ထားဝယ်၊ စက်တင်ဘာ ၉၊ ၂၀၁၃
ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် အဖွဲ့သည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့သို့ ရောက်ရှိလာကာ ထားဝယ်မြို့ မြို့တော်ခန်းမတွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး မောင်းမကန်သို့ ခရီးဆက်ရာတွင် ထားဝယ်လယ်သမားအဖွဲ့က ကြိုဆိုခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့က ကြိုဆိုခွင့် မပြုကြောင်း သိရသည်။
နောက်ပြီး လယ်သမားများ စုပေါင်းပြီး ကြိုဆိုရန်ထွက်လာစဉ် ကမြောကင်းလမ်း၊ ရွှေနဂါးသစ်ဆိုင်အနီးရှိ လမ်းဆုံတွင် ရဲတပ်ဖွဲ့က ဟိုက်လပ်ကားများဖြင့် ပိတ်ဆို့ တားဆီးခဲ့သည်။
သူရဦးရွှေမန်းနှင့် အဖွဲ့သည် ထားဝယ်တွင် တည တည်းခိုမှာ ဖြစ်ပြီး မနက်ဖြန် မနက်ပိုင်းတွင် ကော့သောင်းနှင့် မြိတ်မြို့များကို ခရီဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
http://www.tavoyanvoice.com/
0 comments:
Post a Comment