မြိတ်ခရိုင် တနင်္သာရီမြို့နယ် သရဘွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်း (ခ) မောင်အောင်သည် ကျေးရွာသူ ကျေးရွာသားများ နိုင်ငံသား ကတ်ပြားများ ပြုလုပ်ပေးပြီးနောက် ကတ်ပြားများ ပြန်လည် ထုတ်ပေးရာတွင် တစ်ဦးလျှင် ၂၀၀၀ိ(ကျပ်နှစ်ထောင်)နှုန်းဖြင့် တောင်းခံ
လျက်ရှိကြောင်း သိရသည်။
´´ ကျွန်တော်တို့ နိုင်ငံသားကတ်ပြားတွေကို မြို့နယ်လ၀ကက လာလုပ်ပေး ပါတယ်။ အဲဒီတုန်းက ဓာတ်ပုံဖိုးနဲ့ စာရွက်စာတမ်း ဖိုးအတွက် ၁၀၀၀ိ/ ကျပ်နှုန်းကျတယ်ဆိုလို့ ကျေကျေနပ်နပ်နဲ့ ပေးပြီးပါပြီ အခု မြို့နယ်လ၀ကက နိုင်ငံသားကတ် ပြုလုပ်ပြီးလို့ အုပ်ချုပ်ရေးမှူးက တဆင့် ရွာသားတွေကို ပြန်ဝေ ခိုင်းတာ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ အဲဒီ အုပ်ချုပ်ရေးမှူးက နိုင်ငံသားကတ် ယူတဲ့အချိန် ကြားဖြတ် နေပြီး ငွေတောင်းတာပါ အဲဒီငွေကို ဘယ်နေရာမှ အသုံးပြုလဲ ဆိုတာ မသိရပါဘူး `` ဟု ငွေပေးရသူ ရွာသားတစ်ဦးက ပြောသည်။
သရဘွင်ကျေးရွာအုပ်စုတွင် နိုင်ငံသား အရည်အချင်းပြည့်မီသူ နိုင်ငံသားကတ်ပြား မရှိသူ (၁၇၀) ဦးအား မြို့နယ်လ၀ကမှ ကတ်ပြား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မိဘမေတ္တာ သားလိမ္မာ
-
လောကကောင်းကျိုး အများကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့သူများ၊
အများအတွက် စံတင်လောက်သည့် အသက်ပေးဆပ်ခဲ့သူများစတဲ့ ဂုဏ်ကျေးဇူးတွေ
အများကြီးရှိတ...
8 years ago
0 comments:
Post a Comment