၂၀၁၃
ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့ နံနက် (၆) နာရီ ၀န်းကျင် အချိန်ခန့်တွင် မိုးသည်းထန်စွာ
ရွာသွန်းပြီး တောင်ပေါ်မြေများ ပြိုကျမှုကြောင့် မြိတ်မြို့ မြိတ်တောင် နယ်မြေ ဘုရားကိုင်ရပ် ဘုရားကိုင်
မူလတန်းလွန် စာသင်ကျောင်းအနီး လမ်းသွယ်တွင် တောင်ခြေအနီး ဆောက်လုပ် ထားသော ဦးကျော်ဆန်းအေး
+ ဒေါ်မြတ်မိုးရီ ပိုင်ဆိုင်သော အလျား (၂၅)ပေ၊ အနံ (၂၀) ပေရှိ ယိုင်ကာ ဓနိမိုး နေအိမ်
တစ်လုံး ပျက်စီးသွားကြောင်း သိရသည်။
မြေပြိုမှုကြောင့်
နေအိမ်နှင့် ပရိဘောဂ ပစ္စည်းများမှ အပ အခြား ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment