မြိတ်မြို့ အနီးရှိ ရေရှားပါးသည့် ရွာများသို့ သောက်သုံးရေများ အခမဲ့ ဖြန့်ဝေ
မြိတ်မြို့နယ် အတွင်းရှိ ရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများ အခမဲ့ ဖြန့်ဝေ ပေးခြင်းကို မြိတ်မြို့ အတွင်းရှိ ကိုယ်အားကိုယ်ကိုး မီးသတ်ရေယာဉ်များ အစီအစဉ်ဖြင့်
သွားရောက် ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
အဓိကကတော့ တစ်နေ့လုပ် တစ်နေ့စား တွေက ရေအခက် အခဲ ပိုဖြစ်ပါတယ်။ အနီးအနားက ရေတွင်းတွေက ခန်းခြောက်တော့ ရေမထွက်တဲ့ အတွက် အခက်အခဲ ဖြစ်တာရယ်။ အဝေးမှာ ဆိုင်ကယ် ဒါမှမဟုတ် ဘေးတွဲ ဆိုင်ကယ်နဲ့ သွားရောက် ခပ်ယူဖို့ ဆိုတာကလဲ ငွေကြေး အခက် အခဲရှိတာရယ်ကြောင့် ဒီလို လက်လုပ်လက်စား ရပ်ကွက် တွေကို ရေသွားရောက် လှူဒါန်း ရခြင်း ဖြစ်ပါတယ် `` ဟု ရေသွားရောက် လှူဒါန်းသူ မီးသတ် တပ်ဖွဲ့ဝင်က ပြောသည်။
အဆိုပါေ၇လှူဒါန်းမှုကို လက်ခံ ၇၇ှိသူ တစ်ဦးမှ ``` ကျွန်မယောင်္ကျားက ပန်းရံလုပ်ပါတယ်။ မြို့ထဲထွက်ပြီး အလုပ်လုပ်တော့ သူပြန်လာမှ ပိုက်ဆံရပါတယ်။ ခါတိုင်းဆိုရင် အိမ်နားက ရေတွင်းတွေမှာ ရေခပ်လို့ အဆင်ပြေတယ်။ အခုတော့ ရေတွင်းတွေက ခန်းနေပီ။ ရေကား ၀ယ်ပြီး ဖို့ကလဲ ငွေအဆင်မပြေဘူး။ အိမ်မှာဆို သုံးရေ မပြောနဲ့ သောက်ဖို့တောင် ရေ အခက်အခဲ ဖြစ်နေတာ ။ အခုလို လာရောက်လှူဒါန်းတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဟု ဆိုသည်။
အခုလို ရေအခက်ခဲ ဖြစ်တဲ့ နေရာတွေကို အမြဲတမ်း သွားလှူနေမှာပါ။ သူတို့ ရေအခက်အခဲ ပြေလည်တဲ့ အချိန်ထိပေါ့။ မီးသတ် ရေသယ်ယာဉ် ၊ ရေကားအတွက် ဆီဖိုးကိုတော့ ကျွန်တော်တို့ သူငယ်ချင်း အားလုံး ၀ိုင်းစုပြီး ကျခံ လှူဒါန်းပေးမှာပါ`` မြိတ်တောင် ကိုယ့်အား ကိုယ်ကိုး မီးသတ်ယာဉ် ကြီးကြပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။
0 comments:
Post a Comment