တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊
ကျွဲကူးကျောက်ဖျာတံတားမှာ နေ့ပိုင်းအချိန် ဆိုင်ကယ်ဖြတ်သန်းခ တစ်စီးကို ၅၀
ကျပ်ပေးဆောင်ရပါတယ်… ည ၆း၀၀ နာရီအချိန်ဆိုရင် တံတားမှာ ပိုက်ဆံပေးရတဲ့ဂိတ်
နှစ်ခုဖြစ်သွားပါတယ်.. မြို့အ၀င် တံတားရဲ့ ပထမဂိတ် (စစ်တပ်)မှာ
ဆိုင်ကယ်တစ်စီး (၅၀၀)ကျပ်ပေးဆောင်လိုက်လို့ ပြီးသွားပြီလို့ထင်နေပေမယ့်
တံတားဖြတ်သန်းလို့ ပြီးခါနီးမှာ ဟော.. လြာ
ပန်ပြီ..
ဝါးတားဂိတ်လေးတစ်ခု.. အမယ်.. ကိုယ်တော်က အရောင်ပြပြီး တံတားမှာ
ခါးလေးထောက်ပြီး စောင့်နေရှာပါတယ်.. “ဟေ့... မြို့ထဲဝင်မလို့လား”တဲ့
မေးလိုက်ပုံက..(သိသားနဲ့မေးတာ). .
“လ္ဘက်ရည်ဖိုး ဆိုင်ကယ်တစ်စီး ၅၀၀ ပေးရမယ်”… ဟော.. ဇာတိပြပြီ..
အရက်နံ့တွေကလည်း သင်းလို့.. ဒါနဲ့များ လ္ဘက်ရည်ဖိုးတဲ့.. သိသာပါတယ်..
ဝတ်ထားတဲ့အ၀တ်အစားကိုကြည့်တာနဲ့ …
(မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ဝင်)လေ… တကယ်လို့ အဲဒီ ပိုက်ဆံ ၅၀၀
မပေးရင် တံတားမှာပဲ အိပ်ရမှာလားလို့တော့ စဉ်းစားစရာ.. ပိုက်ဆံမပါရင်တော့
ဒုက္ခပဲ.. ဒါပေမယ့် ပေးလိုက်ရပါတယ်… မြန်မာနိုင်ငံ
ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်နေတာကိုး… (အဲလို လုပ်စားနေတာတော့ ကြာပါပြီ…)
ဒါကြောင့် ဆိုင်ကယ်တစ်စီး နေ့ဆို ၅၀ ကျပ်နဲ့ ည ၆း၀၀ နာရီဆို စစ်တပ် ၅၀၀ ၊ ရဲ ၅၀၀၊ ပေါင်း ၁၀၀၀ ကျပ်.. မည်သူသတ်မှတ်ထားပါသနည်း.. အမည်ခံတာကျတော့ တံတားလုံခြုံရေးတဲ့.. ပြည်သူတွေအတွက် လုံခြုံရေးများလား…
ဒါကြောင့် ဆိုင်ကယ်တစ်စီး နေ့ဆို ၅၀ ကျပ်နဲ့ ည ၆း၀၀ နာရီဆို စစ်တပ် ၅၀၀ ၊ ရဲ ၅၀၀၊ ပေါင်း ၁၀၀၀ ကျပ်.. မည်သူသတ်မှတ်ထားပါသနည်း.. အမည်ခံတာကျတော့ တံတားလုံခြုံရေးတဲ့.. ပြည်သူတွေအတွက် လုံခြုံရေးများလား…
0 comments:
Post a Comment