၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ
(၂၃) ရက်နေ့ နေ့လည် (၃)နာရီ ခွဲ အချိန်ခန့်တွင် မြိတ်မြို့ မြိတ်တောင် ရပ်ကွက် စက်ဝင်းရပ်
ဒိုင်လမ်း နှင့် သဇင်ခွဲ လမ်းထောင့် မုန့်ဆိုင်အရှေ့ ၌ စိတ်မနှံ့သူဟု ယူဆရသူ တစ်ဦးမှ
လမ်းသွား လမ်းလာများအား ပုဆိန်တစ်လက် ၊ ဓားရှည် တစ်လက် ဖြင့် လိုက်လံ ခုတ်ထစ်မှုကြောင့်
အမျိုးသမီး တစ်ဦးနှင့် သူငယ်တန်း ကျောင်းသား တစ်ဦး သေဆုံးပြီး ဒုတိယတန်း ကျောင်းသား
တစ်ဦး မြိတ်ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် ကုသနေရကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြိတ်မြို့
ဘုရားကိုင် မူလတန်းလွန်ကျောင်းမှ ကျောင်းဆင်းချိန်၌ မောင်ဖြိုးဝေယံ ၊(မိဘ) ဦးသန်းဝေ-ဒေါ်ထားနွယ်၊ အသက် (၈)နှစ်၊ ဒုတိယတန်း၊ နှင့် မောင်ဟိန်းမင်းအောင်၊
အသက် (၇)နှစ်၊ သူငယ်တန်း၊ (မိဘ) ဦးကြည်ရှိန်၊ ဒေါ်စောမြ ၊ ငုဝါ (၃) လမ်း စက်ဝင်းရပ်
နေသူနှင့် ဒေါ်နှင်းနှင်းဝေ အသက် (၃၀) ၊ (ဘ) ဦးမြင့်ဆွေ ၊ ကျောင်းဈေးရောင်း တို့သည်
နေအိမ်သို့ ပြန်လာစဉ် စက်ဝင်းရပ် ဒိုင်လမ်းနှင့် သဇင်ခွဲလမ်းထောင့် အရောက်၌ စိတ်မနှံသူဟု
ယူဆရသော ကျော်နိုင် အသက် (၄၀)နှစ် ၊ အမှတ်(၄၄) သဇင်လမ်း စက်ဝင်းရပ် နေသူမှ ပုဆိန် တစ်လက်
၊ ဓားရှည် တစ်လက် ကိုင်ဆောင်၍ လိုက်လံ ခုတ်ခဲ့ရာ မောင်ဟိန်းမင်းအောင်နှင့် နှင့် ဒေါ်နှင်းနှင်းဝေ
တို့မှာ ဦးခေါင်း ခုတ်ထစ် ဒဏ်ရာများရရှိပြီး ဆေးရုံရောက်စဉ် သေဆုံးသွားပြီး မောင်ဖြိုးဝေယံမှာ
ဦးခေါင်း ခုတ်ထစ် ဒဏ်ရာဖြင့် ဆေးရုံ၌ အတွင်းလူနာ အဖြစ် ကုသခံနေရကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့်
ပတ်သက်၍ ဓားခုတ် တရားခံဖြစ်သူ ကျော်နိုင်အား မြိတ်မြို့မ ရဲစခန်းမှ (ပ) အမှတ် (၆၅/၂၀၁၄)
၊ ပြစ်မှု ပုဒ်မ ၃၂၆/ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူ ထားကြောင်း သတင်းရရှိသည်။
1 comments:
တရားခံ ကျော်နိုင်မှာ စိတ်မနံ့သူမဟုတ်ပါ။ ပိသုကာအလုပ်ကို လုပ်ကိုင်လျက်ရှိပြီး မိသားစုအပေါ် ဦးဆောင်နေသူ တစ်ဦးဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ရက်ခန့်က မြို့သစ်ရပ်ကွက်မှာ အကြွေးသွားတောင်းရာမှ ညီမဖြစ်သူ မိချို ဦးခေါင်းဒဏ်ရာ ရရှိလာသောကြောင့် တစ်ညလုံး တစ်နေ့လုံး ဓားသွေး ပုဆိမ်သွေးကာ သွေးဆာနေသ္ဖြူဖစ်ပါသည်။ အစ်ကိုဖြစ်သူ လိုက်လံ ခုတ်ထစ်နေချိန်တွင် ညီမတစ်ဦးက အိမ်ရှေ့တွင် ဝင်မတားဘဲထိုင်ကြည့်နေပြီး မိချို(အကြွေးတောင်းရာမှဦးခေါင်းဒဏ်ရာ ရရှိထားသူ)က အိမ်ထဲမှနေ၍ ခုတ်သာခုတ် ခုတ်သာခုတ် ဟု အော်ဟစ်ကာ အားပေးအားမြောက်ပြုကြောင်း မျက်မြင်တဦးမှပြောကြားပါသည်။ အဆိုပါအားပေးအားမြောက်ပြုသည့် မိချို ကိုလည်း အရေးယူသင့်သည်ုဟု ထင်မိပါသည်။ ထို့ကြောင့် စိတ်မနံ့၍ ပြုလုပ်သည်မဟုတ်ဘဲ အုပ်စုဖွဲ့ ရမ်းကားမှုသာ ဖြစ်ပါသည်။ နောက်တစ်ခုက သေဆုံးသူ ဒေါ်နှင်းနှင်းဝေ မှာ ကိုယ်ဝန် နှစ်လ ရှိနေပသည်။
Post a Comment