တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ခင်ဗျာ
ကျွန်တော်ဟာ ကော့သောင်းမြို့မှ ဟိုမရောက်ဒီမရောက်
ရေလုပ်ငန်း ရှင်လေး တစ်ဦးပါ
မိသားစု စားဝတ်နေရေး
အဆင်ပြေစေရေး
အတွက် နိုင်ငံတော်က ချမှတ်ထားတဲ့
မူဝါဒနဲ့ အညီ အခွန်အခများ ပေးဆောင်ပြီး ကမ်းနီးငါးဖမ်းလှေ လုပ်ငန်းကို လုပ်ကိုင်နေပါသည်။
ကော့သောင်းမှ
ယိုးဒယားသို့ ငါးပုစွန်မျိုးစုံ ရောင်းချ အပြန်တွင် ဘိလပ်မြေအိတ်
၅၀၀ တစ်ထောင်
စသည်ဖြင့် ကော့သောင်း ဂျူတီဆောင်ပြီး
မြိတ်မြို့သို့
တင်သွင်းနေပါသည်
။
ကျနော်ပြောချင်တာက
ကျနော်တို့
လို
စီးပွါးရေး သမား
တွေထဲမှာ
ကုမ္မဏီများထောင်
လှေပေါင်း ရာနဲ့ချီပြီး
ငါးဖမ်းလုပ်ငန်းကို
လုပ်ကိုင်နေကြသော
ကုမ္ပဏီကြီး
များမှ လိုင်းဖြူခေါ်
ငါးသယ်
ရေယာဉ်ကြီးများ
လိုင်းနီခေါ်
ငါးဖမ်း ဒရွတ်ဆွဲတွေ
ဝါရမ်းခေါ်
ဝိုင်းချုပ်မီးထွန်းလေတွေ
ဟာ
ဘာ့ကြောင့်များ
အခုလို
ရက်မျိုးတွေမှာ
ယိုးဒယားနိုင်ငံ ရနောင်းခရိုင်
ရနောင်းမြို့
နယ်
အတွင်း အဆမတန်
များပြားနေရတာလည်း တရားဝင်ရော
ဟုတ်ရဲ့လား
။
နိုင်ငံတော်ပိုင်
ရေပိုင်နက်အတွင်းက ဖမ်းဆီး ရမိတဲ့
ငါးမျိုးစုံ
ပုစွန်နဲ့
ရေထွက်
ပစ္စည်းတွေ
တနေ့နေ့
လာရောက်
ရောင်းချနေတာ
မနည်းဘူးဗျာ
တစ်ချို့လှေတွေက
နာမည်တွေဖတ်လို့ ရသလို့
တစ်ချို့လှေတွေ ကျတော့လည်း လှေနာမည်တွေကို
ဆားအိတ်နဲ့ပိတ်
ပိတ်ထားပြီး
နေ့ညမနား
အားချင်း ငါးများ တင်ချပြီး
ရေခဲနဲ့
ဆီသာတင်ပြီး ချက်ခြင်းပြန်ထွက်သွားကြလေရဲ့
။