Wednesday, November 28, 2012

မြိတ်မြို့တွင် ဆရာမ ဟန်ဆောင်ပြီး ပြည်တန်ဆာ လုပ်စားသူ အမျိုးသမီး တစ်ဦးကြောင့် ဆရာမများ ဂုဏ်သိက္ခာ ထိခိုက်နေရ

မြိတ်မြို့ .................... ရပ်ကွက်တွင် နေထိုင်သော မယွန်းယမင်း ဆိုသူသည် ရပ်ကွက်ထဲ၊ ၄င်း ကျင်လည်ရာ လုပ်ငန်းထဲတွင် မြိတ်မြို့ အထက (၁)မှ အင်္ဂလိပ်စာပြ ဆရာမ ဟု ပြောဆိုရာ အဖြူ အစိမ်း ယူနီဖောင်းကို စတိုင်ကျအောင် ၀တ်ဆင်ပြီး ဆွဲခြင်း ဆွဲ၍ ၀ါးလတ် ၊ ၀ါးတန်း စက်လှေထဲ ဆင်းကာ ပြည်တန်ဆာ လုပ်ငန်း ပြုလုပ်ခြင်း၊ အော်ဒါ လိုက်ခြင်းများ ဆောင်ရွက်နေမှု ကြောင့် မော်တော်ဆိုင်ကယ် တက္ကစီ ဂိတ်များတွင်  ဆရာမများ ယူနီဖောင်း ၀တ်ပြီး မကောင်းတာ လုပ်စားသည်ဟု သတင်းပျံ့နှံ့ နေမှု အပေါ် ဆရာမ အသိုင်းအ၀ိုင်းတွင် အထူးသဖြင့် အထက(၁) မြိတ်မှ ဆရာမများ ဂုဏ်သိက္ခာ ထိခိုက်ရကြောင်း သိရှိရပါသည်။

အဆိုပါ ယွန်းယမင်း ဆိုသည် အမျိုးသမီးသည် ဆရာမ အမည်ခံ၍ ကျောင်း ယူနီဖောင်းဝတ်ပြီး ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင် နေ သဖြင့် အိမ်နီးချင်း ဆရာမ အစစ်မှ သက်ဆိုင်ရာ ဌာနများသို့ တင်ပြ တိုင်တန်းခဲ့ရာ ပညာရေးဌာန လူကြီးများက ......... နယ်မြေရုံး တွင် ၄င်းမိန်းမ အား ခေါ်ပြီး စစ်ဆေးသော အခါ ငိုယို တောင်းပန်သောကြောင့် တရားမစွဲပဲ ရပ်ကွက်ထဲမှ ပြောင်းရွေ့ပေးရန်၊  နောက်နောင် ထိုသို့ ဟန်ဆောင် လှည့်ဖြား မလုပ်ရန် ... စသော ကတိများဖြင့် တရား မစွဲဘဲ ပြန်လည် လွတ်ပေးခဲ့ပြီး ၄င်း အသုံးပြုခဲ့သော ကျောင်းစိမ်း ယူနီဖောင်းအား သိမ်းယူခဲ့ကြောင်း သတင်းရရှိပါသည်။

Akari phyu facebook မှ 

7 comments:

Anonymous said...

ဒီကျောင်းက မြိတ်မြို့ရဲ့အထင်ကရကျောင်းကွ
ဒါမျိုးလုပ်စားမဲ့သူမရှိပါဘူး
ဒါပေမဲ့ သိအောင်တော့ပြောပြထားရအုန်းမယ်
ဒီကျောင်းမှာ ကျောင်းသား ၄၀၀၀ကျော်(လေးထောင်ကျော်)ရှိတယ်။
ကျောင်းသားတစ်ဦးကို တစ်လမှာ အနည်းဆုံး ၁၅၀၀ိ(တစ်ထောင့်ငါးရာကျပ်) ကနေ ၂၀၀၀ိ(နှစ်ထောင်ကျပ်အတွင်း) လတိုင်း အတန်းပိုင်တွေက ကောက်ခံနေကြတယ်။
ဒီလိုငွေကို တစ်ချိန်လုံးကောက်ပီး ငွေလက်ခံဖြတ်ပိုင်းလည်း မပေ့းဘူး၊ ဒီတော့ကလေးတွေ မိဘတွေဆီက အချောင်ငွေတောင်းဖို့ အခွင့်အလမ်းလုပ်ပေးသလို ဖြစ်တော့ ဆေးသမားတွေ၊ ကော်ရူတဲ့သူတွေများလာတယ် ။ ဒါကို ကျောင်းအုပ်လုပ်တဲ့သူကမသိလေသလား၊ မထင်နဲ့၊ ဒါကို လက်ရှိကျောင်းအုပ်မရှိပေမဲ့ တာဝန်ခံက အတန်းပိုင်နဲ့ပေါင်းပြီး အကြီးအကျယ်ဆက်ကောက်နေတယ်၊ ပွင့်လင်းမြင်သာဖို့ ငွေကောက်ပြီး ရှင်းတမ်းလေးလုပ်ပေးဖို့ ပြောချင်ပါတယ်

Anonymous said...

'ဒီအချိန် အထက(၁) က လစဉ်ကောက်နေတဲ့ငွေက တစ်လကို သိန်း ၆၀ နှင့် သိန်း ၈၀ ကျားမှာ ရှိတယ် ။ ဒါကို ငွေစာရင်းရှင်းစရာမလိုဘူး၊ ငွေအလှူခံတယ် ငွေကောက်ပြီး ဖြတ်ပိုင်းပေးစရာမလိုဘူးဆိုတော့ ဘယ်လိုကြောင့် ခုလိုလုပ်ပိုင်ခွင့်တွေရထားလဲ ကလေးတွေ ပျက်ဆီးမှာကို ဘယ်သူမှ နားမလည်လေသလား၊ ဒီလောက်ငွေကောက်တော့ ငွေမပေးနိုင်တဲ့ကလေးတွေ မျက်နှာငယ်ကျောင်းထွက်ရတာ ဘယ်သူမှ မသိလေတော့သလား အရပ်ကတို့ရဲ့ လုပ်ပါအုန်း တာဝန်ခံကြီးကို လွတ်မထားနဲ့ သူကပိုဆိုးလေသလားလို့

Anonymous said...

မှန်တာပြောပါကွာ ဒီကျောင်းကို ကျောင်းအုပ်ကြီး အမြန်ချပေးသင့်ပါတယ်၊ ဒီလိုငွေတွေ ကောက်နေတာတော့ တားဆီးပေးသင့်တယ် တာဝန်ရှိသူတွေကလည်း ကြည့်မနေသင့်ပါဘူး ဒါပေမဲ့

Unknown said...

မင်းတို့ဒီကျောင်းကိုဒီလိုမပြောနဲ့ငါလည်းဒီကျောင်းကကျောင်းသား1ယောက်ပဲ့ဆ၇ာတွေဟာသူတို့၇ဲ့လုပ်ဆောင်ချက်အဆိုင်းလုပ်၇မှာပဲ့မင်းတို့အိမ်ကသားသမီးတွေပိုက်ဆံကိုလိမ်တောင်းတာေ၇ာမင်းတို့သိကြ၇ဲ့လားမင်းတို့ကအစအဆုံးကိုမသိပဲ့ထင်၇ာတွေပြောမနေနဲ့ငါတို့ကျောင်းဂုဏ်ကျဆင်တယ်ကွပြောလိုက်မယ်တို့ကျောင်းဟာစေတနာအပြည့်ဝနဲ့စာသင်ကြားနေတဲ့ကျောင်းကွနားမလည်ဘူးလားကွမင်းတို့အိမ်ကသားသမီးတွေကိုပိုက်ဆံကောက်၇င်ကျေမနပ်၇ငါအနားမှာလာထိုင်ကြည့်နေဟေ့တို့ကျောင်းကဆု၇ာတွေကဒီလိုမလုပ်စ၇ားဘူး
ဆ၇ာဂုဏ်သမားဂုဏ်၇ှိတယ်ကွနားလည်လိုက်၇ှုး၇ှင်းပြော၇၇င်မင်းတို့တို့၇ဲ့အမှတ်1ကျောင်းကိုနာမည်ဖျက်တဲ့မဟုတ်ဘူးထားထပ်ပြော၇၇င်မင်းတို့တို့ကျောင်းကိုမကျေနပ်လို့အခုလိုလုပ်တာပဲ့မဟုတ်ဘူး{အမှတ်1၇ဲ့ကျောင်းသားတစ်ဦး}

Anonymous said...

အေးကွ မင်းပြောမှာပဲ့ ရှင်းသွားတယ် ။ ငွေကောက်တာ အရေးအကြီးဘူးဆိုယ င် သမတ ၀က်ဆိုက်မှာ တင်ပေးလိုက်မယ် ကြည့်နေ ၊ အားနာလို့ အသိတရားလေးရမလားလို့ သတိပေးလိုက်တာ ။ ငွေကောက်တာ ဒီလောက်ရဲတင်းတာ ကွန်ရူတဲ့သူတွေနဲ့ ဒီလောက်ပျက်ဆီးနေတာ မသိလေရော့သလား။ စံနစ်ကျနတဲ့ စီမံခန့်ခွဲမှု မရှိပဲ ဟိုလိုလို ဒီလိုလိုငွေကောက်တာ အရေးမကြီးဘူးလားကွာ။ များများကောက်လေကောင်းလေပေါ့ကွာ ။

Unknown said...

ကောက်တာတော့ ကောက်ပေါ့ တရားလွန်
ရင်တော့ ဘယ်ကောင်းမလဲ

Unknown said...
This comment has been removed by the author.