မြိတ်မြို့ အဝေးပြေးကားဝင်း
စားသောက်ဆိုင် မီးလောင်မှု ထပ်မံ ဖြစ်ပွားပြန်ပီ
( မြိတ် နိုဝင်ဘာ ၂၈ ရက် )
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်းရပ် အဝေးပြေးကားဝင်း ပထမလမ်း ဆိုင်ခန်းအမှတ်(၅၈)တွင် စားသောက် ဆိုင်ပိုင်ရှင်သည် ဆိုင်ပိတ်ပြီး မြို့တွင်းသို့ သွားရာစဉ် မီးပလပ်ခုံတွင် တယ်လီဖုန်း အားသွင်းစက် အပူလွန်ကဲ ရာမှ အနီးရှိ မွေ့ယာသို့ကူးစက်၍ မီးလောင် ကျွမ်းမှု နိုဝင်ဘာလ(၂၈) ရက် ည(၇း၁၀)နာရီက ဖြစ်ပွားခဲ့သည်။