မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Tuesday, September 30, 2014

ပြည်တွင်းရောက်နေပြီဖြစ်သည့် ဆင့်ပွား လူလိမ်ဂိုဏ်းများ

 .ဒီရက်အတွင်း ဖတ်မိနေပါသည်... ဆင့်ပွားလိမ်နည်း.. ဟူရျ .. ထို့ကြောင့် မိတ်ဆွေများ အတွက် စိုးရိမ်မိပါသည်.... multi level marketing ဟု အမည်တတ်၍ အဆင့်မြင့် လူသုံးကုန် ပစ္စည်း တွေပြကာ ကြော်ငြာပွဲတွင် အဖွဲ့ ဝင်အဖြစ် လက်ခံပြီး တဆင့် ဖြန်ဖြူး အဖွဲ့ ဝငိသစ် ရှာရသော ကိုယ်စားလှယ်သစ် အဖြစ် ရာထူးတန်းပေး၍ လိမ်နည်း ဖြစ်ပါသည့်။


Sunday, September 28, 2014

မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ရွှေရတုရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

၂၀၁၄ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်မည့် နှစ်(၅၀)ပြည့်(ရွေရတု) အထိမ်း အမှတ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ ကြီးမှူး၍ ရဲတပ်ဖွဲ့ဝင် များက စက်တင်ဘာလ(၂၈)ရက် နံနက်(၇)နာရီက မြိတ်မြို့ ပြည်သူ့ဆေးရုံ ကြီး၌ ပြည်သူ့ အကျိုးပြုလုပ်ငန်း အဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။




ထို့သို့ ဆောင်ရွက်ရာတွင် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးနှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြိတ်မှုခင်းတပ်ဆွယ်မှ တပ်ဖွဲ့ဝင်များ၊ မြိတ်ရဲသတင်း တပ်ဖွဲ့ ၀င်များ၊ အမှတ်(၅၂) ယာဉ်ထိန်း တပ်ဖွဲ့စုရုံးမှ တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၂)ဦးတို့မှ ပြည်သူ့ဆေးရုံ အရှေ့ဘက်နှင့် အနောက်ဘက် ဆေးရုံဝင်းများအား ချုံနွယ်များ၊ အမှိုက်များ စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခဲ့ကြသည်။

Monday, September 22, 2014

မြိတ်မြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်း ကော်မတီ ဖွဲ့စည်း

မြိတ်မြို့တွင် လူငယ်လူရွယ် များအား ဗုဒ္ဓဘာသာကို အခြေခံတဲ့ စာရိတ္တမြင့်တင်ရေးနှင့် လိမ္မာ ယဉ်ကျေးပြီး အနာဂတ် ဘ၀ တိုးတက်မြင့်မားစေရန် အတွက် ရည်ရွယ်၍ ဖွင့်လှစ်လျက်ရှိသော ဓမ္မစကူးလ် ကျောင်းများ ရေရှည် တည်တံ့ ခိုင်မြဲစေရေး အတွက် အထောက်အကူပြုနိုင်ရန် မြိတ်မြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်းကော်မတီ ဖွဲ့စည်းခြင်းကို စက်တင်ဘာလ(၂၀) ရက် နေ့လည်(၁) နာရီက တောကျောင်း ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ရာ ဆရာေ တာ် သံဃာတော်များ၊ သင်တန်း နည်းပြများ၊ အကျိုးတော်ဆောင် အဖွဲ့များ တက်ရောက် ခဲ့ကြသည်။

Saturday, September 20, 2014

မြိတ်ခရိုင်ရဲတပ်ဖွဲ့တွင် အသည်းရောင်အသားဝါ(ဘီပိုး) ရောဂါကာကွယ်ဆေး အခမဲ့ထိုးပေး

တနသာင်္ရီတိုင်းဒေသကြီး မြိတ်ခရိုင်ရဲတပ်ဖွဲ့တွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့ စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ကြီးမှူး၍ တပ်ဖွဲ့ဝင်၊ စာရေးနှင့် မိသားစုဝင်များကို အသည်းရောင် အသားဝါ (ဘီပိုး)ရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးခြင်းအား စက်တင်ဘာလ(၁၇)ရက် နံနက်(၈း၅၀)နာရီက မြိတ်မြို့ ခရိုင်ရဲအရန်တပ်ခွဲဝင်း ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


တနင်္သာရီတိုင်းတွင် ရုတ်တရက်ရေကြီး၍ ဒေသခံ ၅၀၀ကျော် ဘေးလွတ်ရာတိမ်းရှောင်

တနသာင်္ရီတိုင်း ဒေသကြီး ပုလောမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသား အများစု နေထိုင်သည့် ပြည်ခြား၊ ဝမ်းတွင်းအုပ်၊ မိချောင်း သိုက်ကျေးရွာတို့တွင် မိုးရွာသွန်းသဖြင့် စက်တင်ဘာ ၁၆ရက်နေ့က ရုတ်တရက်ရေကြီးလာကာ ဒေသခံ ၅၀၀ကျော်မှာ ဘေး လွတ်ရာနေရာသို့ တိမ်းရှောင်နေကြရသည်။



မြိတ်မြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်(၅၀)ပြည့်(ရွေရတု) အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်

၂၀၁၄ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင်ကျရောက်မည့် နှစ်(၅၀)ပြည့်(ရွေရတု) အထိမ်းအမှတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြိတ်ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ လ(၁၉)ရက် နံနက်(၇)နာရီက မြိတ်မြို့ ကန်ခေါင်းရပ် ပြည်သူ့ဆေးရုံကြီး မိခင်နှင့်ကလေးကုသဆောင်၌ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Friday, September 19, 2014

အောက်တိုဘာလ (၁)ရက်နေ့မှ စ၍ ကျပ်(၅၀၀၀)တန် ငွေစက္ကူအသစ် ထုတ်ဝေမည်

 မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးအနစ် ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် ငွေရေးကြေးရေး စနစ်ခေတ်မီ၊ ခိုင်မာ တိုးတက်လာစေရေး အတွက် ဦးတည်ဆောင်ရွက်လျက် ရှိပြီး နိုင်ငံတကာ အဆင့်မီ အဆင့်မြင့် လုံခြုံမှုအဆင့်တန်း ရှိသော ငွေစက္ကူများကို ထုတ်ဝေခဲ့ ပါသည်။



Thursday, September 18, 2014

မိုးသည်းထန်စွာ ရွာသွန်း၍ မြစ်ရေလျှံမှုကြောင့် ပလောက်မြို့ ပြည်ခြားကျေးရွာတွင် လမ်းမပေါ်ရေကျော်မှုဖြစ်ကာ နေအိမ်များရေနစ်မြုပ်

တနသာင်္ရီတိုင်းဒေသကြီး၊ ပလောက်မြို့နယ်၊ ပြည်ခြားကျေးရွာတွင် စက်တင်ဘာလ (၁၇)ရက် နံနက် (၇း၄၅)နာရီတွင် မြိတ်-ထားဝယ် ကားလမ်းမ မိုင်တိုင် အမှတ်(၇၉/၇)မှ(၈၀/၁)အကြား လမ်းမပေါ်ရေ ၃ပေခန့် မြှင့်တင့် လာမှုကြောင့် ရေကြီးရေကျော်မှုဖြစ်ပွားခဲ့ရာ မြိတ်-ထားဝယ် ခရီးသွားမော်တော်ယဉ်များ ခေတ္တ ရပ်တန့် မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


Monday, September 15, 2014

မြိတ်အဝေးပြေးကားဝင်းနှင့် ဘက်စုံဖွံ့ဖြိုးမှု စီမံကိန်း မြေစိုက်ဆိုင်းဘုတ် စိုက်ထူ

မြိတ်မြို့တွင် နိုင်ငံတကာ အဆင့်မီ အဝေးပြေးကားဝင်း တည်ဆောက်ရန်အတွက် မြိတ် အများပိုင် ကော်ပိုရေးရှင်း လီမိတက်မှ လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိရာ မြေဖို့ခြင်း၊ သဲဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ အဆိုပါ အဝေးပြေး ကားဝင်းနှင့် ဘက်စုံဖွံ့ဖြိုးမှု စီမံကိန်းအတွက် တည်ဆောက်ရေး လုပ်ငန်း မြေနေရာတွင် စီမံကိန်း မြေစိုက် ဆိုင်းဘုတ်တင်ပွဲကို စက်တင်ဘာလ(၁၅)ရက် နံနက်(၇း၃၀)နာရီက ကျင်းပခဲ့သည်။

အလက(၂)မြိတ် (ဗရင်ဂျီကျောင်း) နှစ်(၅၀)ပြည့် ရွှေရတု မြတ်ဆရာ ပူဇော်ပွဲ ကျင်းပပြုလုပ်မည်



ချစ်သော သူငယ်ချင်းတို့ရေ …. ပြန်လည် ဆုံစည်းကြပါစို့ ….
အခုဆိုရင် အလက(၂)မြိတ် (ဗရင်ဂျီကျောင်း)ဟာ နှစ်ပေါင်း (၅၀) ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ တို့တစ်တွေ ဝေးကွာ ခဲ့ရတဲ့ အချိန်တွေဟာ ရက်ပေါင်းအားဖြင့် (၁၈၂၅၀) ရက် ကြာခဲ့ပါပြီ။
ပေါင်ပင်အောက်မှာ တို့တစ်တွေ ပျော်မြူးဆော့ကစားခဲ့တာလည်း ရက်ပေါင်း (၁၈၂၅၀) ကြာခဲ့ပြီပေါ့… သတိရနေတယ် သူငယ်ချင်းရေ …. 


Wednesday, September 10, 2014

မြိတ်အထက်တန်းကျောင်း ဖွံ့ဖြိုးရေးအတွက် သောင်းဂဏန်း အထိ အလှူငွေ ထည့်ရဟု တနင်္သာရီ သတင်း ဂျာနယ်ပါ ခေါင်းစဉ်နှင့် ပတ်သက်၍ အထက(၂) ကျောင်းသူ ကျောင်းသား ဟောင်းများ အဖွဲ့မှ တနင်္သာရီ ဂျာနယ်သို့ ပေးစာ

ပထမဦးစွာ အဆိုပါ တနင်္သာရီ  သတင်းဂျာနယ်တွင် ထိုသတင်းကို ရေးသား သူများနှင့် အယ်ဒီတာ များသည်  ကျောင်းနေဖူးပါ ၏လော၊ ကျောင်းနေဖူးပါက ကျောင်းတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မိမိကျောင်း တိုးတက်ရာ တိုးတက်ကြောင်း လုပ်ငန်းများ လုပ်ဆောင်ဖူးပါ ၏လော၊ ဆရာ / ဆရာမ များ၏ ကောင်းမွန်သော သင်ကြား ဆုံးမမှု၊ နာခံမှုများကို လိုက်နာဖူးပါ၏လော၊ ကျောင်းနေစဉ် ကာလ အတွင်း သူငယ်ချင်း မိတ်ဆွေ ကောင်းများနှင့် ဆက်ဆံ ခင်မင်ရပါ၏ လောဟု ဦးစွာ ပထမ မေးမြန်းလို ပါသည်။

Tuesday, September 9, 2014

မြိတ်မြို့ ကမ်းနားလမ်း လက်ရန်း သံပိုက်လုံးပေါ်မှ ပြုတ်ကျ၍ လူသေဆုံး



မြိတ်မြို့ ကမ်းနားလမ်း ပလက်ဖောင်းပေါ်တွင် ထိုင်နေရာမှ ရေထဲပြုတ်ကျ၍ လူသေဆုံးမှု တစ်ခု ၂၀၁၄ ခုနှစ် စက်တင်ဘာ (၈) ရက်နေ့ ည(၁၀)နာရီ အချိန်ကျော်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
 
ဖြစ်စဉ်မှာ မြိတ်မြို့ ကန်ကြီးနယ်မြေ ကွက်သစ်ရပ် (စီ)လမ်းတွင် နေထိုင်သူ (ဘ) ဦးအင်စွီး၏ သား မောင်ချမ်းမြေကိုကို အသက်(၂၃) သည် မြိတ်မြို့ ကန်ကြီး ရပ်ကွက် ကမ်းနားလမ်း GOLDEN HOUSE စားသောက်ဆိုင်ရှေ့ မျက်နှာချင်းဆိုင် ကမ်းနားလမ်း ပလက်ဖောင်းရှိ သံပိုက်လုံး လက်ရန်း ပေါ်တွင် တစ်ဦးတည်း ထိုင်နေရာမှ ရေထဲ ပြုတ်ကျ ခဲ့ပြီးနောက် ရေနစ်မြှုပ်သွားသဖြင့် ရှာဖွေရာ စက်တင်ဘာလ (၉)ရက်နေ့ နံနက် (၂)နာရီ ခွဲ အချိန်ခန့်၌ ၄င်းထိုင်နေသည့် နေရာနှင့် (၁၅) ပေခန့် အကွာတွင် ပြင်ပဒဏ်ရာ မရှိဘဲ အလောင်း အဖြစ် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြဘုရားပုံတူ ကိုယ်ပွားတော်အား ကျွန်းစုမြို့ ထိန်းချောင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဓမ္မရုံ၌ ပင့်ဆောင် ပူဇော်

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကတ္ကလူကျေးရွာ အုပ်စု ထိန်ချောင်းကျေးရွာရှိ အောင်တော်မူ သာသနာ့ရိပ်သာ ကျောင်းတိုက် ဇေယျာသီရိ ဓမ္မာရုံတွင် ပူဇော်မည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြဘုရား ပုံတူ ကိုယ်ပွားတော် သည် ကျွန်းစုမြို့တွင်း စက်တင်ဘာလ (၆) ရက်နေ့ (တော်သလင်းလဆန်း ၁၃) ရက် နေ့လည်ပိုင်းတွင် ကျွန်းစုမြို့နယ် အတွင်း လှည့်လည် အပူဇော်ခံပြီးနောက် စက်တင်ဘာလ (၇) ရက်နေ့ (တော်လလင်း လဆန်း ၁၄) ရက်နေ့ နံနက်ပိုင်းတွင် မြဘုရားပုံတူ ရုပ်ပွားတော်မြတ်အား ဆရာတော် သံဃာတော် (၁၈)ပါးဖြင့် အနေကဇာတင် ပူဇော်ကြပြီးနောက် ဆရာတော် သံဃာတော် များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်း ကြသည်။