၂၀၁၂ ရက်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ အလွန်
နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၀၁း၃၀) အချိန်ခန့် မြိတ်မြို့ ရပ်ကွက်များ အတွင်း မူးယစ် ရမ်းကားပြီး ကားမှန်များ ရိုက်ခွဲ ဖျက်ဆီးခဲ့သူ
နှစ်ဦးဖြစ်သည့် ထိန်လင်းအောင် (၁၇)နှစ်၊ (ဘ) ဦးစောမာသဲ ၊ အမှတ်(၁၂) ခရူတော တောင်ပေါ် လမ်းသွယ်(၉)
နှင့် လင်းဌေး (ဘ) ဦးဆာလင် ၊ ခရူတော တောင်ပေါ် လမ်းသွယ် (၇) ၊ ကန်ဖျားခ ရူတော ရပ်ကွက်နေ
(၂)ဦးအား မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ ပြည်သူများနှင့် ပူးပေါင်း ဖမ်းဆီးရမိပြီး ၄င်းတို့ နှစ်ဦးအား
မြို့မရဲစခန်းမှ ((ပ)၅၉၆၊ ပြစ်မှုဆိုင်ရာပုဒ်မ - ၃၃၆/၄၂၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်းနှင့်
လင်းဌေးအား မြိတ်မြို့ မြို့မ ရဲစခန်းတွင် ဖမ်းဆီး ထားပြီး ထိန်လင်းအောင်မှာ ကားမှန် ရိုက်ခွဲပြီးနောက်
ကန်ကြီး ရပ်ကွက် သာကေတ (၁) လမ်းတွင် ဆိုင်ကယ် တိမ်းမှောက်မှု ဖြစ်ပွားကာ ဆေးရုံကြီးတွင်
အတွင်းလူနာ အဖြစ် တက်ရောက် ကုသခံ လက်ရှိကြောင်း ၊ ၄င်းတို့ ၂ ဦး မောင်းနှင် လာသည့် ဆိုင်ကယ်မှာ
ယာဉ်အမှတ်မရှိ - ဝေဖ့် -၁၀၀၊ ခဲ/ရွှေရောင် ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
ယခင်သတင်းအား
ပြန်ဖတ်ရန် - http://myeiknews.blogspot.com/2012/11/blog-post_1.html
0 comments:
Post a Comment