မြိတ်ခရိုင် အတွင်း သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်လာပါက တုန့်ပြန်ရန် စုဖွဲ့ထားသော မြိတ်မြို့ ရှာဖွေ ကယ်ဆယ်ရေး တပ်စု၏ စုဖွဲ့ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ဇူလိုင်လ (၇)ရက် နံနက်(၈)နာရီတွင် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနက ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်(၃၅)ဦး၊ ကြက်ခြေနီ(၁၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၃၂)ဦးတို့ဖြင့် မြိတ်မြို့ ဘုရားဆူကွင်း၌ ပြုလုပ်ခဲ့ကြသည်။
ု စုဖွဲ့ဇာတ်တိုက် လေ့ကျင့်ခြင်းတွင် ရွက်ဖျင်တဲထိုးနည်းအမျိုးမျိုး၊ လူနာသယ် နည်းနှင့် အမျိုးမျိုး၊ ဒုက္ခသည် များအား ရှာဖွေ ကယ်ဆယ်နည်း၊ ရှေးဦး သူနာပြုစုနည်းများ၊ သယ်ယူ ပို့ဆောင်ခြင်းနှင့် ဆေးရုံသို့ ပို့ဆောင်ခြင်းများကို ဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

0 comments:
Post a Comment