မြိတ်ဒေသ
မင်္ဂလာဆောင် ဓလေ့
(((((
ရန်ကုန်တက္ကသိုလ် သမိုင်း မဟာဝိဇ္ဇာဘွဲ့ အတွက် ၁၉၉၂ ခုနှစ်တွင် ဒေါ်ရီရီသက် ပြုစုသော ကိုလိုနီခေတ်
မြိတ်ခရိုင် သမိုင်း (၁၉၄၁-၁၉၄၈ ) စာတမ်းမှ ကောက်နုတ် ဖော်ပြပါသည်။ ))))
မြိတ်ဒေသ
မင်္ဂလာဆောင် ဓလေ့မှာ ထူးခြားသည်ကို တွေ့ရှိရသည်။ ဗုဒ္ဓဘာသာ၏ အဆုံးအမများ၊ နိတိကျမ်းများ၏
အဆိုအမိန့်များကို လိုက်နာကြသည်။ သားပျိုး သမီးပျိုတို့ကို ထိမ်းမြား လက်ထပ် ပေးရာတွင်
ဒုတိယ ကမ္ဘာစစ် မဖြစ်မီ အခါကာလကမူ ရှေးအစဉ်အလာများ အတိုင်း မောင်လှယ် နှမလယ် စနစ် ကို
ကျင့်သုံး ကြလေသည်။