Monday, May 19, 2014

မြို့နယ် အခြေပြု မူလတန်း ဆရာအတတ်ပညာ အထူးသင်တန်း စွမ်းရည်ပြပွဲနှင့် ဂုဏ်ပြုပွဲ တနင်္သာရီမြို့၌ကျင်းပ




တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ ဆောင်တွင် ဧပြီလ(၂၃)ရက်နေ့မှစ၍ မူလတန်းပြ မျိုးဆက်သစ်ဆရာ/ ဆရာမများအား မူလတန်းဆရာ အတတ် ပညာ အပြည့်အ၀ ရရှိစေရန် ရည်ရွယ်လျက်ဖွင့်လှစ် သင်ကြားလျက်ရှိသည့် မြို့နယ်အခြေပြု မူလတန်းဆရာ အတတ် ပညာအထူးသင်တန်းမှ သင်တန်းသူ/သား(၁၈၁)ဦးတို့က စွမ်းရည်ပြပွဲနှင့် ဂုဏ်ပြုမိတ်ဆုံစားပွဲ အခမ်း အနားကို တနင်္သာရီမြို-မြို့နယ်ခန်းမတွင် မေ(၁၇)ရက်နေ့ ()နာရီက ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေး မှူး နှင့်ဌာန ဆိုင်ရာများ၊ မြို့နယ်အတွင်းမှအထက်တန်း/အလယ်တန်း/မူ လွန်ကျောင်းအုပ်များ၊ သင်တန်းနည်းပြဆရာ/မများ၊ သင်တန်းသူ/သား ဆရာ/မများတက်ရောက်ကြသည်။

 
 ရှေးဦးစွာဆရာ/မများက တို့တာဝန်သီချင်းသီဆိုလျက် အခမ်းအနားကို စတင်ဖွင့်လှစ်ကြပြီး မြို့နယ်ပညာ ရေးမှူး ဒေါ်မိုးမိုးအေး က စွမ်းရည်ပြပွဲဆိုင်ရာ ကိစ္စများရှင်းလင်းပြောကြားရာတွင် ဆရာဟူသည့် အင်္ဂါရပ်များ နှင့်အညီ၊ အတတ်ပညာများကိုတပ်ဆင်ပေးပြီးဖြစ်၍ မြတ်ဆရာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းပြောကြား သည်။

တနင်္သာရီမြို့နယ်တွင် အစမ်းခန့်မူလတန်းပြ မျိုးဆက်သစ်ဆရာ/ဆရာမဦးရေ(၂၅၂)ဦး ရှိသော်လည်း ယခု သင်တန်းတွင် ဆရာ/ဆရာမ(၁၈၁)ဦးတက်ရောက်ကြ၍ ကျန်ဆရာ/ ဆရာမများမှာ မိမိတို့ဒေသနှင့် နီးစပ်ရာမြို့နယ် များတွင် ဖွင့်လှစ်နေသည့် သင်တန်းများ ၌တက်ရောက်နေကြကြောင်း မေလ(၂၃)ရက်နေ့တွင် သင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြိတ် ပြန်ဆက

0 comments: