၎-၄-၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
သတင်းအရ သက်သေများနှင့် အတူ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၁၀)လမ်း ရှိ ““ဦးချစ်ဟို””
ဆောက်လုပ်ရေး/ လျှပ်စစ်/ အိမ်သုံးပစ္စည်း အရောင်းဆိုင်အား ၀င်ရောက်ရှာဖွေ ခဲ့သည်။
ထိုသို့
ရှာဖွေခဲ့ရာ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၁၀)လမ်းနေ ဆိုင်အရောင်းတာဝန်ခံ မယဉ်ယဉ်အေး
(၂၉)နှစ်အား တွေ့ရှိရပြီး ဆိုင်အတွင်းမှ ANDALAS AIR RIFFLE စာတမ်းပါ ဒင်မှပြောင်းအထိ
အရှည် ၃ ပေ ၃လက်မခန့်ရှိ တရုတ်နိုင်ငံလုပ် လေသေနတ် ၅ လက်နှင့် JANDAO စာတမ်းပါ တရုတ်နိုင်ငံလုပ်
ဒူးလေး သေနတ် ၁ လက်တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် တရားဝင် ခွင့်ပြုချက် မရှိဘဲ
လက်ဝယ်ထားရှိသူ မယဉ်ယဉ်အေးအား မြိတ်မြို့မရဲစခန်း(ပ)၁၇၄/ ၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ
၁၉(စ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရ ရှိသည်။
ရဲဇာနည်
FB မှ ကူးယူ ဖော်ပြပါသည်။
0 comments:
Post a Comment