၂၀၁၃ ၊ ဇူလိုင်လထုတ် ဓမ္မရံသီ
ဓမ္မမဂ္ဂဇင်း မှာ ရှေ့နေ ဦးအေးပိုင် (ထေရ၀ါဒဓမ္မ ကွန်ယက် ဥပဒေ အကြံပေး အရာရှိ)
ရေးသားတဲ့ ဘာသာခြားနဲ့ အိမ်ထောင်ပြုခြင်း ဆောင်းပါးကို အားလုံး သိအောင် ပြန်လည် တင်ပြပေး
လိုက်ပါတယ်။ ဆောင်းပါးရှင်ကိုလဲ ဒီနေရာကနေ တဆင့် တင်ပြခွင့်ပြု ပါရန် မေတ္တာရပ်ခံအပ်
ပါတယ်။
အိမ်ထောင်မှုဘုရားတည်
လောကတွင် လူ ဟူ၍ ဖြစ်ပေါ်လာသည့်အခါ
တစ်ဦး တစ်ယောက်တည်း ရပ်တည်မနေကြဘဲ အဖော်ရှာ လာကြသည်။ ယောက်ျား- မိန်းမ သဘာဝအရ
အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း များကို ပြုလုပ်လာကြသည်။ ထိုအခါ ပြဿနာ များလည်း ပေါ်ပေါက်လာကြသည်။
မြန်မာစာဆိုရှင် စလေ ဦးပုညက- “ အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်
စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်အမျိုး” ဟု စပ်ဆိုပြီး
သတိပေးထား ပါသည်။ အိမ်ထောင်ပြုမှုမှားလျှင် ဘာသာ သာသနာကိုပါ ဆုံးရှုံးစေခြင်းကြောင့်
ဘ၀တစ်ခုလုံး ဆုံးရှုံးလိုက်ရခြင်းပင် ဖြစ်ပါသည်။ ဗြိတိသျှ ကိုလိုနီနယ်ချဲ့ တို့သည်
ဆန်စပါး၊ ၀ါဂွမ်း၊ ကျွန်းသစ်၊ ရေနံ၊ ကျောက်သံ ပတ္တမြား အစရှိသည့် မြေပေါ် မြေအောက်
အဖိုးတန် ပစ္စည်းများကို နည်းအမျိုးမျိုးဖြင့် ရယူခဲ့ကြသည်။
အိန္ဒိယ ကုလားများကို ခေါ်ယူလာပြီး
လယ်ယာ လုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။ ထို့ကြောင့် မြန်မာ လယ်သမားကြီး များသည်
နောက်ဆုံး လယ်ယာမြေများကို လက်လွတ်ဆုံးရှုံးကြရသလို အကြွေးမဆပ်နိုင်၍
သမီးပျိုများပင်လျှင် သိမ်းပိုက်ခံရခြင်း ကြောင့်
လက်လွတ်ဆုံးရှုံးကြရသည်။ ထို့အတူ တရုတ်လူမျိုးများ ကိုလည်း
ဝင်ရောက်လာစေခဲ့ပြီး စီးပွားရေး လုပ်ငန်းအမျိုးမျိုးတို့ ကို
လုပ်ကိုင်စေခဲ့သည်။ စီးပွားရေး လုပ်ငန်းရှင် တရုတ်လူမျိုးများကလည်း
မြန်မာမိန်းခလေးများကို လက်ထပ်ယူကြသည်။
ထို့ကြောင့် ဒဂုန်ဆရာတင်က“ ငွေကို
ယူသည်၊ ရွှေကိုယူသည်၊ လူကိုယူသည်၊ အမျိုးပျောက်မှာ စိုးကြောက် လှပါသည်” သီချင်းစပ်ဆိုပြီး
သတိပေးထား ပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးများ အနေဖြင့် နိုင်ငံခြင်းသား၊
လူမျိုးခြား၊ ဘာသာခြားနှင့် လက်ထပ်ရခြင်း အကြောင်းကို လေ့လာကြည့်လျှင်-
(၁) ငွေကြေးအခက်အခဲကြောင့်
လက်ထပ်ရခြင်း။
(၂) ပစ္စည်းဥစ္စာ ထောက်ပံ့ကူညီမှုကြောင့်
လက်ထပ်ရခြင်း။
(၃) ကျန်းမာရေး အထောက်အပံ့အပါအ၀င်
ပညာရေး၊ စီးပွားရေး၊ လူမှုရေး အထောက်အပံ့ အစရှိသော အကြောင်းအချက်များ ကြောင့်
လက်ထပ်ရခြင်းဖြစ်ကြောင်း တွေ့ရသည်။
လက်ထပ်ပြီး နောက်ပိုင်းတွင်
ဘာသာရေးမတူမှု၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ မတူမှုတို့ကြောင့် ကြီးစွာသော လူမှုဒုက္ခများကို
နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ကြရသည်။ နောင်တကို နောင်မှ ရကြရသည်။ ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေးများသည်
ဘာသာခြား လူမျိုးခြားများနှင့် လက်ထပ်ပြီးနောက်တွင် တရားဝင်မယား မဖြစ်ဘဲ
အပျော်မယား ဖြစ်ကြရသည်။ အပျော်မယား ဘ၀ ဖြင့် အမွေ မခံထိုက်သည့် သားသမီးများကို
မွေးကြရသည်။ ထိုအခါတွင် နိုင်ငံခြားသား၊ လူမျိုးခြား၊ ဘာသာခြားတို့က
သူတို့ဘာသာသို့ သွတ်သွင်းခြင်း ခံကြရသည်။ ဘာသာခြားတို့က ဘာသာကိုရော လူမျိုးကိုပါ
ဝါးမျိုခဲ့ကြရသည်။ ၀ါးမျိုနေကြသည်။ ၀ါးမျိုလာကြဦးမည်။ ထို့ကြောင့် ဘာသာခြား၊ လူမျိုးခြား၊
နိုင်ငံခြားသားတို့၏ ဥပဒေများ ဓလေ့ထုံးစံများကို နားလည်ထားကြစေရန် တင်ပြလို ပါသည်။
အစ္စလမ်ဘာသာ(မဟာဗေဒင်ဘာသာ)
အစ္စလာမ် ဘာသာဝင် မဟုတ်သူနှင့်
လက်ထပ်ခြင်းကို ဥပဒေအရ တားမြစ်ထားသည်။ ထိုသို့သော ပုဂ္ဂိုလ်နှင့် လက်ထပ်ထားလျှင်
အသိအမှတ်မပြု။
ဟိန္ဒူဘာသာ
ဟိန္ဒူတရား ဥပဒေအရ ဟိန္ဒူဘာသာဝင်
အချင်းချင်းပင်လျှင် ဇာတ်မတူသူနှင့် လက်ထပ်ခြင်း မပြုနိုင်၊ ဗြဟ္မဏဇာတ်၊ ခတ္တိယဇာတ်၊
ဝေဿဇာတ်၊ သုဒ္ဓဇာတ်ဟု ဇာတ်လေးမျိုးရှိရာ ဇာတ်တူသူချင်းသာ လက်ထပ်နိုင်သည်။ ဇာတ်မတူသူ
များနှင့် လက်ထပ်ခြင်းကို ခွင့်မပြု။ ထို့အတူပင် ဘာသာခြားများနှင့် လက်ထပ်ခြင်း ကိုလည်း
ခွင့်မပြု၊ လက်ထပ်ခွင့်မရှိ။
ခရစ်ယာန်ဘာသာ
အခြားဘာသာဝင်များနှင့်
လက်ထပ်ခွင့်မရှိ။ အကယ်၍လက်ထပ်ခဲ့လျှင် ၄င်းတို့ဘာသာသို့ မ၀င်လျှင် လက်ထပ်ခြင်းသည်
တရားမ၀င်။
တရုတ်ဗုဒ္ဓဘာသာ
တရုတ်ဓလေ့ထုံးစံဖြင့်
လက်ထပ်ခြင်းမဟုတ်လျှင် တရားမ၀င်။
ဘာသာကူးပြောင်းကြရပုံများ
ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေး များသည်
နိုင်ငံခြားသား၊ ဘာသာခြား၊ လူမျိုးခြားများနှင့် အကြောင်း အမျိုးမျိုးကြောင့်
လက်ထပ်ခဲ့ရပြီးမှ တရားမ၀င်ကြောင်း တရားဝင်မယား မဖြစ်ကြောင်း သိခွင့်ရရှိ ကြသည်။
တရားဝင်မယား မဖြစ်လျှင် မိသားစု ခံစားခွင့်၊ မိသားစု ရပိုင်ခွင့် မရရှိတော့ခြင်း၊
၎င်းတို့၏ ဘာသာသို့ ကူးပြောင်းမှသာလျှင် တရားဝင်လ က်ထပ်ခြင်းဖြစ်၍ မိသားစု ခံစားခွင့်၊
မိသားစု ရပိုင်ခွင့် ရရှိနိုင်သည်ကို သိရှိလာခြင်းတို့ကြောင့်
ဘာသာခြား၊လူမျိုးခြား၊ ယောင်္ကျားဖြစ်သူတို့၏ ဘာသာသို့ ကူးပြောင်းကြရသည်။
ဤနည်းဖြင့် ဘာသာလည်း ပျောက်ကြရသည်။
လူမျိုးလည်း ပျောက်ကြရသည်။ ယနေ့ အချိန်တွင် တဖြေးဖြေး ပို၍ပို၍ များပြားလာကြသည်။
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသားများ၊ မြန်မာအမျိုးသမီးများ အထူး သတိထားရမည့် အချိန်
ဖြစ်နေပါပြီ။ ဘာသာခြား၊ လူမျိုးခြားတို့နှင့် လက်ထပ်မှုကြောင့် ကြုံတွေ့ရသော
ပြဿနာများကို လေ့လာကြည့်ကြပါစို့။
အစၥလာမ္ဘာသာ
(၁) မဆိုင်း နှင့် ကိုဒါမွိုင်ရှင်
(8BLR-16)။ ဆိုနာဟာလာနှင့် မခင် (9BLR-206) အမှုတွင် မြန်မာ မိန်းကလေး
(မဆိုင်း၊မခင်) တို့သည် အစ္စလာမ် ဘာသာသို့ ကူးပြောင်းပြီး မွတ်ဆလင် ယောက်ျားနှင့်
လက်ထပ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာသို့ ပြန်ကူးပြောင်းလျှင် အစ္စလာမ် ဥပဒေအရ လက်ထပ်ခြင်းသည်
အလိုလို ပျက်ပြယ်သွားသည်။ ယောက်ျားက ကွာရှင်းရန် မလိုပေ။ အမျိုးသမီးသည် မည်သည့် ခံစားခွင့်ကိုမျှ
မရပေ။
(၂) ကိုအေးနှင့် ရာဇူးဘိုင်ဘိုင်
(1950 BLR.8.C) 288အမှုတွင် သမီးတစ်ဦးရှိသူ ဗုဒ္ဓဘာသာဝင် မုဆိုးမ တစ်ဦးသည်
အစ္စလာမ်ဘာ သာသို့ ကူးပြောင်းပြီး မွတ်ဆလင် ယောက်ျားနှင့် အိမ်ထောင်သစ် ပြုခဲ့သည်။
ထိုမိန်းမ ကွယ်လွန်သော အခါ ဗုဒ္ဓဘာသာဝင် သမီး သည် မိခင်၏ အမွေကို မတောင်းနိုင်ပေ။
အစ္စလာမ် ဥပဒေအရ အစ္စလာမ် ဘာသာဝင် မဟုတ်လျှင် အမွေတောင်းခွင့် မရှိပေ။
(၃) တရားဝင် လွဲပြောင်းသူနှင့်
မလှထွေး (AIR-1929 ရန်ကုန်၊စာ-350) အမှုတွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးသည်
လက်မထပ်မီ အစ္စလာမ် ဘာသာသို့ ကူးပြောင်းခြင်း မရှိလျှင် ထိမ်းမြားမှုသည် တရားမ၀င်ဟု
သတ်မှတ်သည်။
ဟိန္ဒူဘာသာ
မောင်မန်းနှင့် ဒိုရာမို (3
LBR.244)အမှုတွင် ဒိုရာမိုနှင့် မရွှေပဲတို့သည် ၁၆ နှစ်မျှ လင်မယားအဖြစ်
ပေါင်းသင်းခဲ့ကြသော် လည်း ဟိန္ဒူ တရား ဥပဒေနှင့်အညီ လက်ထပ်ခြင်း မဟုတ်၍ တရားဝင် လင်မယား
မဟုတ်ပေ။ အမွေဆက်ခံခွင့် မရနိုင်။(မောင်မန်း သည် မရွှေပဲ၏ ကိုယ်စားလှယ်ဖြစ်သည်)
ခရစ်ယာန်ဘာသာ
မောင်ကြိုက်နှင့် မကြီး (2 UBR.
1897-188) အမှုတွင် ခရစ်ယာန် ဘာသာသို့ ကူးပြောင်းပြီး ခရစ်ယာန် ဘာသာဝင်နှင့် လက်ထပ်ခဲ့သည်။
ခရစ်ယာန် ဘာသာမှ ဗုဒ္ဓဘာသာသို့ ပြန်ကူးပြောင်းခဲ့သည်။ ထိုအခြေအနေတွင် မူလ ခရစ်ယာန်ဘာသာဝင်နှင့်
လက်ထပ်ခဲ့ခြင်းသည် မပျက်ပြယ်။
တရုတ်ဗုဒ္ဓဘာသာ
တီဝိန်ရှိန်နှင့် မနှင်းလှိုင်
(BKT.224) အမှုတွင် တရုတ်ရိုးရာဓလေ့နှင့်အညီ လက်ထပ်မှ တရားဝင်သည်။
မြန်မာဗုဒ္ဓဘာသာ(
မြန်မာဓလေ့ထုံးတမ်းဥပဒေ)
ဓမ္မသတ်ကျမ်း၌ လည်းကောင်း၊ ဓလေ့ထုံးစံ၌
လည်းကောင်း ဗုဒ္ဓဘာသာဝင် မြန်မာများအား ဘာသာခြားနှင့် လက်ထပ်ထိမ်း မြားခြင်းကို
ပိတ်ပင်ထားမှုမရှိပါ။
ပစ္စည်းခန့်ခွဲရရှိမှု(ဗုဒ္ဓဘာသာဝင်များ)
(က) အမျိုးသား၊အမျိုးသမီး
တန်းတူအခွင့်အရေးရှိသည်။
(ခ) ပစ္စည်းခန်း လက်ထက်ပွား
အတူပိုင်သည်။
(ဂ) မယားသေလျှင်လင်ပိုင်သည်၊
လင်သေလျှင် မယားပိုင်သည်။
(ဃ) သေတမ်းစာရေးခွင့်မရှိပါ။
ပစ္စည်းခန့်ခွဲရရှိမှု
(အခြားဘာသာဝင်များ)
(က) အမျိုးသား အမျိုးသမီး
တန်းတူအခွင့်အရေး မရှိ။
(ခ) ယောက်ျားရှာ၍ ရသော ပစ္စည်းသည်
လက်ယောက်ျား နှင့်သာဆိုင်သည်။ မိန်းမရှာ၍ ရသောပစ္စည်းသည် မိန်းမနှင့် သာဆိုင်သည်။
ပေးမှသာလျှင် ရရှိမည်ဖြစ်သည်၊ မပေးလျှင် မရ။
(ဂ) အမွေရသော ပစ္စည်းသည် အမွေရသူ
ယောက်ျားသာ ဆိုင်သည်။ (သို့မဟုတ်) အမွေရသူ မိန်းမသာ ဆိုင်သည်။
(ဃ) သေတမ်းစာ ရေးခွင့် ရှိသည်။
ကွာရှင်းခြင်း
(က) ထေရ၀ါဒ ဗုဒ္ဓဘာသာ - နှစ်ဦးသဘောတူ
ကွာရှင်းခွင့်ရှိသည်။
(ခ) ခရစ်ယာန် ဘာသာ - တရားရုံး မပါဘဲ
ကွာရှင်းခွင့်မရ။
(ဂ) ဟိန္ဒူဘာသာ - မည်သည့် အကြောင်းဖြင့်မျှ
ကွာရှင်းခွင့်မရှိ။
(ဃ) အစ္စလာမ်ဘာသာ - တစ်ဖက်သတ်
ကွာရှင်းခွင့်ရှိသည်။
ထိုသို့ ကွားရှင်းကြရာတွင်
ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေးများသည် ဘာသာခြား၊ လူမျိုးခြား ယောက်ျားနှင့်
လက်ထပ် ထိမ်းမြားခဲ့လျှင် အစ္စလာမ် ဘာသာအရ လက်ထပ်သည့် အခါ ၄င်းတို့၏ ဘာသာသို့ မ၀င်လျှင်
တရားဝင်မယား မဖြစ်ဘဲ အပျော်မယား ဘ၀ ရောက်ကြရသည်။ ယောက်ျားက မိန်းမကို မကျေနပ်လျှင်
အလွယ်တကူ ကွာရှင်းခြင်းခံကြ ရသည်။ မည်သည့် ခံစားခွင့်ကိုမျှ မရကြပေ။
ထို့အတူ ခရစ်ယာန် ဘာသာအရ လက်ထပ်သည့် အခါ
၎င်းတို့၏ ဘာသာသို့ မ၀င်လျှင် တရားဝင် မယား မဖြစ်ဘဲ အပျောမယား ဘ၀ရောက်ကြရသည်။
၎င်းတို့၏ ဘာသာသို့ဝင်ပြီးမှ လက်ထပ်ခဲ့ လျှင်လည်း ကွာရှင်းခွင့် မရတော့သဖြင့်
ဘာသာကူး ပြောင်းရန် ခက်ခဲကြရပြန်သည်။ အကယ်၍ ဗုဒ္ဓဘာသာသို့ ပြန်ကူးပြောင်းခဲ့လျှင်
မိန်းမ၏ခံစားခွင့် မရတော့ဘဲ ၊ ဆုံးရှုံးကြရပြန် သည်။
သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေး
များသည် ဘာသာခြား လူမျိုးခြားတို့နှင့် လက်ထပ် လိုက်လျှင် ကြီးမားသော ဘ၀နွံထဲ
အနှစ်ခံ လိုက်ရသလိုဖြစ်ပြီး ဘာသာဆုံးရှုံး လူမျိုးဆုံးရှုံး ခံလိုက်ကြရသည်။
အခြားဘာသာများမှာ“ဘာသာ မတူလျှင် လက်မထပ်ရန်” ဥပဒေရှိသည်။
ဘာသာခြား၊ လူမျိုးခြားတို့က ဘာသာရေး ဥပဒေများကို
ထိုသို့ပြဌာန်းထား ခြင်းကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေး များ၏ အခက်အခဲကို
ဖြေရှင်းနိုင်ရန် လိုအပ်သော ဥပဒေများ ကို နိုင်ငံတော်က ပြဌာန်းသည်။ နိုင်ငံတော်က
ပြဌန်းထားသည့် ဥပဒေ များကို ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေးများ သိရှိကြမည် ဆိုပါက
အကြောင်း အမျိုးမျိုးကြောင့် ဘာသာခြားနှင့် လက်ထပ် လိုက်ရ သော်လည်း မိမိတို့၏ ထေရ၀ါဒဗုဒ္ဓဘာသာကို
စွန့်လွတ်ရန် မလိုကြောင်း။ မိမိတို့၏ မိန်းမ အခွင့်အရေး ဆုံးရှုံးရန် မလိုကြောင်း
တင်ပြလိုပါသည်။
၁၉၅၄-ခုနှစ်၊
ဗုဒ္ဓဘာသာမြန်မာမိန်းကလေးများ အထူးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ
ဥပေဒ
ဤဥပဒေပုဒ်မ ၂၀-တွင် ဗုဒ္ဓဘာသာဝင် မြန်မာ
မိန်းကလေးများ အနေဖြင့် မည်သည့် နိုင်ငံခြားသား၊ ဘာသာခြားနှင့် လက်ထပ်စေကာမူ
၎င်းတို့၏ဘာသာမှာ မည်သို့ပင် သတ်မှတ် ထားစေကာမူ မိန်းမ အခွင့်အရေး ဆုံးရှုံးမှု မရှိခြင်း၊
လင်မယား ကွာရှင်းခွင့် ရှိခြင်း၊ ပစ္စည်း ခွဲဝေ ရပိုင်ခွင့်ရှိခြင်း၊ သားသမီး ထိန်းသိမ်းခွင့်
ရှိခြင်း တို့ကို မြန်မာ ဓလေ့ထုံးတမ်း အတိုင်း အခွင့်အရေး ရှိကြောင်း ပြဌာန်း
ထားသည်။ အောက်ပါ စီရင်ထုံးများဖြင့် လမ်းညွန်ထားသည် -
မောင်ရင်နှင့်မမြိုင်
(26-IC700)အမှုတွင် ထိမ်းမြား လက်ထပ်ပြီးနောက် လင်ဖြစ်စေ မယားဖြစ်စေ ၊
အခြားဘာသာသို့ ကူးပြောင်း ကိုးကွယ်စေကာမူ ထိမ်းမြားမှုသည် မပျက်ပြယ်ဟု
ဆုံးဖြတ်ခဲ့သည်။ ဒေါ်သိုက် (ခေါ်) ဂေါ်မသိုက်နှင့် စီရောင်လင်း (1951-မတစ၊ စာ - 133) အမှုတွင်
နိုင်ငံခြားသား တစ်ဦးသည် ၄င်း၏ ပုဂ္ဂိုလ်ရေး ဆိုင် ရာ ဥပဒေကို
မြန်မာနိုင်ငံတွင်းသို့ ယူဆောင် ခွင့်မရှိ။
ဒေါ်စောနှင့် ကွယ်လွန်သူ အီးအမ်
မက်ထွန်း (ပစ္စည်းကိစ္စ၊ 1996-မတစ၊ စာ -88) အမှုတွင် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းမများသည်
အခြား ဘာသာဝင် ယောက်ျားနှင့် နှစ်ပေါင်းမျာစွာ ပေါင်းသင်းနေထိုင်ကာ သားသမီး တစ်ကျိတ်ပင်
ထွန်းကားခဲ့စေကာမူ တရားဝင်မယား မဖြစ်ရဘဲ အမြှောင်မယား ၊အပျော်မယား အဆင့်၌သာ
တင်းတိမ်ခဲ့ကြရသည်။ လူမှုရေး၊ စီးပွားရေးစသည့် အဘက်ဘက်၌ နစ်နာ ဆုံးရှုံးခြင်း
ခံခဲ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းမများ၏ အခွင့်အရေးကို
အကာအကွယ်ပေး ရန် “၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မြန်မာမိန်းမများ အထူး ထိမ်းမြားခြင်းနှင့်
အမွေဆက်ခံမှု အက်ဥပဒေကို ပြဌာန်းခဲ့ခြင်း ဖြစ်ပါသည်” ဟု ဆုံးဖြတ်ထားသည်။
ဆက်လက်၍ မိခင်ဖြစ်သူက အစ္စလာမ်ဘာသာသို့
ကူးပြောင်းသွားရာတွင် ကျန်ရှိနေသော ဗုဒ္ဓဘာသာဝင် သားသမီးများ နှင့်ပတ်သက်သည်တို့ကို
လေ့လာကြည့်ကြပါစို့။
ဒေါ်မလား-ပါ(၅)ဦးနှင့်
ဒေါ်မြင့်မြင့်ခိုင်-ပါ (၄)ဦး၊ ၂၀၀၄-ခုနှစ်၊ တရားမ အထူး အယူခံမှုအမှတ်-(၄၇)အမှုတွင်
ဗုဒ္ဓဘာသာဝင် သမီးဖြစ်သူသည် အစ္စလာမ် ဘာသာဝင်ဖြစ်သော ကွယ်လွန်သူ (အမေ)၏ ကျန်ရစ်သည့် အမွေပစ္စည်း
များကို အမွေ ဆက်ခံခွင့် မရှိကြောင်း ကောက်ယူ ဆုံးဖြတ်ခြင်းသည် မှန်ကန်သည်ဟု
ဆုံးဖြတ်ခဲ့သည်။
ရုပ်ရှင်မင်းသားဝင်းဦး၏
အမွေခံပြဿနာအမှု
နိုင်ငံကျော် ရုပ်ရှင် မင်းသာကြီးဝင်းဦး(ခ)
လှမြင့် (ဗိုလ်ကြီးဟောင်း) အမှုတွင် မိဘနှစ်ပါး စလုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး
၎င်းကိုယ်တိုင်သည်လည်း ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ ၂၃-၉-၁၉၇၂ တွင် တပည့် တစ်ဦးကို
မွေးစားသား အဖြစ် မွေးစားရန် မွေးစား စာချုပ်ပေါ် ငါးကျပ်တန် တံဆိပ်ခေါင်းကပ်၍
စာချုပ်ဖြင့် မွေးစားခဲ့သည်။ သို့သော် မင်းသားကြီး ၀င်းဦးသည် (၃၀-၁၂-၁၉၇၆)တွင်
ရန်ကုန် တက္ကသိုလ် ယုဒသန် ဘုရားရှိခိုးကျောင်း၌ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့သည်။
ထိုသို့ ကူးပြောင်းခြင်းမှာ “နိုင်ငံရပ်ခြား ခရီးသွားလိုလျှင်
အကူအညီရလိုသောကြောင့် ဖြစ်သည်” ဟု အကြောင်းပြခဲ့သည်။
၎င်းမကွယ်လွန်မီ (၂၈-၁၁-၁၉၈၈)တွင်
သေတမ်းစာရေး ခဲ့သည်။ ထိုသေတမ်းစာ အရ ၄င်း၏ပိုင်ဆိုင်မှု စီမံခန့်ခွဲပိုင်ခွင့်
အတွက် ဒေါ်အိုင်းရင်း တင်လှကို ခန့်ခဲ့သည်။ ထိုနောက် (၁၄-၁၂-၁၉၈၈)တွင်
ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ရုပ်ရှင်မင်းသားကြီးဝင်းဦး၏အမွေကို
အကြောင်းပြု၍ “မွေးစားသားနှင့် ဒေါ်အိုင်းရင်းတင်လှ”တို့ အမှုဖြစ်ကြသည်။
ထိုအမှုတွင် မွေးစားခြင်းသည်
ရုပ်ရှင်မင်းသားဝင်းဦး ဗုဒ္ဓဘာသာဝင်ဖြစ်ချိန်က မွေးစားခဲ့ဖြစ်သည်။
သေတမ်းစာရေးခြင်း သည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းပြီးမှ
သေတမ်းစာရေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သေတမ်းစာအရသာ ဆုံးဖြတ်ရမည်ဟူ၍
ဆုံးဖြတ်ခဲ့သည်။
ဗုဒ္ဓဘာသာ၌ သေတမ်းစာရေး ခွင့်မရှိ၊
ခရစ်ယာန် ဘာသာ၌ သေတမ်းစာ ရေးခွင့်ရှိသည်။ ထို့ကြောင့် ဘာသာကူးပြောင်းခဲ့ လျှင်
ကျန်ရစ်သူ သားသမီးများ ဆွေမျိုးများမှာ နစ်နာ ဆုံးရှုံးမှုများ ရှိခဲ့ကြသည်။
နိုင်ငံခြားသား၊ ဘာသာခြား၊ လူမျိုးခြားများသည် ၄င်းတို့နှင့် လက်ထပ်ပြီးဖြစ်သော
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများကို နိုင်ငံခြားသို့ ခေါ်ယူသွားကြသည်။
တစ်ဖက်နို င်ငံသို့ ရောက်သည့်အခါ ဘာသာခြား ဥပဒေများအရ ဆုံးဖြတ်ကြသည်။ ဆုံးဖြတ်ခြင်း
ခံကြရသည်။ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးများ အမှုရှုံးကြရပြီး အပျော်မယား အဖြစ်သို့
ရောက်ရှိကြရသည်။
ထို့ကြောင့် နိုင်ငံတော် တရားရုံးချုပ်က
“ညွန်ကြားလွှာအမှတ် ၂/၉၈” ဖြင့် “မြန်မာအမျိုးသမီး များသည် နိုင်ငံခြားသားနှင့်
ထိမ်းမြား လက်ထပ်ခြင်း မပြုရ” ဟူသည့် ညွန်ကြားချက်ကို ထုတ်ပြန်ထားသည်။ ဤအချက် အလက်များကို
လေ့လာကြည့်လျှင် “ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေး များသည် ဘာသာခြား ယောက်ျားကို
လက်ထပ်လိုက်လျှင် အပျော်မယား ဘ၀သို့ ရောက်ကြရသည်၊ မိမိ ဘာသာကို စွန့်လွတ်ကြရသည်၊
လူမျိုးခြား သွေးနှောမှုကြောင့် အမျိုးပါ ပျောက်ရမည့် အခြေအနေများ ပေါ်ပေါက်လာကြသည်”
ကို တွေ့ရသည်။
ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေးများ အတွက်
“ဘာသာကူးပြောင်းမှု မရှိစေရန်၊ အခွင့်အရေး မဆုံးရှုံးစေရန်” ဥပဒေဖြင့် ကာကွယ် စောင့်ရှောက်မှု
ပြုလုပ်ပေးခဲ့သော်လည်း သိနားလည်သူ နည်းလှသေးသည်။ ထို့ကြောင့် ဘာသာခြားနှင့်
လက်ထပ်လိုက် သည်နှင့် တပြိုင်နက်ပင် ဘာသာခြား၏ ဘာသာသို့ အလွယ်တကူ
ကူးပြောင်းကြလေသည်။ ဤဖြစ်စဉ်ကြီးသည် တစ်နေ့တခြား များပြားလာ ပေသည်။
ဘာသာမတူလျှင် လက်မထပ်ရ
သို့ဖြစ်၍ ဘာသာခြားများမှာ
“ဘာသာမတူလျှင် လက်မထပ်ရန် ဥပဒေရှိ” သကဲ့သို့ ဗုဒ္ဓဘာသာ မှာလည်း “ ဘာသာမတူလျှင်
လက်မထပ်ရ” ဟူသော တားမြစ်ချက်ကို ဥပဒေတစ်ရပ် အဖြစ် ပေါ်ထွက်လာအောင်
ပြုလုပ်သင့်သည့် အချိန်သို့ ရောက်ရှိနေပါပြီ။
နိဂုံးချုပ်အားဖြင့် တိုက်တွန်းလိုသည်မှာ-
ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေး များသည် နိုင်ငံခြားသား ၊
ဘာသာခြား၊ လူမျိုးခြားတို့နှင့် လက်ထပ်လိုက်လျှင် မိမိ အခွင့်အရေးများ
ဆုံးရှုံးကြရပြီး ဘာသာရော လူမျိုးပါ ဆုံးရှုံးနေကြရ ပေသည်။ ထို့ကြောင့်
ဘာသာခြားများနှင့် လက်မထပ် သင့်ကြပေ။ အကယ်၍ အကြောင်း အမျိုးမျိုးကြောင့် လက်ထပ် ရပါကလည်း
ဘာသာ ကူးပြောင်းမှု မပြုကြပါရန် ၁၉၅၄- ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးများ
အထူး လက်ထပ်ထိမ်းမြားမှုနှင့် အမွေဆက်ခံခြင်း ဥပဒေအရ အကာအကွယ် ရယူနိုင်ကြ စေရန်
အသိပေးလိုက်ရ ပါသည်။ အားလုံး ကျန်းမာချမ်းသာပြီး အမျိုးဘာသာ သာသနာတော်ကို ကာကွယ် စောင့်ရှောက်နိုင်ကြ
ပါစေ။
မြိတ်မြို့
အေးရိပ်ချောင်မဟာစည် ရိပ်သာ ဆရာတော်ဦးကောဝိဒ စာမျက်နှာမှ ကူးယူဖော်ပြပါသည်
http://www.venkawwida.net/2013/07/blog-post.html
0 comments:
Post a Comment