စက်တင်ဘာလ
၁၃ ရက်နေ့မှ စတင်ဘာလ ၁၅ ရက်နေ့ထိ ကော့သောင်းမြို့ အကျဉ်းထောင်တွင် ဆန္ဒပြမှု နှင့် အခွင့်အရေး
ဖေါ်ထုတ် တောင်းခံမှုများ ပေါ်ပေါက် နေကြောင်း သိရှိရပါသည်။ အကျဉ်းကျ သူများမှ တောင်းဆိုချက်
(၃)ချက် တောင်းဆို ထားကြောင်းနှင့် အဆိုပါ
တောင်းဆို ချက်များမှာ-
(၁)
ဖြစ်စဉ်အား အမှန်အတိုင်း စစ်ဆေးပေးရန်။
(၂) မတရား ညှင်းပန်း နှိပ်စက်သူ ဝန်ထမ်းများအား အရေးယူ
ပေးရန်။
(၃)
အကျဉ်းထောင် တာဝန် ရှိသူများကို ပြောင်းရွှေ့ ပေးရန်တို့ ဖြစ်ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်
ဖြစ်ပွားရာသို့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို နှင့် တိုင်းဒေသကြီး
အစိုးရ အဖွဲ့ဝင်များနှင့် အကျဉ်း ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် တို့မှ ညှိနှိုင်း
ဆောင်ရွက် ပေးလျှက် ရှိကြောင်း သိရှိရ ပါသည်။