မြိတ်မြို့နယ်၊
သစ်ယာဝကျေးရွာမှ စိုက်ပျိုးရေး တာဝန်ခံ
သည် လယ်ယာစိုက် ပျိုးရေး လုပ်ကိုင်လျက်
ရှိသော ရွာငယ်များရှိ လယ်သမားများအား အစိုးရက ထုတ်ချေးပေးသော စိုက်ပျိုးရေး စရိတ်များကို
မိမိကိုယ်ကျိုး အတွက်၌ အသုံးပြုရန
် အတွက် ထိုချေးငွေများကို နည်းမျိုးစုံ ဖြင့်
လိမ်လည် အမြတ်ထုတ်ပြီး လယ်သမားများ
အပေါ်ခေါင်းပုတ်ဖြတ်လျက်ရှိပါတယ်။
နိုင်ငံတော်က
လယ်သမားများ အတွက် လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့်
အတိုးနှုန်း နဲနဲဖြင့် ထုတ်ချေးခဲ့ရာ ထိုချေးငွေများကို စိုက်ပျိုးရေး တာဝန်ခံ ထောက်ခံချက်ပါရှိသော ဘဏ်စာအုပ်ဖြင့်သာ ထုတ်ယူခွင့်ရှိ ပါသည်။
ထိုဘဏ်စာအုပ်များသည် လယ်ယာမြေများရှိသော
လယ်သမားများနှင့်သာ သက်ဆိုင်၍ လယ်ယာမြေများ မရှိသောသူများနှင့်မူ လုံးဝသက်ဆိုင်ခြင်း
မရှိပါ။