ကျွန်တော်
မြိတ်ကို ရောက်တော့ လေယာဉ်ကွင်းမှာ မိုးတွေ ရွာနေသည်။ သွားသည့် ကိစ္စက သတ္တု ကဏ္ဍဖွံ့ဖြိုး
တိုးတက်ရေး အတွက် သွားခြင်း ဖြစ်ပါသည်။ သတ္တု ကဏ္ဍနှင့် ပတ်သက်၍ သီးခြား ဆောင်းပါး ရေးသား
ဖော်ပြပါဦးမည်။ မြိတ် သင်္ဘောဆိပ် ကိုရောက်တော့ ကမ်းနားလမ်း မှာ ခန့်ညား ထည်ဝါသော ဆိုင်းဘုတ်ကြီး
တစ်ခု တွေ့သည်။
“တနင်္သာရီ
တိုင်းသည် ဆီအိုးကြီး ဖြစ်ရမည်” ဟူလို၊ အားရ စရာကြီးပါ၊ တိုင်းအတွင်း လှည့်လည် လေ့လာ
သောအခါ ဆီအုန်းပင် အများအပြား စိုက်ပျိုး ထားကြောင်း တွေ့ရပြီး “နာမည်ကြီး”၊ “နာမည်လတ်”၊
“နာမည်ငယ်” ကုမ္ပဏီ များ၏ ဆိုင်းဘုတ်များကိုလည်း ထိုဆီအုန်း ပင်ခြံများ၏ ရှေ့တွင် စိုက်ထူ
ထားကြောင်း တွေ့ရသည်။
ကျွန်တော်
သည် သယံဇာတ ကော်မတီ အတွင်းရေးမှူး တစ်ယောက်ဖြစ်သောကြောင့် မြေသယံဇာတမည်ကဲ့သို့ အသုံးချထားသည်ကို
သိရှိလို၍ လည်းကောင်း၊ ကျွန်တော် ၏ စိတ်ဝင် တစား လက်ကုန် နှိုက် စူးစမ်းတတ် သောသဘာဝ ကြောင့်
လည်းကောင်း ကားရပ်ပြီး ဆီအုန်းခြံ များအတွင်း ထဲထဲ ၀င်ဝင် လေ့လာ လိုက်သောအခါ “ ဆီအိုးကြီး
ပျောက် ဆုံးနေပြီ”ဖြစ်ကြောင်း တွေ့ရပါ တော့သည်။
တရားဝင် ထုတ်ပြန်
ထားသော စာရင်း ဇယားများ အရ တနင်္သာရီ တိုင်းတွင် ဆီအုန်း စိုက်ပျိုးခြင်းကို ၁၉၉၉ ခုနှစ်က
စတင် ခဲ့ပြီး လျာထားဧက ငါးသိန်း သတ်မှတ် ထားသော် လည်း ၂၀၁၃ ခုနှစ်အထိ ကုမ္ပဏီ ပေါင်း
(၄၁) ခုမှ (၉၉၃၈၆၆) ဧက ရယူ ထားခဲ့ကြောင်း တွေ့ရသည်။ လျာထားချက် ထက် နှစ်ဆခန့် မြေပိုယူပြီး
သွင်းကုန် အစားထိုး မြန်မာ့ စားအုန်းဆီ ဖူလုံရေး ထုတ်လုပ်တော့ မည့် သဘောပင်။
ကောင်းလေစွ
ကောင်းလေစွ....
သို့သော်
တိုင်းချုပ် စာရင်း များအရ မြေရ ယူထား ကြသည်မှာ (၁၄) နှစ် ကြာပြီ ဖြစ်သော် လည်း ဧက
၁၀ သိန်း အနက် သုံးသိန်းသာ စိုက်ပျိုး ထားပြီး ထို စိုက်ပျိုးပြီး ပြီဟု ဆိုသော ၃၂၁၈၂၄
ဧက အမှန် စိုက်ပျိုး ခဲ့မည် ဆိုပါက အညံ့ဆုံး ဆီထွက်နှုန်း တစ်ဧက ဆီကြမ်း နှစ်တန်ဖြင့်
တွက်လျှင် ပင် ဆီကြမ်း တန်ချိန် ၆၄၃၆၄၈ တန်ထွက် ရပေလိမ့်မည်။ အမှန် တကယ် မြေနေရာ ဦးထား
သလောက် ဧက ၁၀ သိန်း စိုက်ဖြစ်ခဲ့ပါက အညံ့ဆုံး ဆီကြမ်း ထွက်နှုန်း တစ်ဧက နှစ် တန်နှုန်းဖြင့်
တွက်လျှင် နှစ်စဉ်ဆီ ကြမ်းတန်ချိန် သိန်း ၂၀ ထွက်ပေမည်။
အပင်ကို ပြုစုယုယမှု
ကောင်းလျှင် တစ်ဧက လေးတန် နှုန်းဖြင့် ဆီကြမ်း တန်ချိန်သိန်း ၄၀ ထွက် ရမည်ဖြစ်သည်။ ယခင်
တပ်မတော် အကြီးအကဲများက ထိုသို့ဖြစ်စေ ခြင်ခဲ့ ၍သာ ဤသို့ ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်ဟန်
တူသည်။ လက်တွေ့ တော့ဆီကြမ်း ထွက်ရှိမှုမှာ ၃၁.၅.၂၀၁၃ တရားဝင် စာရင်းဇယား အရ ဆီသီးခိုင်
တန် ၂၂၄၅၇ သာ ထွက်ရှိ ကြောင်း တင်ပြထားသည်။
ဒါတောင် အမှန်တကယ်
ထွက်မထွက် မသေချာ ပါ။ အဘယ်ကြောင့် ဆိုသော် မြိတ်ခရိုင် စက်မှု ကုန်ကြမ်း ခရိုင်ရုံး၏
စာရင်းတွင် မောင်ဝိတ် မိသားစု ကုမ္ပဏီသည် လျာထားချက် (၁၀၂၀) ဧကအား လုံးဝ စိုက်ပျိုးခြင်း
မရှိသေးကြောင်း တွေ့ရပြီး တိုင်းချုပ် စာရင်းတွင်မူ - ၁၀၂၀ ဧက အားလုံး စိုက်ပြီး ဖြစ်၍
စိုက်ရန် ကျန်မရှိ ကြောင်း ကွဲလွဲနေသည်။ လက်တွေ့ကွင်းဆင်း ကြည့်သောအခါ ဆိုင်းဘုတ် ထောင်ထားခြင်း
ပင်မ တွေ့ခဲ့ရပေ။ ထိုကဲ့သို့ လုံးဝ မစိုက်ဘဲ မြေဦးထား သော ကုမ္ပဏီ များမှာ (၁) ထားဝယ်
ကုမ္ပဏီ ၂၀၀၀၀ ဧက (၂) စိန်ပြည့်လျှံ အောင် ကုမ္ပဏီ ၁၀၀၀၀ ဧက (၃) တော်ဝင် ရွှေပုလဲ ကုမ္ပဏီ
၉၀၀၀ ဧက (၄) မြန်မာနိုင် ကုမ္ပဏီ ၇၀၀၀ဧက (၅) အဲဗားဂရင်း ကုမ္ပဏီ ၁၀၀၀ ဧက (၆) မြန်မာ့ သြဘာ
ကုမ္ပဏီ ၁၀၅၀၀ ဧက (၇) တောင်ပိုင်း ရွှေရောင် အလင်း ကုမ္ပဏီ ၁၂၈၀၀ ဧက တို့ဖြစ်ကြသည်။
ထို့ပြင်
အေးရှား ဝေါလ် ကုမ္ပဏီ သည် တိုင်းချုပ် စာရင်း၌ ၁၀၂၀၀ ဧက အားလုံး စိုက်ပြီး ဟုဖော်ပြ
ထားသော် လည်း မြေပြင်တွင် ၄၀၀၀ ဧကသာ စိုက်ပျိုး ထားခြင်း Vantage ကုမ္ပဏီ သည် တိုင်းချုပ်
စာရင်း၌ ၁၉၂၀ ဧက အားလုံး စိုက်ပြီး ကြောင်း ဖော်ပြ ထားသော် လည်း ဆီအုန်း တွက်ခြေ မကိုက်
၍ ၁၉၂၀ ဧက အားလုံး ရော်ဘာ ပြောင်းစိုက် တော့မည်ဟု သိရခြင်း၊ ထူးကုမ္ပဏီသည် ဧက ၃၀၀၀၀
ယူထားရာ၌ တိုင်းချုပ် စာရင်းတွင် ၂၀၇၅ ဧက စိုက်ပြီး ကြောင်း ဖော်ပြ ထား သော်လည်း ဆီကြမ်း
လုံးဝ မထွက်သေး ကြောင်း လေ့လာ တွေ့ရှိရပါသည်။ မြေနေရာ ယူထား သော ကုမ္ပဏီ (၄၁)ခု အနက်
မြိတ်ခရိုင် တွင် ၄ ခု သာ ဆီကြမ်း ထွက်ကြောင်း သိရသည်။
ဆီအုန်း ခြံများ
အားလုံးသည် ကော့သောင်း၊ မြိတ်၊ ထားဝယ် ကားလမ်းဘေး တွင်ရှိကြပြီး လမ်းဘေး၌ အပင် သုံးတန်းသာ
စိုက်ပျိုး ထားကြကာ အတွင်း၌ ချုံနွယ် များပေါက် ရောက်နေကြောင်း တွေ့ရသည်။ ဆီအုန်းပင်
များမှာလည်း အခက် အလက် ပြုပြင်ခြင်းမရှိ၊ ကပ်ပါးပင် ချုံနွယ်များ ရောယှက်ဖုံး လွှမ်းနေ
သောကြောင့် ဆီအုန်းပင် အခက်များ ပြုပြင် ပေးခြင်း မရှိလျှင် ဆီသီး မသီးနိုင် ကြောင်းတွေ့ရသည်။
တိုင်းနှင့်
ခရိုင်စက်မှု ကုန်ကြမ်း ရုံးများရှိ နံရံများတွင် ချိတ်ဆွဲ ထားသော ဓာတ်ပုံများ၊ နိုင်ငံပိုင်
သတင်းစာ များတွင် တစ်ခါ တစ်ခါ မြင် တွေ့ရသော ကြီးထွား သန်စွမ်း ဖြစ်ထွန်း လျက်ရှိသော
ဆီအုန်းခြံ များအဖြစ် ဦးပိုင် လီမိတက်မှ တာဝန်ယူ စိုက်ပျိုး သော ခြံတစ်ခု ကိုသာ တွေ့ရသည်။
ကျန်ကုမ္ပဏီများ မှာ ပါချီပါချက် အပျော် သဘောမျိုး စိုက်ပျိုး ဟန်ဆောင် နေရာ ဦးထားကြသည်။
ထားဝယ်၊ မြိတ်၊ ကော့သောင်း မြေဈေး တွေက အဆမတန် မြင့်တက် လျက်ရှိလာနေ၍ အထက်ပါ ကုမ္ပဏီများ
အကြိုက် တွေ့နေကြ ပေသည်။
ထို့ပြင်
၎င်းကုမ္ပဏီများ ဆီအုန်း အနစ်နာခံ စိုက်ပျိုးကြ သောကြောင့် အခွင့် အရေးပေးသည့် အနေဖြင့်
ယခင် တပ်မတော် အစိုးရ လက်ထက်က စက်ယန္တရားများ၊ ကားများ စသည့် တန်ဖိုးကြီး ပစ္စည်းများကို
အကောက် ခွန် လွတ်တင် သွင်းခွင့်ပြု ခဲ့ကြောင်း အမည် မဖော်လိုသော မီဂါ စီးပွားရေး လုပ်ငန်းရှင်
တစ်ဦးက မိမိကို ပြောပြ သည်။ ထိုခေတ်က ဇိမ်ခံကား များတစ်စီး၏ ပါမစ် အမြတ်မှာ သိန်း
၁၀၀၀ ဆိုပါလျှင် ၁၀ စီး သိန်း ၁၀၀၀၀၊ စိုက်ပျိုး ဟန်ဆောင်ခြင်းမှ ကုန်ကျ စရိတ်က လွန်ရော
ကျွံရော သိန်း ၁၀၀၀ ထားပါ၊ ဆယ်ဆမြတ် လေစွ၊ မြေလည်း အပိုင်ရသေး၊ ကားပါမစ် လည်း မြတ်သေး
ဆီအိုးကြီး ကတော့ ဆိုင်းဘုတ် သာရှိတော့သည်။ ယခင်က တပ်မတော် အကြီး အကဲများ မျှော်မှန်း
ခဲ့သလို ဧက ၁၀ သိန်းမှ ဆီကြမ်းသိန်း ၂၀ ထွက် ခဲ့လျှင် မလေးရှားမှ ဆီသွင်းရန် မလိုတော့
ထွက်နှုန်း ကောင်းအောင် ပြုပြင်နိုင် လျှင် တစ်ဧက ငါးတန် အထိ ထွက်ရှိကြောင်း စိုက်ပျိုးရေး
ပညာရှင်တစ်ဦး ပြောပြ၍ သိရသဖြင့် ဧက ၁၀ သိန်းမှ ဆီကြမ်းတန် သိန်း ၅၀ ထွက်ရမည်။ ဤသို့ဆို
လျှင် မလေးရှားသို့ ဆီပြန်သွင်း နိုင်တော့မည်။ တွက်ရေး က ဆီသူဌေး၊ ကွင်းဆင်း ကြည့်တော့
ဆီအိုးကြီး ပျောက် နေပါသည်။ နှစ်စဉ် မြန်မာပြည်သို့ ၀င်နေသော စားအုန်း ဆီ တန်ချိန်ကို
လေ့လာကြည့်ပါ။
နိုင်ငံခြား
ရင်းနှီးမြှုပ်နှံ သူများက မြန်မာပြည် သည် မြေ ဈေးအကြီးဆုံး ဟုဆိုကြသည်။ ထိုကဲ့သို့
ဘာမှ မလုပ်ဘဲ နေရာ ဦးထား သူများ ကြောင့်ဟု ပြောရလိမ့်မည်။ ဖြစ်သင့်သည်မှာ မြေနေရာ
ယူထား သည်မှာ (၁၄) နှစ် ကြာပြီ ဖြစ်လျှင် တကယ် စိုက်မစိုက် ကွင်း ဆင်းစစ်၊ မစိုက်လျှင်
ဘယ်သူ့ မျက်နှာမှ မထောက် ဘဲပြန်သိမ်း၊ ပြည်တွင်း နှင့် နိုင်ငံခြားမှ တကယ် လုပ်မယ့်
သူကိုချ မပေးသင့် ဘူးလား၊ သို့မှသာ မြိတ်ကမ်းနား လမ်းရှိ ဆိုင်းဘုတ်ကြီးမှာ ရယ်ရွှင်
ဖွယ်ဟာသ တစ်ပိုဒ် အဖြစ်မှ မှန်ကန်သော ဆီအိုးကြီး အဖြစ် ရပ်တည် လာလိမ့်မည်ဟု ထင်မြင်
ယူဆ မိပါကြောင်း ရေးသား ဖော်ပြအပ်ပါသည်။
ဦးလှဆွေ
(အမျိုးသား လွှတ်တော် ကိုယ်စားလှယ်)
messengernewsjournal
မှ ကူးယူဖော်ပြပါသည်။
http://www.messengernewsjournal.com/article/detail.php?id=3693
0 comments:
Post a Comment