်  ၊ နိုင်ငံတော်အဆင့်များထပ်ပါသွား လို့ကတော့ သေပြီဆရာ ဆိုတာလို ဖြစ်ပါတယ် ။ ကျောင်းအုပ်ဆရာကြီးတွေဟာ ကိုယ့်ကျောင်းသားဒဏ် ကိုယ်သာခံ ဆိုတာလိုဖြစ်နေတော့ ၊ နိုင်ငံအတွက်ထူးချွန်သူတွေမွေးထုတ်ပေးရမယ့် ကျောင်းအုပ်ကြီးတွေဟာ ကိုယ့်ကျောင်းသား ထူးချွန်မှာကို ကြောက်နေရတဲ့ဘ၀ဖြစ်နေပါတယ် ။

ပြောရင်ကုန်မှာမဟုတ်လို့ ဒီလောက်နဲ့နိဂုံးချုပ်ပါမယ် ၊ အထက်ကတင်ပြခဲ့တဲ့ ကဏ္ဍအသီးသီးမှာ ကုန်ကျတာတွေကို ပေါင်းလိုက်ရင် ကျောင်းသား ၁၃၀၀ လောက်ရှိတဲ့ကျောင်းတစ်ကျောင်းဟာ အနည်းဆုံး မြန်မာငွေ သိန်း ၆၀ လောက်ကုန်မှ ရပ်တည်နိုင်ပါတယ် ဒီထက်ပိုဘို့ပဲရှိပါတယ် လိုဘို့မရှိပါဘူး ၊ အဲဒီကျောင်းကိုအစိုးရက တရာဝင်ခွင့်ပြုလို့၇တဲ့ ကောက်ခံငွေစုစုပေါင်းဟာ တစ်နှစ်စာ ၄သိန်း ၆ သောင်းပဲ ရှိပါတယ်  ကဲ စာဖတ်သူတို့သာ ကျောင်းအုပ်ဆရာကြီး နေရမှာဆို ဘယ်လိုလုပ်ကြမလဲ ၊

ကျောင်းသား ၁၃၀၀ ၊ ဆရာဆရာမ ၁၀၀ ၊ စာသင်ခန်း ၄၀ ရှိတဲ့ ပညာရေးယန္တယားကြီးကို မောင်းနှင်ဘို့အတွက် တစ်နှစ်ကို ၄သိန်း ၆သောင်းပဲပေးမယ် အမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုရင် ဒေါ်လာ ၅၅၀ ပဲပေးမယ် မင်းပိုက်ဆံလုံးဝထပ်မကောက်နဲ့တော့ ဒါနဲ့ရအောင်လုပ် ကောက်ရင်အရေးယူမယ်ဆိုတာ တရားမျှတပါရဲ့လားမိတ်ဆွေတို့ ၊ မိတ်ဆွေတို့သားသမီးတွေ ပညာသင်ဘို့အတွက် ဆရာကြီးတွေဟာ နိုင်ငံတော်မူဝါဒနဲ့လည်း မဆန့်ကျင်အောင် ခလေးတွေလည်း ပညာရေး အဆင်ပြေအောင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြတယ် ၊ စေတနာရှင်ပြည်သူတွေရဲ့ အလှူငွေလေးတွေကို မျက်နှာငယ်ငယ်နဲ့အလှူခံပြီး မဖြစ်ဖြစ်အောင် လုပ်ပေးခဲ့ကြတယ်လေ.... ဒီဆရာကြီးတွေ ဆရာမကြီးတွေကို ပိုက်ဆံပိုကောက်ရကောင်းလားဆိုပြီး တိုင်လားတောလား လုပ်ရက်ကြပါသလား ခင်ဗျာ ၊ ငါတို့အမိန့်အတိုင်း မလိုက်နာရင် အရေးယူလိုက်မဟဲ့ ဆိုတဲ့သူတွေကရော အရေးယူရက်ပါသလား ခင်ဗျာ....မီဒီယာတွေကရော... အစိုးရက ပိုက်ဆံမကောက်နဲ့ အမိန့်ထုတ်ထားပြီ ကောက် တဲ့ကျောင်းအုပ်တော့ မီဒီယာကနေ ဆော်ထည့်လိုက်ဦးမဟဲ့လို့ ဆိုရင်မှန်ပါ့မလားဗျာ ။

ပုထုဇဉ်ဘာဝ အဂတိလိုက်စားသူ အချို့တော့ရှိကောင်းရှိမှာပေါ့ဗျာ အများစုက ဒီလိုမဟုတ်ပါဘူး ဆရာစိတ်ဆိုတာ ဆရာဖြစ်ဘူးမှသိတာပါ...ကျောင်းသားတွေအပေါ်မှာ ဘယ်တော့မှ ဖေါက်လွှဲဖေါက်ပြန် မရှိပါဘူး ဆိုတာကျွန်တော်ယုံပါတယ် ။

ဒီဆောင်းပါးလေးနဲ့ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆရာတွေကို ရိုသေစွာကန်တော့ပါတယ် ဆရာတို့ဘ၀ တောက်ပကြပါစေ............

ဒေါက်တာဆိတ်ဖွား


( ဒီဆောင်းပါးလေးကို လက်ဆင့်ကမ်းပေးခြင်းဖြင့် ဆရာတို့ဘ၀ကို ကယ်တင်ကြပါ ခင်ဗျား... )


မြိတ် NLD အောင်နိုင်ရေး ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ


 ၂၀.၅ ၂၀၁၂ (တနင်္ဂနွေ) နေ့ နံနက် (၇း၀၀)နာရီတွင် တနင်္သာရီတို်င်း မြိတ်မြို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့် ကျွှန်းစုမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးတွင် မေတ္တာဖြင့်ပါဝင် ကူညီပေးခဲ့ကြသော အလှူရှင်များ၊ ကျွန်းစုမြို့နယ်ရှိ ကျေးရွာ အသီးသီးမှ ပါတီဝင်များနှင့် မိဘပြည်သူများကို ဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနားအား မြိတ်မြို့နယ် ဆိပ်ငယ်ရပ်ကွက်ရှိ ဘုံတိုက်စိမ်း ခန်းမတွင် ပြုလုပ်သွားခဲ့ပါတယ်.။ အခမ်းအနားတွင် ကျွန်းစုမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် တိုင်းအောင်နိုင်ရေးအဖွဲ့ဝင် ဦးလှမင်းတို့မှ ဂုဏ်ပြု ကျေးးဇူးတင် စကားပြောကြားပြီး မဲဆန္ဒနယ်မြေ အလိုက် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြပါတယ်.။
ယင်းနောက် တိုင်းအောင်နိုင်ရေး အဖွဲ့ဝင် ဦးလှမင်းမှ အပိတ် ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ ဧည့်သည်တော်များကို လဖက်ရည် မုန့်များနှင့် ဧည့်ခံကျွေးမွေးပြီး ၄င်းအခမ်အနားတွင် ပြည်ခိုင်ဖြိုးပါတီဝင်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြိတ်မြို့လယ်မှ ပျက်ဆီးနေသော လမ်းများအား ပြင်ဆင်ပေးပါရန်..


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြို့လယ်ခေါင်ရှိ လမ်းများမှာ မိုးရာသီ မရောက်ခင် ကတည်းက အလွန်ပင် ပျက်စီးမှုများ ကြုံတွေနေရပါသည်။ တစ်ချို့လမ်းများမှာ ချိုင့်ကြီးလွန်းသဖြင့် ယာဉ်မောင်းသူများနှင့် လမ်းသွား လမ်းလာများအတွက် အလွန်ပင် ဒုက္ခရောက်နေကြရပြီး အဆိုပါ ချိုင့်ခွက်များအား ရှောင်ကွင်း သွားနေရသဖြင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေပါသည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ် မြိတ်ရောက်စဉ်က  အဆိုပါ လမ်းများအား ဟန်ပြအဖြစ် အနည်းငယ်သာ ပြုပြင်ပြလိုက်ပါသည်။

၎င်းလမ်းများအား မြိတ်မြို့အမတ် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီမှ ပြုပြင်ရန် တာဝန်ယူထားကြောင်း ကြားသိရသော်လည်း ယခုထက်တိုင် ပြုပြင်ခြင်းမရှိပဲ ကျောက်နှင့်သဲများအား ပြုပြင်မည့်အတိုင်း ဟန်ရေးပြအဖြစ် ပုံထားသည်။ ၎င်းဦးဌေးမြင့်သည် ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း လမ်းများအား ကောင်းအောင် ပြုပြင်ပေးမည်။ လျှပ်စစ်မီးများအား တယူနစ်(၂၀၀)ကျပ်ဖြင့် ရအောင် လုပ်ပေးမည်ဟု အတုအယောင် ကတိများ အမျိုးမျိုးပေးကာ စည်းရုံးခဲ့ပါသည်။ မြိတ်မြို့၏ ကြံ့ဖွံ့ လွှတ်တော် ကိုယ်စားလှယ်ကြီး များမှလည်း ယခုအခါ ၎င်းလမ်းကိစ္စများအား မိမိနှင့်မဆိုင်သလို ယခင်(မဆလခေတ် ၊စစ်အစိုးရခေတ်)က အတိုင်း ရေငုံနုတ်ပိတ် နေခဲ့ကြပါသည်။

သို့ဖြစ်ပါ၍ မြိတ်မြို့လယ်၌ အရုပ်ဆိုး အကျဉ်းတန်  ဖြစ်နေပြီး ချိုင့်များအား ရှောင်ကွင်းသွားရသည့် အတွက်  မလိုလားအပ်သည့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်နေသည့်  ပျက်ဆီးနေသော အဆိုပါလမ်းများအား အမြန်ဆုံး ပြုပြင်ပေးပါရန် တင်ပြလိုက်ရပါသည်။
ညွှန်း- ဒီမိုဝေယံ http://www.demowaiyan.org/2012/05/blog-post_9979.html

Sunday, May 6, 2012

ရှင်းစရာမလိုသော "မရှင်းတမ်း" နှင့် မလည်ရှုပ်ဇာတ်လမ်း



          22.4.2012 ရက်နေ့က မြိတ် NLD ပါတီရုံး၌ "မဲအေင်နိုင်ရေးဂုဏ်ပြုပွဲ" ပြုလုပ်ရန်အတွက် အစည်းအဝေးတစ်ရပ် ကျင်းပရာ .. ၄င်းအစည်းအဝေး၌ သဘာပတိအဖြစ် ဦးအောင်မြင့်က ဆောင်ရွက်၍ အခမ်းအနားမှူးအဖြစ် ကိုမြတ်ကို (ဖိုးပါချင် ဆိတ်လစေ့ဟု မြိတ်နိုင်ငံရေး အသိုင်းအ၀ိုင်း၌ နာမည်ကြီးနေသူ) က ဆောင်ရွက်ပြီး ပါတီဝင်အင်အား (၃၀) ကျော်ခန့် တက်ရောက်ခဲ့ကြ ပါသည်။ ယင်းအခမ်းအနား၌ "မဲအောင်နိုင်ရေး ဂုဏ်ပြုပွဲ" အတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေး ကြပြီး နောက် လူငယ်များမှ "အောင်နိုင်ရေး အသုံးစရိတ် ရှင်းတမ်း" တောင်းဆိုကြရာ .. သဘာပတိအဖြစ် ဆောင်ရွက်သူ ဦးအောင်မြင့်က အလောတကြီး ထ၍ "၄င်းရှင်းတမ်းသည် ရှင်းစရာမလိုကြောင်း" ထ၍ ပိတ်ပြောရာ နောက်တစ်ဦးမှ အောင်နိုင်ရေးအတွက် ပြည်သူတွေဆီမှ အလှူခံရငွေ စုစုပေါင်း တစ်ရာ့ကိုးဆယ် ရှစ်သိန်းနှစ်သောင်း ကျပ်ကို အသုံးပြုခဲ့ကြပြီး ဦးသန်းထွန်း တစ်ဦးတည်း အသုံးစရိတ် ထုတ်ယူငွေ (၅၂)သိန်း ရှိ၍ တကယ်တမ်း စာရင်းပြနိုင်သည်မှာ သိန်း(၄၀) သာရှိပြီး ကျန်(၁၂)သိန်း ဘယ်ရောက် သွားသလဲ .. ဒီကိစ္စကို ဦးသန်းထွန်း ရှင်းပေးပါဟု ကိုစိုးမြင့် (ယခင်အတွင်းရေးမှူး)က ထ၍ တောင်းဆိုရာမှ ၄င်းတို့နှစ်ဦး အခြေအတင် ငြင်းခုံကြပြီး လူကြီးလူကောင်း ဂိုက်ဖမ်းထားသော ဦးသန်းထွန်း (မျိုးချစ်စိတ် အတုနှင့် ခွပ်ဒေါင်းအရေခြုံဟု မြိတ်နိုင်ငံရေး ရပ်ကွက်၎င်း၌ နာမည်ကြီးနေသူ) က ထိုင်ရာမှထ၍ ကိုစိုးမြင့်အား ဆောင့်တွန်းလေရာ ကိုစိုးမြင့်လဲကျ မသွားခင် လူငယ်နှစ်ဦးမှ ၀င်ရောက် ထိမ်းပေးလိုက်ကြပြီး ၄င်းနှစ်ဦး၏ ပါးစပ်မှလည်း "ဦးသန်းထွန်း မမိုက်ရိုင်းနဲ့ မယုတ်မာနဲ့ လူကြီးဆိုရင် လူကြီးလို ပီသအောင်နေပါ .. " ဟုပြောဆို၍ ထိုးပွဲအသွင်သို့ ကူးပြောင်း မသွားစေရန် ထိမ်းသိမ်း လိုက်ကြသည်။ ထိုအချိန်တွင် ၄င်းအစည်းအဝေးသို့ တက်ရောက် လာသော နယ်မှ စည်းရုံးရေး တာဝန်ခံ ဦးခင်မောင်သန်းမှ ထရပ်၍ ယခု အစည်းအဝေးသည် .. အစည်းအဝေးနဲ့ မတူဘဲ .. ရန်ပွဲနှင့် တူနေကြောင်း .. ကျွန်တော် အစည်းအဝေး လာတက်တဲ့ အကြိမ်တိုင်း ဒီလိုကိစ္စမျိုးတွေ အကြိမ်ကြိမ် တွေ့နေရကြောင်း .. ဒီလိုသာ ဆက်ဖြစ်နေမည်ဆိုရင် ကျွန်တော်တို့ ဘာအလုပ်မှ ဆက်လုပ်၍ ရတော့မည် မဟုတ်ကြောင်း .. ဒါကြောင့် ဒီနေ့အစည်းအဝေးမှ ကျွန်တော် နုတ်ထွက်ကြောင်း ပြောဆို၍ ရုံးအောက် ဆင်းသွား ပါတော့သည်။ ထိုအခါ ဦးအော်ကောင်းက တစ်စခန်းထ လာပြန်၍ စားပွဲကို လက်သီးနှင့် ၀ုန်ကနဲ ထုချပြီး "ဒီငွေစာရင်း ကိစ္စကို နေ့စဉ်တာဝန်ခံ (၇)ဦး ကသာလျှင် သိရှိပိုင်ခွင့် ရှိပြီး အောက်ခြေ အဖွဲဝင်တွေ သိရှိပိုင်ခွင့် မရှိကြောင်း .. ယခုငွေ အသုံးလွန်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးလျှင် ဒေါ်တင်ရီအား မိမိတို့ အနေဖြင့် လုံးဝ အပြုတ်မခံနိုင်ကြောင်း .. ဒါကြောင့် ဒီရှင်းတမ်းနဲ့ ပတ်သက်ပြီး နောင် မည်သူတစ်ဦး တစ်ယောက်မျှထပြီး မမေးကြပါရန် မိမိအနေနဲ့ အနူး အညွတ် တောင်းပန်ကြောင်းဖြင့် ထိုနေ့ အစည်းအဝေးကို ဒီမိုကရေစိ ခေါင်းဆောင်ကြီးများဟု ဆိုသူ သုံဦးမှ အာဏာရှင်တို့၏ လုပ်ထုံးလုပ်နည်းနှင့် ဗျူရိုကရက် တို့၏ လိမ္မာ ပါးနပ်မှုပေါင်း စပ်ရော သမမွှေ၍ အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိကြောင်းပါဗျား ..။
 

တနင်္ဂနွေသား (မြိတ်)

 http://demomyeik.blogspot.com/ မှ ကူးယူဖော်ပြပါသည်။

Saturday, March 31, 2012

NLD ပါတီအတွင်း အစ္စလာမ်ဘာသာဝင်များ နေရာရရှိရန် စည်းရုံးခြင်း

♣ ♦ NLD ပါတီဝင်များနှင့် မြန်မာလူမျိုးများ သတိပြုကြဖို့အတွက်… ♦ ♣
♦ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် တွင် လိုက်လံဖြန့်ဖြူးနေသော အစ္စလာမ်ဘာသာ ၀င်များ၏ စည်းရုံးရေးစာ (ယခု မြိတ်မြို့နှင့် ထားဝယ်မြို့များတွင်လည်း ဖြန့်ဝေပြီးကြောင်းသိရှိရ) ♦
စာ (၁)…
သန်းရွှေ Mar 6, 2012 08:03 PM မွတ်ဆလင်များ၏ လျှို့ဝှက်ဖြန့်ဝေချက်
မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်အပေါင်းတို့…. ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၌နေစဉ် အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုး၍ စောင့်ရှောက်သောအားဖြင့် ကျွန်ုပ်တို့အားလုံး စီးပွါးရေး၊ လူမှုရေးမှအစ အချင်းချင်း ရိုင်းပင်းကူညီကြရမည်။ ထို့ကြောင့် ကျွန်ုပ်တို့ အစ္စလာမ်ဘာသာဝင်အပေါင်းတို့သည် စီးပွါးရေးနှင့် လူမှုရေးအရ တိုက်စစ်ဆင်သောအားဖြင့် မိမိဘက်မှ တစ်ဆင့် ပြန်လည်၍ ရောင်းချခြင်းမှတစ်ပါး၊ ဤမြန်မာနိုင်ငံအတွင်း၌ နေ့စဉ်ဈေးဝယ်သောအခါ ကျွန်ုပ်တို့၏ အစ္စလာမ် အမှတ်အသားပါသော (၇၈၆) အမှတ်တံဆိပ်၊ ( ) အမှတ်တံဆိပ်နှင့် လခြမ်းပေါ်၌ ကြယ်ပွင့်အမှတ်အသားပါသောဆိုင်များ၌သာ ဈေးဝယ်ကြရမည်။ ၄င်း၏အဓိပ္ပါယ်သည် (၇+၈+၆) ဂဏာန်းသုံးလုံးပေါင်းလိုက်သော် (၂၁) ရ၏။ ထို (၂၁)သည် ၂၁ ရာစုသို့ရောက်သောအခါ ကျွန်ုပ်တို့၏ အစ္စလာမ်ဘာသာတရားတော်သည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာလောကကြီးရှိ လူမျိုးအားလုံးတို့၏ ထိပ်ဆုံးကရောက်ရမည်ဟူသော အမှတ်အသားပင်ဖြစ်သည်။ မှတ်ချက်။ ။ ကျွန်ုပ်တို့အားလုံးသည် စီးပွါးရေး၊ လူမှုရေးများကို မြန်မာနိုင်ငံ၌ အစ္စလာမ်ဘာသာပြန့်ပွါးရေး၊ ထွန်းကားရေး၊ လွှမ်းမိုးရေးအတွက် ထိုးစစ်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဘာသာအမှတ်အသားပါသော ဈေးဆိုင်များမှတစ်ပါး ဘာသာခြား၊ လူမျိုးခြားဖြစ်သော မြန်မာ၊ တရုတ်၊ ကရင်၊ ရခိုင်စသော မြန်မာတို့၏တိုင်းရင်းသားဆိုင်များ၌ လုံးဝ ဈေးဝယ်ခြင်း၊ စားသောက်ခြင်း စသော စီးပွါးရေးအရ ဆက်ဆံမှုများ မပြုလုပ်ရပေ။ အထူးသဖြင့် စားသောက်ဆိုင်များ၌ (၇၈၆) နှင့် ( ) အမှတ်တံဆိပ်နှင့် လခြမ်းတံဆိပ်ဖော်ပြထားသော ဆိုင်များ၌သာ ကျွန်ုပ်တို့ အစ္စလာမ်ဘာသာဝင် အပေါင်းတို့အားလုံး စားသုံးကြရမည်။
အမဆန်ဒါနုအစ္စလာမ်သာသနာပြုလမ်းညွှန်စာအုပ်မှ ကောက်နုတ်ချက်များ၊ ရေးသားထားသူ အမဆန်ဒါနုမာဓီ၊ နာ ၅၀၀ မှလည်းကောင်း၊ နိဒါန်း နှာ ၃၀ မှလည်းကောင်း၊ နှာ ၂၈၀ မှလည်းကောင်း ကောက်နုတ်တင်ပြထားပါသည်။
မြန်မာပြည်မှာ အစ္စလာမ်သာသနာပြန့်ပွါးရန် အလားအလာများစွာရှိပါသည်။ အစ္စလာမ်သာသနာများ တိုးတက်စည်ပင်ရန် အလွယ်ကူဆုံးနှင့် အသေချာဆုံးနည်းမှာ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများကို သိမ်းပိုက်ရန်ဖြစ်သည်။
အလုပ်အကိုင်အဆင်မပြေသော မွတ်ဆလင် ဘာသာဝင်တို့သည် မြန်မာပြည်သို့သွား၍ အသက်မွေး ၀မ်းကြောင်းပြုကြပြီးလျှင် မြန်မာအမျိုးသမီးများကိုယူခြင်းဖြင့် အစ္စလာမ်ဘာသာကို ပြန့်ပွါးစေရန် အားထုတ်သင့်ပါသည်။ မြန်မာမများတွင် ကိုယ်ကျင့်တရားစောင့်စည်းမှု မရှိကြပေ။ သိမ်းပိုက်ခြင်းဖြင့် သေချာလွယ်ကူသော အစ္စလာမ်သာသနာပြုနည်းကို ကျင့်သုံးရန်ဖြစ်သည်။
အနာဂါတ် အစ္စလာမ်ဘာသာ
ပြန့်ပွါးရေးအတွက်
♠ ♠ ♠ ♠ ♥ ♥ ♥ ♠ ♠ ♠ ♠
စာ (၂) …
786
“အစ္စလာမ်မိုအာလိုင်ကွမ်း”
ရိုကင်ဂျာအစ္စလာမ်ညီနောင်များအဖွဲ့၊ ထိုင်းနိုင်ငံ၊ ဟက်ခရိုင်းခရိုင်၊ ဂျာမေဗလီ အစ္စလာမ်ဘာသာဝင် တနင်္သာရီဒေသသားညီနောင်များသို့
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ၊ မဆလခေတ်၊ စလေးလုံးအရေးတော်ပုံကြီးအပြီး န၀တ၊ နအဖ စစ်အုပ်ချုပ်ရေးခေတ်တစ်လျှောက်လုံးတွင် အစ္စလာမ်ဘာသာဝင်များ၏ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေးကိစ္စအ၀၀ဖိနှိမ့်ချမှုကို ခံခဲ့ရပါသည်။ ဗလီဝတ်ကျောင်းများပြုပြင်တည်ဆောက်ခွင့် (တာဗလီ) ခရီးသွားလာတရားဟောခွင့်၊ တရားပွဲကျင်းပခွင့်များမရသည့်အပြင် “အိဒ်နေ့ထူးနေ့မြတ်” ကိုပင် အစိုးရခွင့်ပြုသည့်ရက်ကို သတ်မှတ်ဆင်နွှဲခဲ့ကြရပါသည်။ အစ္စလာမ်ဘာသာဝင်လူငယ်များကိုလည်း အဆင့်မြင့် ရာထူးဖြေဆိုခွင့်မပြုခြင်း၊ အဆင့်မြင့်ပညာသင်ကြားခွင့်မပေးခြင်း၊ နိုင်ငံသားမှတ်ပုံတင်မပေးခြင်း စသည့် ကန့်သတ်တားဆီးမှုများစွာဖြင့် ချုပ်နှောင်ချုပ်ချယ်ခဲ့ပါသည်။
ယခုအခါ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီလှုပ်ရှားမှုကြောင့် ဒီမိုကရေစီအခွင့်အလမ်းများ ပေါ်ထွန်းလာပြီဖြစ်သည်။ အရေးကြီးဆုံးသောမျှော် လင့်ချက်မှာ မြန်မာနိုင်ငံရေးဦးဆောင်မှုတွင် အစ္စလာမ်ဘာသာဝင်များ ထိပ်ပိုင်းတွင် နေရာရရှိ လှုပ်ရှားနိုင်ရေးနှင့် နိုင်ငံ၏ စီးပွါးရေး၊ ဘာသာရေး၊ နိုင်ငံရေး စသည့်အရေးကိစ္စများတွင် အစ္စလာမ်ဘာသာဝင် ဦးဆောင်ခွင့်ရရှိရေးပင်ဖြစ်သည်။ တနင်္သာရီဒေသ မြိတ်နှင့် ထားဝယ်တွင် NLD ပါတီဦးဆောင်သူများအဖြစ် ဦးစိုးလွင် (ခ) ဦးစံ ၊ (မိုဟာမက်အာလီ) ဦးဘစိန်တို့ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ၍ စိတ်ကျေနပ်စွာဖြင့် အလ္လာအရှင်မြတ်ကျေးဇူးတော်အား ယုံကြည်ရပါသည်။ ကော့သောင်းတွင်လည်း အစ္စလာမ်ဘာသာဝင်များ တက်ကြွစွာပါဝင်လှုပ်ရှားနေသည်ဟု သိရသဖြင့် ဦးဆောင်နေရာရရှိစေရန် အလ္လာအရှင်မြတ်၏ အလိုတော်ဖြင့် ပြီးမြောက်ပါစေရန် ဒိုအာတောင်းဆုပြုပါသည်။
အစ္စလာမ်ဘာသာဝင်အပေါင်းတို့
၂၁ ရာစုသည် ကမ္ဘာကို အစ္စလာမ်ဘာသာဝင်များမှ လွှမ်းမိုးရမည့်ကာလဖြစ်သည်။ အလ္လာအရှင်မြတ်နှင့် တမန်တော်မိုဟာမက်သခင်တို့၏ အလိုဆန္ဒတော်အရ အစ္စလာမ်ဘာသာဝင်များတိုးပွါးရေး အဘက်ဘက်မှ စွမ်းဆောင်ကြိုးပမ်းသြာသနာပြုရမည်။ အလ္လာအရှင်မြတ်၏ အဆုံးအမများ ကမ္ဘာတစ်ခုလုံးသို့ လွှမ်းခြုံစေရန် ရည်ရွယ်ဆောင်ရွက်ကြရမည်။ မြန်မာနိုင်ငံ၏နိုင်ငံရေးတွင် ဦးဆောင်နိုင်ရန် လူထု၏ထောက်ခံယုံကြည်မှု ရသည့် NLD ပါတီသို့ အစ္စလာမ်ဘာသာဝင်များ ၀င်ရောက်ကြရမည်။ NLD ပါတီ၏ အဆင့်ဆင့်သောဦးဆောင်နေရာရရှိရေးအတွက် အစ္စလာမ်ဘာသာဝင်များမှ အခြားဘာသာဝင်များထက် ပိုမိုခွန်အားစိုက်ထုတ်ဆောင်ရွက်ကြရပါမည်။ ထိုမှသာ သယံဇာတပေါများသော မြန်မာနိုင်ငံ၏ စီးပွါးရေးလုပ်ငန်းကြီးများအား အစ္စလာမ်ဘာသာဝင်များ လုပ်ပိုင်ခွင့်ရမည်။ စီးပွါးရေးကောင်းမှသာ အစ္စလာမ်သာသနာပြန့်ပွါးရေး ပိုမိုဆောင်ရွက်နိုင်မည်။ အလ္လာအရှင်မြတ်အား ယုံကြည်သည့် အီမန်ဖြင့် မြန်မာနိုင်ငံတစ်ခုလုံးတွင် အာဇံသံများ၊ ဒိုအာပြုမှုများဖြင့် ဖုံးလွှမ်းစေကြပါစို့။
အစ္စလာမ်ဘာသာဝင်များ အနှိမ့်ချခံဘ၀မှ လွတ်မြောက်ပြီး မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံတော်ကြီးအဖြစ် ဆောင်ရွက်အားထုတ်နိုင်ကြပါစေ။




Wednesday, March 28, 2012

ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ခရီးစဉ် အဆင်မပြေမှုများ၏ သုံးသပ်မှု ကောက်နုတ်ချက်များမှ

မပြောမပြီး မတီးမမြည် ဆိုသလို ကျွန်တော့်မှာ အန်တီစုရဲ့ မြိတ်ကျွန်းစု မဲဆွယ်ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောစရာ၊ တင်ပြစရာများရှိလို့ လာပြန်ပါပြီ။ (၂၄၊ ၂၅)ရက်၊ မတ်လအတွင်း အန်တီစု မြိတ်ကျွန်းစု ခရီးစဉ်အတွက် ရှပ်ပြေးအမြန်ယာဉ်များ ငှားရမ်းမရလို့ အင်တာနက်ပေါ်မှာ တော်တော်ပွသွားပါတယ်။ အမှန်တကယ်တော့ တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းခရီးစဉ်များအတွက် အမြန်ယာဉ် လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီ (၃)ခုရှိပါတယ်။ အန်တီစုခရီးစဉ်မတိုင်မှီ ကြိုတင်စီစဉ်ရန် ဒေါက်တာတင်မျိုးဝင်း၊ ဦးခွန်သာမြင့်တို့ ဦးဆောင်ပြီး ကြိုတင်စီစဉ်မှုတွေ ဆောင်ရွက်ကြပါတယ်။ အမြန်ယာဉ်ငှားရန်တာဝန်ကိုတော့ ယခင် ကျောင်းသားတပ်မတော်မှ ဦးဝင်းနိုင် (စစ်အစိုးရခေတ်တွင် အကြွင်းမဲ့လက်နက်ချအလင်းဝင်) ယခု NLD ပါတီဝင်မှ ဦးဆောင်ဦးရွက်ပြုရန် စီစဉ်ခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာ အထက်ပါ အမြန်ယာဉ်ကုမ္ပဏီ (၃)ခုအပြင် တခြားတခြားသော အမြန်ယာဉ်များလည်း ရှိပါတယ်။ သို့ပေမယ့် ဦးဝင်းနိုင်ရဲ့ စည်းရုံးရေးညံ့ဖျင်းမှု၊ မောက်မာ ရိုင်းပြစွာဆက်ဆံမှု၊ စစ်အစိုးရခေတ် ကျောင်းသားတပ်မတော်တွင် လုပ်ကိုင်စဉ်က သောင်းကျန်းသူတောတွင်း စိတ်ဓာတ်နှင့် အများပြည်သူများအား နိုင်လိုမင်းထက်ပြုမူဆက်ဆံသောအကျင့်များ မဖျောက်ဖျက်နိုင်ခြင်းတို့ကြောင့် အမြန်ယာဉ်ပိုင်ရှင်များ၊ တခြားသော အမြန်ယာဉ်ပိုင်ရှင်များအား အောင်မြင်စွာ စည်းရုံးနိုင်ခြင်းမရှိခဲ့ပါ။
တခြားသော ကျွန်းစုမြို့နယ်၊ မြိတ်မြို့နယ် NLD ပါတီဝင်များ၏ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းလမ်းများ၊ စီမံ ကွပ်ကဲမှုညံ့ဖျင်းခြင်းများ၊ NLD တံဆိပ်ပါ အင်္ကျီ၊ အလံများ၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ အင်္ကျီများ၊ အန်တီစု ဓါတ်ပုံ၊ ပိုစတာများရောင်းချနိုင်ရေးအတွက်သာ အာရုံစိုက်ခြင်းစသော အချက်များကြောင့် အန်တီစု မြိတ်ကျွန်းစုခရီးစဉ်မှာ များစွာကမောက်ကမ ဖြစ်ခဲ့ရပါတယ်။ တံဆိပ်၊ အလံ၊ အင်္ကျီများရောင်းချရန် တာဝန်ယူထားသော ကန်ထရိုက်နှင့် တပိုင်တနိုင်မိသားစုစားဝတ်နေရေးအတွက် ရောင်းချနေသောသူများနှင့်လည်း မချေမငြံ ပြဿနာများဖြစ်ခဲ့ရပါတယ်။ မြိတ်မြို့၊ ဆိပ်ငယ်တံတားမှ စခန်းသစ်၊ ကံမော်သို့သွားရန် အချိန်မလုံလောက်သည်ကို ပင်လယ်သားများဖြစ်ကြသည့် ဦးဝင်းနိုင် (ယခင်ကျောင်းသားတပ်မတော်)၊ ဦးဝင်းနိုင် (ကန်ထရိုက်)စသော NLD မှ ဦးဆောင်စီစဉ်သူများ သိရှိသော်လည်း အန်တီစုကို ပြစားသလိုစီစဉ် ဆောင်ရွက်ခဲ့ကြပါတယ်။ ၄င်းအပြင် အန်တီစု စီးနှင်းလိုက်ပါလာသော ရေယာဉ်တွင် ကျွမ်းကျင်လိမ္မာသော ပဲ့နှင်းအား ပဲ့မကိုင်စေဘဲ ပိုင်ရှင်ကိုယ်တိုင် မျက်နှာလိုမျက်နှာရ ၀င်ရောက်မောင်းနှင်ခြင်းကြောင့် အန်တီစုခမျာ ပင်ပန်းနွမ်းနယ်နေသည့်ကြားမှ ပင်လယ်ပြင်တွင် နှစ်နာရီခန့် သောင်တင်နေခဲ့ရပါတယ်။ ထိုသောင်မှ လွတ်ပြီး နောက်တနေရာတွင်လည်း တခါထပ်၍သောင်တင်ခဲ့ရပါတယ်။ ၄င်းအပြင် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း ကိုယ်တိုင် အန်တီစုနံဘေးမှ အမြဲတမ်းလိုက်ပါစောင့်ရှောက်ပေမယ့် ဒီတစ်ခါတော့ အန်တီစုခမျာ ၀မ်းသွားခဲ့ရ ပါသည်။ ပင်လယ်စာဆိုတာ စားနေကျမဟုတ်ရင် အလွန်အင်မတန်ဒုက္ခပေးတတ်ပါသည်။ နဂိုကမှ အားနည်းပြီး လေယာဉ်၊ ကားမူးတတ်တဲ့ အန်တီစုဟာ NLD မြိတ်၊ ကျွန်းစုအဖွဲ့ဝင်များ၏ ၀ိုင်းဝန်းပို့သမှုကြောင့် မြိတ်ကျွန်းစုမဲဆွယ်ခရီးစဉ်ဟာ အလွန်အင်မတန် အကျည်း တန်ရုပ်ဆိုးလွန်းခဲ့ရပါသည်။ အထက်ပါ အချက်အလက်များသည် NLD မြိတ်၊ ကျွန်းစုအဖွဲ့ဝင်များ၏ စီမံမှုညံ့ဖျင်းခြင်း၊ တစ်ဦးနှင့်တစ်ဦး ရန်စောင်နေခြင်း၊ စစ်အစိုးရအပြုအမူထက်ဆိုးပြီး ပြည်သူလူထုအပေါ် မောက်မာရိုင်းပျစွာဆက်ဆံခြင်း၊ ဒေသခံပြည်သူလူထုကို စည်းရုံးနိုင်စွမ်းမရှိခြင်း စသော အချက်များကြောင့်ပေလား၊ အန်တီစုအပေါ် တမင်တကာ လုပ်ကြံမှုပေလားလို့ တော့ ဒွိဟဖြစ်စရာများ၊ မေးခွန်းမေးစရာများ အများအပြားကျန်ရစ်ခဲ့ရပါပြီ။ ပင်လယ်သားများသည် ရေလမ်းကြောင်း ကျွမ်းကျင်သူများဖြစ်ပါလျက် ကျွန်းစုဘက်မှပတ်၍သွားပါက သောင်လွတ်ပါလျက်နဲ့ သောင်တင်အောင်မောင်းခြင်း၊ အချိန်နှင့်အကွာအဝေးကို မတွက်တတ်ခြင်း၊ မြိတ် NLD များ တစ်ဦးနှင့်တစ်ဦး ညီညွှတ်မှုမရှိဘဲ အစွမ်းပြနေခြင်း၊ တံဆိပ်၊ အလံ၊ နဖူးစည်းနှင့် စတေကာများရောင်းချ၍ ရန်ပုံငွေရှာရန်ကိုသာ အလေးထားနေကြခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ခံနိုင်ရည်ကို ထည့်မတွက်ပဲ နိုင်ငံရေးတရားဟောပြောရန်ထက် ဒေါ်အောင်ဆန်းစုကြည်ကို ပြစားရန် ဦးစားပေးဆောင်ရွက်ကြခြင်း၊ ကံကောင်း၍ ကျောက်ပုံများဝင်မတိုက်သဖြင့် အသက်ဘေးမှ လွတ်ခဲ့ရပါတယ်။
ဒါကြောင့် အန်တီစုပြောသလို မြိတ်ကျွန်းစု မဲဆွယ်ခရီးစဉ် မအောင်မြင်ရခြင်းဟာ အမြန်ရေယာဉ် (ရှပ်ပြေး) ငှားရမ်း၍ မရခြင်းကြောင့်ဘဲ့လား၊ NLD မြိတ်၊ ကျွန်းစုအဖွဲ့ဝင်များ၏ လက်ချက်များကြောင့်ပဲလားဆိုတာ အန်တီစု အပါအ၀င် ကျွန်တော်တို့ မြန်မာပြည်သူပြည်သားအပေါင်း နားလည်ရန်တော့ လိုအပ်ပါသည်။ ဒါကြောင့် အန်တီစုလည်း အမှန်ကို မဖုံးကွယ်ဘဲ မိမိပါတီဝင်များ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ဆောင် ရွက်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

Monday, March 26, 2012

ဒေါ်အောင်ဆန်းစုကြည် မြိတ်၊ ကျွန်းစု စည်းရုံးရေးခရီးစဉ် အပေါ် သုံးသပ်ချက်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးမဲဆွယ် ခရီးစဉ်ကို မြိတ်မြို့နှင့် ကျွန်းစုမြို့ရှိ ကျေးရွာကြီးများသို့ (၂၄) (၂၅) ရက်နေ့ တွေမှာ သွားရောက်ရန် စီစဉ်ထားသော်လည်း ပင်လယ်ပြင် ရာသီဥတုဒဏ်ကြောင့် လှိုင်းမူးခြင်း၊ အစာ အသောက်မှားမှု ဒဏ်ကြောင့် မူးဝေအော့အန်ခြင်း စတဲ့ ကျန်းမာရေး ပြသနာတွေကြောင့် နဂိုမူလ စီစဉ် ထားတဲ့အတိုင်း (၂၄) ရက်နေ့မှာ ပြုလုပ်မယ့် ကျွန်းစုမြို့နယ်ရှိ စခန်းသစ်ကျေးရွာ၊ ကံမော် ကျေးရွာ ဟောပြောပွဲအစီအစဉ်ကို မပြုလုပ်နိုင်ပဲ စခန်းသစ် ကျေးရွာ တစ်ခုတည်းသာ ပြုလုပ်နိုင်ခြင်း၊ (၂၅) ရက်နေ့မှာ ကျွန်းစုမြို့ပေါ်မှာ ပြုလုပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရခြင်း၊ ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့သော သင်္ဘောမှာ ကျွန်းစုမြို့နယ် မအိုင်ကျေးရွာ အနီးတွင် သောင်တင်ခြင်း၊ ပင်လယ်ပြင် ခရီးကြမ်း ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ရုတ်တရက် ဆိုးဝါးခြင်း တို့ ဖြစ်ပေါ်ခဲ့သဖြင့် နဂို မူလ သတ်မှတ် ထားတဲ့အတိုင်း အစီအစဉ်တွေ ဆောင်ရွက်နိုင်ခြင်း မရှိပဲ ကံမော်ကျေးရွာမှာ ပြုလုပ်မယ့် ဟောပြောပွဲ အစီအစဉ်နဲ့ ကျွန်းစုမြို့ပေါ်မှာ ပြုလုပ်မယ့် အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ရတာကြောင့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ဟာ မအောင်မြင်တဲ့ ခရီးစဉ် တစ်ခု ဖြစ်တာကို တွေ့ရှိခဲ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် ရည်မှန်းချက်အတိုင်း မသွားရောက်နိုင်တာ၊ ဒေါ်အောင်ဆန်း စုကြည် ကျန်းမာရေး ဆိုးဝါးခဲ့တာတွေဟာ ရှပ်ပြေးယာဉ် ငှားရမ်းမရတာ တစ်ခုတည်းကိုပဲ အကြောင်း ပြပြီး အာဏာပိုင်တွေနဲ့ ရှပ်ပြေးယာဉ် ပိုင်ရှင်တွေကို အပြစ်ပုံချနေတာကို တွေ့ရပါတယ်။
တကယ်ဆိုရင် အဲဒီလို ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မအောင်မြင်ရခြင်းဟာ မြိတ်မြို့ခံ NLD ခေါင်းဆောင် ဆိုသူများရဲ့ အုပ်ချုပ်မှုနှင့် ကွပ်ကဲမှု ညံ့ဖျင်းမှုကြောင့်သာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။
မြိတ်မြို့ခံ NLD ပါတီခေါင်းဆောင်တွေဟာ အားလုံး သိတဲ့အတိုင်း အုပ်စုအတွင်း ဂိုဏ်းကွဲနေပြီး တစ်ယောက်က အကြံပြုတာကို တစ်ယောက်က ကန့်ကွက်လိုက်နဲ့ ကွပ်ကဲမှု မရှိပဲ ပရမ်းပတာ သူတလူ ငါတမင်း ဆောင်ရွက်နေတာ တွေ့ရပါတယ်။
နောက်ပြီး မြိတ်မြို့ခံ NLD ပါတီ ခေါင်းဆောင်များဟာ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အစ အဆုံး မြေအနေအထား၊ ရာသီဥတု၊ အစားအသောက် စတွဲ အုပ်ချုပ်မှု ကိစ္စတွေကို ကြိုတင် ဆောင်ရွက် နိုင်ခြင်း မရှိပဲ ခေါင်းစည်းရောင်းချရေး၊ တံဆိပ်၊ တီရှပ်၊ အမှတ်အသားတွေကို အမြတ်တင် ရောင်းချရေးကိုသာ အာရုံစိုက် နေပြီး ကန်ထရိုက်ပေးထာသူနဲ့ တစ်ဦးချင်း ရောင်းချသူတွေ ပြသနာ တက်နေတာ တွေ့ရပါတယ်။
နောက်ပြီး မြိတ်ဒေသခံ NLD ခေါင်းဆောင်တွေဟာ ပင်လယ်သားများ ပီပီ ဒီရေ အတက် အကျ ၊ သွားလာရမယ့် အချိန်၊ မသွားလာသင့်တဲ့ အချိန်ကိုတွေ ကြိုတင် မတွေးဆပဲ ရုပ်ပြ ဖော်ရှိုး လုပ်ငန်း တွေကိုသာ အာရုံစိုက်နေတာတာကို တွေ့ရှိရပါတယ်။
မြိတ်ဒေသ အစားအသောက်တွေဟာ အားလုံး သိတဲ့အတိုင်း အစာကြမ်းတွေ ဖြစ်ပါတယ်။ စား သောက်နေကျ မဟုတ်ရင် ၀မ်းလျှော ၀မ်းပျက် မူးဝေ အော့အန်ခြင်းတို့ ဖြစ်တတ်ပါတယ်။ NLD တာဝန် ရှိသူတွေဟာ ဒီလို ကိစ္စမျိုးကိုတောင် မစဉ်းစား တတ်ကြတာ တွေ့ရှိရပါသည်။
မြိတ်ဒေသခံ NLD ခေါင်းဆောင်တွေဟာ ၄င်းတို့ရဲ့ ဥကဋ္ဌ္က ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌ အဆင့်နဲ့ အညီ တည်တည် ငြိမ်ငြိမ် စည်းကမ်းရှိစွာ ကြိုဆိုရေး ဆောင်ရွက်ရမည့် အစား မြိတ်မြို့ ပြည်သူလူထု စိတ်ပျက်အောင် ညလုံးပေါက် ဆောင်းဘောက် စပီကာနဲ့ အော်ဟစ်ခြင်း၊ သီချင်းဖွင့်ခြင်း၊ မော်တော်ဆိုင်ကယ်တန်းများနဲ့ စီတန်းပြီး ဟွန်းသံများ ဆူညံအောင် တီးခြင်း၊ တွေကြောင့် ပြည်သူလူထု ဟာ (၃)ရက်လောက် အကြို ကတည်းက အိပ်ကောင်းချင်း မအိပ်ရ ၊ စားကောင်းခြင်း မစားရ ၊ ရင်တထိတ် ထိတ်နဲ့ နေရတဲ့အတွက် NLD အဖွဲ့ဝင်တွေကို မေတ္တာပို့ နေတာ မြိတ်သား အားလုံး အသိပဲ ဖြစ်ပါတယ်။
နောက်ပြီးတော့ မြိတ် NLD ခေါင်းဆောင် တွေဟာ သူတို့မှာ တာဝန်ရှိတဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေး၊ သွားလာရေး ၊ စားသောက်ရေးကို အာရုံစိုက် ဂရုပြုခြင်း မရှိပဲ သူတို့ စီးပွားရေး လုပ်ငန်းတွေ ကြေညာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချ ခဲ့တာ မြိတ်သားတွေ အားလုံး အသိပဲ ဖြစ်ပါတယ်။ ( လိုအပ်ရင် မှတ်တမ်း ဓာတ်ပုံဖြင့် တင်ပြပါမည်။ )
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်သူ တစ်ဦးရဲ့ စာကိုလည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
mr.poet: ဒီမိုကရေစီဆိုတာ ဘာလဲဗျ..... ကျုပ်တို့မြိတ်မှာတော့ ဒီမိုကရေစီလို့ အော်နေတဲ့လူတွေ သူတို့ရဲ့ အမေစုမလာခင် နှစ်ရက်သုံးရက်လောက် ကတည်းက မနက်မိုးလင်း ကနေ ညနက် မိုးချုပ်တဲ့ အထိ ကားတွေနဲ့ ဆောင်းဘောက်တွေ စပီကာတွေတင်
mr.poet: သီချင်းတွေ အကျယ်ကြီးဖွင့် ရုပ်ပျက်ဆင်းပျက်ကခုန်အော်ဟစ် စည်သာရာ နတ်ကတဲ့သူတွေ ကလည်း အနောက်ကနေ ဆိုင်ကယ်တွေနဲ့အော်ဟစ်......ပြီးတော့ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်၊ စတဲ့စတဲ့ ပွဲတော်တွေတိုင်း ကျုပ်တို့မြို
mr.poet: ကျုပ်တို့မြို့မှာ ဆိုင်ကယ်တွေနဲ့ ဆူပူသောင်းကျန်း နေကျ လူငယ်အဖွဲ့ တွေကလည်း အခွင့်အရေးကို အပြည့်အ၀ အသုံးချပြီး တစ်မြို့လုံး အနှံ့ သောင်းကျန်းချင်တိုင်း သောင်းကျန်း နေကြလေရဲ့ဗျာ... .တချို့ဆို လက်ထဲမှာ
mr.poet: တုတ်တွေ ဘာတွေတောင် ကိုင်ထားတယ်ဗျာ... .ကားတွေပေါ်မှာ တွေ့လိုက်ရင်လည်း ကုလား တွေချည်းပဲ..... မသိရင် ကျွန်တော်တို့မြိတ်မှာ ကုလားသင်္ကြန် ကျနေသလိုပဲ......
mr.poet: NLD အင်္ကျီဝတ်လိုက်ရင်၊ တံဆိပ်တွေကပ်လိုက်ရင်ပဲ သူတို့ကို ထိလို့မရတော့သလိုလို မြောက်ကြွမြောက်ကြွနဲ့ ကြာတော့ မျက်စိစပါးမွှေးစူးလာတယ်.... ဒါလားဗျာ....ခင်ဗျားတို့ပြောတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ.....
တကယ်တော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ် ၊ ကျွန်းစု ခရီးစဉ် မအောင်မြင်ရခြင်း ဟာ မြိတ် NLD ပါတီ ခေါင်းဆောင်တွေရဲ့ စီမံခန့်ခွဲရေး ညံ့ဖျင်းမှု၊ ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာလို မျက်နှာရ လုပ်လိုမှု၊ မိမိကိုယ်ကိုယ် ပေါ်လွင်ထင်ရှားအောင် ဆောင်ရွက်မှု၊ NLD ပါတီဝင်များ အပေါ် မကွပ်ကဲ မထိန်းချုပ်နိုင်မှု၊ စည်းကမ်းမရှိမှု တို့ကြောင့် မအောင်မြင်ခြင်း ဖြစ်တာကို သတိမမူကြပဲ ရှပ်ပြေးယာဉ်ကို မရရှိမှုကိုသာ အကြောင်းပြပြီး ရှပ်ပြေးယာဉ် ပိုင်ရှင်တွေကို အပြစ် ပုံချကြတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲလားလို့ မေးမြန်းရင်း NLD ပါတီကြီး မြိတ်မြို့ရဲ့ လူတိုင်းကြိုက် စိန်မျှားဆေးပေါ့လိပ်ထက် သက်တမ်းရှည်ရှည် ရပ်တည် နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။