မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Friday, February 28, 2014

မြိတ်ရိုးရာ လူကျားကပွဲ



မြိတ်ရိုးရာ ဓလေ့ လူကျားကပွဲသည် နှစ်စဉ် တန်ခူးလတွင် ကပြလေ့ရှိပြီး မြိတ်ခရိုင် အတွင်းရှိ ပုလော၊ တနင်္သာရီ မြို့နယ်များ တွင်လည်း ရိုးရာမပျက် ကပြခဲ့ကြသည်။ မြိတ်ဒေသတွင် ကျားက ကခြင်းကို မြန်မာ နှစ်ဆန်း တန်ခူးလ ကလေ့ ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ မှတ်တမ်း တစ်ခု အဆိုအရ ပုလောရိုးရာ ဟု ဆိုသလို၊ အချို့ က ပသျှူးတို့ အကဟု ဆိုကြသည်။ သမန်းကျားအကဟုလည်း ဆိုကြပြန်ရာ အထက်အညာ ထမံသီဘက်မှ သမန်းကျားအကနှင့် မည်သို့ဆက်နွယ် သနည်းဟု စဉ်းစားမိရပြန် ပါသည်။


Thursday, February 27, 2014

မြိတ် - ကျွန်းစု အမြန်ရေယာဉ် စတင်ပြေးဆွဲ

မြိတ်မြို့နှင့် ကျွန်းစုမြို့သို့ ယနေ့ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် (၈)နာရီမှ စ၍ ကြံတိုင်းအောင် အမြန်ရေယာဉ်  စတင် ပြေးဆွဲရာ ကျွန်းစုမြို့နေ ပြည်သူများ ၀မ်းမြောက်လျက် ရှိသည်။

Friday, February 21, 2014

မြန်မာ့ရေပိုင်နက် အတွင်း ငါးခိုးဝင်ဖမ်းဆီးသည့် အင်ဒိုနီးရှား ငါးဖမ်းစက်လှေ ငါးစင်းအား တပ်မတော်(ရေ)က ဖမ်းဆီးရမိ

မြန်မာ့ရေပိုင်နက် အတွင်း ငါးခိုးဝင်ဖမ်းဆီးသည့် အင်ဒိုနီးရှား ငါးဖမ်းစက်လှေ ငါးစင်းအား တပ်မတော်(ရေ)က ဖမ်းဆီးရမိ
=====================================
မြိတ် ဖေဖော်ဝါရီ ၂ဝ

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက် အတွင်းသို့ တရားမဝင်ဝင်ရောက် ငါးခိုးဖမ်းလျက်ရှိသော အင်ဒိုနီး ရှားငါးဖမ်း စက်လှေ ငါးစင်းအား တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးဇော်ဝင်း ဦးစီးသောစစ်ရေ ယာဉ်(၅၆၇)နှင့် ဗိုလ်မှူးမိုးကျော် လွင်ဦးစီးသည့် စစ်ရေယာဉ်(၅၅၉) တို့သည် ယခုလ ၁၆ရက်တွင် တရားခံ ထိုင်ဝမ်နိုင်ငံသား တစ်ဦး နှင့် အင်ဒိုနီးရှားနိုင်ငံသား ၅၅ဦး အား သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိသည်။ 

Wednesday, February 19, 2014

မြန်မာ့ရေပိုင်နက် အတွင်း ၀င်ရောက်၍ တရားမ၀င် TUNA ငါးဖမ်းလှေ (၅)စီးအား တပ်မတော်(ရေ)မှ ဖမ်းဆီးရမိ

မြန်မာ့ ပင်လယ်ပြင် ရေပိုင်နက် အတွင်းသို့ တရားမ၀င် ၀င်ရောက်၍ ငါးခိုးဖမ်းလျက် ရှိသော CITRA NUSANTARA- VI(FT-102) ၊ CITRA NUSANTARA- VI(FT-101) ၊ SRI FU FA- NO-7 ၊ KM REDJEKIBRARD ၊ YI HONG 66 OTS -040 TUNA ငါးဖမ်းလှေ (၅) စီးအား ဗိုလ်မှူးဇော်ဝင်း ဦးစီး စစ်ရေယာဉ် (၅၆၇) နှင့် ဗိုလ်မှူး မိုးကျော်လွင် ဦးစီး စစ်ရေယာဉ် (၅၅၉) တို့သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက် နေ့တွင် တရားခံ ထိုင်ဝမ် နိုင်ငံသား တစ်ဦး ၊ အင်ဒိုနီးရှားင်ငံသား (၅၅) ဦး 



Tuesday, February 18, 2014

မြိတ်မြို့တွင် သက်သေခံ ပစ္စည်း စိန်ထည် ရွှေထည် ပစ္စည်းမျိုးစုံ ကျပ်သိန်း(၂၅၀)ဖိုး ခန့်အား (၅)ရက်အတွင်း အမှုဖော်ထုတ် နိုင်ခဲ့ပြီး ပိုင်ရှင်အား ပြန်လည် ပေးအပ်ပွဲ ကျင်းပ

မြိတ်ခရိုင်ရဲ တပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် မြိတ်မြို့နယ်ရဲတပ်ဖွဲ့ မြိတ်မြို့မ ရဲစခန်း(ပ) ၇၁/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ အမှုမှ သက်သေခံ ပစ္စည်း စိန်ထည် ရွှေထည် ပစ္စည်း မျိုးစုံ ကျပ်သိန်း (၂၅၀) ဖိုးခန့် အား (၅)ရက် အတွင်း အမှု ဖော်ထုတ်နိုင်ခဲ့ပြီး ပိုင်ရှင်အား ပြန်လည် ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၁၈)ရက် နေ့လယ်(၂)နာရီက ကျင်းပသည်။

သရဘွင်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ငံသားကတ်ပြား ပြုလုပ်ရာတွင် ငွေတောင်း

မြိတ်ခရိုင် တနင်္သာရီမြို့နယ် သရဘွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  ဦးအောင်ဆန်း (ခ) မောင်အောင်သည် ကျေးရွာသူ ကျေးရွာသားများ နိုင်ငံသား ကတ်ပြားများ ပြုလုပ်ပေးပြီးနောက် ကတ်ပြားများ ပြန်လည် ထုတ်ပေးရာတွင် တစ်ဦးလျှင် ၂၀၀၀ိ(ကျပ်နှစ်ထောင်)နှုန်းဖြင့် တောင်းခံ
လျက်ရှိကြောင်း သိရသည်။

မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲ ကျင်းပ

၂၀၁၃-၂၀၁၄ ပညာသင်နှစ် မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပြေးခုန် ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၈)ရက် နံနက်(၇)နာရီက မြိတ်မြို့ မြို့မအားကစားကွင်းတွင် ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က အဖွင့်အမှာစကား ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် (၁၅)ကြိမ်မြောက် နှစ်ပတ်လည် အစည်း အဝေးနှင့် ၂၀၁၄-၂၀၁၆ ဆဌမသက်တမ်း အတွက် အလုပ်အမှုဆောင် အသစ် ရွေးချယ် တင်မြောက်ပွဲ ကျင်းပ



တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် (၁၅)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ၂၀၁၄ -၂၀၁၆ ဆဌမ သက်တမ်း အတွက် အလုပ်အမှုဆောင် အသစ် ရွေးချယ် တင်မြောက်ပွဲကို ဖေဖော်ဝါရီလ (၁၇)ရက် နံနက်(၈)နာရီက မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင်များနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။

Sunday, February 16, 2014

မြိတ်မြို့၊ ကျက်သရေဆောင်လေးကျွန်းဆီမီးစေတီတော်ကြီးတွင် (၁၃)ကြိမ်မြောက် ပရိယတ္တိသာသနပါလ စာမေးပွဲ ကျင်းပပြုလုပ်


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ လေးကျွန်းဆီမီးစေတီတော်ကြီး၏ သြ၀ါဒါစရိယ ဆရာတော်ကြီးများ သြ၀ါဒဖြင့် စာမေးပွဲဦးဆောင် ဆရာတော်ကြီးများ ကြီးကြပ်ကာ ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် ပရိယတ္တိသာသနပါလ စာမေးပွဲကို ၁၃၇၅ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၁)ရက် ( ၁၅ - ၂ - ၂၀၁၄ )နေ့၊ နံနက် (၇း၀၀)နာရီ အချိန် စတင်၍ စေတီတော်ကြီးရှိ သာသနာ့ ဗိမာန်တော်တွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
 

Saturday, February 15, 2014

မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖလား ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြိတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖလား ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အနားကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ (၃) နာရီ အချိန်တွင် မြိတ်မြို့ ကန်ဖျားရပ်ရှိ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး ၀န်ကြီးများ ၊ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်နှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ ၊ ပြည်သူလူထုများ စုစုပေါင်း အင်အား တစ်သောင်းခန့် ကွင်းလုံးပြည့် အားပေးကြသည်။