မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Sunday, June 30, 2013

မြိတ်မြို့နယ် လုံးကျွတ် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်


ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် မှ ဦးစီး၍ မြိတ်မြို့နယ် လုံးကျွတ် သာသနာ့ နွယ်ဝင် သီလရှင် များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကို ဇွန်လ (၂၉) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် မြိတ်မြို့ ရွှေဘေး ကျေးရွာရှိ  တိုင်းရန်အောင်ခန်းမတွင် ပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေးနှင့် ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ ဦးစီးအရာရှိများနှင့် ဇနီးများ၊ တပ်ရင်း တပ်ဖွဲ့များ၊ မြိတ်ခရိုင် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ ၊ စေတနာရှင် အလှူရှင်များ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ကြသည်။

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် မြိတ်မြို့၌ ကျင်းပ


၂၀၁၃ ခုနှစ်  မိုးရာသီ သစ်ပငိ စိုက်ပျိုးပွဲကို ဇွန်လ (၃၀) ရက်နေ့ နံနက် (၉)နာရီအချိန်တွင် မြိတ်မြို့ ကျောက်ဖြူတောင်ရွာရှိ  ကွန်ပျူတာ တက္ကသိုလ် (မြိတ်) ပင်မဆောင် ပတ်ဝန်းကျင်တွင် ပြုလုပ်ခဲ့ရာ  ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် ပြည်သူများက ရတနာတန်းဝင် သစ်မျိုးဖြစ်သော ပျဉ်းကတိုးပင် (၅၄၀)ပင်ကို စိုက်ပျိုးခဲ့သည်။ 

မီးနီ ဖြတ်မောင်းသည့် မော်တော်ယာဉ် စစ်ဆေးရာမှ လိုင်စင်မဲ့ယာဉ်ဖြစ်၍ အရေးယူ

၂၀၁၃ ခုနှစ် ဇွန်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီ ကျော် အချိန်ခန့်တွင် ယာဉ်အမှတ် ၃ဂ/၅၂၄၇ Nissan နံသာရောင် သည် မီးပွိုင့်မီးနီအား ဖြတ်မောင်း သဖြင့်   မြိတ်မြို့ ကရာနီ မီးပွိုင်တွင် တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ၄င်းယာဉ်အား ရပ်တန်း၍ စစ်ဆေးခဲ့ရာ ၄င်းယာဉ်မောင်း တပ်ကြပ်ကြီး စိုးသူဝင်း ၊ အမှတ်(၉၄၅) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် မြိတ်မြို့သည် ယာဉ်နှင့် ပတ်သက်ပြီး သက်သေခံ အထောက်အထား တစ်စုံတစ်ရာမှ ပြသနိုင်ခြင်း မရှိပဲ 

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ ကျွန်းစုမြို့၌ ကျင်းပ

မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် မြေစိုက် ပိုစတာ စိုက်ထူပွဲနှင့် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို  ၂၀၁၃ ခုနှစ် ဇွန်လ (၂၉) ရက်နေ့ တွင် ကျွန်းစုမြို့၌ ကျင်းပပြုလုပ်ရာ ပထမဦးစွာ  မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားအား နံနက်(၇း၃၀)နာရီအချိန် ကျွန်းစုမြို့ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်းနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ၀င်များ၊ ပြည်သူလူထုများ  တက်ရောက် ခဲ့ကြပြီး မြေစိုက်ပိုစတာ ဆိုင်းဘုတ်အား မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်သီတာမျိုးနှင့် ဒေါ်တင်တင်ကြည်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

ထိုနောက်  မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကို နံနက် (၈)နာရီ အချိန်တွင် အမှတ်(၃)ရပ်ကွက် မြို့မ အားကစားကွင်း အနီး စိုက်ကွင်းတွင် ကျင်းပရာ ပျဉ်းကတိုး(၂၀၀)ပင်၊ စိန်ပန်း(၁၅၀)ပင်၊ မဲဇလီ(၁၅၀)ပင်၊ ယူကလစ်(၅၅)ပင် စုစုပေါင်း(၅၅၅)ပင်ကို တနင်္သာရီရေ တပ်စခန်း ဌာနချုပ် ဒုတိယ ဌာနချုပ်မှူးနှင့် အရာရှိများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဌာန ဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၂၅၀)ဦးခန့်က စိုက်ပျိုးခဲ့ကြောင်း သတင်း ရရှိပါသည်။


Saturday, June 29, 2013

ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေး ဟောပြောပွဲ မြိတ်တက္ကသိုလ်၌ ပြုလုပ်


ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေး  ဟောပြောပွဲကို ဇွန်လ(၂၈)ရက် နံနက်(၁၀)နာရီ တွင် မြိတ်တက္ကသိုလ်၌ တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ ကျင်းပရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်ထွန်းအောင်နှင့် ဆရာ/ဆရာမများ ၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်နှင့် ဌာနဆိုင်ရာများ ကျောင်းသူ ကျောင်းသားများ စုစုပေါင်း အင်အား (၈၅၀) ဦးခန့်တက်ရောက်သည်။

Friday, June 28, 2013

မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြင့်ပွဲ အခမ်းအနားကို ဇွန်လ (၂၆) ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် မြိတ်မြို့ အထက(၁)ပညာ့ ဗိမာန်ခန်းမ၌ ကျင်းပရာ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာများ ၊ ကျောင်းသူ ကျောင်းသားများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ကြသည်။

ကျွန်းစုမြို့နယ် စလွန်အော်ငယ် ကျေးရွာသူတစ်ဦးအား ဖုန်းကံစမ်းမဲပေါက်သည်ဟု ယုံကြည်အောင် ပြောပြီး ငွေ (၁၃)သိန်းကျော် လိမ်လည်ခဲ့


ကျွန်းစုမြို့နယ် ရေမြစ်ကြီး ကျေးရွာအုပ်စု စလွန်အော်ငယ် ကျေးရွာသို့ ရန်ကုန်မြို့မှ နေ၍ ဖုန်းကံစမ်းမဲ ပေါက်သည်ဟု တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုပြီး ငွေကျပ် (၁၃)သိန်းကျော် လိမ်လည် ရယူသွားမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ မြိတ်မြို့ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ဇွန် ၂၇ ရက် နံနက် ၄ နာရီတွင် မြိတ်မြို့မှ ကော့သောင်းမြိုသို့ ထွက်ခွာမည့် မြိတ်တံခွန်၊ အောင်စည်မင်း၊ ရွှေသာရီ မှန်လုံမော်တော်ယာဉ်တို့ဖြင့် လိုက်ပါသည့် ခရီးသည်နှင့် ယာဉ်မောင်း များကို မြိတ်ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ရဲအုပ် ဟန်သိန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ Word Vision (မြိတ်)မှ စီမံချက် ၀န်ထမ်း ဦးသက်ကောင်းမြတ်ဦး တို့ ပါဝင်သော အဖွဲ့သည် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးလုပ်ငန်း များ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

Thursday, June 27, 2013

အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး သံဃ ညီလာခံ သို့ မြိတ်မြို့မှ ဆရာတော် (၂)ပါး တက်ရောက်


ရန်ကုန်မြို့၊ အောင်ဆန်း မိုးကုတ်ရိပ်သာကျောင်း၌ အမျိုးစောင့် ဥပဒေ သံဃ ညီလာခံကို ယနေ့ (၂၇) ရက်နေ့ နံနက် (၉)နာရီအချိန် ပြုလုပ်လျက် ရှိရာ ထိုညီလာခံသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ နိုင်ငံတော် သြ၀ါဒ စရိယ ဆရာတော်ကြီးများ၊ သြဇာ ကိတ္တိမ ကြီးမားသော ဆရာတော်များ၊ ကျောင်းထိုင် ဆရာတော်များ ၊ ကြွရောက် ဆွေးနွေးလျက် ရှိရာ မြိတ်မြို့နယ်မှ အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ဓမ္မ၀ံသနှင့် ကောလိပ်ကုက္ကိုလ် ပရိယတ္တိစာသင်တိုက် တိုက်အုပ် ဆရာတော် ဘဒ္ဒန္တ စန္ဒ၀ံသ တို့ (၂) ပါး တက်ရောက် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။ 

Wednesday, June 26, 2013

လယ်ယာမြေ အငြင်းပွားမှုများ အပေါ် မြေယာ ပြန်လည်ရရှိအောင် လုပ်ပေးမည်ဟု ကွန်ယက်နာမည် အမျိုးမျိုး အမည်ခံကာ ငွေကြေးတောင်းခံမှုများ မြိတ်မြို့နယ်အတွင်း ဖြစ်ပေါ်လျက်ရှိ

 
မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကွန်ယက်အမျိုးမျိုး အမည်ခံပြီး ကျေးရွာများသို့ လာရောက်ကာ ကျေးရွာသားများ၏ ဥယျာဉ်ခြံမြေ ပိုင်ဆိုင်မှု / လုပ်ပိုင်ခွင့် အငြင်းပွားမှု၊ မြေသိမ်းဆည်း ခံနေရမှု များအပေါ် မြေယာ ပြန်လည် ရရှိအောင် လုပ်ပေးမည်ဟု ပြောဆိုကာ ငွေကြေးများ လိမ်မည် တောင်းခံမှုများ ဖြစ်ပေါ်လျက် ရှိသဖြင့် ကျေးရွာသူ/ကျေးရွာသားများ မနစ်နာ စေရေး အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်း အသီးသီး အနေဖြင့် ကြိုတင်ကာကွယ်ပေးများ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်.။