ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာ၌ (၅၇)ကြိမ်မြောက် ပျားရည်ဆွမ်း လောင်းလှူပွဲ ကျင်းပ
မြိတ်ခရိုင် ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာ အောင်တော်မူ ဓမ္မာရိပ်သာတွင် (၅၇) ကြိမ်မြောက် ပျားရည်ဆွမ်း လောင်းလှူပွဲအား ၂၀၁၅ ခုနှစ် မေလ (၂) ရက်နေ့ ၊ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် ကဆုန်လပြည့်နေ့ နံနက်ပိုင်းတွင် ကျင်းပရာ မြိတ်မြို့နယ် ၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်၊ ဘုတ်ပြင်း မြို့နယ်များမှ သံဃာတော် (၁၇၈) ပါး၊ သာမဏေ (၃၄)ပါးနှင့် သီလရှင် (၃၆)ပါး စုစုပေါင်း (၂၄၈) ပါး ကြွရောက်ပြီး ပျားရည်ဆွမ်း အလှူခံတော်မူသည်။
ထိုသို့ ပျားရည်ဆွမ်း လောင်းလှူ နိုင်ရန် အတွက် အလှူရှင်များက သဘာဝ ပျားရည်စစ်များကို ကြိုတင် ၀ယ်ယူ စုဆောင်းပြီး သဘာဝ ပျားရည် စစ်စစ်များဖြင့် လာရောက် ကုသိုလ်ပြု လောင်းလှူကြရာ အလှူခံ ပုဂ္ဂိုလ် တစ်ပါး လျှင် ပျားရည် (၃) ပိဿာခန့် အလှူခံ ရရှိကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment