တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများနှင့် ရေလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်း ပြုနေသော
ရေလုပ်ငန်းရှင်များနှင့် ရေလုပ်သားများ၊
ရေကြောင်းခရီးသွားပြည်သူများသိရှိစေရန်အတွက် မေလ(၁၄)ရက် နံနက်တွင်
နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်သော ဘင်္ဂလားပင်လယ်အော်
အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော မဟာစင် ဆိုက်ကလုန်း မုန်တိုင်းသတင်းကို
နံရံကပ်စာစောင်များဖြင့် ကြေငြာပေးခဲ့သည်။
အဆိုပါကြေငြာခြင်းတွင် ပြန်/ဆက်ရုံး မြေစိုက်ဘုတ်၊ ရေဆိပ်၊ ဆိပ်ခံတံတားနှင့် မြိတ်လေဆိပ် Book Corner တို့တွင် မုန်တိုင်းသတင်းကို နံရံကပ်စာစောင်များဖြင့် ကြေငြာ၍ မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်း စာစောင် များကို မြိတ်ခရိုင် ပြန်/ဆက် ၀န်ထမ်းများမှ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment