တနင်္သာရီ မြို့နယ်ရှိ တနင်္သာရီ အောက်ကင်း ရေလမ်းဖြတ် တံတားအား အာရ်စီ တံတားအဖြစ် ပြန်လည် ပြုပြင်မည်
ပြည်ထောင်စု လမ်းမကြီးဖြစ်သော ရန်ကုန်- မော်လမြိုင်- ထားဝယ်- မြိတ်- တနင်္သာရီ- ဘုတ်ပြင်း- ကော့်သောင်းလမ်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းဖြစ်ပါကြောင်း၊ အဆိုပါ လမ်းပေါ်ရှိ တနင်္သာရီ တိုင်းဒေသကြီး အတွင်းတွင် တနင်္သာရီမြို့အဝင်တွင် တည်ရှိသော အဆိုပါ တံတားကို ၁-၆-၁၉၉၉ က စတင်ပြီးတော့ ၁၂-၁၁-၂၀၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ တည်ဆောက်စဉ်က Foundation ကို သံကူ ကွန်ကရစ်နှင့် ရေတွင်းငွေ Foundation၊ Well Foundation ဟူ၍ တည်ဆောက်ခဲ့ပါကြောင်း၊ Foundation ကို နှစ်လမ်းသွားအနေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သော်လည်း တံတားကို အမြန်ပြီးစီးစေရန်နှင့် ပြည်သူများ အမြန်ဆုံး အသုံးပြုနိုင်ရန်အတွက် ဘီလီတံတားကို အကျယ် ၁၂ ပေ ၄ လက်မရှိသည့် တစ်လမ်းသွား တံတားအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒီလို ဆောင်ရွက် ဘီလီ တံတား ဆောင်ရွက်ပြီးစီးချိန်တွင် အလေးချိန် ပိုမိုဖြတ်သန်းနိုင်ရန် အတွက် ၂၄ တန် ဖြတ်သန်း နိုင်သော အဆင့်ရောက်ရောက် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ဘီလီ တံတားကို အဆင့်လိုက် ပြန်လည် ပြုပြင်ပြီး သံကူတံတား အဖြစ် ဆောင်ရွက်ရန် အစီအစဉ် ရှိပါကြောင်း၊ တံတား ၏ အောက်ခြေကို RC ဖြင့် တည်ဆောက် ထားပြီး နှစ်လမ်းသွား အဆင့် ဖြစ်ပါကြောင်းနှင့် ပျက်စီးနေသော ကြမ်းခင်းများကို ပြုပြင် ဆောင်ရွက်ပေး သွားမည် ဖြစ်သည့် အပြင် မကြာခင်ကာ လအတွင်း RC တံတားအဖြစ် ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုဝန်ကြီးက ပြောကြားသည်။
မိဘမေတ္တာ သားလိမ္မာ
-
လောကကောင်းကျိုး အများကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့သူများ၊
အများအတွက် စံတင်လောက်သည့် အသက်ပေးဆပ်ခဲ့သူများစတဲ့ ဂုဏ်ကျေးဇူးတွေ
အများကြီးရှိတ...
8 years ago
0 comments:
Post a Comment