မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Friday, May 31, 2013

မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်




တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် မေလ ၃၁ရက်နေ့ နံနက် (၀၉၁၅)နာရီအချိန်တွင် မြိတ်မြို့ ဆိပ်ငယ်ရပ် ရှိ ခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြိတ်ခရိုင် ပါတီ အတွင်းရေးမှူး ဦးအောင်ဇော်မိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြိတ်ခရိုင်ပါတီကော်မတီဝင် ဦးကျော်ဌေးဝင်းမှ စွမ်းရည် ပြည့်ဝသော ကျစ်လျစ် တောင့်တင်းခိုင်မာသည့် လူငယ်အင်အားစုများပေါ်ထွန်းလာရေး စာတမ်းအား ဖတ်ကြား၍ မြိတ်ခရိုင်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးရဲထွန်းမှ မြို့နယ်အသီးသီးမှ ဆွေးနွေးပွဲ တက်ရောက်လာသော အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၏ ဆွေးနွေး တင်ပြလာခြင်း အပေါ် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ ပါသည်။

Thursday, May 30, 2013

မသဲသဲသော်၏ မျိုးဆက် ဂူးဂူးအား ထောက်ပံ့ငွေ (၅)သိန်း ပေးအပ်

ပြီးခဲ့သည့် လက ဖေ့ဘွတ်ပေါ်တွင် လူသိများခဲ့သည့် မြိတ်မြို့  မှ မသဲသဲသော် ၏ အမေပျောက် ရှာတော်ပုံ ဖွင့်ခဲ့သည့် သတင်းကို လူအတော်များ သိခဲ့ပါသည်။ ဖေ့ဘွတ်အကောင့် Sky Queen ကို အသုံးပြုခဲ့ပြီး ဘန်ကောက်မြို့တွင် အသတ်ခံခဲ့ရသည့် မသဲသဲသော် ၏ သမီးဖြစ်သူ ဂူဂူး ( ခ) မပန်သာကို အား ထားဝယ်လူငယ် အစည်းအရုံး နှင့် မသဲသဲသော် သူငယ်ချင်းများ (ဘန်ကောက် ) မှ ပညာရေး ထောက်ပံ့ငွေ ကျပ် (၅)သိန်း အား လာရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

Wednesday, May 29, 2013

နှစ်နိုင်ငံ နယ်ခြားမျဉ်း တိုင်းတာရေး သဘောတူ စာချုပ် ချုပ်ဆို

နယ်နမိတ် အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည့် တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် မောတောင် ဒေသ နှင့် ထိုင်းနိုင်ငံ ပရာကျွတ်မြို့ တို့ရှိ နှစ်နိုင်ငံ နယ်ခြားမျဉ်း တိုင်းတာရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးခြင်း အား ၂၀၁၃ခုနှစ် ၊ မေလ (၂၈) ရက်နေ့ တွင် ထိုင်းနိုင်ငံ ပရာကျွတ်မြို့ ဒန်းစီးခွန်း ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

Tuesday, May 28, 2013

ပုလောမြို့နယ်တွင် အထူးကု ဆရာဝန်ကြီးများ အခမဲ့ ကွင်းဆင်း ကုသ

တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီတို့ ပူးပေါင်း၍ ထူးဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီမှုဖြင့် အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင် ဦးဆောင်သည့် အဖွဲ့ဝင် (၃၅) ဦးပါရှိသော အထွေထွေ ရောဂါ စောင့်ရှောက်ရေး လုပ်ငန်း အဖွဲ့သည် ၂၀၁၃ ခုနှစ် မေလ (၂၇) ရက်နေ့နှင့် (၂၈) နေ့များတွင် ပုလောမြို့ ပြည်သူ့ဆေးရုံကြီး၌ ပြည်သူလူထု များအား အခမဲ့ ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။

ထူးဖောင်ဒေးရှင်းမှ ပုလောမြို့နယ် ဖွံ့ဖြိုးရေးအတွက် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း

ပုလောမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးတေဇမှ ပုလောမြို့နယ် ပြည်သူ့ဆေးရုံ ဘက်စုံ အသုံးပြုရန်အတွက် ငွေကျပ် သိန်း (၁၀၀၀) ၊ ပရိဘောဂ ပစ္စည်းအတွက် ကျပ်သိန်း (၅၀၀)၊ မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘက်ဟိုး (၁)စီး၊ ဒိုဇာ (၁) စီး ၊ ကွန်ပျူတာ (၂၀)စုံ လှူဒါန်းပွဲ အခမ်းအနားကို ၂၇-၅-၂၀၁၃ ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန်တွင် ပုလောမြို့နယ် အသင်း အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။ 

Monday, May 27, 2013

သိမ်းဆည်းမြေ ပြန်လည်ရယူပေးမည်ဟု ဆိုပြီး ငွေကျပ် (၁၄)သိန်း လိမ်လည်သူမှာ NLD ပါတီ၏ ဒီလှိုင်း ဂျာနယ်မှ သတင်းထောက် မဟုတ်ပဲ အယောင်ဆောင် တစ်ဦးသာ ဖြစ်ကြောင်း သိရှိရ ၊ ၄င်းအား NLD မှ အမှုဖွင့် အရေးယူထား



ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ အင်းမကျေးရွာတွင် ဒီလှိုင်းသတင်းထောက် ကိုခင်ဇော်..ပါ (၂)ဦးသည် မြေယာ သိမ်းခံရသည့် မြေများအား ပြန်လည်ရရှိရေး အတွက် ငွေကျပ်(14)သိန်း ကျော်လိမ်လည်မှု ဖြစ်ပွါးခဲ့သည်ဟု သိရပါသည်။ အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ငွေလိမ်လည်မှုမှာ မှန်ကန်ပြီး ဒီလှိုင်း သတင်းထောက် ဆိုသည်မှာ မမှန်ကန်ကြောင်း။ ဒီလှိုင်း သတင်းထောက်များ၏ စာရင်းကို ဒီလှိုင်း ဂျာနယ်တွင် ဖော်ပြထားပြီး ထိုအထဲတွင် ကိုခင်ဇော်ဆိုသူမှာ မရှိကြောင်း အယ်ဒီတာ မုံရွာအောင်ရှင်မှ ယနေ့ထုတ် The..Myanmar..post.. အချပ်ပိုD.တွင် အတိအလင်း ပြောကြားထား ပါသည်။

ပုလဲတွေနဲ့ အတူ ကမ္ဘာတလွှား နာမည်ကြီးတဲ့ မြိတ်(ခေါ်)ဘိတ်မြို့ သို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်က ..


မြန်မာနိုင်ငံ တစ်ဝှမ်း နာမည်ကြီးလှတဲ့ ဘိတ်ငါးပိ၊ ဘိတ်ပုလဲနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ ငှက်သိုက်ထွက်ရာ ဒေသ၊ ကြီးကျယ်တဲ့ငါးဖမ်းလုပ်ငန်း၊ ရာဘာ လုပ်ငန်း တွေနဲ့ ချမ်းသာတဲ့ ဘိတ်မြို့ကို အဲယား မန္တလေး လေယာဉ်စီးသွားဖို့ လေယာဉ်ကွင်း ချိန်းစောင့်ရင်း ထားဝယ်မှာ နေ့လည်စာ ထမင်းစား ကြ ပါတယ်။ ထားဝယ်မှာ ထမင်းစား တဲ့အခါတိုင်း နာမည်ကျော်ထားဝယ်ဒူးရင်းသီးနဲ့ ဧည့်ခံခဲ့တဲ့ ဆိုင်ရှင်အစ်မကြီးကြောင့် ကိုယ်ကြိုက်တဲ့ ဒူးရင်းသီးနဲ့ အမြဲစားခဲ့ရတာကို ဒူးရင်းသီး စားမိချိန်တိုင်း အမှတ်တရ ရှိနေမိပါတယ်။

ကျန်းမာရေး အထောက် အကူပြု ငှက်သိုက်

မြန်မာ အဘိဓာန် အကျဉ်းချုပ် အတွဲ(၁)တွင် ငှက်သိုက်ကို ဇီဝဇိုး ငှက်ငယ်၏ အသိုက် အားဆေး အဖြစ် သုံးစွဲရ သည်။ ဇီဝဇိုးသည် အသိုက်ကို မိမိ အန်ဖတ်ဖြင့် ပြုလုပ်လေ့ရှိ၏။ ထိုငှက်၏ အသိုက်ကို ''ငှက်သိုက်''ဟု ခေါ်ကြ သည် ဟူ၍ ဖွင့်ဆို ထားပါသည်။

Saturday, May 25, 2013

သိမ်းဆည်းမြေ ပြန်ရအောင် လုပ်ပေးမည်ဟု ပြောပြီး ဂျာနယ် သတင်းထောက်မှ ငွေတောင်းခံ

သိမ်းယူထားသည့် မြေယာများအား ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောပြီး ဒီလှိုင်း ဂျာနယ် သတင်းထောက် ဆိုသူမှ ငွေကျပ် (၁၄) သိန်း တောင်းခံရယူသွား ခဲ့သည့် ဖြစ်ရပ်တစ်ခု မြိတ်ခရိုင် ပုလောမြို့နယ် ပလောက် မြို့နယ်ခွဲ အင်းမ ကျေးရွာတွင် ၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ (၂၀) ရက်နေ့ နံနက် (၀၈၀၀) အချိန် ဖြစ်ပွား ခဲ့ကြောာင်း သိရှိရသည်။ 

Friday, May 24, 2013

မြိတ်မြို့၌ ၁၃၇၅ခုနှစ် ကဆုန်လပြည့်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ


၁၃၇၅ခုနှစ် ကဆုန်လပြည့်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲကို မေလ(၂၄)ရက် နံနက်(၉)နာရီတွင် မြိတ်မြို့ ဆိပ်ငယ်ဗောတံတား၌ ကျင်းပရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။